၇ယ်၇ွှင်ဖွယ်၇ာလေးများ
*************************************************************************
ရယ်စရာ ပျက်လုံး ကလေးများ.....
စားသောက်ဆိုင် တစ်ခုမှာ ကောင်မလေးကို နည်းနည်းလေးပဲ ရစ်လိုက်တာ စိတ်ဆိုးသွားတယ်ဗျာ
"အော်ညီမလေး ABC ရလား"
"ဟုတ်ကဲ့ရှင် ရပါတယ်"
"အင်းဒါဆိုရင် AကနေZအထိရွတ်ပြ"
" ရှင်"
"စတာပါ ကျွဲရိုင်းရောရှိလား"
"ဟုတ်ရှိပါတယ်ရှင့်"
"ဒါဆိုသေချာခြံခတ်ထားစမ်းပါ
ကျွန်တော်ကကြောက်တတ်လို့"
"ရှင်"
"နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက်
ငုံးဥဟက်ဖရိုက်နော်"
"ခင်ဗျားလာနောက်နေတာလား"
"ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား"
"ရှိသေးတယ်"
"အော် ရှိသေးရင်ဆက်ရောင်းလေ"
"ခင်ဗျားလွန်လာပြီနော်"
"စိတ်မဆိုးပါနဲ့ဗျာဟိုဟာလေထမင်းပေါင်း
ဆိုတာထမင်းအထီးနဲ့ထမင်းအမကို
မင်္ဂလာဆောင်ပေးထားတာလားဟင်"
"ခင်ဗျားဘာတွေလာပြောနေတာလဲ"
"မသိလို့မေးတာပါကြေးအိုးရလား"
"ရတယ်"(နည်းနည်းမာလာပြီ)
"ဒါဆိုသေချာဂျီးလေးဘာလေး
ပြောင်အောင်ချွတ်တိုက်ထားလိုက်နော်
ခနနေဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား
လွှတ်လိုက်မယ်"
"ခင်ဗျား နော်"
"ဟီး Coke ရလား"
"ရတယ်"
"အော် ရရင်ပြီးတာပဲ ကုတ်မရရင်
ကျွန်တော်ကုတ်ပေးမလို့"
"ခင်ဗျား လစ်လိုက်တော့ ရဲစခန်း
ဖုန်းဆက်လိုက်မယ် မဟုတ်ရင်"
ဒါနဲ့ ထလစ်လာရတယ်ဗျာဒါလေး
စတာကို...
Credit To ~Bully~
***********************************************************************************************
မီးမီးရှက်ရှက်......
Friday, August 30, 2013
နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ နှစ်ယောက်နေထိုင်သည်၊
အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင် လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီး
ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတ၀င်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ အနေများကြလေသည်။
ထို အပျိုကြီးများ၏မိဘနှစ်ပါးသည် သူတို့အတွက်အစိုးရိမ်လွန်နြေ
ကသည်။
အဘိုးကြီး။ ။မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလို အရှက်အကြောက်ကြီးနေရင်တော့
ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?
အဘွားကြီး။ ။ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့ လုပ်ပေးသင့်နေပြီထင်တယ်။
တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာ အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင် ၀ယ်ခဲ့လေသည်။ အိမ်ရောက်တော့ "သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက် ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။
သမီးတို့ သွားကြည့်လိုက်လိုက်ဦး"
အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ်
သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။ အဘိုးကြီး။ ။ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?
အပျိုကြီး။ ။သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။ပထမတော့ ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။ကာယ အလှမယ်လေးတွေက ချောသလားမမေးနဲ့ အဖေရယ်။ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေ ထွက်လာတယ် အဖေရယ်။
ကာယဗလမောင်တွေက အ၀တ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့ ရှက်လိုက်တာ မပြောပါနဲ့တော့။အဲဒါ သမီးတို့ ရှက်လွန်းလို့ ကာယမလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီး တချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။
အဘိုးကြီး၊ ။တော်သေးတာပေါ့ ရှက်လွန်းလို့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ တချိန်လုံးကြည့်ခဲ့လို့ပေါ့။မရှက်များ မရှက်ရင်......
ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့နေရာ?
credit to original uploader
Copy from friendsmyanmar
စိတ္တဇ ဟာသများ
မီးမီးရှက်ရှက်...... Friday, August 30, 2013  နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ နှစ်ယောက်နေထိုင်သည်၊ အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင် လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီး ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတ၀င်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ အနေများကြလေသည်။ ထို အပျိုကြီးများ၏မိဘနှစ်ပါးသည် သူတို့အတွက်အစိုးရိမ်လွန်နြေ ကသည်။  အဘိုးကြီး။ ။မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလို အရှက်အကြောက်ကြီးနေရင်တော့ ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?  အဘွားကြီး။ ။ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့ လုပ်ပေးသင့်နေပြီထင်တယ်။ တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာ အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင် ၀ယ်ခဲ့လေသည်။ အိမ်ရောက်တော့ "သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက် ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။ သမီးတို့ သွားကြည့်လိုက်လိုက်ဦး"  အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ် သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။ အဘိုးကြီး။ ။ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?  အပျိုကြီး။ ။သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။ပထမတော့ ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။ကာယ အလှမယ်လေးတွေက ချောသလားမမေးနဲ့ အဖေရယ်။ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေ ထွက်လာတယ် အဖေရယ်။ ကာယဗလမောင်တွေက အ၀တ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့ ရှက်လိုက်တာ မပြောပါနဲ့တော့။အဲဒါ သမီးတို့ ရှက်လွန်းလို့ ကာယမလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီး တချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။  အဘိုးကြီး၊ ။တော်သေးတာပေါ့ ရှက်လွန်းလို့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ တချိန်လုံးကြည့်ခဲ့လို့ပေါ့။မရှက်များ မရှက်ရင်...... ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့နေရာ?   credit to original uploader Copy from friendsmyanmar  စိတ္တဇ ဟာသများ
*************************************************************************
တိုက်ဆိုင်လိုက်ပုံများ..
 ပိုးဟတ် (Ei Nge) တစ်ယောက်.. အတန်းထဲတွင်.. အမြဲ အိပ်ငိုက်လေ့ရှိသည်...။ တစ်နေ့ ပိုးဟတ် အိပ်င်ုက်နေစဉ်...
ဆရာမ။ ။ ပိုးဟတ်.. ကမ္ဘာကြီးကို ဘယ်သူဖန်ဆင်းခဲ့လဲ...?
ပိုးဟတ် အိပ်ငိုက်နေသဖြင့် မကြားရသောကြောင့် နောက်မှာ ထိုင်နေသော ဝလုံးက ဘော့ပင်ဖြင့် ထိုး၍ သတိပေးလိုက်သည်..။
ပိုးဟတ်။ ။ ဘုရားသခင်..။ (လန့်ပြီး ယောင်အော်ခြင်းဖြစ်သည်..)
ထို့နောက်.. သူမ ပြန်ငိုက်နေပြန်သည်..။
ဆရာမ။ ။ တော်လိုက်တာ... နောက်တစ်ခုမေးမယ်.. တို့ရဲ့ ကယ်တင်ရှင်က ဘယ်သူလဲ.. သမီး..?
ဆရာမ မေးသည်ကို ပိုးအိမကြား... ငိုက်လို့ ကောင်းနေသည်..။ ဝလုံးမှ ထပ်၍ ဘော့ပင်နှင့်ထိုး၍ သတိပေးရပြန်သည်...။
ပိုးဟတ်။ ။ ဂျီးဆပ်ခရစ်.. (လန့်ပြီး ယောင်အော်ပြန်သည်..)
ထို့နောက်... ပြန်၍ အိပ်ငိုက်နေပြန်တော့သည်..။
ဆရာမ။ ။ ကဲ.. နောက်ဆုံး မေးခွန်းမေးမယ်.. ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့ အခါမှာ.. ဧဝက အာဒမ်ကို ဘာပြောလဲ...?
