Tuesday, January 31, 2017

တစ်ဖက်မြင် တစ်ဖက်ကန်းသောသူ စုံလုံး ကန်းသောသူနှင့် မျက်လုံးနှစ်ဖက် မြင်သည့်လူ



လူ သုံးမျိုးနှင့် အမြင် သုံးမျိုး

  ဤလောကကြီးတွင် မှီတင်းနေထိုင်ကြသည့် သတ်ရှိ သတ္တ၀ါတို့ကို ထို အန္ဓသုတ်တော်ဖြင့် မြင်ကြည့်ပါက အုပ်စု သုံးမျိုးသာ ထွက်လာသည်။ 

(၁) လောက မျက်လုံး၊ ဓမ္မမျက်လုံး စုံလုံးကန်းနေသော၊ အမြင်နှစ်ဖက် ချို့တဲ့နေသော (အန္ဓစက္ခု) ပုဂ္ဂိုလ် တစ်စု။
 
(၂) လောက မျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော၊ ၀ါ- တစ်ဖက်မြင် တစ်ဖက် မလင်းသော (ဧကစက္ခု) ပုဂ္ဂိုလ် တစ်စု။

(၃) လောက မျက်လုံးကော ဓမ္မ မျက်လုံးပါ အလင်းနှစ်ဖက် ရှိသော၊ ၀ါ- နှစ်ဖက်မြင် နှစ်ဖက်လင်း ရှိသော (ဒွိစက္ခု) ပုဂ္ဂိုလ် တစ်စု။”ဟု ပုဂ္ဂိုလ် သုံးမျိုးရှိသည်။ (တယောမေ ဘိက္ခဝေ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ အံ-၁-၁၂၆) ဤ သုတ်တော်သည် လူတန်းစား သုံးမျိုး၊ အဆင့်သုံးမျိုး ခွဲခြားပေးလိုက်ခြင်းဖြစ်သည်။

  (၁) အန္ဓစက္ခု-စုံလုံးကန်း၊ အလင်းနှစ်ဖက်မရသော ပုဂ္ဂိုလ်

လောကကြီးပွားရေးအတွက် ဥာဏ်အမျှော်အမြင် မရှိသူ၊ သံသရာကြီးပွားရေး အတွက် ဥာဏ်ပညာ မရှိသူကို စုံလုံး ကန်းနေသူ၊ အလင်းနှစ်ဖက် မရသူဟု ဆိုသည်။ ထိုသူသည် လက်ရှိ ဘ၀မှာလည်း ပြည့်စုံ မှု မရနိုင်၊ စိတ်ချမ်းသာမှု မရနိုင်။ လောကလူသားတို့သည် ပတ်ဝန်းကျင်နှင့် နေကြရသည်၊ အသိုင်းအ၀န်းနှင့် နေကြရသည်ဖြစ်ရကား ကိုယ့်ရဲ့ စားဝတ် နေရေးအပြင် ရပ်ရေး၊ ရွာရေး၊ တိုင်းရေး ပြည်ရေး ကိစ္စတွေ၊ အနီးပတ်ဝန်းကျင်၏ သာရေး နာရေး ကိစ္စတွေ ရှိကြသည်။

  ထိုကဲ့သို့ ကိစ္စများမြောင် လူတို့ဘောင်မှာကား မရှိမဖြစ် လိုအပ်နေသည်ကား ထိုကဲ့သို့သော လူ့ ပတ်ဝန်း ကျင်နှင့် အဆင်ပြေအောင်၊ လိုက်လျှော ညီထွေရှိအောင် နေတတ်ဖို့ ဆိုသည်မှာ လောက မျက်လုံး၊ လူမှုရေး အမြင်၊ စီးပွားရေး အမြင် အလွန် လိုအပ်လှပါသည်။ စီးပွားရေးမှာ တိုးတက် လာအောင်၊ ရရှိနေပြီးသည်ထက် ပိုရလာအောင် စွမ်းနိုင်သည့် စူးရှသည့် လောက မျက် လုံး၊ ရရှိပြီးသားတွေကို ကျ မသွားအောင် ထိန်းထားနိုင်သည့် အမျှော်အမြင်များ အတွေးအခေါ်များ လိုအပ်သည်။

  ထိုကဲ့သို့ လောက မျက်လုံး မရှိသူသည် “အူမတောင့်မှ သီလစောင့်” ဆိုသကဲ့သို့ စားစရာ နေစရာ ရှားပါးနေသူများ၊ မရှိသူများမှာ နေစရာ အတွက် စားစရာ အတွက် တစ်ဘ၀လုံး အချိန်ပေးနေရသည့် အတွက် လောကမျက်လုံး မရှိနိုင်၊ လောကမျက်လုံး မရှိသော သူသည် ဓမ္မ မျက်လုံး၊ ဓမ္မအမြင်များ ရရှိနိုင်ဖို့ အလွန်ခက်ခဲသွားသည်။ လောက မျက်လုံး မရှိသောသူသည် သံသရာ အတွက် မစဉ်းစားနိုင်ဘဲ ရှိနေသည်၊ လက်ရှိ ဘ၀ ခက်ခဲနေသူသည် နောင်ရေး အတွက် မျှော်လင့် တောင့်တနေမည်မဟုတ်။ သို့အတွက် သံသရာကြီးပွားရေး အတွက် ဓမ္မမျက်လုံးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ အလွန့် အလွန်ကို ခက်ခဲသွားတော့သည်။

