Tuesday, October 21, 2014

အိပ်ယာ ထဲသေးပေါက် ချလို့ သားဖြစ်သူ ရဲ့ငယ်ပါနဲ့လည်ပင်း ကို ရက်ရက် စက်စက် လှီးသတ်ခဲ့

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ၊ ဇန်ရှင်းကောင်တီ က ဖခင် တစ်ဦးက သားဖြစ် သူကို လည်လှီး သတ်ဖြတ်မှု အပြင် ငယ်ပါ ကိုလှီးဖြတ် သတ်ဖြတ်ခဲ့ မှုနဲ့ထောင် ဒဏ်ကြီးကြီး ကျခံ ရဖွယ် ရှိကြောင်း သိရပါတယ်။

 ဖြစ်စဉ် မှာ အိပ်ယာ ထဲသေး ပေါက်ချတဲ့သားငယ်ကို အရက်သမားဖခင်က စိတ်ဆိုးဒေါသ ထွက်ပြီး အသိစိတ် မဲ့ကာ ရက်ရက် စက်စက် သတ်ပစ် လိုက်ခဲ့တာဖြစ်ပါတယ်။

မိခင် နဲ့ ညီမဖြစ်သူ တို့က အသက်ကိုးနှစ် အရွယ်သားဖြစ်သူ ကာအို ကို အ သက် ၃၉ နှစ် အရွယ် ရှိ အရက်သမား ဖခင်ဖြစ်သူ တန်မင်ဟူ နဲ့ အတူ စွန့်ပစ် ချိန်မှ စ၍ သားဖြစ်သူက စိတ်ဝေဒနာ ခံစားနေခဲ့ ရကာ ညဘက် အိပ်ယာထဲ ရှူး ပေါက်ချတဲ့ အကျင့် တစ်ခုဖြစ်နေ ခဲ့ တာဖြစ်ပါတယ်။


 
တစ်နေကုန် အရက်သောက်စား မူးရူးနေတဲ့ ခင်ပွန်းဖြစ်သူ ကို ဆက်လက် ပေါင်းသင်း  မနေ ထိုင် လိုတော့၍ အခြား လုပ်ကိုင်ကျွေးမွေးတဲ့ အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်သစ် ထူရန် သမီးဖြစ် သူနဲ့အတူနေအိမ်မှ ဆင်းသွား ခဲ့ခြင်းဖြစ် ကာ ထိုအချိန်မှ စ၍ သားဖြစ်သူ က စိတ်ပိုင်း ဆိုင်ရာ နဲ့ ရုပ်ပိုင်း ဆိုင်ရာဝေဒနာ တွေကို ခံစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဖြစ်ရပ် မှာ အိပ်ယာထဲ ရှူးပေါက်ချ  ၍ စိုသွားတဲ့ အိပ်ယာ ခင်းကြောင့် ဖခင်က ဒေါသ တကြီး နဲ့သားဖြစ်သူ လည်ပင်း ကို ကြိုးတုတ် လည်လှီး ခဲ့ပြီး နောက်အိမ် အပြင် သို့ခေါ် ထုတ် ကာ လူ အများရှေ့မှာ ပဲ အသိစိတ် မဲ့အော်ဟစ် နေခဲ့ပြီး အိပ်ယာခင်း စိုရတဲ့ တရားခံဖြစ်တယ် လို့ ဆိုတဲ့ သားဖြစ်သူ ငယ်ပါကို လှီးဖြတ် သတ်ပစ် ခဲ့တာဖြစ်ပါတယ်။


www.myanmarlatestnews.com
phothutaw
From...Search Myanmar
 
 

No comments:

Post a Comment