Showing posts with label သတိပြု စ၇ာ ကဏ္ဏများ. Show all posts
Showing posts with label သတိပြု စ၇ာ ကဏ္ဏများ. Show all posts
Tuesday, May 16, 2017
အိမ် ထဲမှာ.သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ ကို သတိ ထား
ကျနော် ဒီနေ့ ညစာ အပြင်ထွက်စားဖြစ်တယ် ။ ခွဲမှူးနဲ့ အတူပေါ့.....
တစ်နေကုန် ပင်ပန်းတာနဲ့ ဟင်းချက်စရာ အဆင်သင့်မရှိတာရောပေါ့ ။
ထမင်းဆိုင် အထဲရောက်တော့ ဟင်းမှာနေတုန်း ရေစက်မောင်းသံကြားနေရတယ်........
မီး ကလည်း မငြိမ်ဘူး မှိတ်တုတ် မှိတ်တုတ် ကောင်မလေးတယောက်က အိမ်ထဲမှာ မီးပူတိုက်လို့ပေါ့.......
ဒါနဲ့ ဆိုင်ရှင်ကြီးတော်ကြီးကို " ရေစက်မောင်းနေတာလားလို့ " မေးမိတယ်......
ဆိုင်ရှင်က " ဟုတ်တယ် တစ်နေကုန် တစ်ညလုံး မီးပျက်နေလို့ မီးလာတုန်းရေတင်နေရတယ် "တဲ့......
ဒါဆိုရင် မီးပူကိုနောက်မှတိုက်ပါ " တော်ကြာလောင်ကုန်လိမ့်မယ် "လို့ စိတ်ပူပြီးပြောမိတယ်....
ခွဲမှူး က "မီတာလောင်နိုင်တယ်"လို့ဖြည့်ပြောတော့မှ ကောင်မလေးကို မီးပူမတိုက်ခိုင်းတော့ဘူး...
တစ်ကယ်တော့ အိမ်သုံးမီတာ ၁၀/၃၀ အင်ပီယာ တစ်လုံးဟာ ၁၀ အင်ပီယာဘဲ တောက်လျောက် သုံးလို့ရတယ်လို့ပြောရင် နားလည်သူ အတော်နည်းပါတယ်......
ဝပ်၂၀၀၀ လောက်သာ သုံးသင့်တယ်လို့ပြောရင် အများနားလည်မယ်ထင်ပါတယ်......
မီးပူ တစ်လုံး ဝပ် (Watt) ၁၀၀၀
ရေစက်မော်တာ ၂ကောင် တစ်လုံး ဝပ် ၁၄၉၂
မီးဖို ဝပ်၂၀၀၀ ၁၈၀၀
ပေါင်းအိုး ဝပ် ၇၅၀.၁၀၀၀
ရေနွေးအိုး ၁၀၀၀ ၀ပ်
ဒယ်နီ ၇၅၀..၁၂၀၀..၁၈၀၀ ဝပ်
စတာတွေ အကြမ်းဖျင်းသိစေချင်ပါသည်။
တစ်ပြိုင်တည်း သုံးလို့ မနိုင်ရင် တစ်ချိန်ချိန်မှာ မီတာလောင်ပါမယ်....
အခန့်မသင့်ရင်နေအိမ်ပါလောင်ပါမယ်..
Thursday, April 27, 2017
GLAXY X9 အမည်​ရှိ ဥက္ကပျံကြီး တစ်​လုံး ကမ္ဘာ ဆီသို့ ဦးတည် ​​လာ​နေ​ကြောင်း NASA မှ အ​ရေး​ပေါ်သတင်း ထုတ်​ပြန်
GLAXY X9 အမည်​ရှိ ဥက္ကာပျံကြီး တစ်​လုံးသည်​ ကမ္ဘာ​မြေဆီသို့ ဦးတည်​လာ​နေ​ကြောင်း အ​မေရိကန်​ အာကာသ သိပ္ပံဌာ န NASA မှ ယ​နေ့သတင်းထုတ်​ပြန်​လိုက်​​ကြောင်း Yangon News မှသတင်းရရှိပါသည်​။
အဆိုပါ ဥက္ကာပျံခဲကြီး ၏ အချင်းမှာ (16,8546,000) မိုင်​ခန့်​ ရှိကာ အာရှ တိုက် အကျယ်​အ၀န်းခန့်ရှိ​ကြောင်းသိရှိရပါ သည်​။ ယင်း ဥက္ကာပျံကြီးသည်​ ​​နေစကြ၀ဠာ အတွင်း လှည့်​လည်​​နေပြီး အနှစ်​ တစ်​​ထောင်​တွင်​ တစ်​ကြိမ်​ကျ ကမ္ဘာ​ အနီးမှ ဖြတ်​သန်းသွားခြင်းဖြစ်​ပါသည်​။
သို့​သော်​ ယခုတစ်​ကြိမ်​တွင်​ ယင်း ဥက္ကာခဲကြီးမှာ ကမ္ဘာ​မြေနှင့်​ အလွန်​နီး ကပ်​ စွာဖြတ်​သန်း သွားမည်​ဖြစ်​​ကြောင်း အ​မေရိကန်​ NASA ဥက္ကာပျံစူးစမ်း​လေ့လာ​ရေးဌာန (Glaxy and UFO project 1) မှ ပ​ရော်​ဖက်​ဆာ မစ္စတာ ​ဒေးဗစ်​ဘရိုင်​ရ န်​​မေးစ်​ က ​ပြောကြားခဲ့ပါသည်​။
” အားလုံးပဲ ဒီကိစ္စကို အရမ်း သိချင်​​နေကြတာ ကျွန်​​တော်​နားလည်​ပါတယ်​။ ဒီ ဥက္ကာပျံကြီးကို ကျွန်​​တော်​တို့​လေ့ လာ​နေတာ (၁၀) နှစ် ​ရှိပါပြီ။ ဒါကြီးက လွန်​ခဲ့တဲ့ အနှစ်​ (၁၀၀၀) ခန့်​တုန်းကလည်း ကမ္ဘာ အနီးကဖြတ်​သန်းခဲ့ပါ တယ် ​လို့ ​ရှေး အီဂျစ်​ မှတ်​တမ်း​တွေမှာ​ဖော်​ပြထားပါတယ်​။ အဲ့ဒီတုန်းက အီဂျစ်​ပြည်​မှာ ထူးဆန်းတဲ့ အဖြစ်​အပျက်​​တွေ ဆက်​တိုက်​ဖြစ်​ပွားခဲ့ပါတယ်​။ အခု ဒါကြီးက ကမ္ဘာဆီကို တစ်​​ကြော့ပြန်​လာ​နေပါပြီ ။ ဒီ တစ်​ခါက ပိုနီးပါ တယ်​။
ကျွန်​​တော်​တို့ တွက်​ချက် ထားရသ​လောက်​​ပြောပြရရင်​…… ဒီ ဥက္ကာပျံကြီးက အခု ကမ္ဘာမြေနဲ့ မိုင်​​ပေါင်း (45,386,000) မိုင်​ အကွာ အ​ဝေးကို​ရောက်​ရှိ​နေပြီး တစ်​နာရီကို (9,077,200) မိုင်​အလျင်​နှုန်းနဲ့လာ​နေတာပါ။
ဒီ​နေ့က စ​ရေတွက်​မယ် ​ဆို​နောက်​ ( ၄ ) ရက်​​နေရင်​ ကမ္ဘာ့ အပြင်​ဖက်​ (၀.၈) မိုင်​ အကွာအ​ဝေးကဖြတ်​သန်းမှာပါ။ မ​တော်​တစ်ဆ လမ်း​ကြောင်း​ပြောင်းပြီး တိုက်​ရိုက် ကျ​ရောက်​လာရင်​လည်း လာနိုင်​ပါတယ်​။ ဒါက​တော့ ကျွန်​​တော်​တို့ ဘုရားသခင် ​အလိုကျပါပဲ…” ဟု ဥက္ကာပျံနှင့်ပတ်သက်​ပြီး NASA မှ မစ္စတာ ​ဒေးဗစ်​ဘရိုင်​ရန်​​မေးစ်​ က​ပြောကြားခဲ့ပါသည်​။
Sunday, January 29, 2017
ကြက်ကင် အသားစိမ်းတွင် အစာ အဆိပ်သင့်စေသည့် ဗက်တီးရီးယားပိုး တွေ့ရှိ
ထားဝယ်ဒေသတွင် ရောင်းချနေကြသည့် ကြက်ကင်ဆိုင်အချို့မှ ကြက်သားအစိမ်း နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ အစာအဆိပ်သင့်စေသည့် ဗက်တီးရီးယားပိုးများ တွေ့ရှိရကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။
ကြက်ကင်ရောင်းချနေသည့် ဆိုင်များမှ ကြက်သားအစိမ်းတွင် အစာအဆိပ်သင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေသည့် ဗက်တီးရီးယားများ တွေ့ရှိရပြီး အဆိုပါ ကြက်သားများကို အကင်လုပ်စားရန် မသင့်တော်ဘဲ ချက်ပြုတ်ကြော်လှော်ပြီးမှသာ စားသုံးသင့်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌက ဆိုသည်။
“ဒီကြက်သားတွေကို ကျက်အောင်ပေါင်းပြီး ကင်စားမှ စိတ်ချရတယ်” ဟု ယင်းကော်မတီ ဥက္ကဋ္ဌက ပြောသည်။
ကင်ပြီးသား ကြက်သားကင်များကို နည်းပညာအရ စစ်ဆေးရန် အခက်အခဲ ရှိပြီး ကြက်သားအစိမ်းများ ဓာတ်ခွဲစစ်ဆေးခြင်းကို မကြာခဏ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကြက်သားကင် ရောင်းချနေသည့် ဆိုင်အချို့မှ ကြက်သားအစိမ်း နမူနာများကို ရန်ကုန်မြို့ရှိ တိမွေးကု ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။
ဓာတ်ခွဲစစ်ဆေးချက်အရ ကြက်သားများတွင် ဗက်တီရီးယားပိုးများ ရှိသင့်သည့် ပမာဏထက် အနည်းငယ် ကျော်လွန်နေသည့်အတွက် ကင်စားရန် မသင့်ကြောင်း အဖြေထွက်သည်ဟု တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။
Monday, January 23, 2017
အငှါးမယား စနစ်တွေ တွင်ကျယ် လာတဲ့ မဟာရန်ကုန်မြို့က အငှါးမယားလိုက်သူ ပြောပြချက်
