Showing posts with label မြန်မာ အနုပညာ လောက သတင်းများ. Show all posts
Showing posts with label မြန်မာ အနုပညာ လောက သတင်းများ. Show all posts

Tuesday, August 30, 2016

မျိုးချစ် တေးဂီတ ပညာရှင်ကြီး သဟာယ ဆရာတင်



ခေတ်ဟောင်း တေးဂီတ ပညာရှင် ကြီးများထဲတွင် ၀ိုင်အမ်ဘီ ဆရာတင် နန်းတော်ရှေ့ ဆရာတင်၊ သဟာယ ဆရာတင် ဟူ၍ ထင်ရှားသူ သုံးဦး ရှိခဲ့ရာ  သဟာယ ဆရာတင် က အငယ်ဆုံး ဖြစ်ပါသည်။

ရန်ကုန် အရှေ့ပိုင်းရေ ကျော် ရှိ လူငယ်များဖြင့် ဖွဲ့စည်းထား သော  လူငယ်မြှင့်တင်ရေး သဟာယ အသင်းတွင် ပါဝင်သူဖြစ်သဖြင့် သဟာယ ဆရာတင် ဟု အမည်ထင်ရှား ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ် တို့ လက်အောက် မှ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ကြိုးပမ်းကြ ရာတွင် သဟာယဆရာ တင် သည်လည်း ဂီတ ပညာဖြင့် တစ်တပ် တစ်အား ပါဝင်ခဲ့ပါသည်။

”ဗမာ့ လွတ်လပ်ရေး အတွက် တပ်မတော် ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊
တစ်ကယ်ပဲ အသက်နဲ့လဲလို့၊ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် ..
သူရဲကောင်း တဲ့ ဗိုလ်အောင်ဆန်း နဲ့အာဇာနည်တွေရယ် ၊

ငါတို့ ဗမာပြည် မိဘတိုင်း ကရယ်
ဗိုလ်အောင်ဆန်း လို သူရဲကောင်းတွေ မွေးရမယ် ..
ငါတို့ ဗမာပြည် မိဘ အပေါင်းကကွယ်
အာဇာနည် အစစ်တွေကို ရှိဖို့မွေးရမယ်"

'ရာဇ၀င် အတ္ထု ပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်'။ စသည့် အပိုဒ် က ထို သီချင်းကို  အမြဲတစေ မှတ်မိနေခဲ့စေသည်။

'ဗမာ့ လွတ်လပ်ရေး' သီချင်း ၏ မူလ အမည်က 'ဗမာ့သူရဲကောင်း' ဖြစ်သည်။  ၁၉၄၂ ခုနှစ် အချိန်မှာပင် အဆိုတော် တက္ကသိုလ် မျိုးချစ် က ရန်ကုန်မြို့တော်ခန်းမ ၌ ပွဲဦးထွက် အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။

'ဗမာ့ လွတ်လပ်ရေး သီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ ကာယဗလ ဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု  တိုက်ပွဲကာလ အတွင်း တပ်သားသစ် များစွာကို ထို သီချင်းဖြင့်  စည်းရုံးနိုင် ခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကို ပမာတင်၍ ရဲစိတ်သွင်း ခဲ့သော သီချင်းဖြစ်သည်။

ဇာတိသွေး ဇာတိမာန် တက်ကြွစေသော  ဗမာ့သားကောင်းသီချင်းကို ရေးဖွဲ့ခဲ့သူ မှာ ဂီတ ပညာရှင်ကြီး
သဟာယ ဆရာ တင်ပင်ဖြစ်ပါသည်။


သဟာယ ဆရာတင် ၏ အတ္ထုပ္ပတ္တိ

သဟာယ ဆရာတင် ကို ၁၁ ဇွန် ၁၉၁၀ပြည့်နှစ်တွင် ပြည်မြို့ ပွဲစား တန်းရပ်၌  ပွဲစားကြီး ဦးဖိုးလူနှင့်ဒေါ် ဒေါ်အုန်း တို့က ဖွားမြင်ခဲ့သည်။ ငယ်စဉ်ကပြည်မြို့ ဟိုက်စကူးကျောင်း တွင် ပညာ ဆည်းပူး ခဲ့ပြီး ခုနစ်တန်း အထိ အောင်မြင်ခဲ့သည်။

ဆရာတင် သည် ငယ်စဉ်ကပင် ဂီတပညာ ကို ၀ါသနာ ပါသူဖြစ်၏။  မိဘများက မနှစ်သက် သဖြင့်ကျောင်း  ပိတ်ရက် တွင် သူငယ်ချင်းများနှင့် အတူ ရန်ကုန် သို့ သွားရောက် လည်ပတ်ခဲ့ရာ သုံးနှစ် ခန့်ပင်ကြာမြင့်ခဲ့သဖြင့် မိဘများ စိတ် ပူကြရသည်။

ရန်ကုန် အင်္ဂလိပ်မက် သဒစ်ကျောင်းတွင် ကျောင်းဆက် လက်နေဖြစ် ခဲ့သော်လည်း ရေကျော် သဟာယ   အသင်း ၌သာ အချိန်ကုန် နေတတ်လေသည်။  တစ်ကြိမ်တွင် အားကစားပွဲ ၌ သဟာယ အသင်း  အ နိုင်ရ၍ ယူနီဗာစီတီမြသန်းကြည် အငြိမ့်ဖြင့် ကပြဖျော်ဖြေခဲ့ရာ မောင်တင် က သဟာယ အသင်း အကြောင်းကို အခြေခံလျက် သီချင်းတစ်ပုဒ်ရေး ဖွဲ့ခဲ့သည်။ ထို့နောက် မောင်တင် ကျောင်းဆက်မနေတော့ဘဲ သီချင်း ရေးဆရာတစ်ဦး ဖြစ်လာခဲ့သည်။



အာရှလူငယ် အစည်းအရုံး

ဂျပန်ခေတ်ကာလ အတွင်း ၂၇ ဇွန် ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ဘောင်ဒရီလမ်း၊ စက်မှု လက်မှုကျောင်းနေရာ၌ အာရှလူငယ် အစည်းအရုံး ကို ဖွဲ့စည်းခဲ့သည်။ ဂျပန် စစ်တပ်မှ လူငယ် အချို့နှင့် မြန်မာ လူငယ် အချို့ ပူးပေါင်းကာ အရှေ့အာရှတိုက် သာတူညီမျကောင်းစားရေး ၀ါဒ ကို အကောင် အထည်ဖော်ရန် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး နာမည် အပြည့်အစုံမှာ အရှေ့အာရှ တိုက် လူငယ်များ အစည်းအရုံး ဖြစ်ပါသည်။

ဂျပန် စစ်တပ် ပညာရေးနှင့် ၀ါဒ ဖြန့်ချိရေးဌာန မှ t r e n g t h o fဲ  စာအုပ်ကိုပေးအပ်ခဲ့ရာ သခင်ဘသောင်း က မြန်မာ ဘာသာပြန်ဆိုပြီး အာရှလူငယ် သင်တန်း၌ ပို့ချပေးပါသည်။ ထိုစဉ် သီချင်းတစ်ပုဒ်ရေး၍ ၀ါဒဖြန့် ချိရလျင် ပိုမို ထိရောက်နိုင်မည်ဟု တွေးဆမိခဲ့ကြသည်။

