Showing posts with label ၇ယ်၇ွှင်ဖွယ်၇ာ များ. Show all posts
Showing posts with label ၇ယ်၇ွှင်ဖွယ်၇ာ များ. Show all posts

Tuesday, August 21, 2018

လူမိုက်ကြီး (၁၀) ယောက်




တစ်ခါတုန်းက သူဌေးကြီး တစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀) ယောက် အား
ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည် ။

တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်းကောက်ရန် ခရီးထွက်ခဲ့သည် ။ သူဌေးကြီး တပည့်သည် ခရီးထွက်လာရာ မြစ်တစ်ခုသို့ ရောက်လာ၏ ။

လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏.
ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍အကြောင်းစုံကိုမေးမြန်းကြည့်သည် ။

ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေကုန်အောင်ခပ်ထုတ်နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့..အဲဒါ သူအချစ်ကိုရအောင်ကြိုးပမ်းနေရတာဗျ ။

အင်းတော်တော် မိုက်မဲတဲ့လူပေပဲ. ....

ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁) အဖြစ် စာရင်းမှတ်လိုက်လေ၏ ။

ထိုမြစ်ကြောင်းအတိုင်း ဆက်လက် ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ လှေကို အခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ 
သူဌေးကြီး၏ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။

ကျုပ်သူငယ်ချင်းပေါ့ မနေ့က ကျုပ်နွားကိုငှားပြီး တစ်နေကုန် ခိုင်းလိုက်တာ နွားက ဖတ်ဖတ်ကိုမောလို့၊ 
ကျုပ်ကလဲဘယ်ရမလဲ သူလှေကို ငှားပြီး  တစ်နေလုံး အားရပါးရလှော်ပြီး လက်စားချေနေတာလေ ။

Wednesday, October 12, 2016

ခါးတောင်းကျိုက် နဲ့ ပြေးတဲ့ ဦးပေါ်ဦး






တစ်ခါက ဘိုးတော်ဘုရား နဲ့ မိဖုရားကြီး တို့ဟာ ဧရာဝတီမြစ်ကမ်း ထိပ်က ရွှေကြက်ကျ နဲ့ ရွှေကြက်ယက် ဘုရားတွေ ကို ဘုရားဖူး ထွက်တော်မူပါတယ်။ ဘုရားဖူးပြီးတော့ ဘိုးတော်ဘုရား ဟာ စိတ်ရွှင်လန်းနေပါတယ်။ ပြီးတော့ မြစ်ဘက် ကို ကြည့်တယ်။ မြစ်ကိုကြည့်ပြီး အတွေးတစ်ခုပေါ်လာတာကြောင့် ဦးပေါ်ဦး ကို လှမ်းမေးလိုက်တယ်။

"ဟဲ့ ပေါ်ဦး ၊ ဒီမြစ်ကို ဟိုဘက်ကမ်းရောက်အောင် ကူးနိုင်ပါ့မလား" မြစ်ရေ ကို လက်ညိုး ထိုးပြီး ပြတော် မူတော့ ဦးပေါ်ဦး က ရေပြင်ကို လှမ်းကြည့်ပြီး ဖြေတယ်။

" ဒီမြစ်ကို မပြောနဲ့ ဒီမြစ်ထက် အဆပေါင်းများစွာ ကျယ်တဲ့ မြစ်ကိုတောင် ဖြတ်ကူးနိုင်ကြောင်းပါဘုရား"
ဘိုးတော်ဘုရား လည်း ဒီတစ်ခါတော့ ပေါ်ဦး ကို နိုင်ကွက်တွေ့ပြီ ၊ အပြော နဲ့ အလုပ် မညီလို့ ကတော့ တွေ့ပြီပေါ့ ပေါ်ဦးရယ် လို့ တေးပြီး ...