အသားဖြူဖြူနှင့် ငယ်ရွယ် ပျိုမျစ်သည့် အလှတရား များအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ် အရွယ် မိန်းကလေး တစ်ဦး သူ၏ မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့် ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်ေ သွးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။
ကျောလယ်လောက်အထိ ရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာ ဆန်ဆန် ရင်ဖုံး လက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။
သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်း မရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမ ဘဝ ဖြစ်နေသည် ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။
''ကျွန်မ ဒီအလုပ် ကို လက်ခံတာ နှစ်ကြိမ် ရှိပြီ။ ပထမ လက်ခံတဲ့ လူက အသက် ၃ဝ ကျော်ပဲ ရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ''ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။ သူ လက်ခံသည် ဆိုသည့် အလုပ်မှာ အမျိုးသား တစ်ဦးနှင့် တိုက်ခန်း တစ်ခန်းတွင် တစ်လ တန်သည်၊ နှစ်လ တန်သည် အတူနေပေးရသည့် အငှားမယား ဟု ဆိုရမည်ဖြစ်သည်။
ပြည့်တန်ဆာများကို ညည့် ငှက်၊ သွေးသားဈေးသယ်၊ ဇယား၊ လိင်ပိုင်းဆိုင်ရာကို အခကြေး ငွေယူ၍ ဖျော်ဖြေသူ အစရှိသဖြင့် ခေါ်ကြပြီး ထိုစကားလုံးများ ထက် နူးညံ့စွာ ဖြစ်ပေါ်လာသော စကားမှာ အငှားမယားပင် ဖြစ်လေတော့ သည်။
လှိုင်မြို့နယ် အတွင်း သန့်ရှင်း သပ်ရပ်စွာ ပြင်ဆင် ထားသော လေးထပ်တိုက် ခန်း တစ်ခု မှာ မဇာခြည် တစ်ယောက် သူ့ကို ခေါ် ဆောင်ထားသူနှင့် အတူနေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၏ အမြင်မှာမူ လင်မယား ဟုပင် သိထားကြဟန်ရှိသည်။
မဇာခြည်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ အထည်ချုပ် စက်ရုံ တစ်ရုံ တွင် လေးနှစ် နီးပါး အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူသည် မိသားစု စားဝတ်နေရေး အခြေအနေ ကြောင့် ဆယ်တန်းအထိသာ ပညာ ဆည်းပူးခဲ့ရပြီး ညီအစ်မ ဝမ်းကွဲ ၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ် စက်ရုံ တစ်ရုံတွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်း ရရှိသည့် လစာကို မိသားစုထံ ပြန်မပို့နိုင်ရုံသာ မက အဆောင်လခ၊ ဝမ်းစာနှင့်ပင် လုံးလည် လိုက်နေသောကြောင့် အဝတ်အထည် ကိုပင် လူတန်းစေ့ ဝတ်ဆင်နိုင်ရန် မနည်း ရုန်းကန် ရသည်ဟု ဆိုသည်။
''အထည်ချုပ်မှာ လုပ်တုန်းကဆို ဇက်ကြောတွေက တက်၊ ခွဲတမ်း မပြီးရင် Leader တွက အော်ဟစ်ပြီး ဆဲတော့တာ။ တစ်လကို ဝင်ဝင်ချင်း တုန်းက ခုနစ်သောင်း၊ နောက်နှစ်တွေကျမှ တစ်သိန်း လောက်ပဲ ရတာ၊ ပင် ပန်းသလောက် လစာ မရခဲ့ဘူး''ဟု သူ ရပ်တည်ခဲ့ရပုံကို ပြောပြသည်။
အဆိုပါ စက်ရုံတွင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရာမှ ယခုကဲ့သို့ ဘဝမျိုးထဲတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်ပေးခဲ့သူမှာ အတူအလုပ် လုပ်နေသည့် ဝန်ထမ်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။
ယင်းက ''အလုပ်ထဲက သူငယ်ချင်း တစ်ယောက်က ယောက်ျားနဲ့ မိန်းမဖြစ်တာ ဘာဆန်းလဲ။ ဒီမှာပဲ ဆက်ပြီး အလုပ် လုပ်နေရင် ဘာမှဖြစ်မလာ ဘူး။ နင်က ရုပ် လှတော့ သူက (ငှားရမ်းသည့်လူ) အတည် တစ်ကျတောင် လက်ထပ်ချင် လက်ထပ်မှာ ဆိုတာနဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားတာပါ'' ဟုဆိုသည်။
Wednesday, October 12, 2016
အစာ အဆိပ်မသင့်စေဖို့
(၁) ဘေးကင်း တဲ့ အသား ကိုရွေးပါ
စူပါ မားကက်မှာ အသား ၀ယ်လျှင် ရေခဲသေတ္တာ အောက်ဆင့် က အသား ကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့် သလောက် မအေးဘဲ ဖြစ်တတ်သည်။
(၂) ကျကျနန သိမ်းပါ
လတ်လတ် ဆတ်ဆတ် အသားများကို ရေခဲသေတ္တာ အအေးခန်း (refrigerator)တွင် နှစ်ရက်အထိ ထားနိုင် သည်။ အခဲခန်း (freezer) တွင် လပေါင်း များစွာ အထားခံ သည်။ အအေးခန်း (refrigerator) တွင် ၄၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်ပြီး အခဲခန်း (freezer) တွင် သုညဒီဂရီ ဖာရင်ဟိုက် ရှိသင့်သည်။
(၃) ကျကျနန ရေခဲဖျော်ပါ 
အေးခဲ ထားသည့် အသား ကို ရေထဲ ထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင် တွင် အတိုင်းသား တင်၍ ရေခဲပျော်အောင် ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။
(၄) ဆေးကြော သန့်စင်ပါ
အသားကိုင်မည့် လက်ကို ဆေးကြော သန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုး မှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink) ကို ဆေးကြောပါ။
Sunday, October 2, 2016
ရည်းစား နဲ့ မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလား
ရည်းစားနဲ့ မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလား လို့ လာမေးခဲ့ဖူးသူ ရှိတယ်။ အဲဒီမေးခွန်းကိုမဖြေခင် ကျွန်မ က သူမကိုပြန်မေးလိုက်တယ်။ ဘာရည်ရွယ်ချက် နဲ့ အတူနေချင်တာလဲလို့။
ရည်းစား ရဲ့ဆန္ဒဖြည့်ဖို့ အတူ သွားအိပ်မှာလား။
ရည်းစားနဲ့ အတူ အိပ်ရုံ (လိင် အာသာဖြေရုံ) အတူနေမှာလား။
အပျို မဟုတ်တဲ့ အတူတူ မထူးပါဘူးလေ ဆိုပြီး တွဲတဲ့သူနဲ့မြဲအောင် အတူ သွားအိပ်မှာလား။
အဖော်စုံရုံ ၊ ပျော်ရုံလေး အခြေအနေ ဖန်လာရင် တွေ့တဲ့သူနဲ့ အိပ်လိုက်မှာလား။
အိမ်ထောင်ဘက် အဖြစ်ရည်ရွယ်ထားလို့ တစ်ယောက် အကြောင်း တစ်ယောက် ပိုသိလာအောင် တစ်ခါ အိပ်ရုံ မဟုတ် ရေရှည် သဘော နေသွားချင်တာလား။
ဒီမေးခွန်းတွေကို ကိုယ့် ဘာသာကိုယ် အရင်ပြန်မေးပြီးမှ လက်မထပ်ရသေးတဲ့ အမျိုးသား နဲ့ စပ်ယှက်ဖို့ ကိုတွေး ပါ။ တစ်ကယ်တော့ မြန်မာလူမှု ဝန်းကျင်မှာ မိန်းမပျိုလေး မှန်ရင် ဘယ် အမျိုးသားနဲ့ မှ လက်မထပ်သေးဘဲ အတူ မနေရဘူး။ 
လိင်ပိုင်း ဆိုင်ရာ မစပ်ယှက်ရဘူးလို့ တားမြစ် လက်ခံထားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လေ ကလေးတွေမသိတစ်မျိုး ၊ သိတစ်မျိုး ဖျက်ချနေတာ ၊ စွန့်ပစ် ကလေးတွေ များလာတာတွေ ဟာ လက်မထပ်ခင် အတူနေကြခြင်းဖြစ်တယ် လို့ သက်သေခံနေပါတယ်။ ဒါကြောင့်ပဲ ဘာဖြစ်လို့ အတူနေချင်တာလဲ လို့ ကိုယ့်ဘာသာကိုယ်ပြန်မေးခိုင်းတာပါ။