အာရှလူငယ် အမှတ်(၁) အာရှလူငယ် အစည်းအရုံးမှ အမှုဆောင်များ  စုပေါင်း ဆုံးဖြတ်ကြ ပြီး နောက် ကန်တော်မိတ် ကွက်သစ် နေ သဟာယ ဆရာတင် အား အာရှ လူငယ် အစည်းအရုံး သို့ဖိတ်ခေါ်ကာ ဥက္ကဋ္ဌ ဦးဘဂျမ်းနှင့် အမှုဆောင်များ က ရှင်းလင်းပြောကြားကြပါသည်။  ယင်းနောက် သဟာယဆရာတင် ၏ ကြိုးပမ်း အားထုတ် စပ်ဆိုမှုဖြင့်  အာ ရှ လူငယ် အမှတ် (၁) သီချင်းပေါ်ထွက် လာခဲ့သည်။ 

” ရာဇ၀င်တွင် ထင်ရှား အောင်ကွယ်၊ လူငယ်တွေကြိုးစား မောင်မယ်”  စသည်ဖြင့် လူငယ် များ က သံပြိုင် သီဆိုကြပြီး ဂီတပညာရှင် များက  ဘင်ဂျို  မယ်ဒလင် များဖြင့် တီးခတ်ပေးခဲ့ကြသည်။

Wednesday, August 26, 2015

ချစ်စမ်းမောင်

 Mr Zaw's photo.



အင်တာဗျူး
Iron Cross (IC) ၏ လိဒ် ဂစ်တာသမား ချစ်စမ်းမောင်သည် ကွယ်လွန်သူ တေးရေး ဂစ်တာသမား စောဘွဲ့မှူး ၏ တပည့် တဦးဖြစ်ပြီး IC ၏ လိဒ်ဂစ်တာ သမား အဖြစ် နှစ်ပေါင်း ၂၀ ကျော် တီးခတ်ခဲ့သူ ဖြစ်သည်။ 


အသက် ၄ နှစ်ကျော် အရွယ် ကတည်း က ဂစ်တာ စတီးခဲ့ပြီး ယခု အသက် ၃၀ ကျော်ထိ လိဒ် ဂစ်တာကိုသာ တစိုက် မတ်မတ် တီးခတ်သူ ဖြစ်သည်။ တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီး အဖြစ် ခြောက်ကြိုးကဝေ အမည် ရှိ စီးရီးကို ထုတ်ဝေ ခဲ့ရာ ဂီတလောက တွင် ပြောစမှတ်တွင်သည့် စီးရီး တခွေဖြစ်ခဲ့သည်။ 

ချစ်စမ်းမောင် သည် အိုင်စီရှိုးတိုင်းတွင် ဂစ်တာ ဆိုလို တီးခတ်၍ ပရိသတ်အား ဖမ်းစားနိုင်သူဖြစ် သည်။ ရော့ခ် ဝါသနာအိုး ဂစ်တာ ရူးသွပ်သူ လူငယ် များက ဆရာချစ် ဟု ခေါ်တွင်သော ချစ်စမ်းမောင် ကို ဘန်ကောက်မြို့တွင် တွေ့ဆုံခိုက် ဧရာဝတီ မဂ္ဂဇင်း က တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

 မေး။ ။ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ဂစ်တာ နဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဖို့ ရှိပါသလဲ။

 ဖြေ။ ။ ခုလောလောဆယ် မှာ စာအုပ် ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ တပ်ပ် (Tab) ကော၊ ပက်ကား နုတ်စ် ကော၊ တရုတ်နုတ်စ် ကော ပါတဲ့ စာအုပ်ပေါ့။

 နောက်တော့ ဗီဒီယို ဂစ်တာ lesson သဘောမျိုးလေးကော လုပ်ဖို့ အစီအစဉ် ဆွဲနေတယ်။ အဲဒါကို ဒီနှစ်ထဲ မှာတော့ ပြီးအောင် လုပ်ဖို့ စဉ်းစားထားတယ်။ ပထမဆုံး အနေနဲ့ က ကျနော်တို့ တီးခဲ့ပြီး ကိုလေးဖြူ တို့၊ ကိုအငဲတို့ ၊ မျိုးကြီး တို့ ဆိုခဲ့တဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေ လုပ်မယ်။ 

ကျနော်တို့ ကိုယ်တိုင် Creation လုပ်ထားတဲ့ သီချင်းတွေ ကို ဂစ်တာ သင်္ခန်းစာ အနေနဲ့ ပြန်တီးပြမှာပေါ့။ စာအုပ်မှာလဲ အဲဒါ ထည့်မယ်။ တပုဒ်လုံးတော့ မဟုတ်ဘူးပေါ့။ အဓိကက ဆိုလို Parts လေးတွေ လုပ်ပြမယ်။ 


Wednesday, April 29, 2015

Iron Cross တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အမှတ်တရ { Iron Cross" ကို ပြုစု ပျိုးထောင်ပေးခဲ့သော " ဆရာစောဘွဲ့မှူး " }

Lay Phyu Crazy's photo.
IC Founder ကြီး “စောဘွဲ့မှူး” ကို အဖွဲ့သားများနှင့် တွေ့ရစဉ်။

 ကိုဘွဲ့အကြောင်း က ကျွန်တော့် အတွက်တော့ ရေးစရာတွေ အများကြီး ပါပဲ။ ဒီလို စာတစ်ပုဒ် နဲ့ သူ့ အကြောင်း ပေါ် လွင်အောင် ဖေါ်ပြဖို့ ဆိုတာ မလွယ်လှ ပါဘူး။ ဒါပေမယ့် တတ်နိုင် သလောက်တော့ ကျွန်တော် သိတဲ့ သူ့ အကြောင်း အချို့ကို ပရိသတ်တွေ လည်း သိရအောင် ပြောပြပါ့မယ်။

သူဟာ ကျွန်တော့် ရဲ့ သင်ဆရာ၊ မြင်ဆရာ တစ်ယောက်ပါ။ ပထမဆုံး သူနဲ့ စတွေ့တာကတော့ ကျွန်တော် ဆေး တက္ကသိုလ် ပထမနှစ် ပြီးခါနီး ၁၉၈၅ ခုနှစ်လောက်မှာပေါ့။

ကျွန်တော် က ဂစ်တာ ကို ရှစ်တန်း လောက် ကတည်း က တီးခဲ့တော့ စနစ် တကျ မ ဟုတ်ပေမဲ့ တော်တော်လေး တီး တတ်နေပါပြီ။ ဆေးကျောင်းမှာဆို လည်း ကျွန်တော်တို့အဖွဲ့ လက်သံတွေ ချည်းပဲ ဆိုပါတော့။ ဆေးကျောင်း မှာ ကျောင်းပြီးသွားတဲ့ ဆရာဝန်ပေါက်စတွေကို ဂုဏ်ပြုတဲ့ Convocation Dinner ကို တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိပါတယ်။ 

ပထမနှစ်ကျောင်းသား Fresher တယောက်ဖြစ်တဲ့ ကျွန်တော် ဟာ အရမ်း ကို ပါဝင် တီးခတ်ဖျော်ဖြေ ချင်ခဲ့ ပါတယ်။ ဒါပေမယ့် ထုံးစံ အရ နောက်ဆုံးနှစ်ကျောင်းသားတွေ ရဲ့ တီးဝိုင်း ကပဲ တီးခတ်ခွင့် ရတော့ သိပ်ပါ ချင်တဲ့ ကျွန်တော်တို့ အတန်းက ကျောင်းသားတွေ တီးလို့ မရလည်း ဆိုမယ်ကွာ ဆိုပြီး စာရင်းသွင်းကြ ပါတယ်။ 