"ကဲ..ဒါဖြင့် ပေါ်ဦး မင်းကူးပြစမ်းကွယ်"

ဦးပေါ်ဦး ကလည်း ချက်ချင်းပါပဲ။ ၀တ်ထားတဲ့ စလွယ်တွေ ခေါင်းဆောင်းတွေ ကို ချွတ်တယ်။ ပုဆိုး ကို သေသေ ချာချာ ခါးတောင်းကျိုက် လိုက်တယ်။ အဲဒီနောက်တော့ မြစ်ဘက် ကို ပြေးသွားပါတယ်။ မြစ်ထိပ်ကိုရောက်တော့ မြစ်ထဲကို မဆင်းပဲ ဟိုဘက်ပြေးလိုက် ၊ ဒီဘက်ပြေးလိုက် ၊ ရပ်မျှော်ကြည့်လိုက် အဲဒီ အတိုင်းလုပ်နေတယ် ။ 

ကြာလာတော့ ဘိုးတော်ဘုရား က စိတ် မရှည်တော့ဘူး ။ ဦးပေါ်ဦး ကို အခေါ် လွှတ်လိုက်တယ်။ ဦးပေါ်ဦးဘုရင် ရဲ့ ရှေ့ကိုပြန်ရောက်လာတယ်။

"ဟဲ့ ပေါ်ဦး ဟိုဘက်ကမ်းကို ကူးမယ်ဆို ၊ ဘယ်နှယ် မကူးပဲ ဟိုပြေး ဒီပြေး လုပ်နေတာလဲ"
" ဟိုဘက်ကမ်းကို ကူးဖို့ လှေ ရှာနေတာပါဘုရား "


Sunday, August 23, 2015

ဟာသ တစ်ခုပါ..ဒါပေမဲ့ ပညာတော့ ပါတယ်

 Lwin Pyin's photo.

 လွှတ်တော် အမတ်တစ်ယောက် သေသွားပြီး နတ်ပြည် တံခါးဝ ကို ရောက်သွား၏။ သိကြားမင်း နဲ့တွေ့သည့် အခါ သိကြားမင်း က ပြောတယ်

" အိမ်း မောင်မင်း က လူပြည်မှာ တုန်းက လွတ်တော် အမတ် ဖြစ်ခဲ့လေတော့ ... မင်းတို့ အတွက် အထူးပြ ဋ္ဌာန်း ထားတဲ့ စည်းကမ်း တစ်ခု ရှိနေတယ် ... အဲဒါ ကတော့ မောင်မင်း ငရဲပြည် မှာ တစ်ရက် သွားနေရမယ် ... ပြီးရင်တော့ ငရဲပြည် မှာ ဆက်နေချင်လား ... နတ်ပြည် ကို လာချင်လား ဆိုတာ ဆုံးဖြတ်လို့ ရမယ်ကွယ့် "

" ဗျာ ... ကျနော် ငရဲပြည် မှာ တစ်ရက် သွားနေရမယ် ဟုတ်လား ... ဟို ... ကျနော် လူ့ပြည်တုန်း က ဘုရား တည်ကျောင်းဆောက် ခဲ့ ခဲ့ .... "

" အိမ်း စည်းကမ်း က စည်းကမ်း ကပဲကွယ့် ... သွားစေ"

သိကြားမင်းကြီး လက် တစ်ချက် သပ်လိုက်တာ မှာပဲ လွှတ်တော် အမတ်က သူ့ရှေ့ ကနေ ပျောက် ကွယ် သွားလေတော့တယ်။
 

သူပြန်နိုးလာချိန် မှာတော့ မျက်စိ မဖွင့်ရသေးခင် မှာပဲ သူ ငရဲပြည်ရောက်နေပြီ ဆိုတာ သိနှင့်နေပြီ။ အဲဒါကြောင့် မျက်စိ ဖွင့်မကြည့်ရဲသေးဘဲ၊ အပြင် က အော်ဟစ် ညည်းတွား သံတွေများ ကြားရ မလား ဘာလား ဆိုပြီး နားစွင့်ကြည့်တော့ ဘာသံမှ မကြားရဘူး ... အားလုံး က တိတ်တိတ် ဆိတ်ဆိတ် နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ရှိနေတဲ့ပုံ။ 

အဲဒီ အချိန် မှာဘဲ
" ဟေ့လူ ... ထတော့လေဗျာ ... ခင်ဗျားက  ဒီမှာ ၂၄ နာရီပဲ နေရမှာ ... အချိန်က သိပ် ရှိတာ မဟုတ်ဘူး "
သူ မျက်စိဖွင့်ကြည့်လိုက် ချိန်မှာတော့ ... သူရောက်နေတဲ့ နေရာ က အတော်လေးကို သားသား နားနား ရှိ လှတဲ့ ဟိုတယ် အခန်း တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတယ်။ 