နိုင်ငံရပ်ခြား မှာ လက်မထပ်သေးဘဲ အတူနေကြတဲ့ စုံတွဲတွေရှိပါတယ်။ ဒါပေမယ့် သူတို့က တစ်ညအိပ်ရုံဆက်ဆံရေး ၊ ပိုလေးနက် လာရင် ခဏ ခဏ ချိန်းတွဲကြည့်တဲ့ ဆက်ဆံရေး ၊ ပိုလေးနက် လာရင် တစ်မိုးအောက် မှာ အတူပြောင်းနေကြတဲ့ ဆက်ဆံရေး ၊ ပိုလေးနက်လာရင် လက်ထပ်ခွင့်တောင်းပြီး စေ့စပ်ထားတဲ့ဆက်ဆံရေး ၊ ပိုလေးနက်လာရင်တော့ တစ်ဘဝစာ လက်ထပ်ပေါင်းသင်းခြင်းပါပဲ။ 
ဒီတော့ အမျိုးသားနဲ့ အတူနေချင်တဲ့ ကိုယ်ကကော ဘယ်အဆင့်မျိုးမှာလဲ။ အများအားဖြင့်က ခဏခဏ ချိန်းတွဲကြည့်တဲ့ ဆက်ဆံရေးဖြစ်နေပြီး တစ်ချို့တွေက တစ်ခါအိပ်ရုံ ဆက်ဆံရေးလည်း ရှိတယ်လို့ ကြားသိရပါတယ်။
တစ်ခါက တူအရွယ် လူငယ်လေးက အုပ်စုလိုက်လျှောက်လည်ရင်း သူ့ သူငယ်ချင်းရည်းစားနဲ့ အတူနေဖြစ်သွားတာ ဘာလုပ်ရမလဲလို့ လာတိုင်ပင်ဖူးတယ်။ မြန်မာပြည်မှာ အုပ်စုလိုက် အလည်ထွက်ရင်းက ကိုယ့်သူငယ်ချင်း ရည်းစားနဲ့ အတူအိပ်လို့ ရတဲ့ခေတ်ဖြစ်သွားပြီလားလို့ ကျွန်မ အတော်အံ့သြသွားခဲ့တယ်။ 
မတော်လို့ ကိုယ်ဝန်ရှိလာရင် မင်းဘယ်လို တာဝန်ယူမလဲဆိုတော့ ကျွန်တော်က တစ်ခါပဲစားတာတဲ့ ၊ သူ့ သူငယ်ချင်း က အခါခါ စားနေတာမို့ ယူမယ့်ယူ သူတာဝန်ယူရမှာပေါ့တဲ့ ၊ ကျွန်တော်နဲ့ အဝေးကြီးလို့လည်း ပေါ့တန်တန်ပြောတာကြားဖူးခဲ့တယ်။ မြန်မာပြည်မှာ ဒီလို အကန့်တွေလည်း ရှိတယ်တဲ့။ သြော် ခေတ်တွေ ကမောက်ကမ ပြောင်းသွားခဲ့ပြီပဲလို့ ကျွန်မ လက်ခံလိုက်ရတယ်။
သူ့ သူငယ်ချင်းနဲ့ အိပ်ခဲ့တဲ့ မိန်းကလေးလို့ တွဲနေတဲ့ကောင်လေး သိသွားရင် ၊ မှားယွင်းလို့ ကလေးရသွားပြီး အဖေလို့ခေါ်နေသူနဲ့ မျိုးရိုးဗီဇ အပါအဝင် ရုပ်ရည်ချင်း မတူရင် ယူဖြစ်စေဦးတော့ ဒီအိမ်ထောင်ရေး ဘယ်လိုသာသာ ယာယာမြဲမြံတော့မလဲ။ ဒီမိန်းကလေး ဘယ်လို ခံယူချက်မျိုးနဲ့ ရည်စား သူငယ်ချင်းနဲ့ စပ်ယှက်ဖို့ သဘောတူ လက်ခံခဲ့သလဲ တွေးနိုင်ဖို့ ကျွန်မ ဦးနှောက်က ဥာဏ်မမီနိုင်ပါဘူး။ မတော်မတက် ကလေးများရခဲ့ရင် ကလေးခမျာ သနားစရာ။
တစ်ချို့တွေက အသက် ငယ်ငယ်လေးနဲ့ သူ့ရည်းစားနဲ့ အဆင်မပြေလို့ မတော်တစ်ဆ ရခဲ့တဲ့ကလေး ဖျက်ချတဲ့အကြောင်းကို ရုပ်ရှင် အကြောင်းပြောသလို အေးအေးဆေးဆေး ပြောနေနိုင်တာမျိုးလည်း ကြားခဲ့ဖူးတယ်။ မြန်မာပြည်မှာနော် မြန်မာပြည်မှာ ကြားတာ။ သူများစကားပြောတာ သွားပြီးချောင်းနားမထောင်ပါဘူး။ ဘတ်စ်ကားပေါ်မှာ တီးတိုး တီးတိုး သူတို့ အချင်းချင်းပြောနေတာကို ကြားခဲ့ပြီး တစ်အံ့တသြဖြစ်ခဲ့ရတာ။
ကိုယ်ကြားသလို သူတို့ အနီးအနားက တစ်ခြားသူတွေလည်းကြားနိုင်တာပဲ။ မိန်းကလေးတွေ ကတော့ ရုပ်ကလေး ငယ်ငယ်နုနု ပြင်ပြင် ဆင်ဆင်လေးတွေနဲ့ မထင်ရက်စရာလေးတွေပါ။ ရုံးဝတ်စုံ ဆင်တူလေးဝတ်ထားတာတွေ့ခဲ့လို့ စာရိတ္တ မကောင်းတဲ့ မိန်းကလေးတွေမို့ ဒီလိုပေါ့ပေါ့တန်တန် သဘောထားတယ်လို့လည်း ပြောမရဘူးလေ။
အပျိုလို့သာ ဆိုရတာ ယောကျာ်းလေးနဲ့လည်း စပ်ယှက်ဖူးတယ် ၊ ကလေးလည်း ဖျက်ဖူးတယ်။ ဘယ်မှာလဲအရှက်ဆိုတာ ….. ကလေးဖျက်တယ် ဆိုတာ ကလေးမွေး သလိုပဲ အရှက်ကုန်တာပါ။ ကလေး အကောင်လိုက် အသက်ရှင်လျက်ကျွေးမွေးပြုစုရတာနဲ့ အကောင်မရောက် တစ်ရောက် အသက် မရှိသေးတာ (တစ်ခါတစ်လေ အသက်ရှိနေတာ) ကို သားအိမ်ထဲက ဖျက်ထုတ်လိုက်တာပဲကွာတယ်။ အခါခါ ဖျက်ဖူးရင် အခါခါအရှက်ကုန်သွားပြီမို့ အတူနေတယ် ဆိုတာလည်း မထူးဆန်းတော့ဘူး ၊ ဖျက်တယ် ဆိုတာလည်း မထူးဆန်းတော့ဘူးဖြစ်လာတယ်။
Monday, September 12, 2016
ဦးနှောက် မှတ်ဥာဏ် ဆုံးရှုံးမှု ဖြစ်စေတဲ့ ဆေးဝါး (၂၀) မျိုး
Image may contain: food
ဆေးညွှန်း အရဖော်စပ်ထားတဲ့ ဆေးတွေကြောင့် နှစ်စဉ် လူ ၁၀၀,၀၀၀ ကျော် သေဆုံးကြပြီး သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက လူ ၁.၅ မီလျှံ ဝန်းကျင် ဆေးရုံရောက်စေပါတယ်။
ဆေးဝါး များစွာဟာ ၄င်းတို့ရဲ့ မူပိုင်ခွင့် မကုန်ုဆုံးခင် အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သေချာစမ်းသပ် စစ်ဆေးမှု မရှိဘဲ လူတွေကြား မရေ မတွက်နိုင်တဲ့ ပြသနာတွေ ဖြစ်ပွားစေပါတယ်။
ဒီဆေးဝါးတွေထဲ တစ်ချို့မှာ ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုးတွေရှိပြီး ဦးနှောက် ထိခိုက်ကာ မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ မှတ်ဥာဏ် ဆုံးရှုံးမှုပြသနာဖြစ်စေတဲ့ ဆေးဝါးတွေကို အောက်ပါ အတိုင်း (၃) မျိုးခွဲခြားထားပါတယ်။
၁။ Statin drugs ကိုလက်ထရောလျော့ကျဆေး
Cholesterol လျော့ကျဆေးတွေ မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်စေကြောင်း လေ့လာမှု အများအပြားက ဖော်ပြခဲ့ပါတယ်။ ဒီဆေးဝါးတွေ သုံးစွဲခြင်းက အာရုံ စူးစိုက် မရခြင်းနဲ့ မေ့တတ်ခြင်းတွေ ဖြစ်စေပါတယ်။
၂။ အိပ်ဆေး Sleeping pills
ဒီဆေးဝါးများက ရေတို နဲ့ ရေရှည် မှတ်ဥာဏ် ဆုံးရှုံးမှု ဖြစ်စေပါတယ်။ လေ့လာချက် အရ အိပ်ဆေး အမျိုးအစား အားလုံးက ဦးနှောက် မှတ်ဥာဏ် နဲ့ လုပ်ဆောင်ချက်ကို အတိုင်းအတာ တစ်ခုထိ ထိခိုက်စေပါတယ်။
တစ်ချို့ဆေးတွေ ဆိုရင် အထိန်းအကွပ် မရှိ အရက်သေစာသောက်ခြင်းကြောင့် ဦးနှောက် ဆဲလ်တွေ ပျက်စီးတဲ့ အခါ ဖြစ်ပေါ်တဲ့ သတိလွတ်ခြင်းမျိုး အခြေအနေတောင် ဖြစ်စေပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်အမှတ် မရနိုင်တော့ပါဘူး။
၃။ The Anti drugs
Anti-drugs တွေဆိုတာ antidepressants, antibiotics, antipsychotics, antispasmodics, antihypertensives, antihistamines တို့လို anti- နဲ့ စတဲ့ ဆေးဝါး အားလုံးကို ဆိုလိုပါတယ်။
ဒီဆေးတွေဟာ မှတ်ဥာဏ် ကို ဒုက္ခ အပေးဆုံးအရာတွေ ဖြစ်ပါတယ်။ အသိအမြင်ပိုင်း ဆိုင်ရာ လုပ်ဆောင်ချက်နဲ့ မှတ်ဥာဏ် အဖို့ တာဝန် ရှိတဲ့ neurotransmitter acetylcholine ရဲ့ လှုပ်ရှားမှု အဟန့်အတားဖြစ်စေတာကြောင့် ဖြစ်ပါတယ်။
ဒီလိုဆေးဝါးမျိုးတွေ မရေ မတွက်နိုင်အောင် အလွယ်တစ်ကူတွေ့နိုင်ပါတယ်။ ဒါ့ကြောင့် အလွန် အကျွံသောက် ပါက ရောဂါကို ပိုလို့တောင် ခက်ခဲ ရှုပ်ထွေးစေပါတယ်။
ဦးနှောက် မှတ်ဥာဏ် ဆုံးရှုံးမှုဖြစ်စေတဲ့ ဆေးဝါး (၂၀) ခု ကတော့.......................
