Monday, October 6, 2014

ကားတံခါး မှာ ဦးခေါင်း ညပ်ပြီး အသက်ရှု ရပ်သွားတဲ့ ကလေးငယ်ကို အရေး ပေါ် ကယ်ဆယ်နိုင်ခဲ့


ယနေ့ခေတ်တီထွင် မှု စွမ်းအားကောင်း လာတဲ့ ကားထုတ်လုပ်ရေးတွေ အ ကြားမှာ ကား တည်ဆောက်မှုတွေကို အကောင်းဆုံး အဆင့် အမြင့်ဆုံး တည် ဆောက်လာတာ က တစ်ခါ တစ်ရံ မှာ အသုံးတဲ့ပြီးတော့ တစ်ခါတစ်ရံမှာ ဘေး ဖြစ်တတ်ပါတယ်။

အခု လည်း တရုတ်နိုင်ငံ ဖူဇိုးပြည်နယ် က ကလေးငယ် တစ်ဦးရဲ့ ဦးခေါင်းက ကားမှန် တံခါး နဲ့ဘောင်ကြားမှာ ညပ်နေပြီး အသက်ရှု ရပ်သွားခဲ့တဲ့ အရေးပေါ် အခြေအနေကို အနီးအနား ကလူတွေနဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ ကူညီ ကယ်ဆယ် ခဲ့ကြရာ အသက် အန္တရာယ်မှ လွတ်မြောက် သွားခဲ့တယ်လို့သိရပါ တယ်။ 


ကားပေါ် ကလေးငယ်တွေ လိုက်ပါ စီးနင်းခေါ်ဆောင်လာတဲ့ မိဘတွေ အတွက် တကယ့်ကို သတိ ထားရမယ့် အချက်တစ်ခုပါပဲ။

မိခင်ဖြစ်သူက ဈေးဝယ် စင်တာဈေးဝယ် သွားချိန် ကလေးငယ်ကို ကားအတွင်း ထားခဲ့စဉ်မှ ယင်း သို့ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ယခင်လို လက်လှည့် တံနဲ့ ကား တံခါးဂျက်မှန်တွေ မဟုတ်ပဲ ခလုတ်နဲ့ပြောင်းလဲ တပ်ဆင်လာခဲ့တဲ့ ကားမှန်တံ ခါးဖြစ်ပြီး ကလေးတို့ သဘာဝပြတင်းမှန် ကနေ ခေါင်းပြူထွက်ရာ ဒူးနဲ့တံခါးခ လုတ်ကိုထောက် မိရာ တဖြည်းဖြည်း ပိတ်မိသလိုဖြစ်ကာ ဦးခေါင်းညပ်နေခဲ့ ခြင်းပဲဖြစ်ပါတယ်။

လည်ပင်း နဲ့မှန်ဘောင် ငါးစင်တီမီတာ အကွာသာ ရှိတော့တဲ့ အချိန်မှာကလေး ငယ်ရဲ့ အသက် ရှုနှုန်းအခြေအနေ က တော်တော်လေး ဆိုးရွာလာပြီး ရုန်းကန် လှုပ်ရှားအော်ဟစ်နေရာ အသက် အန္တရာယ်နဲ့ နီးကပ်လာတဲ့ အခြေအနေ မှာ အလွန် ကံကောင်းထောက်မ စွာနဲ့ ကယ်ဆယ်နိုင်ခဲ့ တာပဲဖြစ်ပါတယ်။


From...www.myanmarlatestnew.com



No comments:

Post a Comment