ခုနက သူ့ကို လှမ်းပြောလိုက်တာ ဘယ်သူ လဲ လှမ်းကြည့် လိုက်တော့၊ အနောက်တိုင်း ၀တ်စုံ သပ်သပ် ရပ်ရပ် ၀တ်ထားတဲ့ ရုပ်ရည် သန့်သန့်ပြန့်ပြန့် နဲ့ လူတစ်ယောက် ကို လက်ထဲ မှာ ၀ီစကီ ခွက်လေး ကိုင် ရက် သားနဲ့ တွေ့လိုက်ရတယ်။

" ခင်ဗျား က ဘယ်သူလဲ "
" ကျနော် က ယမမင်းလေဗျာ "

Monday, July 13, 2015

ကိုးရီးယား ဇာတ်လမ်းတွဲများ မှ မှတ်သား စရာများ

Myanmar Model Girls's photo.



၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများ သည် ပြောချင်ရာပြော တတ်သော ရွက်ကြမ်းရေ ကျို မိန်းမ များကို ကြိုက်လေ့ ရှိသည်။

၂။ မိန်းကလေးများ ၏ အရင်းနှီးဆုံး ယောက်ျားလေး သူငယ်ချင်းတိုင်း သည် သူမ တို့ကို သေချာပေါက် ချစ်လေ့ ရှိသည်။

၃။ ညီအစ်ကို များ၊ သူငယ်ချင်း များ၊ ကျောင်းနေဘက် များ၊ ရန်သူ များသည် မိန်းကလေး တစ်ယောက်တည်း ကိုသာ စုပြုံကြိုက်လေ့ ရှိသည်။

၎။ ကိုးရီးယား တွင် ဘယ်လမ်း မဆို ဂငယ်ကွေ့ ကွေ့ခွင့် ရှိသည်။  ကိုယ်ကွေ့ချင် သည့် လမ်းတွင် ဘယ်တော့ မှ ကားမရှိ (တစ်စီးမှ ကို မရှိ) ။

၅။ စားသောက်ပြီး မရှင်း ပဲ ထပြေး သွားခွင့် ရှိသည် (မပြေးခင် တစ်ယောက်ယောက် ကိုတော့ ငိုပြီး ပါးရိုက် ခဲ့ရမည်)။

၆။ လူတိုင်း ကင်ဆာဖြစ်နေကြသည်။

ရ။ မိုးရေထဲ တွင် ငါးမိနစ် ခန့်နေပါ။ သေချာပေါက် ဖျားမည်။

 ၈။ ဖျားလျှင် ပူစရာမလို။ ရည်းစား က ကျောပိုးပြီး ဆေးရုံ သို့ ပြေးလိမ့်မည်။ (Taxi, car, ambulance ဘာ မှ ခေါ် စရာ မလို၊ ပြေးတာ က ပိုမြန်၏)။


၉။ ရေဆင်းကူး လျှင် ဘယ်တော့မှ အဝတ်အစား လဲစရာ မလို။ ဒီတိုင်း ဆင်းသွား ရုံသာ။

၁၀။ ချမ်းသာ သူ = မကောင်းသော လူ။

၁၁။ ဆင်းရဲ သူ = လွန်စွာ ရိုးသားဖြူစင်သူ။

၁၂။ မင်းသား၊ မင်းသမီး ၏ အစ်ကိုသည် ဘယ်တော့ မှ အသုံးမကျ။  အစ်ကို အရင်းဖြစ် လျှင် ပိုဆိုး သည်။ ရုပ် ချင်းတောင် တစ်စက် မှ မတူ၊ မချော။

၁၃။ စာ တကယ်ကြိုးစားရင် နှာခေါင်းသွေးယို ရမည်။

Friday, March 20, 2015

ကြော်ငြာ ဟူသည်




သတင်းစာထဲ ကြော်ငြာတစ်ခု ပါလာတယ်... ...

 'ဘီယာ ဆိုင်သစ် ယနေ့ည ဖွင့်ပြီ။ 
လှပျိုဖြူလေးများ ရဲ့ အက အလှ တေးသံသာများနဲ့ အတူ 
ထူးထူးခြားခြားလေးဖြစ်အောင် အပေါ်ပိုင်း ဗလာ ကျင်းထားပါတယ်'...တဲ့ 

ညရောက်တော့ ဆိုင်ထဲ လာရောက်အားပေးသူ ယောက်ျားတွေ အပြည့် 
ထိုင်စရာနေရာ မရတဲ့ လူတွေက တက် တခေါက်ခေါက် 

ခက်တာက... စာပွဲထိုးကောင်မလေးတွေရော 
သီချင်း ဆို တဲ့ ကလေးမတွေရော လုံလုံခြုံခြုံ  ဝတ်ထားတယ် ဆိုတော့ 

မဟာပုရိသ ပရိတ်သတ် က ဆိုင်မန်နေဂျာ ကို မေးတော့ တာပေါ့... 