· သွေးတိုးဆေးများ ၊
· အကိုက် အခဲပျောက်ဆေးများ (Painkillers) ၊
· လီသီယံ (Lithium) ၊
· ဓာတ်မတည့်ရောဂါ ကုဆေး (Antihistamines) ၊
· သွေးကျဆေး (Methyldopa) ၊
· For Parkinson’s- glycopyrrolate, atropine, or scopolamine ၊
· အိပ်ဆေး (Sleeping pills) ၊
Wednesday, June 15, 2016
ချစ်တင်းနှောနေစဉ် ဇနီးသည် ကို သခွားသီး နဲ့ ကျီစယ်ရင်း မတော်တစ်ဆ သေဆုံးစေခဲ့သူ အမျိုးသား
 Image result for love image
စတိုးဆိုင် အရောင်းစာရေး တစ်ဦးဟာ သူ့ရဲ့  ဇနီး နဲ့ လိင် ဆက်ဆံနေစဉ်မှာ သခွားသီး တစ်လုံးကို လိင်ဖျော်ဖြေရေး အရုပ် အဖြစ် သဘော ထားပြီး အသုံးပြုခဲ့ရာမှာ မတော်တဆ ဇနီးသည် ကို သေဆုံးစေ ခဲ့တဲ့ အတွက် အမှု ရင်ဆိုင်နေရပါတယ်။
သူ့ရဲ့  ကိုယ်တိုင် ဖွင့်ဟ ၀န်ခံချက်အရ သူတို့ လင်မယား ဟာ ချစ်တင်းနှောတဲ့ အခါတွေမှာ ဟင်းသီး ဟင်းရွက်တွေ ကို စိတ်နှိုးဆွစေတဲ့ အရာတွေ အဖြစ် အသုံးပြုလေ့ ရှိတယ်လို့ လည်း သိရပါတယ်။
အသက် ၄၆ နှစ် အရွယ်ရှိ သူ အရောင်း စာရေး Oliver Dietmann ဟာ အသက် ၄၆ နှစ် အရွယ် ဇနီးသည် Rica Varna ကို မတော်တစ်ဆ သေစေခဲ့မှု အတွက် ထောင်ဒဏ် ၅ နှစ် အထိ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
သူတို့ လင်မယား ဟာ ချစ်တင်းမနှောခင် မှာ ၀ိုင် ပုလင်း ၄ ပုလင်း နဲ့ အရက်ဖြူ အချို့ကို ၀ယ်ယူသောက် သုံးနေကြပြီး အဲဒီနောက် မှာတော့ ဇနီးဖြစ်သူ ကို စိတ်နှိုးဆွဖို့ အတွက် သခွားသီး တစ်လုံးကို စတင် အသုံးပြု ခဲ့တာ ဖြစ်တယ်လို့ Dietmann ကိုယ်တိုင် Dailymail သတင်းဌာန ကို ပြောပြခဲ့ပါတယ်။
ဖြစ်ပုံ ကို Dietmann က အခုလို ရှင်းပြထားပါတယ်။
 “ကျွန်တော် က သူမ ပါးစပ်ထဲ ကို သခွားသီးစိတ် အချို့  ထိုးသွင်းပြီး ကျီစယ်နေတာပါ။ အဲဒီ အချိန် မီးဖိုချောင် ထဲက မီးခိုးငွေ့တွေ ထွက်လာတာ တွေ့တဲ့ အတွက် ကျွန်တော့်ခွေးတွေ အတွက် အသားကင် ထားတာ ကို မေ့နေပြီ ဆိုပြီး မီးဖိုချောင်းထဲ ပြေးသွားခဲ့ပါတယ်။
Saturday, June 4, 2016
ရှေးရှေးတုံး က မလေးရှား (၀ါ) မလ္လာယုနိုင်ငံတော် သမိုင်း ( ဖြစ်ရပ်မှန် )
Si Thu Myint's photo.
မလေးရှားနိုင်ငံ၏ သမိုင်းဖြစ်ရပ်များနှင့် မလေးရှားရောက် ဗုဒ္ဓသာသနာတော် သမိုင်း 
(ဗဟုသုတ ရစရာတွေ ၊ အတုယူဖွယ်ရာတွေ၊ သတိထားကာ သံဝေဂ ရယူဖွယ်ရာတွေ နဲ့ ပြည့် ညပ်ကြပ် သပ်နေ တဲ့ ရှေးရှေး တုံးက မလ္လာယုနိုင်ငံတော်) ကို ဖတ်ဖြစ်အောင် ဖတ်ကြပါ။
(Melayu) မလ္လာယုနိုင်ငံတော် 
မလေးရှားနိုင်ငံ သည် အာရှတိုက် ၏ အရှေ့တောင်ဘက် အစွန်းထိပ်နှင့် ဘော်နီယိုခေါ် ကာလီမာ တန် ကျွန်း ၏ မြောက်ဘက် တွင် တည်ရှိပြီး၊ မလေးရှားနိုင် ၏ မြောက်ဘက် တွင် ထိုင်းနိုင်ငံနှင့် တောင်ဘက်ခြမ်း တွင် အင်ဒိုးနီးရှားနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း စပ်ဆက်လျှက် တည်ရှိပါသည်။ 
မလေးနိုင်ငံ ၏ အကျယ်အ၀န်း
 ပျမ်းမျှ စတုရန်းမိုင် (၁၂၇၃၁၆) ကျယ်ဝန်းပြီး နိုင်ငံ၏ မြို့တော်မှာ “ကွာလာလမ်ပူ” ဖြစ်ပါသည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လ တွင် ကောက်ခံ ထားသည့် မှတ်တမ်း များအရ လူဦးရေမှာ ၂၂.၂ သန်းခန့် ရှိပါသည်။
မလေးရှားနိုင်ငံ ၏ နောက်ခံ သမိုင်း ရာဇ၀င်မှာ တရုပ်နွယ်များ မှ ဆင်းသက် လာကြခြင်းဖြစ်ကြောင်း လေ့ လာတွေ့ရှိ ရပါသည်။ 
B.C,1500,2000 ခန့် တွင် တရုတ် ပြည်၊ ယူနန်ပြည်နယ် အတွင်းမှ မွန်ဂိုနွယ်ဖွား တရုပ် များသည် မလေး ကျွန်းဆွယ် ရှိ ကျွန်းစုများ သို့ရောက်ရှိ အခြေချ ခဲ့သည်မှ မလေးနိုင်ငံသည် စတင်ခဲ့ခြင်းဖြစ်
သည်။ 
ထို မွန်ဂို တရုပ် များသည် မလေးကျွန်းဆွယ် ကို မလက္ကာမြို့ပြ တည်ထောင် ၍ အုပ်ချုပ်ခဲ့ကြလေသည်။ ထိုသို့ မလက္ကာမြိုပြ တည်ထောင် ၍ အုပ်ချုပ်ခဲ့ ကြသည့် ဘုရင်တို့ အားလည်း (မလက္ကာဘုရင်)များ ဟုသာ ခေါ်ဆို ခဲ့ကြပါသည်။ 
ထို အချိန်ကာလ တွင် မလေးကျွန်းဆွယ် ကို မလေးရှားနိုင်ငံ ဟု အမည်တွင် သတ်မှတ်ခဲ့ခြင်း မလေးရှား တွင် မရှိသေးပေ။ (Melayu)“မလ္လာယုနိုင်ငံတော်”ဟုသာ အမည်တွင်ခဲ့ကြပါသည်။
မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံ သို့ ဗုဒ္ဓ သာသနာတော် သည် B.C,309 ဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော် မူပြီးနောက် နှစ်ပေါင်း (၂၅၀) ခန့် အကြာ တတိယ သင်္ဂါယနာ တင်ပြီး ချိန်မှ စတင်၍ရောက်ရှိ ခဲ့ပြီး ထို မလေးကျွန်းစွယ်ကို လည်း သုဝဏ္ဏဘူမိဒေသ တွင် ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆကြပါ သည်။
တိကျ ခိုင်လုံသော သမိုင်း အထောက်အထားများ အရ မလေးရှားနိုင်ငံ တွင် သာသနာနှစ် (၉၀၀)နှင့် (၁၀၀၀) အတွင်း ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ ၌ အသုံးပြုသော သက္ကတ္တ ဘာသာဖြင့် ရေးထိုး ထားသော ဗုဒ္ဓဘာသာ ကျမ်းစာ ကျောက်ချပ် များစွာ တို့ကို မလေးရှားနိုင်ငံ အနှံ့တွင် တွေ့ရှိခဲ့ရပါသည်။
