Tuesday, October 28, 2014

ထောင် ၁၅နှစ် ကျလည်း ကျပါစေ ဟု ဆိုကာ သားမယားပြုကျင့်သူ

Lewis-Cole


မုဒိမ်းသမား လူးဝစ်ကိုးလ် အနေဖြင့် တရားရုံး ၌ သူ၏ပြစ်မှု အတွက် ကြားနာနေချိန် တွင် လည်း မိန်းကလေး အပေါ် အားတောင့် အားနာ ဖြစ်သည့် အမူအရာ တစ်ချက်မျှ  ကိုပင် မမြင်ခဲ့ရပေ ။

 

ဗြိတိန် နိုင်ငံ က လူငယ် တစ်ဦး သည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦး ကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်း ကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ 

အဆိုပါ လူငယ် သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင် ကျ ပါစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေး ကို အကြမ်းပတမ်း ကျူးလွန် ခဲ့သေးသည်။

ဘာမင်ဂမ် တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် 
မိန်းကလေး ကို ၂၀၁၃ ဇွန် မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လ တာ ကာလ အတွင်း အကြိမ် ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ 


 
မိန်းကလေး ကို လယ်ကွင်း တစ်ခု သို့ သွေးဆောင် ခေါ်ယူ ၍ ငါးကြိမ်မြောက် သား မယား ပြု ကျင့် ချိန် တွင် မိန်းကလေး က ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။“ပြုကျင့် ခံရတဲ့ မိန်းကလေး က ကိုးလ်ခေါ်တဲ့ နေရာ ကို လာဖို့ လက်ခံ လိုက်တယ်။ 

အဲဒီမှာ သူ့ အမေ ရဲ့ ဖုန်း ကိုပါ တစ်ပါ တည်း ယူသွား ခဲ့ပြီး ခုလို လက်ပူး လက်ကြပ် ဝန် ခံနိုင်အောင် မှတ်တမ်း ယူလိုက် တာပဲ ဖြစ်တယ်”ဟု ရှေ့ နေ တွမ်စကိုဖီး ကပြောသည်။
ယင်း ဖုန်းမှတ်တမ်း ဗီဒီယို တွင် “ကြောက်မနေ စမ်းပါနဲ့ ။ ငါကြမ်း ရ လိမ့်မယ်။ ဒါအတွက် နဲ့ ထောင် ၁၅ နှစ်တောင် ငါ အကျ ခံနိုင်တယ်” စသည်ဖြင့် ကိုးလ် ၏ ပြောဆိုမှု များကို တွေ့ ရှိ ရသည်။ 

ထိုသို့  မိန်းကလေး ကို အနိုင် အထက် အတင်း ဗလက္ကာရ ပြုကျင့် နေခြင်းကြောင့် မိန်းကလေး က တော်ရန်၊ ဆက် မလုပ်ရန် တောင်းပန် သည်။ သို့ သော်လည်း ကိုးလ် က “ငါဘာလုပ်လို့  လဲ။ ငါက လူ မသမာ ပဲလေ ဘာဖြစ်လဲ” ဟု ဆို ကာ မရပ်နား ဘဲ ဆက်လက် မုဒိမ်း ပြုကျင့် သည် ကို လည်း တွေ့ ရသည်။

ကနဦး စစ်ဆေး ကြားနာ မှုတွင် ကိုးလ် က ပြစ်မှုနှင့် ပတ်သက်ပြီး ငြင်းချက် ထုတ်ခဲ့သည်။ ၎င်း သားမယား အဖြစ် ပြုကျင့် ခဲ့သူ မိန်းကလေး ၏ ဖခင် ထံ ၎င်းပေးပို့ ထားသည့် “ဘယ်လို သနား စရာ မိန်းကလေး မျိုး က မုဒိမ်းကျင့် ခံရတာ ကို လိမ်ထား သလဲ” ဆိုသည့် မတ်ဆေ့ခ်ျ သက်သေ ခံချက် အပါ အဝင် ပြစ်မှု လျှောက်လဲချက် များကို ငြင်းဆန် ခဲ့သေးသည်။

သို့ သော်လည်း ၎င်း ၏ လူမဆန်သော ပြစ်မှု က သက်သေ ထင်ရှားသဖြင့် ၎င်းကို ဘာမင်ဂမ် တရားရုံး က ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် လိုက် သည်။ “ဒါက အလို မတူဘဲ သားမယား အဖြစ် ပြုကျင့်မှု တစ်ရပ်ပါ။

 နောက်ပြီး စိတ်ပိုင်း ဆိုင်ရာ နိုင်ထက် စီနင်း ပြုမှုလည်း ဖြစ်ပြီး လူ မဆန်တဲ့ လုပ်ရပ် တစ်ခု လည်း ဖြစ်တယ်”ဟု ရှေ့ နေ စကိုဖီး က ပြောခဲ့သည်။



Ref: Mirror
mizzima
From...Myanmar Latest News

 

No comments:

Post a Comment