Monday, March 16, 2015

မည်သည့် သူခိုး မဆို လေးစား လိုက်နာရမည်





၁၉၉၆ ခုနှစ် နွေရာသီ တွင် ရန်ကုန် သူနာပြုတက္ကသိုလ်၊ ပိတောက်ဆောင် သည် သူနာပြု ကျောင်းသူ များ သာ သီးသန့်နေ ရသော အမျိုးသမီး အဆောင် တစ်ခုဖြစ်သည်။

စာသင်နှစ် နောက်ဆုံး စာမေးပွဲကြီး ရှိသောကြောင့် လေးထပ်ကျောင်းဆောင် တစ်ခုလုံး ရှိ ကျောင်းသူ များ အားလုံး အိပ်ခန်း အပြင်တွင် ရှိသော ကော်ရစ်တာ တလျှောက် တွင် စုပေါင်း စာကျက်နေကြ သည်။ အိပ်ခန်း များ အတွင်း တွင် စာမေးပွဲ အပြီး အိမ်ပြန်ရန် ထုတ်ပိုး ထားသော အထုတ်အပိုး များဖြင့် အပြည့် ဖြစ်နေ သည်။

အပေါ်ဆုံးထပ် တွင် နေထိုင်သော ကျောင်းသူ တစ်ယောက်သည် သူမ ၏ လက်ကိုင် အိတ် ကို ခြင်ထောင် ကြိုး အတွင်း ချိတ် ဆွဲပြီး အခန်း ထဲတွင် တစ်ဦး တည်း အိပ်စက်နေ၏။

ရန်ကုန် သူနာပြု  တက္ကသိုလ် အနီး ရှိ ရပ်ကွပ် မှ သူခိုး တစ်ယောက် သည် အိမ်သာ ပိုက်လုံးမှ တွယ်တက် ၍ ကျောင်းဆောင်ပေါ်သို့ ရောက်ရှိ ခဲ့သည်။


Sunday, November 30, 2014

ပုခုံးဆစ် လွဲသူ

 


တစ်ခါ က ကမ္ဘာ့  နံပါတ်တစ် လို့ ပြောလို့ ရတဲ့ အရိုး အကြော ဆရာဝန်ကြီး တစ်ယောက်ရှိတယ်.။ ဆရာဝန်ကြီး က အလွန်တော် သလို သူ့ရဲ့သြဇာ ကလည်း တော်တော် ထက်တယ်.။ သူ့ကို လေးစား ချစ်ခင်ကြ တဲ့ သူ့တပည့်တွေ ကလည်း ကမ္ဘာနဲ့ အနှံ့ပဲလေ.။ 

ဆရာဝန်ကြီး ကလည်း တကယ် ကို တော်ရှာ ပါတယ်.။ တစ်ခုခုဖြစ်နေတာ တွေ့တာ နဲ့ စမ်းသပ်နေ စရာ မလိုဘူး.။ ဟို အကြော ကို ဟိုလို ဆွဲလိုက်.၊ လက်မျက်နေတယ် ဆိုရင် သူက ကိုင်ကြည့် သလိုလိုနဲ့ အကြောပြင် လိုက်တာ သိတောင် မှ မသိလိုက် ရဘူး.။ 

 ပါးစောင်တွေ အံ့လွဲနေရင် လည်း ဆက်ခဲနဲ ဆိုရင် နာတောင်မှ မနာလိုက် ရဘူး..။ ခြေထောက်ကျိုးနေသူ ဆိုရင် လည်း ဆရာဝန် ကို ကျောက်ပတ်တီး ကိုင်ရင် လူနာ က ဘာမှ တောင် မှ မသိအောင် အကို င် အတွယ် ကလည်း ညက်တယ်.။ 