ထို့အပြင် အဘိဓမ္မာကျမ်း မှ ဂါထာတော် သုံးပုဒ် အား ရေးထိုးထားသည့် ရွှံ့အုတ်ချပ် ကိုလည်း တွေ့ရှိရပြီး၊ အုတ်ကျောင်းတိုက် ၃-တိုက်နှင့် စေတီတော် (၅)ဆူ ကို ဘုရင်နှင့် သံဃာတော် များကြီးမှုး ၍ ပြည်သူ ၊ ပြည်သား ၊ ဒကာ၊ ဒကာမ အများစုပေါင်းကာ လှုဒါန်းကာ တည်ဆောက်ထား ခဲ့ကြကြောင်း ရေးထိုး ထား သည့် ကမ္ဗည်းမော်ကွန်း ကိုလည်းတွေ့ရှိခဲ့ကြပါသည်။ 
နခွန်ရှရီဓမ္မရာဇ် ခေါ် နခွန်ရှရီ တမ္မရတ် ဘွဲ့တော် ရှိသည့် စေတီတော်ကြီး ကိုလည်းတွေ့ ရှိရသဖြင့် ခရစ်နှစ် (၅ ရာစု ခန့်ကပင် မလေးရှားနိုင်ငံ ၌ ဗုဒ္ဓ သာသနာတော်ရောက်ရှိ ပြန့်ပွားနေပြီး နေလို လလို ထွန်းပ ခဲ့ကြောင်း သိရှိရပေသည်။
ရှေ့းအခေါ် (သီရိဝိဇယနိုင်ငံ) ယခု (အင်ဒိုနီးရှား)နိုင်ငံ သည် ခရစ်နှစ် (၇) ရာစုတွင် ဗုဒ္ဓဘာသာ၊ သာသနာ ထွန်းလင်းမှု အားကောင်းသည့် ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ ပြီး မလေးရှားကျွန်းစွယ် များ သို့ ဗုဒ္ဓသာသနာတော်ပြန့် ပွားအောင် အထောက်အပံ့ ဖြစ်ခဲ့လေသည်။ 
Tuesday, May 24, 2016
( ELCB ) နှင့် ( RCCB )
Maung MaungMyint's photo.
Earth Leakage Circuit Breaker (ELCB)
Residual Current Circuit Breaker (RCCB)
တစ်ခါက ဆရာဝန် အမျိုးသမီး တစ်ဦးဟာ အိမ်မှာ ရေပူ Instant Water Heater ဖွင့်ချိုးရင်း  မတော်တဆ ဓါတ် လိုက် သေဆုံးခဲ့ ဖူးတယ်။ တစ်ခါက ၅၁ လမ်း မှာ အမျိုးသမီး တစ်ဦး မနက်စောစော ရေ တင် ရင်း ရေ မလာ တဲ့အတွက် မြေညီ လှေကားရင်းက ရေမော်တာ ကို ဆင်းပြီး စစ်ပါတယ်။ ပြန်လာချိန်တိုင်အောင် မတက် လာ လို့ အိမ်သားတွေ ဆင်းကြည့်ရာမှာ ဓါတ်လိုက်ပြီး သေဆုံးနေတာ တွေ့ရပါတယ်။
ရက်ပိုင်းအတွင်းကပဲ စဥ့်ကူးမှာ မောင်နှမလေးယောက်  ပေါက်နေ တဲ့ ဓါတ်ကြိုး က တစ်ဆင့် မတော်တဆ ဓါတ်လိုက် လို့ သေဆုံးကုန်ကြတယ်။ Electrocution လို့ ခေါ်တဲ့ ဓါတ်လိုက်တဲ့ အခါ မီးကြိုး Live wire ထဲက လျှပ်စစ်ဓါတ် ဟာ ကိုယ်က တစ်ဆင့် မြေကြီးထဲ ဖြတ်သန်း စီးဆင်းဝင်ရောက်ပါတယ်။ ဒီ အခါ နှလုံး ကို ဖြတ်ပြီး စီး ပါတယ်။
လူ့ နှလုံးဟာ တစ်မိနစ် ၇၂ ကြိမ် မှန်မှန် ခုန်နေဖို့ SA Node နဲ့ AV Node လို့ခေါ်တဲ့ လျှပ်စစ် ထုတ်ပေး ရာ နေရာလေး ၂ ခု နှလုံးမှာ ရှိပါတယ်။ နှလုံး တစ်ချက်ခုန် ဖို့ လိုတဲ့ လျှပ်စစ်ဓါတ်အား ဟာ မီလီဗို့ mV လောက်လေး လိုရာမှာ 220V ဝင်ရောက်ဖြတ်သန်း သွားတဲ့ အတွက် နှလုံးခုန်ရပ် ဒါမှမဟုတ် Fibrillation လို့ခေါ်တဲ့ တစ်မိနစ် အကြိမ် ၄၀၀ ကျော် နှလုံးခုန်နှုန်းကြောင့် သေဆုံးတာပါ။
ရှေ့ဦးသူနာပြု Cardiopulmonary Resuscitation (CPR) ကို သေသေ ချာချာ တတ်ကျွမ်းသူ တစ်ယောက် အနား မှာ ရှိရင်တော့ ဖြစ်ဖြစ်ချင်း ၇ မိနစ်လောက်မှာ အသက်ပြန်ရှင်အောင် ကယ်တင်နိုင်ပါတယ်။
ဒီလို မတော်တစ်ဆ အဖြစ်မျိုးဟာ အချိန်မရွေး ကိုယ့်မိသားစု ကိုယ့် လုပ်ငန်းခွင်မှာ ကြုံရနိုင်ပါတယ်။
တစ်ကယ်တော့ ဒီလို မတော်တစ်ဆ ဓါတ်လိုက်တာ မဖြစ်အောင်  ခေတ်မီတဲ့ လျှပ်စစ် အကာ အကွယ် ပစ္စည်းတွေ ရှိနေတာကို  သိရမယ်။
ဒါကို တပ်ဆင် အသုံးပြုမယ် ဆိုရင်တော့ ဒီလို မတော်တစ်ဆ လျှပ်စစ်ဓါတ်လိုက် လို့ သေဆုံးရတာကို ကာကွယ်နိုင် ပါတယ်။ အိမ်တွင်း မီးသွယ်တန်းရာမှာ မီတာ ကနေ အိမ် အတွင်းကို Live Wire နဲ့ Neutral Wire ၂ချောင်း ဝင်ပါတယ်။
အိမ်အဝင် Main Breaker ကို များသော အားဖြင်း သာမန် Load Breaker တပ်လေ့ ရှိပါတယ်။ ဒီ Main Breaker ကို Earth Leakage Circuit Breaker (ELCB) ဒါမှ မဟုတ် အခု နောက်ပေါ်တဲ့ Residual Current Circuit Breaker (RCCB) နဲ့ ပြောင်းလဲ တပ်ဆင်ဖို့ လိုပါတယ်။
အများသုံးနေတဲ့ Load Breaker တွေဟာ Load များ လာရင် ဖြုတ်ချပေးနိုင်ပေမယ့် ဓါတ်လိုက်ရင် ဖြတ်ချပေး မယ့် အလုပ် Function မပါပါဘူး။ အခု ELCB နဲ့ RCCB တွေမှာ ဓါတ်လိုက်ရင် လူကို မထိခိုက်အောင် ဖြုတ် ချပေးမယ့် Function ပါပါတယ်။
Wednesday, May 18, 2016
ကွမ်းယာ ကြိုက်လို့ ကျောက်ကပ် ပျက်ခဲ့ရပြီ
Image result for ကွမ်းယာ
ပင်းတယ သားဖြစ်သူ ကိုဇော်ဝင်းစီ က ကွမ်းဝါး ရတာ အတော်ကြိုက်တယ်။ ကိုဇော်ဝင်းစီ က ပင်းတယ သားဖြစ်ပေမယ့် NCDDP (လူထု ဗဟိုပြု  စီမံကိန်း) မှာ အလုပ်လုပ်တော့ မကွေးတိုင်းဒေသကြီး ၊ စေတုတ္တရာ မြို့ မှာ တာဝန်ကျတယ်။ 
ကိုဇော်ဝင်းစီ ရဲ့ မိန်းမဖြစ်သူက ကျောင်းတက်နေဆဲ သမီးနှစ်ယောက်နဲ့ အတူ ပင်းတယ မှာ နေထိုင်တယ်။ ဒီတော့ စေတုတ္တရာ မှာ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အတူနေထိုင်တဲ့ ကိုဇော်ဝင်းစီ က အားအား ရှိ ကွမ်းကိုပဲ မပြတ်ဝါးနေတော့တယ်။
”အဲလောက်ကြီးစားရင် ကျန်းမာရေး ထိခိုက်မှာပေါ့ . . ကွမ်းယာကို အများကြီး မစားရဘူး”
တခြားသူတွေ . . သက်ကြီးရွယ်အိုတွေလည်း ပါ၊ မိတ်ဆွေ အပေါင်းအသင်းတွေလည်း ပါ . . ခင်မင်သူ တချို့ က ကိုဇော်ဝင်းစီ ကို ၀ိုင်းသတိပေးကြတယ်။
“ကျွန်တော် ဒီလို စားနေတာ ကြာပေါ့ . . ဘာမှ မဖြစ်ပါဘူးဗျာ . .”
