Friday, October 10, 2014

မြန်မာ လုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက် တွင် တရားရုံး တင်ရန် ကြိုးစားနေ

ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည်သရုပ်ပြခိုင်းနေစဉ် (Reuters)
 
 ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ် ခံရမှု အတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦး အမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ ၏ တိုင်း ဒေသ အမှတ် (၈) အစိုးရ ဥပဒေ ဌာန က ကြိုးစားနေကြောင်း သတင်းရ ရှိသည်။

စူရတ်ဌာနီ ခရိုင်၊  ခိုတောင်ကျွန်း တွင် ဖြစ်ပွား ခဲ့သော ဗြိတိန်စုံတွဲ အသတ်ခံရ မှုဖြင့် ကော့စမွီထောင် တွင် ထိန်းသိမ်း ခံထားရသည့် သံသယ တရားခံ မြန်မာ ရွှေ့ပြောင်း လုပ်သားနှစ်ဦး ၏ ပထမ ရမန်ချုပ်ရက် မှာ အောက်တိုဘာ ၁၅ ရက်တွင် ရက်စေ့မည် ဖြစ် သည်။ 

တိုင်းဒေသ အမှတ် (၈) အစိုးရ ဥပဒေဌာန မှာ ခရိုင် ရုံးထက် အဆင့်မြင့်ကြောင်း သတင်းရ ရှိသည်။ ထိုင်း အခြေစိုက် သတင်း အရ ၎င်းတို့ ၏ တရား စွဲဆိုရေး အဖွဲ့ကို ကျွမ်းကျင်သူ ငါးဦးဖြင့် ဖွဲ့စည်း ထားကြောင်း တိုင်းဒေသ အမှတ် (၈) အစိုးရ ဥပဒေရုံး ညွှန်ကြားရေးမှူး ချုပ်နှင့် ယခု အမှု၏ တရားစွဲဆို စွဲချက်တင်ရေး အဖွဲ့ ခေါင်းဆောင် တို့က ဆိုသည်။ 


၎င်းတို့ နှစ်ဦးနှင့် အတူ တိုင်းဒေသ (၈) ဥပဒေ ရုံး ဒုတိယညွှ န်ကြားရေးမှူးချုပ် ရာဇ၀တ် မှုရေး ရာ အထူး ဥပဒေ အရာရှိ ကော့စမွီ ဥပဒေရုံး ဦးစီးမှူးနှင့် ဒု ဦးစီးမှူး တို့လည်း ပါဝင်နေသည်။

‘‘လောလောဆယ် ကျွန်တော်တို့ နိုင်ငံတော် အဆင့်ကို တင်ပို့ ထားပါတယ်။ ခိုင်မာတဲ့၊ ထိရောက် တဲ့ အဖွဲ့နဲ့ လာရောက် ပူးပေါင်းဆောင်ရွက်ပေးဖို့ အတွက် တောင်းဆိုထားပါတယ်။ 

ပူးပေါင်းဆောင်ရွက်တယ် ဆိုရာမှာ တရား ရင်ဆိုင် ဖို့လည်း အပါ အ၀င်ပါ’’ဟု ဖမ်းဆီး ခံ မြန်မာ လုပ်သားနှစ်ဦး အရေး သွားရောက်မေးမြန်းစုံစမ်း နေသည့် မြန်မာ သံရုံးအထူးအဖွဲ့ မှ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

သံသယ တရားခံ မြန်မာရွှေ့ ပြောင်း အလုပ်သမားနှစ်ဦး တွင် စာရွက်စာတမ်း၊ အထောက် အထား မရှိ၍ ၎င်းတို့ ၏ အလုပ်ရှင် များကိုလည်း တရားမ၀င် အလုပ် သမား များ ငှားရမ်းမှုဖြင့် ဖမ်းဆီး မည်ဖြစ်ကြောင်း တိုင်းဒေသ အမှတ် (၈) အစိုးရ ဥပဒေဌာန က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ ၏ တရားရုံး စနစ် အရ ရဲက တိုက်ရိုက် စွဲချက် တင်၍ မရပေ။ အစိုးရ ဥပဒေ အရာရှိ ကို အမှု မှတ်တမ်း ပေးပို့ ရပြီး ယင်း အရာရှိ က တရားစွဲ မည့် ပုဒ်မနှင့် တရားစွဲမည့် အချက် စသည် တို့ကို လုပ်ဆောင်ရသည်။ 

ထိုင်း ရဲတပ်ဖွဲ့သည် ဗြိတိန်စုံတွဲ အသတ်ခံရ မှု အတွက် ၎င်းတို့၏ စုံစမ်း စစ်ဆေးမှု မှတ်တမ်း ကို အောက်တိုဘာ ၇ ရက် က စမွီခရိုင် တရားစွဲဆို စွဲချက်တင်ခြင်း ဆိုင်ရာရုံးသို့ တင်သွင်းခဲ့ သည်။ စာမျက်နှာ ၈၅၀ ပါဝင် သည့် စုံစမ်း စစ်ဆေးမှု မှတ်တမ်း ၌ မြန်မာနိုင်ငံသားနှစ်ဦးဖြစ် သည့် စောနှင့် ၀င်း တို့နှစ်ဦး ကို လူသတ် မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ ထိုင်းနိုင်ငံ အတွင်း တရား မ၀င် ၀င် ရောက်မှု တို့ဖြင့် တရားစွဲဆိုရေး ကို ထောက်ခံ မှတ်တမ်း တင်ထားသည်။ 