Tuesday, October 28, 2014

ဘယ့်နဲ့ ရှိစ



စိတ်ရောဂါ စွဲကပ်နေသော လူနာ ကို နောက်ဆုံးးပေါ် အထူး စနစ်ဖြင့်ကုသ စမ်းသပ် စစ်ဆေးပြီး ရောဂါ အခြေအနေ တိုးတတ်လာမှု ရှိမရှိ ဆရာဝန် တစ်ဥိးမှ စစ်ဆေးနေ၏။
လူနာအား ဆရာဝန် မှ ပြောသည်–
 

” မင်း…သိရဲ့လား…လွန်ခဲ့တဲ့ တနဂ်နွေနေ့ က ကမ်းနား လမ်းမကြီး ပေါ်မှာ အင်မတန်ကျေကွဲ ဖွယ် ကောင်းတဲ့ ကား တိုက်မှု့ တစ်ခုဖြစ်ခဲ့တယ်။  
ကျုပ် ကိုယ်တိုင်မြင်တွေ့ခဲ့ ရတယ်။ လမ်းဖြတ်ကူး လာတဲ့ လူငယ်ကို အရှိန်နဲ့လာတဲ့ ကုန်တင်ကား တစီး က နင်းကြိတ် လိုက်တာ… လူငယ်ရဲ့ ခေါင်းပြတ်ထွက် သွားတယ်ကွ။
 

ဒါပေမဲ့ လူငယ် ဟာ လဲနေရာ က ထပြီး သူရဲ့ဦးခေါင်း ကိုကောက်ယူတယ်…။
အနီးဆုံးဆေးခန်း ကိုရှာတယ်။“ကံကောင်းစွာပဲ အတိုက်ခံရတဲ့ နေရာနဲ့ မနီးမဝေးမှာ ချမ်းမြေ့ လို့ခေါ်တဲ့ အရိုး အကြောပြန် ဆက်ပေးနိုင်တဲ့ နံမည်ကြီး တရုတ်ဆေးခန်း ရှိတယ်။ 


ဒေါ်ကန့်လန့်

 

 

ရွာ တစ်ရွာမှာဘဲ ဆိုပါတော့– ။ မိန်းမ လုပ်တဲ့ သူဟာ ယောင်္ကျား ရဲ့ စကားကို အမြဲတန်း ကန့် လန့်တိုက်တတ် တယ် ။
 

ဆန့်ကျင်ဘက် လုပ်တယ် ။ ယောင်္ကျား က အဖြူ    ဆိုရင် သူက မဲတယ် –။ မိန်းမ အထာ သိ တဲ့ယောင်္ကျား က ဘာ လုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက် ကိုပြောမှ သူဖြစ်ချင်တာဖြစ် ရတယ်–

ဥပမာ – “ မိန်းမရေ ဒီနှစ် ဘုန်းကြီး ဆွမ်း မကပ်တော့ဘူး ကွာ “
“ အို ဘယ်ဖြစ်မလဲ — ဆွမ်းကပ် ကို ကပ်မယ် “
“ ဒါဆိုလဲ ကွာ – တစ်ပါးလောက် -အဖြစ် ကပ်လိုက်ပေါ့ “
“ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ –“
 

Thursday, October 23, 2014

နှုတ်ခမ်းနီ



အလယ်တန်းကျောင်း တစ်ကျောင်း မှာ မြီးကောင်ပေါက် ကျောင်းသူတွေကြောင့် ဆရာ မကြီးခေါင်း ခဲနေရတယ်။ ကျောင်းသူ တွေ ဟာ ရေအိမ်ခန်းတွေ ထဲ သွားပြီး အလှတွေပြင်   ကြ ၊ နှုတ်ခမ်းနီ တွေ ဆိုးကြတယ်။

ပြဿ       နာက သူတို့ဟာ နှုတ်ခမ်းဆေး ဆိုးပြီးရင် ကြည့်မှန်ပေါ် မှာ သူတို့ ရဲ့ နှုတ်ခမ်းရာတွေ ချန်ထား ရစ်ခဲ့ကြ တာပဲဖြစ်တယ်။ 

ဒါကြောင့် ရေအိမ်တွေ က ကြည့်မှန်တွေ မှာ သူတို့ရဲ့ နှုတ်ခမ်းတွေ ဒါဇင်ပေါင်း များစွာနဲ့ စွန်း ထင်းနေတယ်။