ဒီတစ်ခါတော့... ဝလုံးက ပိုးဟတ်ကို ဘော့ပင်ဖြင့် ခပ်နာနာထိုးကာ.. သတိပေးလိုက်သောကြောင့် ပိုးဟတ် တော်တော်နာသွားကာ ဒေါသ ထွက်သွားပြီး... ရုတ်တရက် ထပြောလိုက်သည်..။
ပိုးဟတ်။ ။ နောက်တစ်ခါ ငါ့ကို.. ထပ်ထိုးရဲ ထိုးကြည့်.. နင့်ဟာကို ထက်ပိုင်း ချိုးပစ်မယ်...။
ဆရာမခမျာ.. ဘုမသိ ဘမသိဖြင့်.. မေ့လဲ သွားရှာလေ သတည်း...။
credut: zAyAr~
အူတက်အောင်ရီရသောဟာသများ မှမျှဝေဖေါ်ပြသည်
*********************************************************************************************
(ငွေမျက်နှာ)
Friday, 09 August 2013
လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့တန်းစီနေတဲ့လူတန်းကီးနောက်မှာ တန်းစီလိုက်တယ်။
မီနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောတယ်....
"ဟဲ့ကောင်မ...ငါ ငွေသွင်းဖို့စောင့်နေတာကြာလှပြီ
၊ သောက်လူတန်းအရှည်ကြီးကို ဆက်မစောင့်နိုင်တော့ဘူး၊ ဘာလုပ်ရင်ရမလဲ ပြောစမ်းမြန်မြန်"
"လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ရုန်းရင်းကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ
ပြောလို့မရပါဘူးရှင့်"
"ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီ သောက်ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ"
"တောင်းပန်ပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်"
"အာ..ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်"
...ဆိုတော့ မန်နေဂျာကို ခေါ်လိုက်တယ်။ မန်နေဂျာရောက်လာပြီး စာရေးမကိုမေးတယ်...
"ဘာဖြစ်သလဲ စာရေးမ"
"ဒီကလုကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ"
မန်နေဂျာ က အဲဒီလူဘက်လှည့်ပြီး မေးတယ်...
"ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ"
"ငါ့ ဒီသောက်ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ကွ"
မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲနည်းနည်းထွက်သွားပုံရတယ်.
..အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့...
အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်း တဲ့...
မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်...
"စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."...တဲ့
ဟာသ
ဟာသဗိမာန်...(ငွေမျက်နှာ) ================  Friday, 09 August 2013  လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့တန်းစီနေတဲ့လူတန်းကြီးနောက်မှာ တန်းစီလိုက်တယ်။ မီနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောတယ်....  "ဟဲ့ကောင်မ...ငါ ငွေသွင်းဖို့စောင့်နေတာကြာလှပြီ၊ သောက်လူတန်းအရှည်ကြီးကို ဆက်မစောင့်နိုင်တော့ဘူး၊ ဘာလုပ်ရင်ရမလဲ ပြောစမ်းမြန်မြန်"  "လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ရုန်းရင်းကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ ပြောလို့မရပါဘူးရှင့်"  "ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီ သောက်ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ"  "တောင်းပန်ပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်"  "အာ..ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်"  ...ဆိုတော့ မန်နေဂျာကို ခေါ်လိုက်တယ်။ မန်နေဂျာရောက်လာပြီး စာရေးမကိုမေးတယ်...  "ဘာဖြစ်သလဲ စာရေးမ"  "ဒီကလုကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ"  မန်နေဂျာ က အဲဒီလူဘက်လှည့်ပြီး မေးတယ်...  "ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ"  "ငါ့ ဒီသောက်ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ကွ"  မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲနည်းနည်းထွက်သွားပုံရတယ်...အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့... အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်း တဲ့... မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်...  "စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."...တဲ့  ဟာသ
ဟာသဗိမာန်...
