Thursday, June 7, 2018

ဘာမြူဒါ တြိဂံ နယ်မြေက ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ပြီဟု သိပ္ပံ ပညာရှင်များဆို

 

ဘာမြူ ဒါတြိဂံနယ်မြေဟာ ပဟေဠိများစွာနဲ့ကျော် ကြားပါတယ်။ Florida,Puerto Rico နဲ့ Bermuda ကြား အတ္တလန်တိတ်သမုဒ္ဒရာအတွင်းရှိ တြိဂံနယ်မြေထဲမှာ များစွာသော လေယာဉ်တွေ သင်္ဘောတွေ အ ကြောင်းမဲ့ပျောက်ကွယ်နေပါတယ်။ အချို့တွေကတော့ဒါဟာ သိပ္ပံနည်းနဲ့ဖြေမရှင်းနိုင်တဲ့ လုပ် ဆောင် ချက်တွေကြောင့်လို့ မှတ်ယူခဲ့ပါတယ်။

ဥပမာ အနေနဲ့ ၁၉၄၅ ခုနှစ်က အမေရိကန် ဗုံးကျဲ လေယာဉ်ငါးစင်း နဲ့ ရိုးရိုးလေယာဉ် တစ်စင်း ဒီဒေ သ ကိုဖြတ်ပျံခဲ့ရာ သဲလွန်စ မကျန်ဘဲပျောက်ကွယ်ခဲ့ပါတယ်။ မကြာမီကပင် ကုန်တင်သင်္ဘော El Faro က ၂၀၁၅ မှာ ပျောက်ကွယ်ခဲ့ရပါတယ်။ ဒီနယ်မြေဟာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

များစွာသော လေယာဉ်တွေ သင်္ဘောတွေဟာ ပဟေဠိဆန်စွာ ဒီဒေသမှာ ပျောက်ကွယ်ခဲ့လို့ပါပဲ။ သိပ္ပံပညာရှင်တွေ ကတော့ သူတို့ ဒီနယ်မြေရဲ့ ပဟေဠိကိုဖြေရှင်းနိုင်ပြီလို့ အခိုင်အမာပြောကြား လိုက်ပါပြီ။

 



Colorado တက္ကသိုလ် က သိပ္ပံပညာရှင်တွေက air bombs တွေဖြစ်စေနိုင်တဲ့ တိမ် ဖွဲ့စည်းမှုတွေ ကို သတိပြုမိခဲ့ပါတယ်။ သိပ္ပံ တီဗီလိုင်း တစ်လိုင်းမှာတော့ သူတို့တွေက ဒီဒေသရဲ့ ဂြိုဟ်တု ပုံတွေကနေ တစ်ဆင့် ဆဌဂံ ပုံတိမ်တွေကိုတွေ့ခဲ့ပြီး ဒါတွေက air bombs တွေကိုဖြစ်စေပါတယ်။ သီအိုရီ အသစ်အရ
ဒီ air bombs တွေဟာ လေထဲမှာ ကွဲပြီး ၄၅ ပေ အထက်ရှိရေလှိုင်းတွေ ကို ထုတ်ပေးပါတယ်။

ဒီလေပြင်းတိုက်ခြင်းက သေစေနိုင်လောက်ပြီး တစ်နာရီ မိုင်၁၇၀ အထိ တိုက်ခတ်နိုင်ပါတယ်။ ဒါတွေက လှိုင်းတွေကို ဖန်တီးတာပါ။ ဒါ့ကြောင့် ဘယ်သင်္ဘော ဘယ်လေယာဉ်မှာ ဒီမုန်တိုင်း က နေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ အမှန်တော့ တိမ်တွေမှာ မျဉ်းဖြောင့် အစွန်းတွေမရှိကြပေမယ့် ဘာမြူ ဒါမှာတော့ရှိခဲ့ ပြီး ချွင်းချက်ဖြစ်နေခဲ့ပါတယ်။


တစ်နေ့တာလုံး အားအင်ပြည့်ဝ လန်းဆန်းနေစေမည့် နည်းလမ်းကောင်းများ

 



လုပ်ငန်းခွင်မှာ တစ်နေ့တာ အလုပ် လုပ်ရင်း နေ့လည်ရောက်လာပြီ ဆိုတာနဲ့ အားအင် ကုန်ခမ်းပြီး အိပ်ငိုက်လာတတ်ကြပါတယ်။