Tuesday, October 21, 2014

ဖြစ်ရလေ …









သစ္စာတရား ကြီးမား တဲ့ ဇနီးသည် တစ်ဦး ဟာ သူ့ဘ၀ တစ်လျှောက်လုံး ခင်ပွန်းသည် ကိုပဲ ပြုစုပြီး နေလာခဲ့ပါတယ်။ ခုတော့ သူ့ရဲ့ ခင်ပွန်းသည်ဟာ လပေါင်း များစွာ သတိမေ့မြော သွားလိုက် ၊ သတိရလိုက်ဖြစ်နေပတယ်။
 
ဒါပေမဲ့ ခင်ပွန်း သည် နားက တစ်ဖ၀ါး မှ မခွာဘဲ နေ့စဉ် ပဲ ပြုစုနေခဲ့ ပါတယ်။
အမျိုးသား သတိရလာတဲ့ အခါ စိတ်လှုပ်ရှားနေ ပြီး ဇနီးသည်ကို သူ့အနားလာ ဖို့ ခေါ်လိုက်ပါ တယ်။
“မင်းဟာ ကိုယ် အဆိုးတွေ နဲ့ ကြုံရချိန် တိုင်း အနားမှာ ရှိနေခဲ့တယ်။ အလုပ်ဖြုတ် ခံရတုန်းက
ကိုယ့်ကို ထောက်ပံ့ပေး ခဲ့တယ်။ စီးပွား ပျက်တုန်း ကလည်း မင်းကိုယ့် အနားမှာပဲ ရှိနေခဲ့တယ်။
 

Friday, January 31, 2014

မြုံနေရဲ့သား နဲ့ ကိုယ်ဝန် ဘယ်လို ရလာ တာလဲ


မြုံနေရဲ့သားနဲ့ ကိုယ်ဝန်ဘယ်လိုရလာတာလဲ  ဟိုင်းဝေး လမ်းမကြီးမှာ ကားမောင်းလာရင်း မူးမေ့လဲခါနီး အမျိုးသမီးတစ်ယောက် အကူအညီတောင်းလို့ ဆေးရုံ လိုက်ပို့လိုက်တယ်။  ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာစရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီဗျ။  "ဟာ ဘယ်ကလာ။ အဲဒါကျွန်တော့မိန်းမ မဟုတ်ဘူးဗျ။" ယင်းအမျိုးသမီးအား ဆရာဝန်က မေးမြန်းသောအခါ " ဟင့်အင်း သူက ကျွန်မ ယောင်္ကျားပါ" အဲဒီမှာ ကျွန်တော် ဇောချွေးတွေ ပြန်နေပါတော့မယ်။ မဟုတ်ပါဘူးလို့ ငြင်းရက်သား ဒီကောင်မလေးက ဘာစိတ်ကူးပေါက်လို့ သူ့ယောက်ျားလို့ဆိုမှန်းမသိ။  ဒီတော့ တာဝန်မဲ့ချင်ရလားဆိုပြီး ဆရာဝန်များက ကျွန်တော့ကို DNA စစ်ဆေးမယ်လို့ဆိုပါတယ်။ သဘောတူလိုက်ပြီး DNA စစ်ဆေးလိုက်ရာ အဖြေထွက်လာပါတော့တယ်။ "ဟုတ်ပါတယ် ခင်ဗျားက သူ့ယောင်္ကျားမဟုတ်ပါဘူး။ မိတ်ဆွေက မွေးကတည်းက မြုံနေသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ကလေးမရနိုင်ပါဘူး။ ဆောရီးဗျာ။ လူကြီးမင်း ပြန်နိုင်ပါပြီ။" အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကိုအပြန် ဟိုင်းဝေးလမ်းမကြီးမှာ တစ်ယောက်တည်း ဇောချွေးတွေ ပြန်နေပါတယ်။ ဒါဆို ကျွန်တော့မိန်းမ မွေးတဲ့ သားနဲ့သမီးက ဘယ်လိုရလာတာလဲဆိုတာလေ.. Translated from "Stress of Level"  အောင်ခမ်း ( ရိုးရာလေး )
 
ဟိုင်းဝေး လမ်းမကြီး မှာ ကားမောင်းလာရင်း မူးမေ့ လဲခါနီး အမျိုးသမီး တစ်ယောက် အကူ အညီတောင်းလို့ ဆေးရုံ လိုက်ပို့လိုက်တယ်။
 
ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာစရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန် ရှိနေပြီဗျ။
 

"ဟာ ဘယ်ကလာ။ အဲဒါ ကျွန်တော့ မိန်းမ မဟုတ်ဘူးဗျ။"
 

Sunday, September 8, 2013

ဝက်သိုးပါ မချန် အားပေး သည့် သမီး ဆိုး...