 *********************************************
ဒါဟာ လျှို့ဝှက်ချက်
ဇနီးသည်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာတာ သိရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဒီမင်္ဂလာရှိတဲ့ သတင်းကို လူတိုင်းကို အသိပေးချင်လာတယ်..။
အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို
“ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”လို့ message တွေ ပို့လိုက်သတဲ့..။
သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်… “နင့်ယောက်ျားက မြုံနေတာဆို..။ နင့်အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား.။”
ခဏနေတော့ ခဲအိုကစာပြန်တယ်.. “မင်းဘယ်လို ဖြေရှင်းမယ်စိတ်ကူးလဲ”
ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က “ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ်ပုံဖို့တော့ စိတ်မကူးနဲ့”
လုပ်ဖော်ကိုင်ဖက်က “ဟုတ်ပမလားကွာ..။ ၂ရက်ပဲရှိသေးတာကို”
… သူဌေးက “ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက် နားနေလိုက်ကွာ”
ဖောက်သည်က “အေးပါကွာ..။ မင်းငါ့ကို မခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့…ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”
သူစိမ်းတစ်ယောက်က “မင်းကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”
နောက်သူစိမ်းတစ်ယောက်က “အဲဒီနေ့က မစ္စတာ Z လည်း ပါတာပဲ..။ ငါလို့တော့ မင်းမပြောပါနဲ့…”
နောက်ထပ် သူစိမ်းတစ်ယောက်က “မနောက်ပါနဲ့ကွာ..။ ငါသားကြောဖြတ်ထားတာ ကြာပြီကွ…။”
ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။
××××××××××××××××××××××××××××××
××××××××××××
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကို အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း
Small လေး – “ရှင့်ရဲ့ ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ ရှင်ရဲ့ အင်မတန် ခန့်ညားတဲ့ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို့ရမှာ”
အမျိုးသား – “ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါသာ အဲဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ ဝေးပြီ။”
Small လေး – “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန့်အဟွန့်”
Small လေး ရဲ့ အချွဲကောင်းမူကြောင့် ထိုအမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာပဲ သူအိမ်ပြန်ပြီး သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။
မယားကြီး က ရုတ်တရက် နိုးလာပြီး လှည့်မကြည့်ပဲ သူ့ ရဲ့ မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ
“အမလေး ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော့မှာနော်”
××××××××××××××××××××××××××××××
××××××××××××
ဆရာ။ ။ ဂျော့ခ်ျဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့
ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက
သူ့ကိုအပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?
ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာ
zAyAr~!~
*************************************************************************
ဒီအတိုင်းပါပဲ
>>><<<<<
မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့်
အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး
သူတို့ကလေးရတော့မည့်အကြာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တစ်ခါတုန်းက အလွန်သတိမေ့တတ်တဲ့
လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတစ်လက်ပဲ
ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက
လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ
ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'
'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီးပစ်လိုက်လို့ နေမှာပေါ့'
'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'
Credit >> ပျော်ပျော်နေသေခဲ
^~LaZy~^
ဒီအတိုင်းပါပဲ >>><<<<<  မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာင်း ပြောပြလေသည်။   ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။ 'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'   'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီးပစ်လိုက်လို့ နေမှာပေါ့'  'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'   Credit >> ပျော်ပျော်နေသေခဲ  ^~LaZy~^
                           အဓိပါယ်ေ၇ာက်ချင်၇ာေ၇ာက် ဟာသများ မှ ကူးယူဖေါ်ပြသည်...
.
 =====================================================
မင်းတော့....... သေပြီသာမှတ်ပေတော့.....
 ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
“ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား”
“ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေ
းထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ”
“ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…”
“ကျွေးပါတယ်ဆရာရယ်…”
“အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား”
“မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ”
“ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက”
“ဆ..ဆရာ…စိတ်မဆိုးရဘူးနော်..
ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..”
