Thursday, October 16, 2014

စားအုန်ဆီ စားသုံးမှု လျှော့ချရန် ကျန်းမာရေး အသိပညာ ပေးနေသော်လည်း သုံးစွဲမှု ပမာဏ လျော့ကျလာခြင်း မရှိ

ကျန်းမာရေး အသိပညာ ပေးသော်လည်း စားအုန်းဆီ သုံးစွဲမှု လျော့ကျလာခြင်း မရှိ

မြန်မာနိုင်ငံ ၌ နှစ်စဉ် စားအုန်းဆီ သုံးစွဲမှု ပမာဏ တန်ချိန် ရှစ်သိန်းခွဲ ရှိနေပြီး ဆီစားသုံး မှု လျှော့ ချရန် ကျန်းမာရေး အသိပညာ ပေးနေသော် လည်း သုံးစွဲမှု ပမာဏ လျော့ကျလာခြင်း မရှိကြောင်း သိရသည်။

''ကျန်းမာရေး အရ အသိ ပညာ ပေးပေ မယ့် လူလတ်ပိုင်း နဲ့ ပညာ တတ်တွေ အကြားမှာပဲ ဆီ စားသုံး မှု နည်းနည်း လျော့လာတယ်။

အခြေခံ လူတန်းစားတွေ က ဗဟုသုတ နည်းတော့ စားသုံးမှု လျှော့ တာ မရှိဘူး'' ဟု ဆီ ကုန်သည် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးသိန်းဟန် က ပြောသည်။

 
မြန်မာ လူမျိုး တို့၏ ဓလေ့ စရိုက် အရ ဆီဖြင့် ပြုလုပ်သော မုန့် အမျိုးမျိုးကို ယနေ့အထိ အများ အပြား ပြု လုပ် စားသုံး နေကြသည့် အပြင် ဝင်ငွေ တိုး လာသည်နှင့် အမျှ ဆီ စားသုံးမှု သည် လည်း တိုး လာလျက် ရှိသည်။

ထို့အပြင် တစ်ဦးချင်း ဆီ စားသုံးမှု လျော့ကျလာနိုင် သော်လည်း တိုးပွား လာသည့် လူဦးရေ၊  ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက် မှု အခြေ အနေနှင့် ဟိုတယ်နှင့် စားသောက်ဆိုင် များ တိုးချဲ့ လာကြ သည့် အတွက် ဆီ သုံးစွဲမှု ပမာဏ မှာလည်း လျော့ကျသွားခြင်း မရှိကြောင်း သိ ရသည်။

 ပြည်တွင်း ၌ တစ်နှစ် အတွင်း စားအုန်းဆီ ထုတ်လုပ်နိုင် မှု ပမာဏ စုစုပေါင်း တန်ချိန် ငါးသိန်း ခန့် သာ ရှိရာ လိုအပ်သည့် ဆီ တန်ချိန်  သုံးသိန်းခွဲ ကို မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှ တင် သွင်း နေရကြောင်း သိရသည်။

ပြည်ပမှ တရားဝင် တင်သွင်းသော စားအုန်းဆီ များတွင် ပြန်ကြော် ဆီများ၊ ကျန်းမာရေးနှင့် မညီညွတ်သော ဆီ များကို မတွေ့ ရဘဲ မှောင်ခို တင်သွင်းလာသော ဆီများတွင် သာ တွေ့ ရှိ နေ ရခြင်း ဖြစ်သည်။

လိုအပ်သော ဆီကို နိုင်ငံခြား မှ တင်သွင်းနေရ သည့် အတွက် ပြည်တွင်းမှာ ပင် လုံလောက် သည့် ပမာဏ ထုတ် လုပ်နိုင်ရန် ဆီထွက် သီးနှံ စိုက်ပျိုးသူ များအား တစ်ဧက အထွက်နှုန်း တိုး လာအောင် ဆောင်ရွက် ရမည် ဖြစ်သည်၊၊ 

ထို့ပြင် SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရန် ဘဏ်များမှ သင့်လျော်သော ချေးငွေ ပမာဏ တစ်ရပ် အထိ ထုတ်ချေး ၍ ပံ့ပိုး အားပေးရန် လိုအပ်နေကြောင်း သိရသည်။

From...Myawady

 

No comments:

Post a Comment