မြတ်ဗုဒ္ဓ လက်ထက်တော်အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသည့် သူဌေးသား တစ်ယောက်သည် ငယ်စဉ်က တည်း က ဘာ ပညာမှ မသင်၊ မိဘများသည်လည်း “သူတို့ ပိုင်ဆိုင်ထားသည့် စည်းစိမ်များသည် သူတို့ သားလေး တစ်သက် မကုန်နိုင်”ဟု ယူဆ ထားခြင်းကြောင့်နှင့် သားလေးကို ချစ်လွန်း၍ ပညာသင်လျှင် သား ပင်ပန်းမည်ဟုသော သားအပေါ်ထားရှိသည့် ကရုဏာ များကြောင့် သူတို့မျက်စိအောက်မှာ သားလေးကို ပညာသင်ခွင့်မပေးခဲ့။

  မိဘများ ၏ သား အပေါ် ထားရှိသည့် မဟာ အမှား တစ်ခုဖြစ်သည်။ ကရုဏာ ပညာ ဟန်ချက်ညီအောင် ထားနိုင်ခြင်း မရှိသည့် မိဘများ၏ အမှားကြောင့် သားလေး တစ်ယောက် ပညာမဲ့ လူတန်းစား တစ်ယောက်ဖြစ် ရသည်။ မိဘများ ကွယ်လွန်သည့် အခါ ထို ပညာမဲ့ သူဌေးသားလေးသည် တစ်ယောက်တည်း ကျန်ရစ်သည်။ 

မိဘများ ရှာဖွေထားသည့် ကုဋေရှစ်ဆယ် ပစ္စည်းများကို မိမိ လက်ထက်မှာ တိုးပွားလာအောင် စွမ်းဆောင်နိုင်သည့် ပညာမရှိ၊ ထို ရှစ်ဆယ်သော ကုဋေမှ လျှော့ကျ မသွားအောင် ထိန်းထားနိုင်သည် လောက မျက်လုံး လည်း မရှိ၊ ပေါင်းသင်းထိုက်သူ မပေါင်းသင်းထိုက်သူ များကို ခွဲခြားသိမြင်သော လူမှုရေး ပညာ၊ ကောင်း ၏ မကောင်း ၏၊ အပြစ်ရှိ အပြစ်မရှိ၊ လုပ်သင့် မလုပ်သင့်သည်များကိုလဲ ခွဲခြားသိမြင်းသော ဓမ္မမျက်လုံးလည်း မရှိ၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်သည့် အတွက် လူလိမ် လူညာများ၊ အမူးသမား အရူးသမား၊ အပျော်ကျူး၊ အလောင်း ကစားကျူး သူများနှင့်ပေါင်းမိကာ ရှိသမျှ ပစ္စည်းတွေလည်း ကုန်၊ နေစရာ အိမ်ပါ မကျန်တော့သဖြင့် ထိုလူမိုက်များနှင့်ပေါင်းကား သူခိုး ဓားပြ ဘ၀သို့ ရောက်သွားလေတော့သည်။

  အကယ်၍သာ ပထမ အရွယ်၊ သို့မဟုတ် ဒုတိယ အရွယ်၊ သို့မဟုတ် တတိယ အရွယ် တစ်ခုခုမှာ လောကမျက်လုံးရှိခဲ့ရင် သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ် တစ်ခုခု ဖြစ်နိုင်ခွင့် ရှိသေးသည်။ အလားတူပင် ထို အရွယ်သုံးပါ တစ်ပါးပါးတွင် ဓမ္မမျက်လုံး အလင်းရှိခဲ့ပါက ထို တစ်ရွယ်ရွယ်တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာမဂ်အဆင့်ထိ တစ်ဆင့်ဆင့်သို့ ရောက်နိုင်မည်။

သို့သော် နှစ်ဖက်ကန်း၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ထို လောက အခွင့်ရေး ဓမ္မ အခွင့်အရေးနှစ်ခုလုံး ဆုံးရှုံးကာ လက်ရှိ ဘ၀မှာလဲ ဆင်းရဲပေါင်းများစွာဖြင့် လူလုံးမလှ အပူလုံးကြွကာ၊ နောင်ဘ၀ အသစ်မှာတော့ အပါယ်လေးပါး လားရတော့သည်။


နာမည်ကျော် တို့ရဲ့ထူးခြားတဲ့ အဆီချနည်းများ



အမျိုးသမီးတိုင်း အဆီကျပြီး သွယ်လျ လှပနေဖို့ အတွက် နည်းလမ်းမျိုးစုံ သုံးကာ အဆီချလေ့ ရှိပါတယ်။ အဲဒီထဲက ထူးခြားတဲ့ အဆီ ချနည်း အချို့ ကို ရွေးချယ် ဖော်ပြ လိုက်ရပါတယ်။