ဒါပေမယ့် ဆိုမယ့်သူ များလွန်းတော့ ဖျော်ဖြေချိန် နဲ့ လူဦးရေ မလောက် မင ဖြစ်ကြတော့ အသံစစ် ပွဲ (Audition) ကျင်းပပြီး လူရွေးချယ် ဖို့ စီစဉ်ရပါတယ်။ ဒါကလည်း နှစ်စဉ်နှစ်တိုင်း ဆိုမယ့် သူတွေက သတ်မှတ် အရေ အတွက်ထက် များနေကြမို့ နှစ်တိုင်း လူရွေးချယ်ပွဲ ကျင်းပနေကြပါ။


Thursday, April 16, 2015

IC Show ပွဲ Gran Royal ဆီက စပွန်ဆာ မယူဘဲ ဝင်ကြေးနဲ့ တင်ဆက်

 MG 6015 copy

ရန်ကုန် (မဇ္ဈိမ) ။ ။ လေးနှစ် ဆက်တိုက် ကန်တော်ကြီး အတွင်း Grand Royal ၏ စပွန်ဆာဖြင့် သင်္ကြန် မဏ္ဍပ်ဆောက် ကာ ပရိတ်သတ်များ အား ဖျော်ဖြေပေးခဲ့သော် လည်း ယခု ငါးနှစ်မြောက်နှစ် တွင် Grand Royal ထံမှ စပွန်ဆာ မယူတော့ဘဲ Iron Cross အဖွဲ့ကို ဖိတ်ကြားကာ ပန်းခြံ ဝင်ကြေးသာ ကောက်ခံ၍ အခမဲ့ဖျော်ဖြေ ခဲ့သည် ဟု ပွဲစီစဉ်သှူStar and Model agncy တည်ထောင်သူ ဂျွန်လွင် က မဇ္ဈိမကို ပြောသည်။

"ဒီနှစ် ကတော့ Grand Royal စပွန်ဆာ နဲ့ မဟုတ်ပါဘူး။ ကျွန်တော် တို့ Iron Cross ရဲ့ စင်တင်ဖျော်ဖြေမှု နဲ့ ဝင်ကြေး နဲ့ပဲ လုပ်တာပါ။ ပထမတော့ ဝင်ကြေးက ၅၀၀ကောက် မလို့ အခု ကတော့ ပန်းခြံ က ဝင်ကြေးက ၃၀၀ပဲ ကောက်ခွင့်ရှိတယ် ဆိုလို့ ကျွန်တော်တို့ ဝင်ကြေး အနေနဲ့ က တော်တော် ထိခိုက်သွားပါတယ်" ဟု ပြောသည်။

 ကန်တော်ကြီး ဝင်ကြေး ကို ပုံမှန် လူကြီး ၃၀၀၊ ကလေး ၂၀၀ ကောက်ခံလေ့ ရှိသော်လည်း ၂၀၁၄ခုနှစ် သင်္ကြန် ကာလ ကမူ လူကြီး ၅၀၀၊ ကလေး ၂၀၀နှင့် ကား ဝင်ကြေး ၁၀၀၀ ကောက်ခံခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ ဝင်ကြေး ပုံမှန်သာ ကောက်ခံသည်ကို တွေ့ရသည်။


Sunday, January 11, 2015

ဗိုလ်ချုပ် ရုပ်ရှင် ဘာ့ကြောင့် ကြန့်ကြာနေရသလဲ ဇာဂနာ ပြောပြီ


9999

၂ဝ၁၅ ဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲ တွင် (အောင်ဆန်း) ရုပ်ရှင် ကားကြီး ကို ပြသနိုင်ရန် လွန်ခဲ့ သည့် သုံးနှစ် ကတည်းက အဖွဲ့ဝင်များ ကြိုတင် ပြင်ဆင်ခဲ့ သည်။ သို့သော် အဆိုပါနေ့ တွင် ရုံတင်ပြသနိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။ 

၎င်း ကိစ္စနှင့် ပတ်သက် ၍ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဇာဂနာ အား ပေါ်ပြူလာ နယူးစ် မှ မေးမြန်းခဲ့သည်။

အောင်ဆန်း ရုပ်ရှင် ကို ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မှာ စမ်းသပ် (Teaser) အနေနဲ့ ပဲ ပြသနိုင်တာ ဘာကြောင့် လဲ။
 
အခန်းလေးခန်း ကို ရိုက်ကူး ထားတယ်။ သုံးခန်း က ရိုက်ပြီးပြီ။ ကျန်တဲ့ အခန်း ကို ဒီ လဆန်းမှာ စရိုက် မယ် ။ ပြည်သူတွေကြား မှာ သိပ် မထင်ပေါ် တဲ့ အခန်း ပါမယ်။ ဗိုလ်ချုပ် မှာလည်း မေတ္တာနဲ့ ပတ်သက်ပြီး မိသားစု နဲ့တိုင်းပြည်ပေါ် ထားတဲ့ သူ့စိတ်ထား ကို ရိုက်ပြတယ်။ 
 

Tuesday, December 30, 2014

တေးနုယဉ် ၏ နောက်ဆုံး ခရီး {ခန္ဓာကိုယ် အနှံ့ ဒဏ်ရာ ဒဏ်ချက် များကို နာရေး ပို့သူများမြင်တွေ့ ခဲ့ရ }

 
 
ရုပ်အလောင်း ကို မီးသဂြိုဟ်စက် အတွင်း ထည့်ခါနီး တွင် တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း)

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက် အတွင်း အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်း ကို တာဝန်ကျ ၀န်ထမ်း တစ်ဦးက သနပ်ခါး များ ထူပိန်းစွာ လိမ်းပေးနေသည်။ သနပ်ခါး များ  ထူပိန်းနေသည့် ကြားကပင်  ညိုမည်းနေသော ဒဏ်ရာ ဒဏ်ချက် များကို မြင်တွေ့နေရဆဲဖြစ်သည်။

မျက်နှာပြင် တစ်ခုတည်း မက လက်၊ လည်ပင်း၊ ရင်ဘတ်နှင့်  ကျောဘက် များ တွင်လည်း အညို အမည်း ဒဏ်ရာ များစွာ ကို အထင်း သားမြင်တွေ့နေရသည်။

ထို အမျိုးသမီး မှာ လွန်ခဲ့သည့်လေးရက် ခန့်က သရုပ်ဆောင် မင်းအုပ်စိုး ၏ လက်ချက်ဖြင့် သေဆုံး ခဲ့ရသည့် သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် (ခ) နုနုယဉ်ဖြစ်သည်။ ဒီဇင်ဘာ ၂၉ ရက် က မနုနုယဉ် ၏ နာရေး ကို  မိသားစုဝင် များ က ရေဝေး သုသာန်၌ပြုလုပ် ခဲ့သည်။


Sunday, December 28, 2014

လူရွှင်တော်ဖြစ်ရတဲ့ ဒုက္ခ

 

အတိတ်ဘဝ က ပေးတဲ့ ရုပ်၊ အတိတ် ဘဝ က ပေးတဲ့ ကံ၊ ပင်ကို မူလ ဝါသနာနဲ့ ပေါင်းစပ် လိုက်မိတော့ လူရွှင်တော်ပေါ့။ တချို့က ပြောကြ ပါတယ်။ ငယ်ငယ်လေး ထဲက ကလေးတွေ ရဲ့ အပြုအမူ၊ နေထိုင်မှုက ကစားမှုပေါ် မှာ မူတည်တယ် လို့လည်း ဆိုကြပါတယ်။ 

