Saturday, December 29, 2018

၂၀၁၉ ခုနှစ်မှာဖြစ်ပေါ်မယ့် ထူးခြားဖြစ်စဉ်များ



လာမယ့် ၂၀၁၉ ခုနှစ် အတွက် အာကာသ အတွင်းမှာဖြစ်ပေါ်မယ့် အကြောင်းအရာ များစွာထဲက ထူးခြားပြီး သာမန် မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ဖြစ်စဉ် အချို့ကို အာကာသနှင့် စကြဝဠာရဲ့ စာဖတ် ပရိတ်သတ်များ အတွက် ရေးသား တင်ဆက်ပေးလိုက်ပါတယ်..။
၂၀၁၉ ခုနှစ်မှာ ထူးထူးခြားခြား နေကြတ်ခြင်း (၃)ကြိမ် နဲ့ လကြတ်ခြင်း (၂) ကြိမ် ဖြစ်ပေါ်ဖို့ ရှိပါတယ်။ နေကြတ်ခြင်းဟာ နေ နဲ့ ကမ္ဘာ အကြား လ ရောက်ရှိခြင်း (တစ်နည်း) လကွယ်နေ့မှာ လဟာ နေရဲ့ အလင်းရောင်ကို ရုတ်တစ်ရက် ဖုံးအုပ် သွားခြင်းကြောင့် ဖြစ်ပေါ်ရပါတယ်။


(ပုံ) ။ လ အရိပ်ကျရောက်တဲ့ နေရာမှာသာ နေကြတ်ခြင်းကို မြင်တွေ့ နိုင်တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွက် နတ်တော် လကွယ်နေ့ (ဇန်နဝါရီ ၆ ရက်)၊ နယုန် လကွယ်နေ့ (ဇူလိုင် ၂ ရက်) နဲ့ (နောက်နှစ်) နတ်တော် လကွယ်နေ့ (ဒီဇင်ဘာ ၂၆) ရက်တို့မှာ နေကြတ်ပါမယ်။

မြန်မာနိုင်ငံကတော့ ၂၀၁၉ ဒီဇင်ဘာ ၂၆ ရက်မှာ ဖြစ်ပေါ်မယ့် နေကြတ်ခြင်းကိုသာ မြင်တွေ့ရမှာဖြစ်ပြီး ၈၀% လောက်ထိ ဖုံးအုပ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲ..။ လကြတ်ခြင်းဟာ နေ နဲ့ လ အကြား ကမ္ဘာရောက်ရှိခြင်း (တစ်နည်း) လပြည့် အမှတ် ရောက်ရှိ ချိန်မှာ ဖြစ်ပေါ်တာဖြစ်ပြီး ကမ္ဘာရဲ့ အရိပ်စစ် ကျရောက်တဲ့နေရာမှာ နေရဲ့ အလင်းရောင်ဟာ အနီရောင် သန်းတဲ့ အတွက် ထိုနေရာကို ဖြတ်သန်းရတဲ့ လ ဟာလည်း သွေးနီရောင် သန်းသွားရခြင်း ဖြစ်ပါတယ်။
(ပုံ)။ အင်္ဂလိပ်လိုတော့ Blood Moon လို့ခေါ်ပါတယ်။
ပြာသို လပြည့် (ဇန်နဝါရီ ၂၁) မှာဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ရမှာတော့ မဟုတ်ပါ။ ဒါပေမယ့် ဝါဆို လပြည့်နေ့ (ဇူလိုင် ၁၆) မှာဖြစ်မယ့် ရိုးရိုး လကြတ်ခြင်းကိုတော့ နံနက်ခင်း (အာရုံတက်ချိန်) ပိုင်းမှာ မြင်တွေ့ ရနိုင်ပါတယ်။


မင်းတုန်းမင်းကြီး ဘာတွေလုပ်



မင်းတုန်းမင်းကြီးဟာ ရှင်ဘုရင် ဆိုပေမယ့် အေးအေးဆေးဆေး ဇိမ်ခံနေတာမျိုး မဟုတ်ဘဲ သူ့ချိန်ဇယားနဲ့သူ အလုပ် အလုပ်လုပ်နေခဲ့တာကို ချီးကျူးဖို့ ကောင်းပါတယ်။