မက်ဒေါနား ၏ အဆီချနည်း
****************************
နာမည်ကျော် ပေါ့ပ် ဘုရင်မ မက်ဒေါနား ဟာ လေနဲ့ အဆီချနည်း ဆိုတဲ့ နည်း လမ်းကို အသုံးပြုပါတယ်။ သူ့ရဲ့ နည်းလမ်း ကတော့ အစားအသောက်တွေကို အမှန်တစ်ကယ် မစားဘဲ အဲဒီ အစားအသောက်က ထွက်လာတဲ့ အငွေ့ ကိုပဲ ရှူရှိုက်တဲ့နည်း ဖြစ်ပါတယ် ။ ပြင်သစ် မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်ပြီး ထိရောက် မှု ရှိတယ်လို့ ဆိုပါတယ်။

ဘီယွန်စေး ၏ အဆီချနည်း
****************************

ထိပ်တန်း အဆိုတော် တစ်ဦးဖြစ်တဲ့ ဘီယွန်စေး ဟာ သူ့ရဲ့ ခန္ဓာကိုယ် အလေး ချိန် လျင်လျင်မြန်မြန် လျော့ကျဖို့ အတွက် အဖတ်လုံးဝ မစားတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူဟာ ၁၄ ရက် လုံးလုံး သံပရာရည်၊ သကြားရည်၊ ငရုတ်ကောင်း မှုန့် နဲ့ ရေ ကိုပဲ သောက်သုံးပြီး နေခဲ့တာကြောင့် ပေါင် ၂ဝ လောက် မြန်မြန်ဆန်ဆန် ကျသွားခဲ့ပါတယ်။ ဒီနည်းလမ်း ဟာ ခန္ဓာကိုယ် ကိုလည်း သန့်စင်စေတယ်လို့ ဆိုပါတယ်။

ရီစီဝစ်သာစပွန်း ၏ အဆီချနည်း
*******************************
ဝစ်သာစပွန်း ဟာ ကလေးစားတဲ့ အစားအစာတွေ ကိုပဲ ဓာတ်စာ အဖြစ် စားသုံးတယ်လို့ ဆိုပါတယ်။ သူဟာ ပုံမှန် အစားအသောက်တွေ နေရာမှာ ကလေး သူငယ်တွေကို ကျွေးတဲ့ အာဟာရမှုန့် လို အစားအသောက်တွေကို ပြောင်းလဲ စားသောက်ပါတယ်။ ပမာဏ ကလည်း နည်းပါတယ်။ ဒီအစားအစာ တွေဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေသာ ပါဝင်ပြီး အပို ထပ်ဆောင်း ပစ္စည်းတွေ မပါဘူးလို့ ဆိုပါတယ်။


ဘီလူးစီးခြင်း (Sleep Paralysis)



ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေ လက်တွေ လှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ် လို့ခေါ်တဲ့ အခြေအနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့ လန့်သွားလောက်တဲ့ အတွေ့အကြုံ တစ်ရပ်ပါ။

Sleep Paralysis ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာ ကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင် တဲ့ မူ မမှန်တဲ့ ရောဂါ တစ်မျိုးမျိုး ရှိနေသူတွေမှာ သာ ပိုဖြစ်တတ်ပါ တယ်။

ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါလောက်ပဲကြုံ တတ်ပါတယ်။ RISP ကတော့ ခဏခဏ ပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာ ဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင် ပါတယ်။ တစ်ညတည်း ကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။

ဘီလူး စီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ ကတော့ အတော် လက်ဝင် ပါတယ်။ ဒါပေမယ့် လည်း ဘာကြောင့်လည်း ဆိုတဲ့ အဖြေအတိ အကျတော့ မရှိဘဲ သီအိုရီ သဘောတရားအရပဲ ရှိပါသေးတယ်။

လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့် ခွဲပါတယ်။ အဲဒီ တစ်ဆင့်ခြင်း ဆီမှာကိုပဲသူနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ် ရဲ့တုန့်ပြန် မှုတွေရှိပါတယ်။ တစ်ညတာ အိပ်စက်တဲ့ အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။

အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝ အိပ်ပျော်သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာ လူတွေပာာ အိပ်မက် မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေ မယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တစ်ကယ် ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီး ထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိပါလိမ့်မယ်။


သွေးကြောများ ယောင်ကိုင်း ပွထ နာကျင်ခြင်းမှ သက်သာပျောက်ကင်းစေဖို့





သွေးကြောများ ယောင်ကိုင်းခြင်း နဲ့ သွေးကြော အတွင်း သွေးခဲခြင်း တို့ကို သက် သာပျောက်ကင်းစေတဲ့ ဆေးနည်းကို မျိုးဆက် တစ်ခုမှ တစ်ခုသို့ လက် ဆင့် ကမ်း ရရှိလာခဲ့တာပါ။ ယခုလို လုပ်တာဟာလည်း ဆေးရဲ့ အံ့သြဖွယ် အစွမ်း ထက် မှုကြောင့်ပဲ ဖြစ်ပါတယ်။ 