ကိုဇော်ဝင်းစီ က ခပ်ပြုံးပြုံး ပြန်ဖြေရင်း ပါးစပ် ကလည်း ကွမ်း အ၀ါး မပျက်ခဲ့။ ကိုဇော်ဝင်းစီ က ပျမ်းမျှအားဖြင့် ကွမ်းယာ ကို တစ်နေ့ ၈၀၀ ဖိုးလောက် စားခဲ့တယ်။ ကွမ်းယာတွေ ကို မိရိုး ဖလာ စားတာ မဟုတ် ဘဲ ဆေးတွေ ဘာတွေ ထည့်စားတယ်။
နှပ်ဆေးရည်တွေ နဲ့ စိမ် ထားတဲ့ ကွမ်းယာ ကိုမှ ကိုဇော်ဝင်းစီ က စွဲစွဲ လမ်းလမ်း စားခဲ့တာ။ နောက်ပိုင်း ကျတော့ ကိုဇော်ဝင်းစီ အစာ ကို မစားဘဲ ဗိုက်ပြည့်ပြည့်နေတယ်၊ စစချင်းတုန်း က “ကျွန်တော်က အစာ မစား ရလည်း ဖြစ်တယ်ဗျ”ဆိုပြီး ကျေနပ်နေတဲ့ ကိုဇော်ဝင်းစီ ဟာ နောက်ပိုင်း ဖျားလာတော့ တယ်၊
 နေ မကောင်းဘူး ဆိုပြီး ဆေးတွေ ၀ယ်သောက်တယ်၊ ပြီးတော့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ပိန်ပြီးတော့ ၀ိတ်တွေ ကျလာတယ်၊ ၀ိတ်ကျ လာပြီး အစားအသောက်ပါ ပျက်လာတယ်။ ထမင်း မစားချင်ဘူး . . အဲဒီ လိုဖြစ်တာ ရက်ကနေ လပိုင်းလောက် ကြာလာတဲ့ အခါ မကွေးကို သွားပြီး သမားတော်ဆီ သွားပြဖြစ်ခဲ့ ပါတယ်။ 
သွားပြတော့ ဆရာဝန် က အာထရာဆောင်း ရိုက်ခိုင်းတာနဲ့ ရိုက်လိုက် တဲ့အခါ ကျောက်ကပ် နှစ်ဖက် စလုံး မှာ ရေတွေ ပဲ ဖုံးလွှမ်းနေတယ်၊ ပြီးတော့ ကျောက်ကပ် က သာမန်ထက်ကြီးနေတယ် လို့ ဆရာဝန်ကြီး က ပြောခဲ့တယ်။ ဆရာဝန်ကြီး ရဲ့ အဖြေကြားရတော့ ကိုဇော်ဝင်းစီ ခေါင်းထဲ ချာချာလည်သွားခဲ့တယ်။ မျက်စိထဲမှာ ဘွဲ့ မရသေးတဲ့ သမီးနှစ်ယောက်မျက်နှာ နဲ့ အိမ်ရှင်မဖြစ်တဲ့ ဇနီးသည် မျက်နှာကို ချက်ချင်း ပြေးမြင် လိုက်တယ်။
Wednesday, May 4, 2016
အသက် (၅၀) မရောက်ခင်မှာ လုပ်သင့်တဲ့ အလုပ် (၂၆) ခု
U Aung Naing's photo.
အသက်(၅၀) ရောက်ပြီ ဆိုရင် လူ့သက်တမ်း အရ အရွယ်အိုချိန် ကို စတင်ချင်းနှင်း ၀င်ရောက်ခဲပြီး ဖြစ် ပါတယ်။ ဒီတော့ ကျန်ရှိတဲ့ သက်တမ်း မှာ စိတ် ချမ်းချမ်း သာသာ နေနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ ရှိပါတယ်။
စာရှုသူ ပရိသတ်ထဲမှာ အသက် ၅၀ အရွယ် ကို ရောက်တော့မယ့်  သူများ ရှိနေခဲ့ရင်၊  ဒါမှ မဟုတ် သူတို့ နဲ့ ဆွေမျိုးတော်စပ်ရင် အောက်ပါ အချက် (26 ) ချက်ကို အကြံပြုပေးကြပါလို့။
1. စိတ်ကြိုက် Band တစ်ခု ရဲ့ Live Show ကို ကြည့်ဖြစ်အောင် ကြည့်ပါ။
2. အတိတ် က မမေ့နိုင်သူ ကို မေ့လိုက်ပါတော့။
3. ကောင်းကျိုး မပေးနိုင်တဲ့ သူငယ်ချင်းတွေ နဲ့ အဆက်အသွယ်ဖြတ်တောက်ပါ။
4. အားလပ်ရက်မှာ အချစ်ဆုံး သူငယ်ချင်းတွေ နဲ့ ဆုံတွေ့ပါ။
5. တစ်ကိုယ်ရေ အပန်းဖြေခရီး ထွက်ပါ။
6. မိဘတွေ ရဲ့ စေတနာ အမှားတွေကို အပြည့်အ၀ နားလည်ဖို့ ကြိုးစားပါ။
7. စိတ်ပင်ပန်းမှုတွေ ကို စာအုပ် မှာ ရက်စွဲ နဲ့ မှတ်သားပါ။
8. တစ်ကယ် လိုအပ်တဲ့ နေရာတွေ ကို လှူဒါန်းမှုတွေ တတ်နိုင်သလောက် လုပ်ပါ။
9. လူကြိုက်များတဲ့ စာအုပ်တွေကို ဖတ်ပါ။
10. ပရဟိတ တစ်ခုခုမှာ စေတနာ့ဝန်ထမ်း အဖြစ် ကုသိုလ်ယူပါ။
Saturday, March 19, 2016
ရေတွင်း တူးသူများ အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားနည်း
(မျှဝေပေးခြင်းဖြင့် အသက်ကယ် ကုသိုလ် ယူပေးကြပါ)
ရေတွင်း တူးသူများ မှာ (၄)ယောက် ရှိသည်။ ရပ်ကွက် ကပါ ဝိုင်းကူကြသည်။ ရေတွင်း မှာ နက်သဖြင့် နံနက် ၆-နာရီ မှ ၁၂-နာရီထိ တစ်ကြိမ် ၊ ညနေ ၂-နာရီ မှ ၆-နာရီထိ တစ်ကြိမ် နှစ်ကြိမ် ဆင်းတူးကြသည်။
တွင်းထဲသို့ မဆင်းမီ ဖယောင်းတိုင် မီးထွန်း ချကြည့်ရာ မီးသေ သွား၏။ အောက်ဆီဂျင် မရှိ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို ဖယ်ရှားရန် ငှက်ပျောလက် အစိုများ ကို ခုတ်၍ ကြိုးဖြင့် ချည်ကာ ရေတွင်းထဲသို့ ချလိုက် တင်လိုက် အကြိမ်ကြိမ် ပြုလုပ်ရ၏။ နာရီဝက်ခန့်ကြာ၏။ ပြီးမှ မီးထွန်းကြည့်ရာ မီးမသေ မှ တွင်းထဲ ဆင်းတူးရ၏။
ဤနည်းဖြင့် ငှက်ပျောလက် အစိုများဖြင့် ရေတွင်းထဲ ချလိုက် တင်လိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ကို ဖယ်ရှားပြီး တူးတူး သွားရာ ရက်ပေါင်း ၂၀-နီးပါး တူးသောအခါ မှ ရေတွေ့၍ ရေရ လာသည်။
 ရေမှာ ကျောက်ခဲ ကျောက်တုံး များကြားမှ ထွက်လာသောရေဖြစ်၍ ရေကြည်ရေသန့် ရလေသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ် မှာ နံနက်ခင်း အအေးဓာတ် ရှိလျှင် နည်းပါးပြီး၊ ညနေပိုင်း အပူချိန် များလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် များပါသည်။ 
Monday, March 14, 2016
ဆေးလိပ်သောက်သူများ ဖြစ်လေ့ ရှိသည့် ဘားဂါး (Buerger) ရောဂါ
 သိန်း မြင့်'s photo.
 ဘားဂါး (Buerger) ရောဂါ ဆိုတာဘာလဲ?