မနက်စောစော ၅ နာရီခွဲလောက်မှာ အိပ်ရာက ထတယ် ။ အပြင် မထွက်ခင် အလှည့်ကျ မိဖုရားများက သလွန်တော်အောက်ကနေ တစ်ကိုယ်လုံးကို ဆီတော် များနဲ့ ပွတ်လိမ်းပေးရတယ် ။ ခေါင်းလိမ်းဆီ ၊ ကိုယ် လိမ်းဆီ ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး နှစ်မျိုးစလုံးဟာ စပါယ် မြတ်လေး စတဲ့ သင်းပျံ့မွှေးကြိုင်တဲ့ အဖိုးတန် ဆီ များဖြစ်ကြတယ် ။

 ရေမချိုးလို့ မဖြစ်တဲ့ အကြောင်းကိစ္စတွေက လွဲပြီး မင်းတုန်းမင်းကြီးဟာ ရေချိုးလေ့ မရှိဘူးတဲ့ ။ ရေအစား ဆီတွေနဲ့ ပွတ်လိမ်းပြီး တစ်ကိုယ်လုံးမှာ ရှိတဲ့ ချေးညော်များနဲ့ မကောင်းတဲ့ အနံ့အသက်တွေကို သုတ်သင် တာဖြစ်မယ် ထင်ပါတယ်။
ပြီးတော့ နာရီဝက်ခန့် ကြာအောင် ကိုယ်မှာ ဆီတွေ လိမ်းပြိး ကတိုးမှုန့် များနဲ့ ပွတ်လိမ်းတာကိုခံပါတယ်။အလှည့်ကျ ပျိုတော်များက မင်းကြီး ကျန်းမာရေးအတွက် အနှိပ်တော် ဆက်ကြရပါတယ် ။
အနှိပ်ခံပြီးနောက်မှာ အိမ်သာတော် ဝင်ပါတယ်။ အိမ်သာတက်နေတဲ့ အချိန်မှာ အလှည့်ကျ မိဘုရားများက တစ်ပါတည်း လိုက်ပါရပြီး ထောက်လှမ်းချက် ရသောစကားများ ၊ အလိုတော် မေးတော်ရှိသော စကားများကို ပြန်လည်လျှောက်ထားရန်ဖြစ်ပါတယ်။
အိမ်သာမှ ထွက်လာတဲ့ အခါ နန်းတော်ဦး အရှေ့ပိုင်းမှာ သားတော်များက မျက်နှာသစ်ရေ ဆက်ကြရ ပါ တယ် ။
မျက်နှာသစ်ပြီးနာက်မှာ ဆံတော် ရှင်းတယ် ( ခေါင်းဖြီးတယ် ) ။ နန်းမယ်တော် မိဖုရားခေါင်ကြီး (စကြာင်္ဒေဝီ) ရှိစဉ် အခါက နေ့စဉ်ခေါင်းဖြီးပေးရတယ်တဲ့ ။ မိဖုရားကြီး ကွန်လွန်ပြီးတဲ့ နောက်ပိုင်း ကိုယ်တိုင် ဖြီးပါတယ် ။ ဘယ်သူ့ကိုမှ မခိုင်း ၊ ဘယ်သူကိုမှ သူ့ဦးခေါင်းကို ကိုင်ခွင့် မပြု ၊ ဘယ်သူ့ကိုမှ မယုံ။
ပြီးတော့မှ ဝတ်တော်လဲ ပြီး ဘုရားကြည်ညို ( ရှိခိုး ) တယ် ။


Sunday, December 9, 2018

မိုးပြာ အ​ကြောင်း သိ​ကောင်းစရာ

 

 


လွန်ခဲ့သည့်ကာလ (၃၁) နှစ်က ဦးဥာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။

ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်း ကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။
 
