Friday, July 5, 2019

မော်​​တော်​ယာဉ်​​တွေမှာပါတဲ့ အချက်​ပြ မီး​တွေ ရဲ့ အဓိပ္ပါယ်



** ပုံမှာပါတဲ့ နံပါတ်အစဉ်လိုက် အဓိပ္ပါယ် **

၁။ ကလပ်​နင်းချိန်​ ပြ​သော အချက်ပြ​မီး ၊

၂။ ဘရိတ်​နင်းချိန်​ပြ​သော အချက်​ပြမီး ၊

၃။ စီယာတိုင်​ ​လော့ချ အချက်​ပြမီး ၊

၎။ မီးကြီးထိုး အချက်​ပြမီး ၊

၅။ တာယာ ​လေ​ပေါင်​ ဖိအားနည်း အချက်​ပြမီး ၊

၆။ ​ဘေးမီးဖွင့်​ အချက်​ပြမီး၊

၇။ မီးကြီး၊ တွဲမီး၊ ဆင်​ကနယ်​မီး သီး ပြဿ      နာရှိ အချက်​ပြမီး ၊

၈။ ဘရိတ်​မီး ပြဿ        နာရှိ အချက်​ပြမီး ၊

၉။ နှင်း​တော​​မောင်းနှင်​ အချက်​ပြမီး ၊

၁၀။ ထူးခြား သတင်းအချက်​အလက်​ အချက်​ပြမီး ၊

၁၁။ ဒီဇယ်​ အပူ​ပေး အချက်​ပြမီး ၊

၁၂။ ​ရေခဲမှတ်​ ​ အချက်​ပြမီး ၊

၁၃။ စက်​နိုးခြင်း ပြဿ        နာရှိ အချက်​ပြမီး ၊

၁၄။ ကားထဲ ​သော့ မရှိ အချက်​ပြမီး ၊

၁၅။ ​သော့ထဲက ဓာတ်​ခဲ အားနည်း အချက်​ပြမီး ။

၁၆။ ​ရှေ့ကားနဲ့ နီး အန္တရာယ်​ရှိ အချက်​ပြမီး ၊

၁၇။ ပြုပြင်​ထိန်းသိမ်းမှု လုပ်​ရန်​ အချက်​ပြမီး ၊


Thursday, July 4, 2019

ပျဉ်းမနားမင်းသားကြီး နှင့် ထရံကာမင်းသမီး




ဘုရင် အဖြစ်မှ အကြိမ်ကြိမ်လွဲခဲ့ရသူ (သို့) ပျဉ်းမနားမင်းသားကြီး နှင့် ထရံကာမင်းသမီး


မန္တလေးမြို့  ကြေးမြင်ကျောင်းရှေ့က ရေအိုးစင်လေးမှာ ကပ်ထားတဲ့ သချိုင်းကဗ္ပည်းစာ ကျောက်ပြားချပ်လေး ကို သေချာဖတ်ကြည့်မိတော့ ထူခြားချက်လေးတစ်ခုကို သတိပြုမိတာပါ။

ကမ္ပည်းစာကျောက်ချပ်ပိုင်ရှင်တွေက မင်းတုန်းမင်း တရားကြီးရဲ့ သားတော်နဲ့ သမီးတော်တွေ ဖြစ်ကြတဲ့ ပျဉ်းမနားမင်းသားကြီး နဲ့ ထရံကာ ထိပ်ခေါင်တင် တို့ ဇနီးမောင်နှံဖြစ်ပြီး သူတို့ရဲ့ မွေးဖွားခုနှစ် နဲ့ ကွယ်လွန်တဲ့ ခုနှစ်နေ့ရက်တွေကိုလည်း အဲဒီကျောက်ချပ်မှာ ဖော်ပြ ထားတယ်။

ပျဉ်းမနားမင်းသားသည် ရေနံချောင်းမင်းကြီး၏ သမီး (ကြယ်မြင့်မိဖုရား) နှင့် မင်းတုန်းမင်းမှ မွေးဖွားလာသော သားတော်ဖြစ်သည်။ ပျဉ်းမနားမြို့ ကို အပိုင်စားရသည်။စည်းမျဉ်းခံ ဘုရင်စနစ် ကို အကောင်အထည်ဖော်ရန် ကင်းဝန်မင်းကြီး တို့ ကြိုးပမ်းစဉ်က အဖိုးဖြစ်သူ ရေနံချောင်း မင်းကြီး မှ ဘုရင်လောင်းအဖြစ် စာရင်းတင် ခံရသူ ဖြစ်သည်။

ထိုစဉ်က အသက် ၈ နှစ်သာ ရှိ၏။ နန်းတွင်းလူ သတ် ပွဲကြီးတွင် ရေနံချောင်းမင်းကြီး နှင့် ကင်းဝန်မင်းကြီးမှ အကာအကွယ်ပေးနိုင်ခဲ့သဖြင့် အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ ထိုစဉ်က အသက် ၁၀ နှစ်သာ ရှိသေးသည်။

သီပေါမင်းပါတော်မူပြီးနောက် ကင်းဝန်မင်းကြီးတို့သည် ကုန်းဘောင် မင်းဆက်မပျက်စေရန် ကြိုးပမ်းကြ ရာ နောက်တစ်ဖန် ဗြိတိသျှ သြဇာခံ ဘုရင်လောင်း အဖြစ် ထပ်မံ စဉ်းစားခြင်း
ခံရပြန်သည်။

၁၉၄၂ ခုနှစ် ဂျပန် လက်အောက်တွင်လည်း ဂျပန်တို့ သည် ကုန်းဘောင် မင်းဆက် ကို ပြန်လည် အသက် သွင်း လိုသဖြင့် ဂျပန်များမှ ပျဉ်းမနားမင်းသားကြီး ကို ရှာဖွေကာ ဘုရင်အဖြစ် တင်မြှောက်ကာ ကုန်းဘောင်မ င်းဆက် ကို ပြန်လည် အသက်သွင်းရန် စီစဉ်ခဲ့ကြသေး သည်။


Wednesday, July 3, 2019

4WD မှာပါတဲ့ L ၊ H နဲ့ C တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်



4 WD မှာ ပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကို ကိုယ်စားပြုတာလဲ ၊
2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာ ဆိုရင်……
2 H ဆိုတာ နောက်ဘီးနှစ်ဘီးယက် စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။
4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ 
ရာသီဥတု ဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။
4 HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။
ပြောရရင် ရှေ့နောက် ဘီးတွေရဲ့လိမ့်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။
အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီ Mode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေ မှာသုံးတာပါ။