Myanmar Insider စစ်တမ်းတွင် ဖော်ပြ"
မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေမှာ ပြီးခဲ့သည့် သုံးလ ကထက် အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော်က ဆန္ဒပြုထားပြီး လက်ရှိ အစိုးရက စီးပွားရေး တိုးတက်မှုထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလ တစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်း (၂၀၁၈ ခုနှစ် ဇန်န၀ါရီ-မတ်) တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့ သည့် စစ်တမ်း၌ နောက်လာမည့် သုံးလအတွင်း စီးပွားရေးအခြေအနေအပေါ် စစ်တမ်းကောက်ယူရာ
- ပိုမိုဆိုးရွားလာမည်ထင်မြင်မှု လေးရာခိုင်နှုန်း၊
- အနည်းငယ် ဆိုးရွားမည်ထင်မြင်မှု ၄၆ ရာခိုင်နှုန်း၊
- အနည်းငယ် ကောင်းလာမည်ဟု ထင်မြင်မှု ၃၈ ရာခိုင်နှုန်း
နှင့်
- ပို၍ကောင်းလာမည်ဟု ထင်မြင်မှု လေးရာခိုင်နှုန်းက ဆန္ဒပြုခဲ့သည်ဟု စစ်တမ်းတွင်ဖော်ပြခဲ့ပြီး လက်ရှိ တွင် အမှန်တစ်ကယ် လုပ်ငန်း လုပ်ဆောင်သူများ၏ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ-မတ်စစ်တမ်းတွင် ဖြေဆိုမှုအရ မြန်မာ့စီးပွားရေး အခြေအနေမှာ ပြီးခဲ့သည့် သုံးလ ကထက် ပိုမိုဆိုးရွား ခဲ့ကြောင်း ဖြေဆိုခဲ့ကြသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် ၅၀ အထက်ကို အခြေ ခံကာ စစ်တမ်းကောက်ယူထားသည့် အဆိုပါ ညွှန်းကိန်းတွင် ယခုသုံးလ အတွင်း သုံးလ တစ်ကြိမ် စီးပွားရေး ညွှန်းကိန်း၌ အနုတ် ၁၄ ပြခဲ့ပြီး လက်ရှိ ဇန်န၀ါရီ-မတ် စစ်တမ်းတွင် အနုတ် ၂၅ ပြခဲ့ကာ စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း သိသိသာသာ ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။
နောက်လာမည့် သုံးလ အတွက် ကြိုတင်ဖြေဆိုရာတွင် ..
- လက်ရှိကာလထက် ပို၍ ဆိုးရွားမည်ဟု ဖြေဆိုမှု ၆ ဒသမ ၆၇ ရာခိုင်နှုန်း၊
- အနည်းငယ် ဆိုးရွားမည်ဖြေဆိုမှု ရာခိုင်နှုန်း ၄၀ နှင့်
- အနည်းငယ်ကောင်းလာမည်ဟု ဖြေဆိုမှု ၅၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယခင်သုံးလကထက် မျှော်မှန်းချက် မြင့်တက်ခဲ့သည်။