ပြီးတော့ ရှိသေးတယ်။ ကျောင်းဆရာ က မွေးရင် ကျောင်း ဆရာ ဖြစ်မယ်၊ စစ်သား က မွေးရင် စစ်သား ဖြစ် မယ် စတဲ့ မျိုး ရိုး လိုက်တယ် လို့လည်း ဆိုရိုး စကားတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မိဘ က ကျောင်းအုပ် ဖြစ်တိုင်း၊ ကျောင်းဆရာ မဖြစ် သလို၊ သူခိုး က မွေးတိုင်း လည်း သူခိုး မဖြစ် လာပါဘူး။ ဟုတ်တယ်လေ တလောလေး က ဂျာနယ် တစ်စောင် မှာ ဗိုလ်ကြီး အဆင့်၊ ဗိုလ်မှူး အဆင့်တွေ နဲ့ ရွှေဆိုင် ဝင်ပြီး ဓားပြ တိုက်၊ ဘဏ်တွေ ဝင်စီး နဲ့ အလုပ် နဲ့ လုပ်ဆောင်ချက်တွေက တခြားဆီပါပဲ။ 

ဒီလို ပါပဲ ကျွန်တော် ဆိုရင် လည်း မူလ ပထမ က ပန်းချီ ဆရာ ဖြစ်ချင် တာ။ ပန်းချီ ဝါသနာ ပါလွန်း လို့လည်း မူလတန်း အ.မ.က(၁ဝ) ချင်းချောင်းခြံ မှာ ကျောင်း တက်တော့ ဖတ်စာအုပ် မျက်နှာဖုံးတွေ၊ သူများ စာအုပ်တွေ မှာ ပုံတွေ ဆွဲ လို့ ဆရာ ဦးသန်းထွေး ရဲ့ ကြိမ်လုံး၊ ပေတံ၊ ဘောဖျက်တွေ နဲ့ မကြာခဏ မိတ်ဆက်ခဲ့ရဖူးပါတယ်။ 

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် တေးရေးမြင့်မိုးအောင် ၏ သီချင်းသစ် ကို သုံးမည်



၂ဝ၁၃ ခုနှစ်၊မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား Theme Song အနေဖြင့် ယခင်က အသုံးပြု ခဲ့သည့် မြန်မာ့ မြန်မာ့ရုပ်ရှင် သီချင်း အစား ကြယ်စင် လင်း တဲ့မြန်မာ့ ရုပ်ရှင် ဟူသော သီချင်းသစ် ကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကြယ်စင်လင်း တဲ့ မြန်မာ့ ရုပ်ရှင် သီချင်း သစ် ကိုတော့ တေးရေး မြင့်မိုးအောင် က ရေးစပ် ထားပြီး Orchestra သံစုံ ပုံစံဖြင့် ဖန်တီး ထားကြောင်း သိရသည်။ ” ၂ဝ၁၃ ခုနှစ် အကယ် ဒမီ ပွဲ အတွက် ကိုလူမင်း တို့က ရုပ်ရှင်လောကသားတွေ ချည်းပဲ စတင် လုပ်ကိုင်ကြတာ ဆိုတော့ သီချင်း အသစ်လည်း လုပ်ချင်တယ်တဲ့။ 

ကျွန်တော့်ကို ပြော ထား တာတော့ နှစ်တောင် ချီနေပြီထင်တယ်။ ဒါပေမဲ့ သီချင်းက အမြဲ ကိုယ်စားပြုရမယ့် သီချင်းဖြစ်တော့ တာဝန်လည်းကြီး တယ်။ 

Sunday, December 7, 2014

Sexy Dance ဖြင့် ဖျော်ဖြေသည့် နေ့နှင့် ည ကလပ် များကို သတိပေး

ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် လူသိရှင်ကြားပြုလုပ် ခဲ့သည့် Sexy Dance ဖျော်ဖြေပွဲ တစ်ခု မြင်ကွင်း 
(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
 
ရန်ကုန်မြို့ တွင်း ဖွင့် လှစ်လျက် ရှိသည့် နေ့ကလပ်နှင့် ညကလပ် များတွင် Sexy Dance ဖျော်ဖြေမှု များကို သတိပေး လိုက် ပြီး ထပ်မံတွေ့ရှိ ပါက လုပ်ငန်း လိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက် က နေ့ ကလပ် ဖွင့်လှစ် ထားသည့် လုပ် ငန်းရှင်ခြောက်ဦး ကို ဖိတ်ခေါ် သတိပေးရာ တွင် တစ်ဦး မှာ တက် ရောက်ခြင်း မရှိဟု သိရပြီး ယခုကဲ့ သို့ ဒေသန္တရ အမိန့် ကို သုံးလ တစ်ကြိမ် ထုတ်ပြန် သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘နေ့၊ ည ကလပ်တွေ ခွင့်ပြု ထားတာ မရှိဘူး။ ခိုးပြီး လုပ်နေကြ တာ။ ဒီတစ်ခါ မရတော့ဘူး။ လုပ် ငန်း ရှင်တွေ ကို လည်း တွေ့ဆုံ အသိပေး ထားတယ်။ Hotel Yangon ကိုလည်း အရေးယူထားတယ် ။ နောက် လုပ်ရင် လိုင်စင် ပိတ်တဲ့ အထိ အရေးယူမယ် ပြောထား တယ်’’ဟု အနောက်ပိုင်း ခရိုင်ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းကြည် ကပြောသည်။

Monday, November 10, 2014

Emperor Music Band 30th Anniversary Show



The EMPEROR MUSIC BAND held a concert at the People’s Park in Yangon on November 6, 2014 to mark the 30th Anniversary of the Band’s formation. Because of the Yangon heavy rain, the concert was ended after Pre-Performances of Zaw Win Htut, Si Thu Lwin & J Mg Mg. The “Night of Light Emperor Music Band 30th Anniversary Show” was re-scheduled on November 7. New Generation Rock Army – Fever 109 , Nightmare , Dusty Way, Hanover , Room 502 , Deficiency , We are the waste , Viaolenz , Illegal , Runaway bride , Autumn , Soul seven , Dr guitar , Tagadoom , No u turn , Death agent , Dark matter will perform for the show. Photos by Wai Yan 





# နိုဝင်ဘာလ (၆) ရက်နေ့က ရန်ကုန်၊ ပြည်သူ့ရင်ပြ င်မှာ မိုးထဲရေထဲ ကျင်းပ ခဲ့တဲ့ EMPEROR MUSIC BAND အနှစ် (၃၀) ပြည့် ဂီတည #


Thursday, October 23, 2014

လိင် အသားပေးပြကွက် များ လာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ် ဟုဆို


 
မြန်မာ့ ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ကားတွေ ကို လာမယ့် ဒီဇင်ဘာလ ၁ ရက်က စပြီး ဆင်ဆာအဖွဲ့ ထံ တင်ပြပြီး မှ ထုတ်လုပ်ခွင့် ရရှိတော့ မှာ ဖြစ်ပါတယ်။

ဆင်ဆာ  အဖွဲ့က အခုလိုပြန်လည် စိစစ် ရတာဟာ မြန်မာ့ ရုပ်ရှင်လောက ကို ထိန်းချုပ် လို တာကြောင့် မဟုတ် ဘဲ ဗွီဒီယို ဇာတ်ကားတွေ မှာ လိင် အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေ အပါအ၀င် မြန်မာ့ရိုးရာဓလေ့ နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာ တာကြောင့် ထိန်းကြောင်းပေး တဲ့ သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကား အဆင့် အတန်း သတ်မှတ် စိစစ် အကဲဖြတ် အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ ဦးတင်ငြိမ်းက ပြောပါတယ်။