သို့

အမေကြီးကန် ရောက် တူမကြီး သာမီးဆိုး(ခေါ်) သာမီးရှင်း (ခေါ်) ဂွက်ထော် (ခေါ်) မပွေးထူ အား ရွာမှ ဘကြီးဘွ စာ အားဖြင့် အကြောင်းကြား အပ်ပါသည်။

တူမကြီး ရွာမှ ထွက်သွားကတည်းက ရွာမှလူပျိုသိုး၊ လူပျိုပေါက်၊ မုဆိုးဖိုတစ်ခုလပ် စသည့် ပုရိသ အပေါင်းမှာ ယခင်ကကဲ့သို့ ရွာထိပ်ကန်စောင်း ချုံပုတ်များ၊ ရွာနောက်ဖေး ကောက်ရိုးပုံများ အကြားတွင် တူမကြီးနှင့် ပျော်ပါးခဲ့ သည်များကို လွမ်းဆွတ်တမ်းတ သတိရနေကြကြောင်း ရွာထဲမှ ခိုင်လုံသေ
ာ သတင်းရပ်ကွက်များမှ သိရှိရပါသည်။ 


ထိုနည်းတူစွာ တူမကြီးတို့ အိမ်တွင်မွေးထားသည့် ၀က်သိုးကြီး မှာလည်း လွမ်းဖျား လွမ်းနာကျကာ တိမွေးကု ဆြာဝန်နှင့် ခေါ်ကုနေရ သည့် အခြေ အနေဖြစ်နေပါသည်။

ဗြိတိသျှနိုင်ငံ အင်္ဂလန်သို့ တူမကြီး ထွက်ခွာသွားပြီးနောက်ပိုင်း အင်တာနတ်ဓာတ် စာမျက်နှာများတွင် တူမကြီး၏ သတင်းများ စဉ်ဆက်မပြတ် ထွက်ပေါ်နေသဖြင့် ဘကြီးတို့တစ်ရွာလုံး တူမကြီး၏ အတင်း ၊အဖျင်း၊ သတင်းများအား မျက်စိ မဆန့်အောင် တွေ့မြင်ခဲ့ရပါသည်။ တစ်ပင်မှတစ်ပင်၊ တစ်ကိုင်းမှ တစ်ကိုင်းသို့ မျောက်လွှဲကျော်သဖွယ် ခုန်ပျံကျော်လွှားရင်း အကိုင်းကျိုး ကျ၍ ခါးမြက် လုလုဖြစ်သွားသည် ကိုလည်း ကြားသိခဲ့ရ ပါသည်။ 


Tuesday, August 13, 2013

ဘ၀င်



တက္ကသိုလ် မှာ နှစ်စဉ်နှစ်တိုင်း အဆင့် (၁) ရ ခဲ့တဲ့၊ ဘွဲ့ရကာစ လူငယ် တစ်ဦး စာရင်းကိုင် ရာထူး လာလျှောက် လို့ ကုမ္မဏီပိုင်ရှင် က အင်တာဗျူးနေပါတယ်...

"မင်း... လစာ ဘယ်လောက် မျှော်မှန်း ထားလဲ"

"တခြား အကျိုးခံ စားခွင့်တွေ အပေါ် မူတည်ပြီး တစ်လ ကို ဒေါ်လာ နှစ်သောင်းလောက် ဆို ဖြစ်ပါတယ်"

"အင်း... ကောင်းပြီလေ၊ တခြား ခံစားခွင့်တွေ အနေ နဲ့ တစ်နှစ် ကို ၂ လ ခွင့်ပေးမယ်၊ နှစ်စဉ် လစာ ၂၅% တိုးပေးမယ်၊ အဆင့်မြင့်နိုင်ငံခြား ပညာတော်သင် လွှတ်မယ်၊ အိမ်လခနဲ့ ဖုန်းဘေလ် ကုမ္မဏီ က ကျခံမယ်၊ စီးဖို့ မာစီးဒီးကား ပေးမယ်၊ ကီလို နှစ်သောင်းမောင်းပြီးတိုင်း ကားအသစ် တစ်စီး ပြောင်းပေးမယ်... ကဲ ဘယ်နှယ့်လဲ"