“အေးပါ…မြန်မြန်ပြောစမ်းပါ…”
“ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..”
“ဘာ….ငါ့မြင်းကြီး…ဟုတ်လား..”
“ဟုတ်…ဟုတ်…သေသွားပြီဆရာ..”
“ဟေ!!!!….”
“သူကတော့ပင်ပန်းပြီးသေတာဆရာ”
“ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..”
“မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…”
“ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ”
“ဟို..ဟိုလေ….မီးလောင်လို့…”
“ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..”
“ဆရာ.အိမ်ပေါ့ဆရာရယ်”
“ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်”
“ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က”
“…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်”
“ဆရာ့အမေ….”
“ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..”
“ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံ ကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်။
credit- original uploader....အွန်လိုင်းချစ်သူ....
Photo: မင်းတော့....သေပြီသာမှတ်ပေတော့....:P ======================  ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။  “ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို အခြေအနေရှိလဲ.. အေးဆေးပဲလား”  “ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ”  “ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…” “ကျွေးပါတယ်ဆရာရယ်…”  “အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့ ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား”  “မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ”  “ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက”  “ဆ..ဆရာ…စိတ်မဆိုးရဘူးနော်.. ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..”  “အေးပါ…မြန်မြန်ပြောစမ်းပါ…”  “ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..”  “ဘာ….ငါ့မြင်းကြီး…ဟုတ်လား..”  “ဟုတ်…ဟုတ်…သေသွားပြီဆရာ..”  “ဟေ!!!!….”  “သူကတော့ပင်ပန်းပြီးသေတာဆရာ”  “ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..”  “မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…”  “ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ”  “ဟို..ဟိုလေ….မီးလောင်လို့…”  “ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..”  “ဆရာ.အိမ်ပေါ့ဆရာရယ်”  “ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်”  “ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က”  “…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်”  “ဆရာ့အမေ….”  “ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ”  “ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့.. ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..”  “ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. ..အဲဒီဂေါက်ရိုက်တံ ကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်။ .........................................................   credit- original uploader....အွန်လိုင်းချစ်သူ....
  •  ===================================================
    ရေးမိရေးရာလေးများ
    အလုပ်ကိစ္စတစ်ခုနဲ့ ရက်ရှည်ခရီးထွက်ရတော့မယ့် ယောက်ျားလုပ်သူက သူ့မိန်းမကို မှာနေတယ် ...။
    "မင်း ဘာဘဲလုပ်လုပ်၊ င့ါ စာကြည့်ခန်းထဲကိုတော့ မဝင်နဲ့"
    မိန်းမဆိုတဲ့အမျိုးက ဘယ်ရလိမ့်မလဲ၊ သူ့ယောက်ျားလဲ ထွက်သွားရော စာကြည့်ခန်းထဲ တန်းဝင်ကြည့်တာ။
    စာကြည့်စားပွဲအောက်မှာ ဒေါ်လာ ၁ သောင်းနဲ့ အရက်ပုလင်းခွံ ၂ခု တွေ့တယ်။
    ဒါနဲ့ ယောက်ျားပြန်လာတော့ မေးတာပေါ့ ...
    "ရှင့် စာကြည့်စားပွဲအောက်က အရက်ပုလင်းခွံ ၂ခုက ဘာအဓိပ္ပယ်လဲ"
    ဒီတော့ ယောက်ျားက မျက်နှာငယ်လေးနဲ့ ပြန်ဖြေတယ် ...
    "တခြား မိန်းမတစ်ယောက်နဲ့ တခါဖောက်ပြန်မိတိုင်း အရက်တစ်ပုလင်း သောက်မိတယ်၊ င့ါကို ခွင့်လွတ်ပါ"
    "ရပါတယ်လေ၊ ယောက်ျားဘဲ ၂ကြိမ် ၂ခါလောက်တော့ ကိစ္စမရှိပါဘူး"
    ပြီးတော့ မိန်းမက ဆက်မေးတယ်... ...