Tuesday, October 21, 2014

ရုပ်ရှင် နဲ့ ဂီတ ကိုမျှအောင် လုပ်သွားမယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

 

ပထမဆုံး အကြိမ် ပြုလုပ် ခဲ့သည့် မိုးရာသီ ဂီတဆု ပေးပွဲ တွင် ပရိသတ် အချစ်ဆုံး ဆု I Love Artist (Male) ကို ရရှိ ခဲ့သည့် သရုပ်ဆောင်၊ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် သည် လျှောက်လှမ်း ရဦးမည့် အနုပညာ လမ်းကြောင်း တွင် သရုပ်ဆောင် အလုပ်နှင့် တေးသီချင်း သီဆိုမှု များကို မျှတအောင် လုပ်သွားတော့မည် ဟု ဆိုသည်။

‘‘ဂီတ နဲ့ ပတ်သက် လို့ လက်ရှိ မှာတော့ ဒိတ်ဒိတ်ကြဲ MTV အရင် ထွက်မှာဖြစ်ပြီးတော့ ၂၀၁၅ ထဲ မှာတော့ အယ်လ်ဘမ် အသစ် ထွက်နိုင်အောင် စီစဉ်သွား မှာပါ။ နောက်ပိုင်း မှာလည်း သရုပ်ဆောင် နဲ့ ဂီတ ကို မျှအောင် လုပ်သွားမှာပါ’’ဟု စိုင်းစိုင်းခမ်းလှိုင် ကပြောသည်။