ဘားဂါး ဆိုတာဟာ ခြေထောက် နဲ့ လက်တွေ မှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ် အလတ် ရှိသော သွေး လွှတ်ကြော နဲ့ သွေးပြန်ကြောတွေ ယောင် ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်း တို့ ခဏခဏ ဖြစ်ပေါ်နေခြင်း ကို ဆိုလိုပါတယ် ။ 
ဒါဟာ ဆေးလိပ်သောက် သုံးခြင်း နဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါတယ် ။ ဆေးလိပ် သောက်သုံး သူများ အပါအ၀င် ဆေးလိပ် မသောက်ပေမယ့် လည်း ဆေးရွက်ကြီး စားသုံးသူတွေ Tobacco နဲ့ပတ်သတ်တဲ့ ထုတ် ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ် ။
အဖြစ် များစေတဲ့ အချက်တွေ ။
စီးကရက်သောက်သုံးခြင်း ဟာ ဘားဂါး ကို အဖြစ်များစေတဲ့ အဓိက အချက်ပါ ။ ဆေးလိပ် အရမ်းသောက် သူတွေ ဥပမာ တစ်နေ့ ကို တစ်ဗူး နှုန်း သောက် သုံးသူတွေဟာ ဘားဂါးဖြစ် စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ် ။
 ဆေးရွက်ကြီး ငုံတဲ့ လူတွေ ကွမ်းစားရင် ဆေးရွက်ကြီး ထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ် ပွားစေနိုင် ပါတယ် ။ လက် နဲ့ လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ် ။ Tobacco မှာ ပါဝင်တဲ့ ဓါတု ပစ္စည်းတွေက သင့်သွေးကြောနံရံတွေ ကို ထိခိုက်စေပါတယ် ။ သူတို့ ကို ရောင် ရမ်းလာစေပါတယ် ။ 
ဘားဂါး ဖြစ်ပွားမှုနှုန်း ဟာ ဆေးလိပ်သောက် မှု များတဲ့ Middle East နဲ့ East မှာ ပိုများပါတယ် ။ သင် ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက် သူများ နဲ့ ဝေးဝေးနေ သင့်ပါတယ် ။ 
ဘာကြောင့်လည်း ဆိုတော့ သူတို့ ရဲ့ ဆေးလိပ်ငွေ့ ကလည်း သင့်ကို ထိခိုက်စေ ပါတယ် ။ ဘားဂါး ရဲ့ ရောဂါ လက္ခဏာတွေ ။
၁ ။ ခြေထောက်မှာ နာကျင် လာခြင်းနဲ့ အားနည်း လာခြင်း လက်များ နာကျင်လာခြင်း လက်မောင်းများ နာကျင် လာ ခြင်းနဲ့ အားနည်းလာခြင်း ။
Thursday, March 10, 2016
Heat Stroke ကို သတိထား
 Jess Parrow's photo.
 လွန်ခဲ့သော ရက်ပိုင်း အတွင်း မှာ အသက် ၂၃ နှစ် အရွယ် လူငယ် တစ်ဦး နေပူပြင်းချိန် တွင် အပြင်မှပြန် လာပြီး ရေခဲသေတ္တာ ထဲက ရေသန့်ဗူး ကို ယူသောက် မိပါတယ်တဲ့ ။
ခဏ အကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်း လာပြီး စကားမေးမရ ဖြစ်လာတဲ့ အတွက်ဆေးရုံကို ပို့ဆောင်နေစဉ် မှာပဲသေဆုံး သွား ခဲ့ပါတယ် ။
သူသောက်ခဲ့တဲ့ရေကို စစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊ အလောင်း ကို ခွဲစိပ် စစ်ဆေးကြည့်တဲ့ အခါမှာတော့ ဦးနှောက်သွေးကြောပြတ် ပြီးသေဆုံးကြောင်း ဆရာဝန်ကြီးတွေက အတည်ပြု ခဲ့ပါတယ် ။
အခုလို ပူပြင်းတဲ့ ရာသီကိုရောက်တဲ့ အခါမှာ ပြင်းထန်တဲ့နေပူဒဏ် ဟာ အရေပြား ကနေ တစ်ဆင့် ခန္ဓာကိုယ် သွေးကြော ထဲကိုရောက်ရှိ သွားပြီး၊ အပူ အအေး ဆန့််ကျင်ဘက် ဖြစ်စဉ်ပြင်းပြင်း ထန်ထန်ဖြစ်ပေါ် လာတတ် ပါတယ် ။
နေပူထဲက နေ အအေးထဲကို ရုတ်ချည်း ၀င်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း ၊ အအေးခန်းတွင်း ကနေ ရုတ်တရက် ပူပြင်းတဲ့နေရောင် ထဲကို ထွက်ခြင်းတွေကြောင့် လူ့ ခန္ဓာကိုယ်မှာ အပူ အအေး ရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ် ပြီး Heat Stroke မြန်မာ လို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါ တယ်။
Thursday, March 3, 2016
ဘိလပ်မြေ မြန်မြန်ခြောက်အောင် ခြောက်ဆေး ၃ ဆ ပိုထည့်သောအခါ
Capture
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ၏ ခွဲစိတ်စောင့်ကြည့်ဆောင်မှာ တာဝန်ကျနေစဉ် လူအုပ်တစ်စု ၀င်လာ ရာ ၀န်ထမ်းများ က လူနာ တစ်ယောက် ကို လူနာစောင့် တစ်ယောက်ပဲ ၀င်ဖို့ သတိပေးတော့ သူတို့ အားလုံး လူနာတွေဖြစ်ကြောင်းပြော၏။
ရေတွက်လိုက်တော့ စုစုပေါင်း ၈ယောက်။ ထိုနေ့ မနက်ခင်း ဆရာဝန်တွေရော သူနာပြုတွေပါ အားလုံး လှုပ်လှုပ် ရှားဖြစ်သွားကြသည်။ 
ဘယ်လိုတွေဖြစ်ကြတာလဲ ဆိုတော့  … သူတို့ အား…လုံး ဆောက်လုပ်ရေး လုပ်သားများဖြစ်ပြီး ဘိလပ်မြေဖြင့် လမ်း ပလက်ဖောင်း လုပ်ရာတွင် သဲ နဲ့ ဘိလပ်မြေဖျော်စပ် ထားသည့် အထဲ သို့ ဆင်းကာ လမ်းညှိရင်း မှ ဖြစ်လာလေသည်။ 
ယခင်က ထို အဖြစ်မျိုး မဖြစ်ဘူးပေ။ ဘိလပ်မြေ နဲ့ စတင် ထိတွေ့ ပြီး မိနစ်ပိုင်း အတွင်း မှာ ပူစပ်စပ်ဖြစ်လာ သည်။ မခံမရပ်နိုင်ဖြစ်လာလို့  ကန်ထိရိုက် ကိုပြောတော့ မြန်မြန်ခြောက်အောင် ခြောက်ဆေး ၃ ဆရော ထားကြောင်း သိကြရလေသည်။ 
သို့ ပေမယ့် နေ့ စား လုပ်သားတွေမို့  အလုပ်ပြီးမြောက်အောင် သည်းခံအောင့်အီးပြီး ဆက်လုပ်ခဲ့ ရလေ သည်။ လယ်သာ Boot ဘိနပ် အရှည်တွေ ၀တ်ထားကြပေမယ့် လမ်းက မြင့်တဲ့  အတွက် ဘိနပ်ထဲ ကိုပါ ဘိလပ်မြေတွေ ၀င်လာလို့ မတတ်နိုင်ခဲ့ ကြ။ 
အချို့  လုပ်သားများ ဘိနပ်လောက် ငှအောင် မစီးနိုင်ကြပေ။ လမ်းခင်းပြီးတဲ့ အခါ ရေနဲ့ ချက်ချင်းဆေးပေမယ့် အသားတွေ က ပဲ့ ကျ ကုန်ပြီ။ အပြင်ဆေးခန်း မှာ ခေါ်၍ဆေးထည့်သည်ဟု ဆိုသည်။ သူတို့ ၈ ဦး အပြင် အခြား လုပ်သားများလည်း အလားတူ မျို့  ဖြစ်ကြသော်လည်း မပြင်းထန်လို့ နေခဲ့ ကြလေသည်။ 
Thursday, February 25, 2016
ငလျင် အတွက် အသက်ကယ် တြိဂံ
သိန်း မြင့်'s photo.
အခု အချိန်မှာ...သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်း မှာ ဖြစ်ပေါ်နေကြတာ ကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....
တစ်ကယ့် ကိုယ်တွေ့ကြုံလာတဲ့ အချိန်....ပျာယာ မခတ် ပဲ လုပ်ဆောင်သင့်သည်များကို အချိန်မှီ လုပ်ဆောင်နိုင် ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်........
