Tuesday, October 28, 2014

ဘယ့်နဲ့ ရှိစ



စိတ်ရောဂါ စွဲကပ်နေသော လူနာ ကို နောက်ဆုံးးပေါ် အထူး စနစ်ဖြင့်ကုသ စမ်းသပ် စစ်ဆေးပြီး ရောဂါ အခြေအနေ တိုးတတ်လာမှု ရှိမရှိ ဆရာဝန် တစ်ဥိးမှ စစ်ဆေးနေ၏။
လူနာအား ဆရာဝန် မှ ပြောသည်–
 

” မင်း…သိရဲ့လား…လွန်ခဲ့တဲ့ တနဂ်နွေနေ့ က ကမ်းနား လမ်းမကြီး ပေါ်မှာ အင်မတန်ကျေကွဲ ဖွယ် ကောင်းတဲ့ ကား တိုက်မှု့ တစ်ခုဖြစ်ခဲ့တယ်။  
ကျုပ် ကိုယ်တိုင်မြင်တွေ့ခဲ့ ရတယ်။ လမ်းဖြတ်ကူး လာတဲ့ လူငယ်ကို အရှိန်နဲ့လာတဲ့ ကုန်တင်ကား တစီး က နင်းကြိတ် လိုက်တာ… လူငယ်ရဲ့ ခေါင်းပြတ်ထွက် သွားတယ်ကွ။
 

ဒါပေမဲ့ လူငယ် ဟာ လဲနေရာ က ထပြီး သူရဲ့ဦးခေါင်း ကိုကောက်ယူတယ်…။
အနီးဆုံးဆေးခန်း ကိုရှာတယ်။“ကံကောင်းစွာပဲ အတိုက်ခံရတဲ့ နေရာနဲ့ မနီးမဝေးမှာ ချမ်းမြေ့ လို့ခေါ်တဲ့ အရိုး အကြောပြန် ဆက်ပေးနိုင်တဲ့ နံမည်ကြီး တရုတ်ဆေးခန်း ရှိတယ်။ 



အဲဒီ နောက် သူ့ခေါင်းပြတ် ကို သူ့ရဲ့ကိုယ်နဲ့ ပြန်ဆက်ဖို့အတွက် အဲဒီ ကမ်းနားလမ်းမပေါ်မှာ ရှိတဲ့ တရုတ် ဆေးခန်း ကို ကိုင်ပြီး ထွက်သွားတယ်……။ ”
 
ထိုနေရာတွင် ရပ်ကာ လူနာအား အကဲခတ်ကြည့်၏။ လူနာ သည် မယုံကြည်သည့် မျက်နှာတွေ့ ရ သဖြင့် ဆရာဝန်သည် အားတက် လာ၏။
….
 
လူနာသည် မယုံကြည်သည့် မျက်နှာထားဖြင့်ပြန်ပြောလိုက် တာက…..
” ဒေါက်တာပြော တဲ့ ဇာတ်လမ်း မှာ အရေးကြီးတာ တစ်ခု လွဲနေတယ်ဗျ။ အဲဒီ ကမ်းနားလမ်း က ချမ်းမြေ့ လို့ခေါ် တဲ့ တရုတ်ဆေးခန်း က တနင်္ဂနွေနေ့ မှာ မဖွင့်ဖူးလေ ဗျ.ာ..”..တဲ့
 
 
Soe Naing
From...Myanmar Latest News
 
 

No comments:

Post a Comment