ထိုအခါမှာ အိပ်မငိုက်စေဖို့ ကော်ဖီ၊ Energy drink စတာတွေ သောက်သုံးတတ်ကြပါတယ်။ BBC ကျန်းမာရေး ဌာနက ပြောကြားချက်အရ ထိုသို့သော အချိုရည် များနဲ့ ကော်ဖီသောက်ခြင်းဟာ စွမ်း အင် ပိုမိုလျောစေ့တယ်လို့ သိရပါတယ်။ ထို အစားထိုး စွမ်းအင်ပြန်လည် ရရှိစေမယ့် နည်းလမ်းလေးတွေကို လိုက်နာကြည့်သင့်ပါတယ်။


(1) သီချင်းနားထောင်ပါ

သီချင်းနားထောင်ခြင်းဟာ စွမ်းအင်ပြည့်စေပြီး စိတ်ကြည်လင်စေပါတယ်။ သီချင်း မြူးမြူးလေးတွေရဲ့ စည်းချက်က သင့်စိတ်ကို တက်ကြွ လန်းဆန်းစေပါတယ်။ သင်အကြိုက်ဆုံး သီချင်းကို ဖွင့်နားထောင်ပါ။
ထို့ပြင် သီချင်း စာသားများ လိုက်လံ ညည်းခြင်းကလဲ စိတ်ကိုပျော်ရွှင်စေပါတယ်။ အလုပ်ပိုမို လုပ်နိုင်စေမှာဖြစ်ပါတယ် ။


(2) အဆာပြေ တစ်ခုခုစားပါ ။

အဆာပြေ ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စွမ်းအင် ရရှိမယ့် အစာမျိုးဖြစ်ရပါမယ်။

-ကစီဓာတ်များ စားသုံးပါ (အမျှင်ဓာတ် ပါဝင်သလို သင့်သွေးတွင်း သကြားဓာတ်ဆုံးရှူံးခြင်းမှ ကာကွယ်ပေးပါတယ်)
-ကွေကာ ၊ ဒိန်ချဉ် ၊ အသီးများ၊ မုန်လာဥနီ စသည်တို့ စားနိုင်ပါတယ် ။
-ချာကလက်အနက်စားပါ။ အန်ဒိုဖင်ဟော်မုန်း ကို မြှင့်ပေးလို့ mood ကောင်းစေပါတယ ။်
-အဆီများနဲ့ အချိုများ စားခြင်းရှောင်ပါ။ စွမ်းအင် ပိုမိုကျစေပါတယ် ။


 
 

Tuesday, June 5, 2018

ဒူးရင်းသီး စားခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးများ

 



သင်ဟာ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူလား ဒါမှမဟုတ် အနံ့တောင် မခံနိုင်တဲ့သူလား။ အကယ်လို့ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူ ဆိုရင်တော့ ဒူးရင်းသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကို သိထားသင့် ပါတယ်။

ဒူးရင်းသီး စားရင် ခေါင်းမူးတယ်၊ သွေးတိုးတယ်ဆိုတာတွေ ရှိပေမယ့် တစ်ခြားကျန်းမာရေး ကောင်း တာတွေလည်း ရှိပါသေးတယ်။ ဒူးရင်းသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ကော့ပါး တို့ ပါဝင်တာကြောင့် အရိုးအဆစ်တွေ သန်မာစေဖို့ အထောက်အကူပြုပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့ အခါမှာ အရိုးပါး ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေး တာ
မျိုးလည်း လုပ်ဆောင်ပေးပါတယ်။ ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ များများပါဝင်တာ အပြင် ဖောလစ် အက်ဆစ် ပမာဏလည်း မြင့်မားစွာ ပါဝင်တာမို့ သွေးနီဥ ဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။

ဒူးရင်းသီးမှာ ကော့ပါး နဲ့ သံဓါတ်တွေလည်း ပါဝင်တာမို့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေ ပျောက် ကင်းစေပါတယ်။ ဒူးရင်းသီးမှာ အများစု ပါဝင်တဲ့ ဗီတာမင်တွေနဲ့ ဓါတ်တိုး ဆန့်ကျင်မှုတွေဟာ ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဓါတ်တိုး ဆန့်ကျင်မှုတွေ များများပါဝင်တာက ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ကိုယ်ခံအားစနစ် မကောင်းခြင်းကို လျှော့ကျစေပါတယ်။