Friday, February 7, 2014

တရုတ်တန်း က စစ်ကိုင်းလမ်း

တရုတ်တန်းက စစ်ကိုင်းလမ်း ------------------ ရေးသားသူ- သီဟ  လမ်းထဲသို့ ချိုးဝင်လိုက်သည်နှင့် အကင်ညှော်နံ့များက နှာသီးဝကိုလာရောက်ကျီစယ်သည်။ ကားတစ်စီးလွတ်ရုံလမ်းလေးထဲ ခင်းကျင်းထားသည့် စားပွဲဝိုင်းများကို ရှောင်တိမ်းရင်း ထိုင်စရာစားပွဲတစ်ခုရရန် မနည်းရှာရသည်။ ကျဉ်းကျဉ်းကျပ်ကျပ် လူရှုပ်ရှုပ်နှင့် ညအလှကပင် လမ်းရဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး ကြီးကြီးငယ်ငယ်များ၊ ဖြူနီပြာဝါရောင်စုံများဖြင့် တန်ဆာဆင်ထားသည့် ဒီလမ်းလေးရဲ့ညနေပိုင်းသည် အမြဲတစေ ရှုပ်ထွေးစည်ကားနေတတ်ပြီး ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးအခါသမယတွင် ပိုလို့ပင် စည်ကားနေသေးတော့သည်။  “ထိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင် စစ်ကိုင်းလမ်းက စောင့်နေမယ်သူမှာလို့ ...” အစချီတဲ့ စတီရီယိုအဆိုကျော်ခိုင်ထူး၏ တေးသွားက ဟော်လိုဂစ်တာနှင့် လိုက်ဖက်ညီစွာ ပျံ့လွင့်လာကာ လေထုထဲရှိ အကင်ညှော်နံ့များနှင့် ရောထွေးသွားခဲ့သည်။ အဖြူရောင်အင်္ကျီလက်ရှည်နှင့် ပလေကပ်ပုဆိုးအစိမ်းရောင် အဆင်ရိုးရိုးကို ၀တ်ဆင်ထားသည့် လူတစ်ယောက်။ စားဝိုင်းသောက်ဝိုင်းတွေကြား ဂစ်တာကို အားရပါးရတီးခတ်ကာ လည်ပင်းကျောများထောင်သည်အထိ ခိုင်ထူး၏သီချင်းကို မာန်ပါပါတီးခတ်နေသည်။ သူ့သီချင်းသံကြောင့် စားသောက်နေသူများ အနှောင့်အယှက်ဖြစ်ပုံမရ။  သူကတော့ ရန်ကုန်ညတွေရဲ့ အဓိပတိ တရုတ်တန်း(၁၉ လမ်း)ရှိ စားသောက်ဆိုင်တန်းတွေကြား ၁၉ လမ်း ခိုင်ထူးဟု လူသိများသည့် ကိုထွန်းရွှေပင်ဖြစ်သည်။ ဆယ်စုနှစ် နှစ်ခုကျော်ကာလအထိ ၁၉ လမ်းတွင် ညစဉ်ညတိုင်း ဂစ်တာတစ်လက်ဖြင့် စားသောက်သူများအား လာရောက်ဖျော်ဖြေသူတစ်ဦး။ အဆိုတော်ခိုင်ထူးနှင့် ရုပ်ချင်းအနည်းငယ်ဆင်တူပြီး အားနှင့်မာန်နှင့် သီချင်းဆိုလိုက်လျှင် ခိုင်ထူး၏ ဆိုဟန်ဆိုပေါက်နှင့် ခပ်ဆင်ဆင်ပင်။  ခိုင်ထူး၏ နာမည်ကြီးသီချင်းများဖြစ်သည့် ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ သိလား၊ အဉ္ဇလီ အစရှိသည့်သီချင်းများကို အဆိုများသလို ကိုယ်တိုင်ကလည်း ခိုင်ထူးကို အသည်းစွဲ ကြိုက်နှစ်သက်သူတစ်ဦးဟု ၀န်ခံသည်။ ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်ကာလများဆီက မိသားစုစားဝတ်နေရေးကြောင့် တတ်ထားသည့်ဂစ်တာပညာဖြင့် အသက်မွေးမည်ဟု စဉ်းစားရင်း ၁၉ လမ်းတွင် လာရောက်ဖျော်ဖြေခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။   “ကျွန်တော်စဆိုဖြစ်တော့ သူငယ်ချင်းတစ်ယောက်က အကြံပေးတာနဲ့ ဗိုလ်ချုပ်ဈေးမှာစဆိုတယ်။ ဆိုခါစကတော့ နည်းနည်းအခက်အခဲရှိတယ်။ နောက်ပိုင်းတော့ အဆင်ပြေသွားပါတယ်”ဟု ၁၉ လမ်း ခိုင်ထူးခေါ် ကိုထွန်းရွှေကပြောသည်။  ဒီအလုပ်ကြောင့် သူ့တွင် သိမ်ငယ်စိတ်လုံးဝမရှိဟုလည်း အခိုင်အမာပြောသည်။ နေ့စဉ် ညနေ ၆ နာရီစွန်းစွန်းအချိန်များတွင် ၁၉ လမ်း၏ ညများနှင့်အတူ စီးမျောရန် ရောက်ရှိလာခဲ့ကာ ည ၁၀ နာရီကျော်ကျော်ခန့်မှ ပြန်လေ့ရှိသည်။  စားသောက်ဝိုင်းများက ဖိတ်ခေါ်လျှင် လာရောက်သီဆိုတတ်သလို သူစိတ်ပါလျှင်လည်း စားသောက်ဝိုင်း တစ်ခုခုနားတွင် ဆိုနေလေ့ရှိ၏။ ဘယ်ရွေ့ဘယ်မျှရစေဟု သဘောမထားဘဲ စေတနာကြေးဖြင့် သီဆိုတတ်သည့် သူက အသံအဆင်မပြေလျှင် အဲဒီညအတွက် ဆက်မဆိုဟု ပြောသည်။  “ပရိသတ်ကို မလိမ်ချင်ဘူး။ အသံက ဆိုလို့အဆင်မပြေတော့ရင် အဲဒီညလှည့်ပြန်သွားတာပဲ”ဟု ၎င်းကပြောသည်။ နာမည်ကြီးအဆိုတော်တစ်ဦးမဟုတ်သော်လည်း အသံကိုအားပြု၍ ၀မ်းကျောင်းနေသူတစ်ဦးဖြစ်ဖြင့် အသံနှင့်ပတ်သက်၍ ဂရုတစိုက်ထားပုံကိုလည်း “အသံပျက်စေမယ့် အရက်တို့ ဘီယာတို့ လုံးဝမသောက်တော့ဘူး။ ငယ်ငယ်တုန်းကတော့ ဆိုးခဲ့၊ မိုက်ခဲ့တာတော့ ရှိတာပေါ့။ ဒါပေမဲ့ အခုတော့ ဒါတွေ ဘာမှမလုပ်တော့ဘူး။ အစားအစာကိုလည်း ဂရုစိုက်တယ်။ အသံကို ထိခိုက်စေမယ့်ဟာကိုရှောင်တယ်”ဟု သူကပြောသည်။  ညစဉ်သီချင်းဆိုနေရသူတစ်ဦးဖြစ်သဖြင့် အသံမ၀င်စေရန် သံပရာသီးကိုလည်း တစ်နေ့လျှင် နှစ်လုံး၊ သုံးလုံးခန့် စားထားရသေးသည်။ သီချင်းစဆိုစဉ်အချိန်များက ၀ိုင်းများထံမှ စေတနာကြေးအနေဖြင့် တစ်ညလျှင် လေးရာ့ငါးဆယ် ငါးရာခန့်သာ ရရှိခဲ့သော်လည်း ယခုအခါ တစ်ညလျှင် နှစ်သောင်းခွဲ သုံးသောင်းအထိရတတ်ပြီး တစ်ခါတစ်ရံ ငါးသောင်းအထိပင် ရလေ့ရှိသည်။  သူလာဆိုနေသဖြင့် စားသောက်သူများနှင့် ဆိုင်ကို အနှောင့်အယှက်မဖြစ်ကြောင်း ၁၉ လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ မန်နေဂျာကပြောသည်။ သူ့အနေဖြင့် စားသောက်သူများကို အနှောင့်အယှက် ဖြစ်စေလောက်သည့်အပြုအမူမျိုး ဘယ်သောအခါမှမလုပ်ဟုဆိုသည်။  “ကျွန်တော်ဝိုင်းတစ်ဝိုင်းနားမှာဆိုရင် နှစ်ပုဒ်အများဆုံးပဲဆိုတယ်။ နောက်ပြီး ကျွန်တော်က အော်ချင်ရာအော်တာလည်းမဟုတ်တော့ စားသောက်သူတွေ အနှောင့်အယှက်မဖြစ်ပါဘူး”ဟု သူကပြောသည်။  စားသောက်ဝိုင်းများတွင် လူစုံလာရောက်လေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် နိုင်ငံခြားသုံးငွေကြေးများလည်း ရတတ်သည်ဟု သူကဆိုသည်။ ခိုင်ထူးသီချင်းများကို အဆိုများသော်လည်း တစ်ခါတစ်ရံ ဖိုးချို၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ စိုင်းထီးဆိုင်တို့၏သီချင်းများလည်း ဆိုတတ်သည်ဟုဆိုသည်။  “ပရိသတ်တောင်းဆိုရင် တောင်းဆိုသလိုပေါ့။ ဆိုပေးရတာတွေလည်း ရှိတယ်။ ကိုယ်တိုင်ကတော့ ခိုင်ထူးသီချင်းပဲ အဆိုများပါတယ်”ဟု သီချင်းများကို နုတ်စ်ဖြင့်တီးခတ်ခြင်းမဟုတ်ဘဲ အကြားဖြင့် ပြန်လည်တီးခတ်တတ်သည့် သူကဆိုသည်။  ခိုင်ထူး၊ စိုးလွင်လွင်၊ ဖိုးချိုတို့၏ သီချင်းများကို အဆိုများသူ ကြိုက်နှစ်သက်သူက ယနေ့ခေတ်ပေါ်သီချင်းများ မရဟုဆိုသည်။ သို့သော် မည်မျှပင်စိမ်းသည့်သီချင်းဖြစ်ပါစေ။ ဆယ့်ငါးမိနစ်ခန့် နားထောင်လိုက်လျှင် ပြန်တီးနိုင်သည်ဟုဆိုသည်။  “နုတ်စ်သမားမဟုတ်ပေမယ့် Earining သမားလည်း သူ့အားသာချက်နဲ့ သူပေါ့ဗျာ”ဟု (၁၃)နှစ်သားအရွယ်ကပင် ဂစ်တာတီးတတ်ခဲ့သည့် ကိုထွန်းရွှေကဆိုသည်။ ညစဉ် သီချင်းတွေနှင့်ဖျော်ဖြေနေသူက သီချင်းသီဆိုဖျော်ဖြေခွင့်မရတော့လျှင် အိမ်ဆိုင်လေးဖွင့်ကာ ဘ၀ကိုဖြတ်သန်းသွားမည်ဟု ရှေ့ရေးအတွက် သူ့အတွေးကိုပြောပြသည်။  သို့သော် ၁၉ လမ်းသည် သူ၏အသွေးအသားထဲတွင် ခိုင်မြဲစွာတွယ်ကပ်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိအလုပ်ကို သူတန်ဖိုးအလွန်ထားပြီး သေလျှင်ပင်လျှင် ၁၉ လမ်းတွင် သေချင်သည်ဟု သူကဆိုသည်။  “ကျွန်တော် ဒီ ၁၉ လမ်းမှာ သီချင်းဆိုရင်းနဲ့ပဲ သေသွားချင်ပါတယ်။ ရွှေမန်းတင်မောင်လိုပေါ့။ ဖျော်ဖြေနေရင်း သေသွားတာမျိုး”ဟု သူကပြောသည်။  “အသည်းရင်လှိုင်းခတ်သံ အတူဆုံချိန်အပြုံးတွေ နှုတ်ဆက်မယ်လေ တို့ဘ၀အတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ အချစ်ခွန်အား ရင်ဆိုင်ထား ....”  ညဥ့်က တဖြည်းဖြည်းရင့်လာခဲ့လေပြီ။ စားသောက်ဝိုင်းများလည်း ကျဲပါးလာခဲ့လေပြီ။ သီချင်းကိုချစ်တဲ့ ခွန်အားတွေနဲ့ ၁၉ လမ်း ခိုင်ထူးရဲ့ တေးသံသည်လည်း မကြာမီ တစ်ညတာအတွက် နှုတ်ဆက်တော့မည်ဖြစ်သည်။  “ကျွန်တော်သေရင်လည်း ၁၉ လမ်းမှာပဲ သေချင်ပါတယ်”ဆိုတဲ့ သူ့ရဲ့စကားသံကတော့ ၁၉ လမ်းကို မည်သည့်အခါမှ နှုတ်ဆက်သွားမည်မဟုတ်ဟု အသေအချာပြောဆိုနေသလိုပင်။  ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