အဆိုပါဆေးဖော်စပ်ဖို့ သိုးနို့စိမ်း (၁) ခွက် နဲ့ ကလေးသုံး ဆပ်ပြာ (၁) တုံးတို့ ပဲ လိုအပ်ပါလိမ့်မယ်။ ပထမဆုံး ဆပ်ပြာ ကို နို့နဲ့ ရောချေလိုက်ပါ။ ပြီးရင် အနာဖြစ်တဲ့နေရာကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အောက်ကနေ အပေါ်ကို နှိပ်ပေးရမှာဖြစ်တယ်။ 

အဲဒီအတိုင်း အနည်းဆုံး တစ်နေ့ (၃) ကြိမ်လုပ်ပေးပါ။ နောက် ခြေထောက် လိမ်းဖို့ (၁၀) ရက်စာ အတွက် ထပ်မံဖော်စပ်ပါ။ စပြီး ကုသ တဲ့ အချိန်ကနေ (၁) လ အထိ တစ်ရက် (၃) ကြိမ် ပုံမှန်နှိပ်ပေးရမှာဖြစ် တယ်။  

Sunday, January 29, 2017

ဘုရား အနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ / မရ



ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာ တင်မှ အသက် ဝင်တယ် ။ အနေကဇာ မတင်ရင် အသက် မဝင် ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာ တင်မှ ဘုရားဖြစ်တာ အနေကဇာ မတင်ဘဲ ကိုးကွယ်ရင် ကုသိုလ် မရဘူးလို့လဲ ပြောကြပါတယ် ။ တစ်ချို့က အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။

ယ္ခု အယူအဆတွေက မှားပါတယ် ။ တစ်ကယ်တော့ အနေကဇာ တင်တယ် ဆိုတာ မြတ်ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံ မွန်းမံခြင်းလို့လဲ ဆိုနိုင် ပါတယ် ။ အနေကဇာ တင်တော့ အနေက ဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ် အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။

ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက် ဝင်လာတာတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာတွေ ကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကို ကိုးကွယ်တာပါ ။ စေတီ ရုပ်ထု ဆိုတာက ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။ စေတီ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တ ကို ပူဇော်နေကြတာပါ။

မိမိစိတ် က ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမည မျှသာ ဖြစ်ကြပါတယ် ။ ဒါကြောင့် မိမိ အနေ နဲ့ ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကို ရည် မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။ မြတ်ဗုဒ္ဓ အား မိမိ ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။

စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါ တရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။

မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)

___________________________________________________


အနေကဇာတင်ခြင်း ရသ 
***************************

“အနေကဇာ မတင်လျှင် ဘုရားအဖြစ် ကိုးကွယ်မရ၊ အနေကဇာတင်ပါမှ ဘုရားအဖြစ် ကိုးကွယ်လို့ ရ သလား” ဆိုတော့ မဟုတ်ပါ။ ဘုရား ရုပ်တုတော် ဆင်းတုတော်အဖြစ် ထုလိုက်သည်နှင့် တပြိုင်နက် ရိုသေလေးစားဖို့ တာဝန်ရှိသွားပါပြီ၊ ‘ဘုရား’ ဟု ‘ဘုရားဆင်းတု’ ဟုသာ ခေါ်ကြပါသည်။ တစ်စုံတစ်ယောက်မျှ ခြင်္သေ့ရုပ် ဆင်ရုပ် စသည် မခေါ်ကြပါဘူး၊ ရုပ်ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် “ဒါ ဘုရားပဲ၊ မရိုမသေ မလေးစားလုပ်လျှင် အပြစ်ရှိသည်” ဟု ယုံကြည်ထားကြပါသည်။ 

ဘုရား ထုလုပ်သော လူတွေ ကတော့ အနေကဇာ မတင်ရသေးလျှင် ဘုရား မဖြစ်သေးဘူး ဟူ၍ ထင်မှတ် တတ်ကြပါသည်။ ဘုရား ဟူ၍ သတ်မှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓဘာသာ အားလုံးက သမ္မုတိသစ္စာ သဘောအရ ဘုရားဟူ၍ အသိအမှတ် ပြုထားသည့် အတွက်ကြောင့် ဘုရားပဲ ဖြစ်ပါသည်။ မရိုမသေ မလေးမစားလုပ်လျှင် အပြစ်ရှိပါသည်။ ဘုရား ဆင်းတု ထုလုပ်ကြပါကုန်သော ဆရာများ သတိ ထားဖွယ်ရာ အဖြစ် ကြားညှပ်ကာ ရေးသားပေးရပါသည်။ ထို့ကြောင့် အနေကဇာ မတင်လည်း ဘုရားအဖြစ် ကိုးကွယ်နိုင်ကြပါသည် ဟူ၍ ဦးစွာ အကျဉ်းအားဖြင့် မှတ်သားပေးကြစေလိုပါသည်။ 


