Sunday, October 19, 2014

ပိုက်ဆံတွေ နဲ့ အရာ အားလုံး မဖြစ်နိုင်ဘူး

 

 

အိပ်စက် ဖို့ အိပ်ယာ ခင်းတွေကို ပိုက်ဆံနဲ့ ၀ယ်လို့ ရနိုင်မယ်။ ဒါပေမဲ့ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် လို့ ရနိုင်မယ့် မျက်လုံးတွေကို ပိုက်ဆံနဲ့ ၀ယ်လို့ မရနိုင်ဘူး။

လက်မှာ ပတ်ဖို့ အကောင်းစား နာရီတွေ ကို ပိုက်ဆံနဲ့ ၀ယ်လို့ ရနိုင်မယ်။ ဒါပေမဲ့ တရွေ့ရွေ့ သွားနေ တဲ့ အချိန်နာရီတွေ ကို ပိုက်ဆံနဲ့ ၀ယ်လို့မရနိုင်ဘူး။

နိုင်ငံကျော် စာရေးဆရာတွေ ရဲ့ စာအုပ်တွေ ကို ပိုက်ဆံ နဲ့ ၀ယ်ယူလို့ ရနိုင် မယ်။ ဒါပေမဲ့ တကယ် အကျိုးရှိရှိ အသုံးချနိုင်မယ့် ဗဟုသုတတွေ ကိုတော့ ပိုက်ဆံ နဲ့ ၀ယ်ယူလို့ မရနိုင်ပါဘူး။


 
ရာထူး ဂုဏ်သိမ် ဂုဏ်ဒြပ် နေရာတွေ ကို ပိုက်ဆံနဲ့ ၀ယ်ယူလို့ ရနိုင်မယ်။ ဒါပေမဲ့ လူအား လုံးရဲ့ ရိုသေလေးစား မှုတွေ ကိုတော့ ပိုက်ဆံနဲ့ ၀ယ်ယူလို့ မရနိုင်ပါဘူး။

ကျန်းမာရေးစောင့်ရှောက် မှု ဆေးဝါး အကူအညီတွေ ကို ပိုက်ဆံ နဲ့ဝယ်ယူ လို့ ရနိုင်မယ်။ ဒါပေမဲ့ ကျန်းမာရေးကောင်းခြင်း ဆိုတဲ့ လာဘ်ကြီး တစ်ပါးကိုတော့ ပိုက်ဆံနဲ့ ဝယ်ယူလို့ မရနိုင် ပါဘူး။

တစ်ပါးသူ ရဲ့ ခန္ဓာကိုယ် အသွေးအသား ကို ပိုက်ဆံနဲ့ ၀ယ်ယူလို့ ရနိုင်မယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘ၀တွေ ကိုတော့ ပိုက်ဆံနဲ့ ၀ယ်ယူလို့ မရနိုင်ဘူး။

လူ့သဘာဝ ကာမဂုဏ် ခံစားမှုတွေ ကို ပိုက်ဆံနဲ့ ဝယ်ယူလို့ရနိုင်မယ်။ ဒါပေမဲ့ လူ့ချစ်ခြင်းမေတ္တာတွေ ကိုတော့ ပိုက်ဆံနဲ့ ၀ယ်ယူလို့ မရနိုင်ဘူး။



www.myanmarlatestnews.com
phothutaw
From...Search Myanmar
 
 

No comments:

Post a Comment