 နောက်ပြီး ဒူးရင်းသီးမှာ ဗီတာမင် စီ၊ ဘီ၊ အီး တွေပါဝင်တာကြောင့် ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ ဒူးရင်းသီးမှာ ဗီတာမင်တွေ ပါဝင်တာဟာ ခန္ဓာကိုယ်ထဲက free radicals တွေကို လျှော့ချပေးနိုင်တာမို့ အသက်အရွယ်မတိုင်ခင် ကြီးရင့်ခြင်းတွေ ဖြစ်တာ ကနေ ကာကွယ်ပေးပါတယ်။
 
               

ကံဆိုးသလား ၊ ကောင်းသလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး



ဒီနေ့ ( ၂. ၀၆ .၂၀၁၈) ဆယ်တန်းအောင်စာရင်း ထွက်ပါသတဲ့။ ပျော်သူ၊ မော်သူတွေထက် နှစ်ဆရှိတဲ့ လူငယ်တွေကတော့ တိတ်တဆိတ်ကြေကွဲနေကြပါလိမ့်မယ်။ ဖြစ်လေ့ဖြစ်ထ  ကိစ္စမို့ ဆယ်တန်း အောင်စာရင်းနဲ့ ပတ်သက်ပြီး အထူးပြောစရာမရှိပေမဲ့ တိုက်ဆိုင်လို့ပေါ်လာတဲ့ အမှတ်တရ ဖြစ်ရပ်တစ်ခု ကတော့ ပြတ်ပြတ်ထင်ထင် သတိရမိပါတယ်။

ကျွန်တော် ၂၀၀၂ ခုနှစ်က ဆယ်တန်းအောင်ပါတယ်။ အမှတ်စာရင်းထွက်လာတော့လည်း အားရစရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွန်ပျော်ပါတယ်။ အလွန် ဂုဏ်ယူပါတယ်။ ဆင်းဆင်းရဲရဲနဲ့ အောင်ရလို့ ပိုပျော်လေသလား ပြန်တွေးမိပါတယ်။ ဆင်းရဲသားဖြစ်ရတာ ကောင်းတဲ့အချက်လည်းရှိပါတယ်။

တိုက်ဆိုင်လို့ သိုးဆောင်း ပုံပြင်လေးတစ်ပုဒ် သတိရမိပါတယ်။ ဘုရင်နဲ့ သမားတော်တစ်ဦး အကြောင်းပါ။ တောကစားထွက်ရတာ ဝါသနာပါတဲ့ ဘုရင်ဟာ သွားလေရာရာမှာ သမားတော်ကိုခေါ်သွားပါသတဲ့။ တစ်ရက်တော့ ဘုရင့်ရဲ့ လက်ချောင်းလေး တစ်ချောင်းမှာ ဒဏ်ရာရပြီး ပိုးဝင်ပါရောဗျာ။ သမားတော်လည်း ကြိုးစားကုပါတယ်။

“သမားတော်ရယ် ကိုယ်တော် ကံဆိုးလို့ထင်တယ်၊ ဒဏ်ရာက မသက်သာပါလား”
“မင်းကြီး ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး”

တောထဲမှာဖြစ်တော့ ဆေးဝါးကလည်း သိပ်မပြည့်စုံဘူး ထင်ပါတယ်။ ဘုရင်က အငြိမ်မနေတဲ့ ဘုရင်မျိုး ဖြစ်ပါလိမ့်မယ်။ တိုတိုပြောရရင် ဘုရင့် လက်ချောင်းလေးဟာ ပြန်မကောင်းတော့ဘဲ ဖြတ်လိုက်ရပါတယ်။ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားလို့ စိတ်တိုနေတဲ့ ဘုရင်က သမားတော်ကို ကျိန်းမောင်းပါတော့တယ်။ သမားတော်ကတော့ စကားတစ်ခွန်းကိုပဲ ထပ်ပြောပါတယ်။ .
“မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး” တဲ့။ 

ဒီလောက်တောင် ဖြစ်တဲ့ သမားတော်ကွာ ဆိုပြီး ဘုရင်ဟာ နန်းတော်ပြန်ရောက်တော့ ထောင်သွင်း အကျဉ်းချလိုက်ပါတယ်။ သမားတော်ဟာ အရင်လိုပဲ စကားတစ်ခွန်းပြောပါတယ်။ “မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး”