မလို လောဘ ယူမရ



ရှေးလွန်ခဲ့ပြီးတစ်ခုသော ဘ၀တွင် ဇောတိက အလောင်းသည် ကြံခင်းပိုင်ရှင် ဖြစ်ခဲ့၏။ တနေ့သ၌ ကြံ တချောင်း ကို ယူလာရာ လမ်းတွင် ဆုံမိသော ရှင်ပစ္စေက ဗုဒ္ဓါတစ်ပါးကို လှူလိုက်၏။ ထိုကောင်းမှုကြောင့် နတ်ပြည် ၌ အကြိမ်ကြိမ် ခံစားပြီးနောက် ၀ိပဿဿီ မြတ်စွာဘုရား ပွင့်တော်မူသော အခါ သူဌေးကြီးဖြစ်ပြီး ရတနာ ခုနစ်ပါးဖြင့်ပြီးသော ရတနာခုနစ်ပါး အပြည့်ခင်းထားသော ကျောင်းတော်ကြီး ဆောက်လှူ၏။

ကျောင်းသို့ ရောက်လာသူတိုင်းကို အလိုရှိသမျှ ယူသွားစေ၏။ ထိုအတွင်း ပုဏ္ဏား တစ်ယောက်သည် ဘုရားခြေတော်ရင်း က ပတ္တမြား ကို ခိုးယူပြီး ၀ှက်ထားသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်ရ၏။ မြတ်စွာဘုရားထံ ချဉ်းကပ်၍ နောင်ဘ၀ အဆက်ဆက် ဘုရား တပည့်တော်၏ ပစ္စည်းမှန်လျှင် ချည်မျှင် တစ်မျှင်မျှ မယူနိုင်ပါစေသတည်း-ဟု ဆုတောင်းသည်။ ထိုအခါ ဘုရားရှင်က ခွင့်ပြုတော်မူ၏။

ရှင်တော်ဂေါတမ လက်ထက်တွင် အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဖြစ်လာပြန်၏။ မြတ်ဗုဒ္ဓ သီတင်းသုံးရန် အတွက် ကျောင်းဆောက်ရန် မြေရှာ၍ ပြုပြင်ရာ သိကြားမင်းသည် လက်သမား အသွင် ဖန်ဆင်း၍ သူဌေးထံ ချဉ်းကပ်လာ၏။ ဤတွင် မြေပြုပြင်ရေး၊ အစစ လိုလေသေးမရှိ စီမံရေး၊ ကျောင်းဆောက်ရေးတို့ကို စီစဉ်၍ ပြီးစေ၏။ ပြီးလျှင် ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော ဘုံခုနစ်ဆင့် ပြသာဒ်နှင့်တစ်ကွ ရတနာအမျိုးမျိုးဖြင့် စီခြယ်ထားသော အမိုးအကာ၊ နံရံ တံခါး လှေကား စသည်တို့ကို လိုလေသေးမရှိ ထူးခြားအံ့သြဘွယ် ဖြစ်ပေါ်စေ၏။

တနေ့သ၌ ဇောတိက ၏ ကျောင်းကို ကြည့်ရန် ကျောင်းတော်သို့ ဗိမ္ဗိသာရမင်းကြီး ရောက်လာ၏။ သားတော် အဇာတသတ် မင်းသားငယ်ကိုလည်း လက်ဆွဲလျက် ခေါ်လာခဲ့၏။ သားတော်သည် ချက်ချင်း အကြံပေါ်လာ ၏။ ငါ၏ ခမည်းတော်သည် ညံ့လှချေတကား၊ သူဌေး ဆိုသူက ရတနာပြာသာဒ်နှင့် နေနိုင်ပါလျက် တို့ကတော့ သစ်သားနန်းတော်ဖြင့်သာ နေနိုင်၏။ ငါသာ မင်းဖြစ်ခဲ့လျှင် ဤ အဆောက်အအုံ ကို သိမ်းယူမည်- ဟု စိတ် ကူးမိသည်။

အဇာတသတ် မင်းသားသည် ဖခင်မင်းကြီးကို သတ်ပြီးသော အခါ စစ်သည်ဗိုလ်ပါ စုဆောင်း၍ ဇောတိ က နေအိမ်ကို တိုက်ခိုက်ရန် ရောက်လာ၏။ ဤတွင် အရပ်လေးမျက်နှာ၌ နတ်ဘီလူးများ ကာကွယ်စောင့်ရှောက်နေ သဖြင့် တံတိုင်း အနီးသို့ပင် ကပ်ရန် မတတ်နိုင်ပေ။ စိတ်ပျက်နေသော အဇာတသတ်သည် စစ်ရှုံး၍ အပြန်တွင် ဝေဠုဝန်ကျောင်းတော်သို့ဝင်ရာ ဇောတိက သူဌေးကို တွေ့ရသဖြင့် အမျက်ဒေါသ ဖြစ်သွားသည်။ 