    "ဒါနဲ့ ဒေါ်လာ ၁ သောင်းကရော၊ ဘာလဲ"
    ယောက်ျားဖြစ်သူ ပြန်ဖြေလိုက်တဲ့ စကားကြောင့် မိန်းမလဲ ဂစ်ခနဲ တက်သွားပါလေရော...
    ယောက်ျားပြန်ဖြေတာက... ...
    "အရက်ပုလင်းခွံ ပြန်ရောင်းထားတာ"... တဲ့။
    တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................
    Credit - Original Writer
    ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
    တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှ
    PS : : မည်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်နစ်နာစေလိုခြင်းမရှိပါ ..
    ဟာသ သက်သက်သာဖြစ်ပါတယ် ...
    ********************************************************************
    နောက်ဆုံး၇ အထူးသတင်း
    ဟုတ်ကဲ့ .........
    ယခုအချိန်မှစတင်ပြီး နောက်ဆုံးရ အထူး သတင်းများကို ကြော်ငြာပါ့မယ်
     အထူးသတင်းများ.....
    ကျန်းမာရေး။................။
    တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံး ထိကုန်နိုင်...။
    မှုခင်း ။........................။
    နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
    သုတေသန ။.................။
    ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တစ်ချိန် လူကြီးဖြစ်လာနိုင် ဟုဆို..။
    နိုင်ငံတကာ အရေး ။..............။
    ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်ကို မကြည့်နိုင်လောက်အောင်ဖြစ်နေရာမ
ှ...စစ်ရေးအသွင်ပြောင်း.၊..
    ခုချိန်တွင်ဥရုဂွေးမှာ မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ...။
    အားကစား သတင်း။...............။
    ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ အသားမဲကြောင်းတွေ့ရှိ..။
    အတွေးအခေါ် ။.............။
    အပျိုကြီးများ အိမ်ထောင်မရှိကြ..။
    သိပ္ပံပညာ.။................။
    အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့်
    မိန်းမများ ယောက်ျား shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊
    ယောက်ျားလု စစ်ပွဲများဖြစ်ခြင်း....၊
    တို့ဖြစ်လာနိုင်ကြောင်း....
    အနုပညာ ။..................။
    ရုပ်ရှင်ရိုက်ကွင်းများတွင်
    ကင်မရာ အစား ၀ါးရင်းတုတ်ဖြင့် ရိုက်မည့် အစီအစဉ်အား
    မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်) က ပယ်ချလိုက်ကြောင်း.....။
    နယ်သတင်းများ။.................
    .။
    ဆိုင်များတွင် ကောင်လေးများက...နံပြားဂျုံများ
    ကို နယ်ကာ
    အိမ်များတွင်မိန်းမများက...အသား
    များကို မဆလာနှင့် နယ်နေကြကြောင်း..။
    အိုင်တီ.သတင်း။................
    .....။
    အင်တာနက်ဆိုင်များ ပေါများလာခြင်းကြောင့်...
    အပြိုင်အဆိုင်ဖြစ်ကာ...ဈေးချခြ
    င်း...၊
    ဆက်တိုက်သုံးလျှင် ထမင်းပါကျွေးခြင်း ။
    ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း။
    အကောင့် အလန်းလေးများ ရှာပေးခြင်း..။
    တခါတလေ ကြူ ပါရဂူ များခန့်ထားပီး
    ကူကြူပေး ခြင်း...
    (အဆင်ပြေလျှင် အပြင်မှာတွေ့ခြင်းအတွက်
    စီစဉ်ပေးခြင်း....စသည့်ဝန်ဆောင်
    မှုများဖြင့်
    ဈေးကွက်ချဲ့ထွင်လာနိုင်ကြောင်း
    ...ကျွမ်းကျင် သူများက သုံးသပ်ကြ
    ကြောင်း...။)
    အချို့သော ဆိုင်များက မသမာသော
    နည်းသုံးနိုင်သည်..။
    အွန်လိုင်းမှ အဆင်ပြေသွားကြသော အတွဲများ
    နောင်လာမသုံးတော့မည်စိုးရိမ် ကာ ပြတ်အောင် ကြားကသွေးထိုး ခြင်းများပင်
    လုပ်လာနိုင်ကြသည်ဆို ဧ်။
    စသဖြင့် သတင်းအစုံ အလင်ပါ..။.....