လမ်းထဲသို့ ချိုးဝင်လိုက်သည်နှင့် အကင်ညှော်နံ့များ က နှာသီးဝကိုလာရောက်ကျီစယ်သည်။ ကားတစ်စီး လွတ်ရုံ လမ်းလေးထဲ ခင်းကျင်းထားသည့် စားပွဲဝိုင်းများ ကို ရှောင်တိမ်းရင်း ထိုင် စရာစားပွဲတစ်ခု ရရန် မနည်းရှာရသည်။ 
ကျဉ်းကျဉ်း ကျပ်ကျပ် လူရှုပ်ရှုပ်နှင့် ညအလှကပင် လမ်းရဲ့ယဉ်ကျေးမှု တစ်ခု ဖြစ်သည်။ အမျိုးသား၊ အမျိုး သမီး ကြီးကြီးငယ်ငယ်များ၊ ဖြူနီပြာဝါရောင်စုံ များဖြင့် တန်ဆာဆင်ထားသည့် ဒီလမ်းလေး ရဲ့ညနေပိုင်း သည် အမြဲတစေ ရှုပ်ထွေးစည်ကားနေတတ်ပြီး ယခုကဲ့သို့ တရုတ်နှစ်သစ်ကူး အခါ သမယတွင် ပိုလို့ပင် စည်ကားနေသေးတော့သည်။


Sunday, December 1, 2013

ခင်မောင်တိုး အသုံးအဆောင်များကို ရောင်း၍ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လှူဒါန်းမည်


 
 အစိုးရနှင့်ကေအိုင်အေ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မန်စီမြို့အနီးနမ့်လင်းပါရွာမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကွယ်လွန်သူ တေးရေး၊ တေးဆို ခင်မောင်တိုး၏ အသုံးအဆောင် ပစ္စည်းများကို ရောင်းချ၍ ရန်ပုံငွေရှာဖွေသွားမည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။


အဆိုပါ ရန်ပုံငွေပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေရှမ်းကန်စားသောက်ဆိုင်၌ ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ သွားမည် ဖြစ်ပြီး Wheel Band နှင့်အတူ အဆိုတော် ခိုင်ထူး၊ ရင်ဂို၊ ဂျေမောင်မောင်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ရိမ်းမိုး၊ ကော်နီ အစရှိသူတို့က သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 "မန်ဝိုင်းကြီးကမ့်မှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုခင်မောင်တိုးရဲ့မိန်းမနဲ့ ကျွန်တော်တို့ တိုင်ပင်ပြီး သူ့ရဲ့တစ်နှစ်ပြည့်မှာ ဒီရန်ပုံငွေပွဲလေးလုပ်တာပါ" ဟု အဖြူရောင်တွဲ လက်များအဖွဲ့မှ ကိုဘိုဘို က ပြောသည်။

ကချင်ပြည်နယ် မန်စီမြို့ နမ့်လင်းပါရွာ၌ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရ သူ နှစ်ထောင် ခန့်မှာ မန်ဝိုင်းကြီး ဒုက္ခသည်စခန်းသို့ သွားရောက်ခိုလှုံနေရပြီး ယခုအခါ မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်း ၂ ခု၌ လာ ရောက်ခိုလှုံသူ စုစုပေါင်းငါးထောင်ဝန်းကျင်ခန့်ရှိနေသည်ဟု သိရှိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင် သူများသည် အ၀တ်အစားနှင့် အစားအသောက်များ လိုအပ်နေ ကြောင်း အဆိုပါ ဒုက္ခသည်စခန်းမှ သိရသည်။



Saturday, September 28, 2013

သားနှစ်ယောက် ရဲ့ ဝါသနာ ကို ပြောပြတဲ့ မျိုးကြီး


 


လက်ရှိ မြန်မာပြည် ရော့ခ်လော ကမှာ အအောင်မြင်ဆုံး ရော့ခ်ကာ တွေထဲက တစ်ဦး ဖြစ်တဲ့ မျိုးကြီးဟာ ခုလို အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ ခရီးလမ်းမှာ သေချာ စနစ် တကျ သင်ကြားပြသမှု မရှိခဲ့ပေမယ့် ကိုယ်တိုင် လက်လှမ်းမီရာ အားထုတ်မှုတွေ၊ ပါရမီ တွေနဲ့ ဖြတ်သန်း ခဲ့တာဖြစ်ပါတယ်။ 

သူတို့ ခေတ်တုန်းက သင်တန်းကျောင်း တွေ ရှားပါးပုံ ကို မျိုးကြီးက အနည်းငယ် ပြန်ပြောပြတာက “သင်တန်း လေးတွေတော့ ရှိတယ်။ ဂစ်တာ သင်တန်း၊ အဆို သင်တန်းလေးတွေ စသဖြင့် လက်လှမ်းမီ သလောက် လေ့လာ ရတယ်။ 
ဂစ်တာ သင်တန်းတော့ တက်ဖူးတယ်။ ပြီးတော့ သီအိုရီပိုင်း ကိုတော့ ကိုဇာလျန်း သင်တဲ့ သီအိုရီ ပိုင်း သင် တန်း ရှိတယ်။ အခုတော့ တစ်နေရာ တည်းမှာ အစုံသင်လို့ရ တဲ့ ကျောင်းတွေ ရှိတယ်။ ကျွန်တော် တို့ ငယ်ငယ် ကတော့ သင်တန်း တစ်ခုစီ က သတ်သတ်ပေါ့။ ခုတော့ တစ် နေရာတည်းမှာ အကုန် သင်နိုင် တယ်” လို့ မျိုးကြီး ကပြောပါတယ်။


မြူးဇစ် ဆိုတာ ကိုယ်တိုင် သင်ယူရတဲ့ ပညာပဲ { အငဲ }



မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ ဂီတ သင်တန်းကျောင်း Legacy Music Academy ကျောင်း ဖွင့်ပွဲ ကို ဂီတလောက မှ အတော် များများတက်ရောက် ဂုဏ်ပြု ခဲ့ကြတာကို တွေ့ရသလို IC ဝိုင်းတော် သားများ ကို စုံစုံလင်လင် တွေ့ခဲ့ရပါ တယ်။  IC အဖွဲ့သား တစ်ဦး ဖြစ် သလို၊ မြန်မာ့ ရော့ခ်ဂီတ လောကမှာ မပါ မဖြစ် တေး သံရှင် တစ်ဦး ဖြစ်တဲ့ ရော့ခ် အဆိုတော်ကြီး အငဲ လည်း ပွဲကို တက်ရောက် လာတာ တွေ့ ရပါ တယ်။ 

ဂီတကို စိတ်ဝင်စားမှု ရှိတဲ့ လူငယ်တွေ အတွက် Legacy ဂီတ သင်တန်းကျောင်းက ဘယ်လောက် အတိုင်း အတာ တစ်ခု အထိ ပံ့ပိုးပေးနိုင်မယ် ထင်ပါသလဲလို့ အငဲ ကိုမေးတော့ “ဒီဟာမျိုးက အရင် ကတည်းက ကျွန်တော်တို့ ဆီ မှာ လို အပ်နေတာလေ။ 

မနေ့က လိုအပ် နေတဲ့ဟာ ဒီနေ့ ပေါ်လာတဲ့ သဘောပေါ့။ ကောင်း ပါတယ်။ အပေါက် များ တော့ဝင်ဖို့ ပိုလွယ်သလိုပေါ့။ တံတား တွေ များတော့ လည်း ရောက် ဖို့ ပိုလွယ် ပါတယ်။ များလေ ကောင်းလေပါပဲ။” လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