သင်သည် သူတော်ကောင်းယောင်ဆောင်၍ ဘုရား အနားကပ်နေ၏။ သင့်စစ်သည်များကို ငါ့ စစ်သည်များနှင့် တိုက်ခိုက်ရန် စီမံထားခဲ့သည် မဟုတ်လော-ဟု စွပ်စွဲ၏။ ဇောတိက သည် သူ မရှိမီ သူ့အိမ်ကို တိုက်ခိုက်ရန် အဇာတသတ်မင်း သွားသည်ကို ရိပ်မိလိုက်၏။ သူဌေးက အဇာတသတ်မင်းကို-

အရှင် ကျွန်တော်မျိုး သဘောမတူလျှင် ကျွန်တော်မျိုးပိုင်သော ပစ္စည်း ချည်မျှင် တစ်မျှင်မျှပင် ယူရန် မတတ်နိုင်ပါ။ ယခု ကျွန်တော်မျိုး ၀တ်ထားသော လက်ဝတ်ရတနာ စသည်တို့ကို အရှင် လိုချင်လျှင် ဖြုတ်ယူကြည့်ပါ-ဟုပြော၏။ အဇာတသတ်မင်းသည် အဖိုးမဖြတ်နိုင်သော လက်စွပ် ကျောက် စသည်တို့ကို အားရှိ သမျှ အ တင်းကြိုးစားဖြုတ်ယူရာ ချွေးဒီးဒီးပင် ကျလာသည်။ သို့သော်လည်း ဇောတိက လက်ပေါ်ရှိ ပစ္စည်းများကား ရွေ့လျား၍ပင် မလာပေ။ ထို့နောက် အဇာတသတ်မင်းကိုကြည့်၍ လက်စွပ် အားလုံး ယူလိုလျှင် လက်ဝါးဖြန့်တော်မူပါ-ဟု ပြောပြီး သူ၏ လက်ကို လှုပ်ခါချလိုက်ရာ လက်စွပ်များ အလွယ်ကူ လျှောကျကုန်သည်။ 



အပြစ်မရှိသော ကောင်းမှုကိုပြုခြင်း



အပြစ်မရှိသော ကောင်းမှုကို ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း ၏ အကြောင်းတစ်ရပ် ဖြစ်သည်။

(အပြစ် မရှိသော ကောင်းမှုများကား ဥပုသ်စောင့်ခြင်း၊ ဝေယျာဝစ္စပြုခြင်း၊ အများ အရိပ် နားခိုနိုင်ရန် သစ်ပင် စိုက်ခြင်း၊ အများ သုံးရန် ဥယျာဉ် တည်ခြင်း၊ တံတားဆောက်ခြင်း၊ လမ်းပြင်ခြင်း၊ ရေတွင်းရေကန် တူးခြင်း  စသည့် ကောင်းမှု အလုပ်များး ဖြစ်ကြောင်း သပြေကန် ပရိတ်ကြီး နိဿ      ယသစ်၌ ဖော်ပြထားသည်။)


တစ်ခါသော် မဂဓတိုင်း ရာဇဂြိုဟ်ပြည် မစလရွာ၌ မာဃ အမည်ရှိသော လုလင် တစ်ယောက်ရှိသည်။ သူ သည် ငါးပါးသီလမြဲသည်။ အလှူဒါန တို့၌ မွေ့လျော်သည်။ သူ့တွင် စိတ်တူ ကိုယ်မျှ ရှိကြသော အဖော် လု လင် သုံးကျိပ် သုံးယောက်တို့ ရှိသည်။

သူတို့သည် မာဃ လုလင်နှင့် စုပေါင်း၍ ကောင်းမှု ကုသိုလ်များကို လုပ်ဆောင်ကြသည်။ စုပေါင်း၍ လူသွားလမ်း တို့ကို ဖောက်လုပ်ကြသည်။ လှည်းလမ်း တို့ကို ပြုပြင်ကြသည်။ တံတား ခင်းကြသည်။ ရေတွင်း ရေ ကန်များ တူးကြသည်။ ဇရပ်ဆောက်ကြသည်။ အလှူပေးကြသည်။ သီလဆောက်တည်ကြသည်။ သူတို့ကျေးဇူးကြောင့် ရွာသားတို့ ကောင်းကျိုးချမ်းသာ ရကြသည်။ သီလစောင့်လာကြသည်။

ရှေးအခါက မစလရွာသည် ငြိမ်းချမ်းသာယာခြင်း မရှိ။ ရွာသားတို့သည် သောက်စား မူးယစ်ကာ မကောင်းမှုများကို ပြုကြသဖြင့် ရာဇ၀တ်မှု ထူပြောလှသည်။ ထိုအခါ မစလ ရွာစားမှာ အမှု စီရင်ရသဖြင့် လာဘ်သပ် ပကာ များစွာ ရရှိသည်။ ယခုအခါတွင်မူ မာဃ လုလင်နှင့် အဖော်များ၏ ဆောင်ရွက်မှုတို့ကြောင့် ရွာမှာငြိမ်းချမ်းသာယာနေသည်။ ရာဇ၀တ်မှု ကင်းဝေးနေသည်။ ရွာစားမှာ အမှုမစီရင်ရ။ လာဘ်သပ်ပကာ ဆုတ်ယုတ်လေတော့သည်။

