Showing posts with label သုတ ရသ ဗဟုသုတများ. Show all posts
Showing posts with label သုတ ရသ ဗဟုသုတများ. Show all posts

Thursday, March 21, 2019

စာဖတ်ရခြင်း အကျိုး




တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိလိုက်လေ၏။
အမှုတွဲ မှတ်တမ်းတင် ရဲအရာရှိက မည်သည့် အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု
မေးမြန်းကြည့် လေ၏။
မေး- " ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”...
ဖြေ - “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့် အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ." ။
ပထွေးက သူလုပ်ကျွေးရတာ ဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ်  ။ ကျွန်တော်လည်း စိတ်ညစ် တဲ့ အတွက် အမေနဲ့ ပထွေး ကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ဖဲရိုက်တယ် ။

ည ညတွေ ... အိမ်မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ် ။ အဲဒီမှာတင် ကလေကချေ တွနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။