ကိုအငဲတို့ ဂီတလောကို စတင် တိုးဝင်ခါစတုန်းက ဂီတနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာသင်ယူ ခဲ့ရလဲ လို့ မေးတော့ “ကျွန်တော်က နယ်မှာနေတဲ့ သူဆိုတော့ နီးစပ်ရာ နီးစပ်ရာ ပေါ့။ ရှေးတုန်းက လူကြီး တွေပြော သလို၊ တတ်တဲ့ သူဆီသွားနေ ရတယ်တဲ့၊ သူတို့ အမှတ်မထင် ပြောဆိုတဲ့ ကြား ဆရာ၊ မြင် ဆရာ။ အဲဒီလို ကနေပဲ ရအောင် ယူရတာပါပဲ။ အခုလို မျိုးကြီး သင်တန်းကျောင်း ဆိုတာ တကယ် ဝါသနာ အစစ်အမှန် ရှိမယ် ဆိုရင် သူ့ အတွက် ကတော့ လက်နက် ရသွားပြီ လေ။ 

Saturday, September 21, 2013

မျိုးစောင့်ဥပဒေ ကို မလိုလားနိုင် ခဲ့သော နန်းသီရီမောင်ဆိုခဲ့တာ ဒါကြောင့်ကိုးဗျ..



မျိုးစောင့်ဥပဒေကို မလိုလားနိုင်ခဲ့သော နန်းသီရီမောင်ဆိုခဲ့တာ ဒါကြောင့်ကိုဗျ..ကိုယ် တစ်ဦး တစ်ယောက်ကောင်းချင် တာနဲ့ တစ်မျိုးသားလုံးနဲ့ ငြင်းဆန်ခဲ့သူ အတော်လဲ အမျှော်မြင်ကြီး ပါဘိ.. လူဖြူလူမည်း မခွဲခြားဆိုသော နှမငယ်..မှတ်သားလောက်ပါဘိ


နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။


အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့ MRTV-4 ကလည်းပြန်လည်း ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်

 

Friday, September 20, 2013

တရုတ် တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲ တွင် မော်ဒယ် ခင်လပြည့်ဇော် ယှဉ်ပြိုင်မည်







 












တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲသို့ Star & 

 Model    အေဂျင်စီ မှမော်ဒယ်ခင်လပြည့်ဇော်က မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ် သည်။ 

 အဆိုပါပြိုင်ပွဲကိုအောက်တိုဘာလ ၃ ရက်တွင်ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်း ဖြစ်သည်။


“နန်နင်းမှာကျင်းပတဲ့ အခုပြိုင်ပွဲကိုဝင်ဖို့ ဟိုဘက်ကကျွန်တော်တို့အေဂျင်စီကို ဖိတ်ကြားခဲ့ပါတယ်။ သူတို့ လှမ်းပြီး ဖိတ်ကြားတဲ့ အချိန်နဲ့ ပြိုင်ပွဲသွားရမယ့်အချိန်က အရမ်းနီးတဲ့အတွက် လူရွေးပွဲရယ်လို့ သီးသန့် မလုပ်နိုင်တော့ ဘဲ အေဂျင်စီကနိုင်ငံတကာ အဆင့်မီမော်ဒယ် အနေနဲ့သတ်မှတ်ထားတဲ့ မော်ဒယ် အယောက် ၃၀ ရဲ့ဓာတ်ပုံတွေကိုပြိုင်ပွဲစီစဉ်တဲ့ သူတွေဆီပေးပို့ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။ 

Sunday, September 1, 2013

ကိုယ် လုပ်ချင်တာပဲ လုပ်မယ် ဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ဖို့ လိုတယ် မာရဇ္ဇ





အောင်မြင်နေတဲ့ မြူးဇစ်လမ်းမပေါ်မှာ လမ်းဆက်မလျှောက်ဘဲနောက်ထပ်လမ်းသစ် တစ်ခုကို ထပ်ဖောက် ခဲ့တဲ့ မာရဇ္ဇ။ ကိုယ်သွား ချင်တဲ့ လမ်းကြောင်းကိုပဲခေါင်းမာမာ နဲ့ရွေးချယ် ပြီး ရွက်လွှင့် ခဲ့တဲ့ သူတိုင်းအခက်အခဲ ကတော့ ကြုံရစမြဲပါ ။မာရဇ္ဇလည်း ကြုံခဲ့ရတာပါပဲ။

”ဒီအတွက် စိတ်ဓာတ်ကတော့ ကြံ့ခိုင် ရမှာပါ။ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီး ပရိသတ်နဲ့ မတည့်တော့ တဲ့ အခါကျတော့ တစ် ခါတလေ အစ်ကိုလည်း ညစ်တာ ပဲလေ ။ နောင်တ ဆိုတာတော့ မရပါဘူး။ ဒါပေမဲ့ ငါ ဘာလုပ်ရင်ကောင်းမလဲ၊ ငါမှားနေပြီ လား ဆို ပြီးတစ်ခါ တစ်ခါ အမြဲတမ်း သုံးသပ်မိပါတယ်။ 

သုံးသပ်ပြီးသွားပြန်တော့လည်း နောက်ဆုံး ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ဖို့အတွက်ပဲ ရှေ့ ကို ပြန်ေ လျှာက်မိတာပါပဲ” လို့ မာရဇ္ဇက ကိုယ် လုပ်ချင်တဲ့ အနုပညာအတွက် ဘယ်လောက် ပဲ ခက်ခဲခဲ့ပါစေ ၊နောက်မပြန်ဆုတ်ခဲ့ဘူး ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။

သေမယ့်နေ့ ပြောပြ တဲ့ ကိုရဲလွင်...



 


”အနုပညာတွေ ကျွန်တော့်ဆီမှာ မရှိတော့ တဲ့နေ့ဟာ ကျွန်တော် သေ သွားတဲ့နေ့ပါ” ဟု Bass Guitar တီးခတ်သူ ကိုရဲလွင် က ပြောသည်။
 
”အနုပညာသမား ဆိုတာ ကိုယ့် ကိုယ်ကို စောင့်ရှောက် ရမယ်။ စိတ်လွတ် လပ်နေ လို့ရအောင် ကိုယ့် စရိတ်နဲ့ ကိုယ် ရွေးချယ်ရမယ်။ ကိုယ်နဲ့ ဝါသနာတူ စရိုက်တူတဲ့ သူနဲ့ ပေါင်းရမယ်။ ဂီတ အနုပညာ ဆိုတာက အရင် ကတည်းက ထက်မြက် စူးရှတယ်။ ဥပမာ အကျဉ်း ထောင် ထဲ မှာ ရေးသား တဲ့ သီချင်းတွေ ထောင်ထဲ က ရေးတဲ့သူ ထွက်မလာ ရသေးပေမယ့် သီချင်းက အပြင် ကို လွတ်လပ်စွာ ရောက်လာတယ်။

 ဂီတ အနုပညာဟာ လှောင် ပိတ်ထားလို့ မရဘူး။ ဂီတမှာ တူရိယာတွေ အမျိုး စုံ ရှိတယ်။ မယ်လိုဒီ ဘယ်လောက် လှလှ ဟာမိုနီ တိုင်ပင် မကောင်းရင် လည်း မရဘူး။ ဒါကြောင့် ဂီတ ဆိုရင် အားလုံး ညီမှ လှမှ ကောင်းမှာ” ဟု ၄င်းက ဆိုသည်။