ဤတွင် ယုတ်မာသော ရွာစားသည် မာဃလုလင် တို့ ပျက်စီးရန် ကြံရွယ်သည်။ သူသည် မင်းထံ ချဉ်းကပ်ပြီးလျှင် မာဃလုလင်နှင့် အဖော်သုံးကျိပ်သုံးယောက်တို့သည် ရွာကို ဖျက်ဆီးလျက်ရှိကြပါသည်ဟူ၍ လျှောက်တင်သည်။ မင်းလည်း မိုက်မဲသဖြင့် မာဃလုလင် တို့ကို စစ်ဆေးခြင်းမရှိ။ သင်းတို့ကို ဆင်ဖြင့်နင်း၍ သတ်စေ-ဟူ၍ အမိန့်ချမှတ်လိုက်သည်။



ဘုရားစေတီတွေရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေ ထားခြင်းရဲ့ အဓိပ္ပါယ်



ဘုရားစေတီတိုင်း လိုလိုရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေ ရှိတာ အားလုံးသိကြမှာပါ။ ဘာကြောင့် ဒီလိုထားရ သလဲ ဆိုတဲ့ အကြောင်းကိုတော့ သိသူ ရှိသလို မသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတ အနေနဲ့ ပြန်လည် တင်ပြလိုက်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေ ကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော်ဘုရား လက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူ လတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးက ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြင်္သေ့ ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး-

“ဂေါတမမြတ်စွာဘုရား အလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင် လက်ထက်မှာ ကေသရာဇာခြင်္သေ့မင်းဖြစ် ခဲ့သည်။ တစ်နေ့သော အခါ အလောင်းတော်ခြင်္သေ့မင်း အစာရှာ ထွက်စဉ်တောအုပ် အလယ်နေရာ ၌ ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓ သမာပတ် ဝင်စားလျက် ရှိသည်ကို ဖူးတွေ့လိုက်ရသည်။

 ခြင်္သေ့မင်းသည် လွန်စွာမှ ကြည်ညို အာရုံ ရှိသော ဘုရားဂုဏ်ကို အာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇော အဟုတ် ဖြင့် ခုနစ်ရက် ပတ်လုံး အစာရှာ မသွားတော့ပဲ ဘုရားရှင်၏ ရှေ့မှောက်တွင် ရိုသေဝပ်တွား ပူဇော်ဆည်းကပ်နေခဲ့သည်။

ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓ သမာပတ် မှ ထတော်မူသည့် အခါ ခုနှစ်ရက်ပတ်လုံး ကြည်ညို သဒ္ဓါ ထက်သန်စွာဖြင့် ဝပ်တွား ဆည်းကပ်နေသော ခြင်္သေ့မင်း အား မြင်တွေ့ရ၍ ‘နောင်အခါ ငါကဲ့သို့ပင် ဘုရား စင်စစ် ဧကန်ဖြစ်လတ္တံ’ လို့ ဗျာဒိတ်စကားမြွက်ကြားခဲ့သည်

ထိုသို့ ဘုရားအလောင်း ခြင်္သေ့မင်း ကို အကြောင်းပြု၍ နှောင်းခေတ် လူများသည် ဘုရားစေတီပုထိုးတို့အား ဖူးမြှော်ကန်တော့ရန် ရောက်ရှိသောအခါ အလောင်းတော်ခြင်္သေ့မင်း အား အတုယူပြီး ဘုရားရှင်အား စူးစူး နစ်နစ် ယုံကြည်စွာ ကြည်ညို သဒ္ဓါထားပြီး ဖူးမြှော်ဆည်းကပ် ကိုးကွယ်ရန် ခြင်္သေ့ရုပ်များ တည်ကြခြင်းဖြစ်ကြောင်း မုန်တိုင်ပင် ဆရာတော်ဘုရားကြီးက ရည်ညွှန်းဖွဲ့ဆိုပါတယ်။

မဇ္စိုမဒေသ အာသောက မင်းကြီးကတော့ သူ တည်ခဲ့တဲ့ ဘုရားစေတီ အဆောက် အအုံတွေမှာ ခြင်္သေ့ ရုပ်တစ်မျိုးတင် မကပဲ အခြား တိရစ္ဆာန် အာဇာနည် ၃မျိုး ကိုပါ ထားပါတယ်။ 

ကြက်ကင် အသားစိမ်းတွင် အစာ အဆိပ်သင့်စေသည့် ဗက်တီးရီးယားပိုး တွေ့ရှိ



ထားဝယ်ဒေသတွင် ရောင်းချနေကြသည့် ကြက်ကင်ဆိုင်အချို့မှ ကြက်သားအစိမ်း နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ အစာအဆိပ်သင့်စေသည့် ဗက်တီးရီးယားပိုးများ တွေ့ရှိရကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။