ဦးဥာဏ နှင့် ဦးဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။ တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော် သံဃမဟာနာယက ထံသို့
သူတို့ကပင် စောဒနာ တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုခဲ့ကြသည်။

နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင်သုံးနှစ် ကြခဲ့ပါသည်။ နိုင်ငံတော် သံဃနာယက ဆရာတော် ဘဒ္ဒန္တမာနိတ သီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ၀ိနည်းဓမ္မကံ
(၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်း ဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ် မျှဖြင့် ပြီးသွားရခြင်းပင် ဟူ၍ ဖြစ်ပါသည်။



ဆီသိန်း​ ခွေး



 

ကျနော်တို့အ​ဖေတို့ ၊ ဦးကြီး ဦး​လေးတို့​ခေတ်​က ​ရွှေသွားစိုက်​တာ ​ခေတ်​စားပါတယ်​ ။ ခု​ခေတ်​ ကိုယ်​​ပေါ်မှာ ​ဆေးမင်​​ကြောင်​ ထိုးတာ ​ခေတ်​စားသလိုမျိုးနဲ့ တူပါတယ်​ ။

အသက်​ ၃၀ တန်း လူငယ်​​တွေ​တော့ ​ရွှေသွားနဲ့ ​ရှေးအဖိုးကြီး​တွေကို မြင်​ဖူး​တော့မှာ မဟုတ်​ဘူး ။ ​ရွှေသွား စိန်​ကြီး​တွေ ခုရှိ​သေးရင်​ အသက်​ ၉၀ တန်း​လောက်​ ဖြစ်​လိမ့်​မယ်​ ထင်​တယ်​ ။

မန္တ​လေးမှာလည်း ​ရွှေသွား တစ်​​ခေတ်​ ရှိခဲ့ပါတယ်​ ။ ဒါ​ပေမယ့်​ အ​ကြောင်းတစ်​စုံတစ်​ခု​ကြောင့်​ မန်းသားကြီး​တွေ ​ရွှေသွားနဲ့ စတိုင်​ထုတ်​ဖို့ စတွန့်​သွားကာ ​ရွှေသွား ဓ​လေ့​တောင်​ ​မှေးမှိန်​သွားခဲ့ပါတယ်​ ။
 
မန္တ​လေးမှာ ကိုလိုနီ​ခေတ်​က ရတနာပုံ ဆီစက်​ သူ​ဋ္ဌေး ဦးသိန်း ဆိုတာ ရှိတယ်​ ။ သူက ဒါးတန်း ဦးသန့်​  ဦး​လေး​တော်​စပ်​တာ​ကြောင့်​ သင်္ကြန်​မိုး ရုပ်​ရှင်​ထုတ်​လုပ်​တဲ့ ကို​ဇော်​မြင့်​ရဲ့ ဘကြီးလည်း ဖြစ်​ပါတယ်​ ။
 
ဦးသိန်းဟာ မန္တ​လေးရဲ့ ဆီဘုရင်​ပါ ။ ဒါ့​ကြောင့်​ တစ်​မြို့ လုံးက ဆီ ဦးသိန်း ( သို့မဟုတ်​ ) ဆီသိန်း လို့ လုပ်​ငန်းနဲ့တွဲကာ ချ စ်​စနိုး ​ခေါ်ကြပါတယ်​ ။
 
သူက ဒိတ်​ဒိတ်​ကြဲ လူချ မ်းသာ​ပေမယ့်​ မာန်​မာန မရှိဘူး ။ပျော်​​ပျော်​ပါးပါး ​နေတတ်​တယ်​ ။ အကူအညီ​တောင်းလာရင်​လည်း လူတန်းစားမ​ရွေး ကူညီတတ်​သူ ။
 
ဦးသိန်း က မြင်း​မွေး ဝါသနာပါတယ်​ ။ ​ခွေး​မွေး ဖို့လည်း ဝါသနာပါတယ်​ ။ နိုင်​ငံခြား ​ခွေးမျိုး​တွေလည်း တစ်ကူး တစ်က မှာပြီး ​မွေးတတ်​တယ်​ ။