    ပျော်ရွှင်ပါစေ..
    by lon elys......
    တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ..............
    .............
    Credit - Original Writer
    ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
    တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ 
ေ၇းမိေ၇း၇ာလေးများ မှ ကူးယူဖေါ်ပြသည်..........
    ===================================================
     တူနဲ့ ခေါက်ခ
     ကုမ္ပဏီ တခုတွင် ၀န်ထမ်းများ အားလုံးအသုံးပြုနေသော မိန်းဖရိန် ကွန်ပြူတာကြီးမှာ ရပ်သွားလေ၏။
    သို့နှင့် နောက်ဆုံးတွင် အလွန်ကပ်စေးနဲ သည့် ကုမ္ပဏီ သဌေး ထံတင်ပြပြီး ကျွမ်းကျင်သူ ပညာ ရှင်တဦးကို ခေါ်၍ ပြရလေသည်။
    ပညာရှင်သည် ကွန်ပြူတာကိုစစ်ဆေးကြည့်ရှု့ ၏။
    ပြီးနောက်.....တူသေးသေးလေး ကိုထုတ်ကာ ကွန်ပြူတာ နေရာ အနှံအပြားကိုလိုက်ခေါက်ရာ.....
    .မိနစ်အနည်းငယ်အကြာသော် ကွန်ပြူတာကြီးမှာ ပြန်ကောင်းသွား၏။
    ရက်အနည်းငယ်ကြာသော်.....ကျွမ်း
    ကျင်သူ ပညာရှင်၏ ငွေတောင်းခံလွှာရောက်လာလေ၏။
    ကွန်ပြူတာပြင်ခ........ငွေ သုံးသိန်းကျပ်တောင်းထားခြင်းဖြစ
်၏။
    ထိုအခါ ငွေတောင်းခံလွှာကို ဖတ်ရသည့် ကုမ္ပဏီ သဌေး သည်ကွန်ပြူတာ ပညာရှင်နှင့် ချက်ချင်း သွားတွေ့ပြီး...................
    " ဒီမှာ မောင်ရင်။ ကွန်ပြူတာပြင်ခ သုံးသိန်းဆိုတာ သိပ်များပါတယ်။ငါ မင်းလုပ်တာအကုန် ရပ်ကြည့်နေတာပါကွ။
    ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက် ဒီခေါက် လုပ်ပြီး ဒီလောက်မယူသင့်ဖူး.....မင်းရဲ့ ငွေတောင်းခံလွှာကိုပြန်ပြင်ပေးပါ
    .."..
    ဟုပြောပြီး ဒေါသတကြီးဖြင့် ထွက်သွားလေ၏။
    နောက်တနေ့ တွင် ငွေတောင်းခံလွှာ အသစ် ရောက်လာလေရာ အောက်ပါအတိုင်း ဖြစ်သည်။
    ကွန်ပြူတာကို တူနဲ့ ခေါက် ခ =၁၀၀၀ ကျပ် ( တစ်ထောင်ကျပ်)
    တူနဲ့ ခေါက်ရမည့်နေရာကိုသိသည့်အတွက် ကျသည့် အခ =၂၉၉၀၀၀ကျပ် ( နှစ်သိန်း၉သောင်း၉ထောင်ကျပ်)
    စုစုပေါင်း ကျသင့်ငွေ =၃၀၀၀၀၀ကျပ် ( သုံးသိန်းကျပ် )
    တိန်....
    [ရီမောပျော်ရွှင်ပါစေ......]
    Lon Ely..........ေ၇းမိေ၇း၇ာလေးများမှ ကူးယူဖေါ်ပြသည်............
    ===================================================
No comments:
Post a Comment