Thursday, October 23, 2014

လိင် အသားပေးပြကွက် များ လာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ် ဟုဆို


 
မြန်မာ့ ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားတွေ ကို လာမယ့် ဒီဇင်ဘာလ ၁ ရက်က စပြီး ဆင်ဆာအဖွဲ့ ထံ တင်ပြပြီး မှ ထုတ်လုပ်ခွင့် ရရှိတော့ မှာ ဖြစ်ပါတယ်။

ဆင်ဆာ  အဖွဲ့က အခုလိုပြန်လည် စိစစ် ရတာဟာ မြန်မာ့ ရုပ်ရှင်လောက ကို ထိန်းချုပ် လို တာကြောင့် မဟုတ် ဘဲ ဗွီဒီယို ဇာတ်ကားတွေ မှာ လိင် အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေ အပါအ၀င် မြန်မာ့ရိုးရာဓလေ့ နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာ တာကြောင့် ထိန်းကြောင်းပေး တဲ့ သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကား အဆင့် အတန်း သတ်မှတ် စိစစ် အကဲဖြတ် အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ ဦးတင်ငြိမ်းက ပြောပါတယ်။

 
မြန်မာ ဗွီဒီယို ဇတ်ကားတွေ မှာ လိင် အသားပေး အခန်းတွေ များလာလို့ ဆင်ဆာပြန် တင်ခိုင်း တာကို လက်ခံနိုင်ပေမယ့် ဇာတ်ကား တကားလုံးပြီး မှ ဆင်ဆာဖြတ်မှာ ထက် ဇာတ်ညွှန်းကို အရင် တင်ပြီး ဖြုတ်တာ မျိုး လုပ်ရင် ပိုအဆင်ပြေနိုင်မယ် လို့ ဒါရိုက်တာ ဦးသော်ကိုကိုကျော် က ပြောပါတယ်။

ဆင်ဆာ အဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့် အနုပညာ ဖန်တီးမှု စွမ်းအားကို လျှော့ကျစေလို့ ဒါဟာ မြန်မာ့ ရုပ်ရှင်လောက ကို တိုးတက်သင့် သလောက် တိုးတက်မှု မရှိဘူး လို့ ဝေဖန် မှုတွေ ကလည်း အရင်က ရှိခဲ့တာပါ။

ဒါပေမယ့် ဆင်ဆာ ဖွင့်ပေးပြီး ၃ နှစ် နီးပါးလောက် အထိ ရုပ်ရှင်လောက မှာ ထူးခြားတဲ့ တိုး တက်မှုမျိုး မတွေ့ ရပေမယ့် လိင် အသားပေး ပြကွက်တွေသာ များ လာပြီး မြန်မာ ဗွီဒီယို ဈေး ကွက် ကလည်း အောက်ဆုံး အဆင့်ကို ရောက်နေတယ် လို့ ၀င်းရုပ်ရှင် ထုတ်လုပ်ရေး ဦးနေဒွေးဇော် က ဒီဗွီဘီ ကို ပြောပါတယ်။


 သိုက်ဇင် (ဒီဗွီဘီ)
From...Search Myanmar


No comments:

Post a Comment