ယင်း အမှု၏ စုံစမ်း စစ်ဆေး ရေးမှူးချုပ် လည်း ဖြစ်၊ ဒေသ (၈) ပြည်နယ် ဆိုင်ရာ ရဲတပ်ဖွဲ့၏ လက်ထောက်ကော်မရှင်နာ မင်းကြီးလည်း ဖြစ်သည့် Pol Maj Gen Paween Pongsirin နှင့် စူရတ် ဌာနီ ရဲတပ်ဖွဲ့ ၏ လက်ထောက် Commander ဖြစ်သူ Pol Col Pornsak Nuannu တို့က ယင်း မှတ်တမ်းနှင့် ပတ်သက် ဆက်စပ်ရာ သက်သေ တို့ကို တရားစွဲ ဆိုစွဲချက် တင်ခြင်း ဆိုင်ရာ ရုံးသို့ တင်သွင်း ခဲ့ကြခြင်း ဖြစ်သည်။ 

 ကနဦး ရဲက တင်လာသည့် အမှုတွဲ မှတ်တမ်းတွင် အချက် အလက် များ ပြည့်စုံ လုံလောက်မှု မရှိ ၍ ပြန်လည်ဖြည့်စွက် ရန် ဥပဒေအရာရှိ က  ရဲများ ကို ပြန်လည် အပ်နှံခဲ့ကြောင်း သတင်း များထွက်ပေါ်ခဲ့သည်။

အောက်တိုဘာ ၉ ရက် တွင်မူ တိုင်းဒေသ အမှတ် (၈) အစိုးရ ဥပဒေဌာန က ရဲတပ်ဖွဲ့ပေး ပို့လာ သည့် စစ်ဆေးချက်များ သည် ကျေနပ် စရာကောင်းကြောင်း၊ သို့သော် အသေးစိတ်       ထောင့်စေ့အောင် ဆက်လက်ပြု လုပ်နေကြောင်း၊ ပထမ ရမန် ချုပ်ရက်စေ့ မည့် အောက် တိုဘာ ၁၅ ရက် အမီ ရုံးတင်နိုင် ရန် ကြိုးစားနေကြောင်း ပြောကြားလာသည် ဟု ထိုင်း အခြေ စိုက် သတင်း များက ဖော်ပြလာသည်။
 
‘‘သူတို့ ဘက်က အခု စွဲချက် ကို ပြင်ဆင်ရေးသား ပြီး ၁၅ ရက် နေ့ အမီ တင်မယ်။ သူ့ဘက်က အားနည်းချက်တွေ ကို သူတို့ ဘယ်လိုပြင် မလဲ မသိနိုင်ဘူး။ ကိုယ့်ဘက်က အမှုရင်ဆိုင်တဲ့ အချိန် မှာ၊ လျှောက်လဲတဲ့ အချိန်မှာ ပိုပြီး အားစိုက် ရတော့မယ်’’ဟု ထိုင်းနိုင်ငံ၊ မဟာချိုင် အခြေ စိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် မှ ဥက္ကဋ္ဌ ဦးစိန်ဌေး က ပြော သည်။
 
သက်သေခံများ အားလုံး ကို စုဆောင်းမှု မတိုင်မီ မှာပင် မှုခင်းဖြစ်ပွား ရာနေရာ သို့ ကမ္ဘာလှည့် ခရီးသွား များ ပြန်လည် ၀င်ရောက် ခွင့်ပေးခဲ့ခြင်း အပါ အ၀င် မြန်မာ ရွှေ့ပြောင်း အလုပ် သမားနှစ်ဦး ကို ပြီးခဲ့ သည့် အပတ်က ဖမ်းဆီးခဲ့သည် အထိ ကပြက် ကချော်ဖြစ်စဉ် တသီ တတန်း က အသက်(၂၁) နှစ် အရွယ် ရွှေ့ပြောင်း အလုပ်သမားနှစ်ဦး ကို ပြစ်မှု အတွက် မဆီ မဆိုင် အချောင်ကြားဝင် ခံရသူ များ အဖြစ် ဖန်တီး ခဲ့သည် ဆိုသည့် ဝေဖန် မှုများ၊ စွပ်စွဲ မှုများ ဆီ ဦးတည် သွားစေခဲ့သည် ဟု ထိုင်း သတင်းစာကြီး တစ်စောင်ဖြစ် သည့် ဘန်ကောက်ပို့စ် က ဆိုသည်။


7day daily
From... Search Myanmar

 

No comments:

Post a Comment