သမားတော်မပါလည်း ဘုရင် ကတော့ တောကစား ထွက်မြဲ ထွက်ပါတယ်။ တစ်ရက်တော့ အမဲလိုက်ရာ က နယ်ကျွံပြီး လူရိုင်းတွေက ဘုရင်ကိုဖမ်းမိသွားပါတယ်။ ဘာသာရေး အရ အထွတ်အမြတ်ပူဇော်ပွဲ တစ်ခုနဲ့ တိုက်ဆိုင်နေလို့ လူရိုင်းတွေဟာ ဘုရင်ကို ယဇ်ပူဇော်ဖို့ လုပ်ကြပါတယ်။

သတ်ကာနီးမှ နတ်ဆရာဟာ ဘုရင်မှာ ကိုယ်လက်အင်္ဂါ မစုံတာတွေ့ပြီး ပြန်လွှတ်လိုက်ပါတယ်။ ဘုရင် လည်း ကံဆိုးလို့ လက်ချောင်း ပြတ်တယ်။ ပြတ်တဲ့ လက်ချောင်းကြောင့်ပဲ ကံကောင်းပြီး အသက် ချမ်းသာရာ ရပါလားလို့ တွေးမိသွားပါတယ်။

နန်းတော်ပြန်ရောက်တဲ့အခါ သမားတော်ကြီးကို ထောင်က လွှတ်စေပါတယ်။ သမားတော်ကို ပြန်ပြီးတောင်းပန် တာပေါ့။ ဖြစ်တတ်တဲ့သဘောကို နားမလည်ဘဲ မောင်မင်းကို ထောင်ချမိတာ ခွင့်လွှတ်ပါပေါ့။ အဲဒီတော့ အမတ်ကြီးက...

“ မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ မင်းကြီးသာ ထောင်မချရင် ကျွန်တော်မျိုးလည်း မင်းကြီးနဲ့ တောကစားထွက်တာကို လိုက်ရမယ်။ လူရိုင်းတွေဖမ်းတာ ခံရမယ်။ ပြီးတော့ မင်းကြီးဟာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းလို့ ယဇ်အပူဇော် ခံရတဲ့ဘေးက လွတ်မြောက်ရင် ကိုယ်လက်အင်္ဂါ ပြည့်စုံတဲ့ ကျွန်တော်မျိုးဟာ မင်းကြီးအစား ခံရပါလိမ့်မယ်။ ဒါကြောင့် ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး” တဲ့ဗျာ။

ဆင်းရဲသားဖြစ်ရတာ ကောင်းတဲ့အချက်လည်း ရှိပါတယ်။ ဆိုခဲ့တဲ့ ပုံပြင်လေးထဲကလို တွေးရင်ပေါ့ဗျာ။
ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိပါတယ်။ အသက်ငါးနှစ်လောက်ကွာပေမဲ့ မင်းကွာ၊ ငါကွာ ပြောတတ် ပါတယ်။ ဘယ်လောက် ညီညွတ်ချစ်ခင်သလဲ ဆိုတော့ မျက်နှာချင်းဆိုင်မိရင် ဆယ်ငါးမိနစ် ကျော်တာနဲ့ အလိုလိုရန်ဖြစ်ပါတယ်။

သူ့အသက် ၄၁ နှစ်၊ ကျွန်တော့် အသက် ၃၆ နှစ်။ မငယ်ကြတော့ပါဘူး။ ဒါပေမဲ့ တွေ့ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်က အတိုင်း ရန်ဖြစ်မြဲ ဖြစ်ကြတာပါပဲ။ ညီညွတ်တဲ့ကာလ အလွန်ရှားပါတယ်။ တစ်ခါပဲ ညီညီညွတ်ညွတ် တိုင်ပင်ခဲ့ဖူးပါတယ်။

အစ်ကိုကြီး ဆယ်တန်း။ ကျွန်တော်က ခြောက်တန်း။ မိဘတွေဟာ စီးပွါးပျက်ကြပါရော။ နေ့ဖို့ညစာတောင် မရှိတဲ့အဖြစ်ကို ရောက်ကြရပါတယ်။ မနက်စာစာပြီးလို့ ညစာဘယ်နေမှန်းမသိခဲ့ပါဘူး။ အိမ်မှာ အကြွေးတောင်း သမားတွေနဲ့ နေ့ည မပြတ် စည်ကားပါတယ်။