ငလျင် လှုပ်ရင် စားပွဲ အောက်မှာ နေပါ တို့၊ တံခါး ကျည်းဘောင် အောက် မှာ နေပါ တို့ အစရှိ သဖြင့် အရပ်ပြော စကားတွေ ရှိကြတာ ကို ကြားဖူး ကြမှာပါ။ အဲဒါတွေ အားလုံး ကို ခေါင်းထဲ က ထုတ်ပစ် လိုက် ပါတော့။ 
အခု ဆောင်းပါး ကို ဖတ်ပြီးတဲ့နောက် မှာ စာဖတ် ပရိသတ် တွေ ရဲ့ အတွေး အခေါ် ပြောင်းသွား
နိုင် ပြီး တစ်နေ့နေ့ မှာ သင်တို့ရဲ့ အသက်တွေ ကို ကယ်တင်နိုင်ဖို့ အထောက် အကူဖြစ် ပါလိမ့်မယ်။ (Doug Copp ၏ "The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)
ကျွန်တော့် နာမည်ကဒေါက်ဂ် ကော့ပ် ပါ။ ကျွန်တော် ဟာ ကမ္ဘာပေါ် မှာ အတွေ့ အကြုံ  အရင့်ဆုံး ကယ်ဆယ် ရေး အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေး အကြီး အကဲနှင့် သဘာဝ ဘေး အန္တရာယ် စီခံခန့်ခွဲ ရေးမှူး ရာထူး ကို ရရှိထား သူပါ။
ကျွန်တော် ဟာ ပြိုကျနေတဲ့ အဆောက် အအုံ (၈၇၅) ခုထဲ ကို တွား သွား ဝင်ရောက် ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း (၆၀)ကျော် က ကယ်ဆယ် ရေး အဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ် ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေ မှာ ဆိုရင် ကယ်ဆယ်ရေး အဖွဲ့တွေကို တောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။ 
၁၉၈၅ ခုနှစ်နောက်ပိုင်း မှာ ကမ္ဘာပေါ် မှာဖြစ်ပျက် သမျှ အကြီးစား သဘာဝ ဘေးအန္တရာယ် တိုင်း မှာ
ဝင်ရောက် တာဝန် ထမ်းဆောင်ဖူး ပါတယ်။
၁၉၈၅ ခုနှစ်၊ မက္ကဆီကို စီးတီး ငလျင်ဖြစ်ပြီးတဲ့နောက် မှာ ကျွန်တော်ကျောင်း တစ်ကျောင်းထဲ ကို အရင် ဆုံး တွားသွား ဝင်ရောက်တဲ့ အခါမှာ ကျောင်းသား ကလေးငယ် အားလုံး သူ တို့တွေ ရဲ့စာသင် စားပွဲတွေအောက် မှာ ရှိနေတဲ့ မြင်ကွင်း ပါပဲ။ 
ဒါပေမဲ့ ကလေးတွေ အားလုံး အရိုးတွေ စိစိ ညက်ညက်ကြေတဲ့ အထိ ပိမိနေကြ တာကို စိတ်မချမ်း မြေ့ ဖွယ်မြင်တွေ့ ခဲ့ရပါတယ်။ တစ်ကယ်လို့သာ ကလေးငယ်တွေ ဟာ အခန်း အလယ်လျှောက် လမ်း ထဲက သူတို့တွေရဲ့ စာသင်ခုံ တွေ နဲ့ဘေးကပ်လျက် လဲလျောင်း နေခဲ့ကြမယ် ဆိုရင်တောင် အသက် ဆုံးရှုံးချင်မှ ဆုံးရှုံးကြ ရမှာ ပါ။ 
Saturday, January 16, 2016
အင်အားပြင်း ငလျင် တစ်ခု ဆယ်စုနှစ် အတွင်း လှုပ်နိုင်တယ်
 ဦးသူရအောင်, ငလျင်, စစ်ကိုင်း ပြတ်ရွေ့   , မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး
မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးသူရအောင် (ဓာတ်ပုံ-သူဇာ / ဧရာဝတီ)
ရန်ကုန်မြို့တောင်ဘက် ကမ်းခြေ တစ်ဝိုက်ကို အခြေပြု၍ ဇန်န၀ါရီ ၁၂ရက် ည ၉း၃၀ ခန့် တွင် ပမာဏ ၄ ဒသမ ၈ ရှိ ငလျင်ငယ် လှုပ် ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ် (၃) ကြိမ် လှုပ်ခတ် ခဲ့သည်။
ယင်းသို့ ငလျင် ဆက်တိုက် လှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့နှင့် အနီး တစ်ဝိုက်တွင် သိသိ သာသာ အများ ပြည်သူ သတိထား ခဲ့မိကြသော်လည်း ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ ။
ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ အထပ်မြင့် တိုက်တာ အဆောက်အအုံများစွာ မြန်မာနိုင်ငံမြို့ကြီးများတွင် ပေါ် ထွန်းလျက် ရှိရာ ငလျင်ကြီးကြီး မားမား လှုပ်ခတ်လျှင် ပျက်စီးမှုများ ဆက်တိုက် ကြုံတွေ့ရဖွယ်ရှိနေရာ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးသူရအောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာ က တွေ့ဆုံ မေးမြန်းထားသည်။
မေး ။ ။ ဆက်တိုက် ဆိုသလို လှုပ်ခတ်ခဲ့တဲ့ ငလျင်က စစ်ကိုင်းပြတ်ရွေ့နဲ့ စပ်ဆက်မှု ဘယ်လောက်ရှိ ပါသလဲ။
ဖြေ ။ ။ ကျနော် တို့ လက်ရှိ မှာ သုံးသပ် ထားတာကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက် အစွန်ဆုံး အပိုင်း ပေါ့ဗျာ။ အဲဒီါကြောင့် လှုပ်တယ်လို့ ကျနော်တို့ ကောက်ချက်ချထားတယ်။ ကျနော်တို့ တွေ့ရှိတဲ့ ငလျင် ဗဟိုချက် တွေ ကလည်း စစ်ကိုင်းပြတ်ရွေ့ နဲ့ တကယ့်ကို နီးကပ်နေတယ်။
ပင်မ ပြတ်ရွေ့ကျောကြီးနဲ့ပေါ့နော်။ စစ်ကိုင်း ပြတ်ရွေ့ မှာ ပဲခူး ကနေပြီး တော့ ကပ္ပလီ ပင်လယ်ပြင်ထဲကို ဆင်းသွားတဲ့ အပိုင်းပေါ့။ တောင်ဘက်စွန်း အပိုင်း လို့ သတ်မှတ် ထားတဲ့ အပိုင်းက လှုပ် ခတ်မှုလို့ ကျနော် တို့ ကောက်ချက်ချထားတယ်။
မေး ။ ။ ဒီ ငလျင်တွေက ငလျင်ကြီး လှုပ်ခတ်နိုင်မယ့် ရှေ့ပြေး ငလျင် လို့ ပြောနိုင်မလား။
Saturday, November 14, 2015
အမျိုးစောင့် ဥပဒေ အနှစ်ချုပ်
Ashin Nyanawbhasa's photo.
ဖြစ်ပေါ်ခဲ့သော အခြေအနေ
 မြန်မာနိုင်ငံ တွင် လူမျိုးရေး၊ ဘာသာရေး အခြေအနေ အရပ်ရပ်ကြောင့်  ပဋိပက္ခ များ ဖြစ်ပေါ်ခဲ့ပါ သည်။ ထို အခြေအနေ များတွင် ရှေ့ နောက် မြော်မြင်ကာ  ဆရာတော်ကြီးများ က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)ကို  ဖွဲ့စည်းပြီး အမျိုးစောင့် ဥပဒေလေးမျိုး ကို ပြဌာန်းပေး ရန် တောင်း ဆိုခဲ့ကြပါသည်။
အမျိုးစောင့်ဥပဒေ ဟူသည်
အမျိုးစောင့် ဥပဒေ ဆိုသည်မှာ လွယ်ကူအောင် ပေးခဲ့သော အမည်  ဖြစ်ပါသည်။ လူမျိုးတိုင်း၊ ဘာသာတိုင်း အတွက် မိမိ ၏ အမျိုး ကို ကာကွယ်ရန်  ဆောင်ရွက်သော ဥပဒေ ဖြစ်သည်။ ဆိုလိုသည် မှာ လူမျိုး၊ ဘာသာပေါင်းစုံ  လိုက်နာရမည့် ဥပဒေ (သို့) ဘုံ စည်းကမ်း ဖြစ်သည်။
အမျိုစောင့် ဥပဒေလေးမျိုး
(၁) ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ။
(၂) လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ။
(၃) တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ။
(၄) လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ။
Friday, August 28, 2015
တန်ဖိုး အလွန် ရှိသော သဘာဝ ဆေးနည်းတိုများ
ဝက်ခြံပျောက်နည်း ....
ကြက်ဟင်းခါး အစေ့ ကို ဆားနှင့်ရောပြီး ညက်အောင်ကြိတ်ပါ။ ရလာသော အနှစ် ကို အရက် အနည်းငယ်နှင့် သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့် ၀က်ခြံ များကို လိမ်းပေးပါက ၀က်ခြံ များ ပျောက်ပါသည်။
အရိုး စူးလျှင်ပျောက်နည်း ....
ငါးရိုး စူးလျှင် လည်ချောင်း ထဲမှ ထုတ် မရပါက လျှင်မြန်စွာကြက်ဥ အစိမ်း ကို ခွဲပြီး တစ်ခါတည်း မျိုချလိုက် ပါက ငါးရိုး သည် တစ်ခါတည်းလျှောကျ သွားပါလိမ့်မည်။
ခြေထောက် ကို သံစူးလျှင် သက်သာနည်း ....
သံစူးသောနေရာ တွင် ဆားနှင့် ဂျင်း ကိုကြိတ်ပြီး အုံပေးပါ။ သံ အဆိပ်ရှိ သမျှ ၄င်းဂျင်း ထဲသို့ကျ လာပါ လိမ့် မည်။ တစ်နေ့လျှင် နှစ်ခါ အုံပေးရပါသည်။
ဆံပင် မကျွတ်စေသောနည်း....
အမျိုးသမီး များ ဆံပင် ကျွတ်သည် ဆိုပါကပျားရည်နှင့် ဂုံညင်းခဲ တို့ကိုသွေးပြီး ဆံပင် ကို လိမ်းပေး ပါက ဆံပင် များ ကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။
အိပ်ပျော်နည်း ....
ဒန်းကျွဲစေ့ခြောက် ကို မီးနှင့်လှော် အမှုန့်ပြုပြိးကော်ဖီနှင့်ရောသောက်ပါ။
ခေါင်းကိုက် သက်သာနည်း ....
ကိုယ်လက် ပင်ပန်းပြီးခေါင်းကိုက် လျှင် သံပုရာသီး တစ်ခြမ်း ကို အနှပ်ရည် ကျကျ ထဲသို့ ထည့်ပြီးသောက် ပါ က ခေါင်းကိုက် သက်သာပျောက်ကင်းပါသည်။