ကြက်ကင်ရောင်းချနေသည့် ဆိုင်များမှ ကြက်သားအစိမ်းတွင် အစာအဆိပ်သင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေသည့် ဗက်တီးရီးယားများ တွေ့ရှိရပြီး အဆိုပါ ကြက်သားများကို အကင်လုပ်စားရန် မသင့်တော်ဘဲ ချက်ပြုတ်ကြော်လှော်ပြီးမှသာ စားသုံးသင့်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌက ဆိုသည်။

“ဒီကြက်သားတွေကို ကျက်အောင်ပေါင်းပြီး ကင်စားမှ စိတ်ချရတယ်” ဟု ယင်းကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ကင်ပြီးသား ကြက်သားကင်များကို နည်းပညာအရ စစ်ဆေးရန် အခက်အခဲ ရှိပြီး ကြက်သားအစိမ်းများ ဓာတ်ခွဲစစ်ဆေးခြင်းကို မကြာခဏ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ကြက်သားကင် ရောင်းချနေသည့် ဆိုင်အချို့မှ ကြက်သားအစိမ်း နမူနာများကို ရန်ကုန်မြို့ရှိ တိမွေးကု ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။

ဓာတ်ခွဲစစ်ဆေးချက်အရ ကြက်သားများတွင် ဗက်တီရီးယားပိုးများ ရှိသင့်သည့် ပမာဏထက် အနည်းငယ် ကျော်လွန်နေသည့်အတွက် ကင်စားရန် မသင့်ကြောင်း အဖြေထွက်သည်ဟု တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။


Monday, January 23, 2017

သေနည်း လေ့ကျင့်ခန်း




ဘ၀ပြတ်အောင် အားမထုတ်နိုင်သေးသည့် သူအတွက် တမလွန် ဘ၀ကူးကောင်းဖို့  စိတ်တိုင်းကျပြင်ပါ။ 
.
ည အိပ်ရာဝင်တိုင်း၊ အိပ်ခါနီး အချိန်မှာ ၊ အာရုံ လေးမျိုးဖြစ်စေသော ....
.
ဒါန အာရုံ၊
သီလ အာရုံ၊
သမထ အာရုံ၊
ဝိပဿ        နာ   ကုသိုလ်  အာရုံ
လေးမျိုးစလုံး ယူထားပါ ။


၁။ အနီးကပ်ဆုံး ဒါနကုသိုလ်
( ည အိပ်ရာဝင်တိုင်း သောက်တော်ရေလှူပါ )
.
၂။ သီလ ကုသိုလ်
( ည အိပ်ရာဝင်တိုင်း ငါးပါး သီလ အသစ် ခံယူပါ )
.
၃။ သမထ ကုသိုလ်
( ည အိပ်ရာဝင်ခါနီးတိုင်း ဘုရား ဂုဏ်တော် တစ်ခုခု ပွားပါ။ သတ္တ၀ါများအား မေတ္တာပို့ ပါ။ )
.
၎။ ၀ိပဿ      နာ    ကုသိုလ်
( ၀ိပဿ       နာ   ရှုမှတ်ရင်း အိပ်ပျော်သွားပါစေ..။  ၀င်လေ ထွက်လေ  ရှုမှတ်ခြင်း သည် အကောင်းဆုံး အိပ်ဆေးဖြစ်ပါသည်။ )



အငှါးမယား စနစ်တွေ တွင်ကျယ် လာတဲ့ မဟာရန်ကုန်မြို့က အငှါးမယားလိုက်သူ ပြောပြချက်



အသားဖြူဖြူနှင့် ငယ်ရွယ် ပျိုမျစ်သည့် အလှတရား များအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ် အရွယ် မိန်းကလေး တစ်ဦး သူ၏ မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့် ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်ေ သွးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။

ကျောလယ်လောက်အထိ ရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာ ဆန်ဆန် ရင်ဖုံး လက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။

သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်း မရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမ ဘဝ ဖြစ်နေသည် ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။

''ကျွန်မ ဒီအလုပ် ကို လက်ခံတာ နှစ်ကြိမ် ရှိပြီ။ ပထမ လက်ခံတဲ့ လူက အသက် ၃ဝ ကျော်ပဲ ရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ''ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။ သူ လက်ခံသည် ဆိုသည့် အလုပ်မှာ အမျိုးသား တစ်ဦးနှင့် တိုက်ခန်း တစ်ခန်းတွင် တစ်လ တန်သည်၊ နှစ်လ တန်သည် အတူနေပေးရသည့် အငှားမယား ဟု ဆိုရမည်ဖြစ်သည်။

ပြည့်တန်ဆာများကို ညည့် ငှက်၊ သွေးသားဈေးသယ်၊ ဇယား၊ လိင်ပိုင်းဆိုင်ရာကို အခကြေး ငွေယူ၍ ဖျော်ဖြေသူ အစရှိသဖြင့် ခေါ်ကြပြီး ထိုစကားလုံးများ ထက် နူးညံ့စွာ ဖြစ်ပေါ်လာသော စကားမှာ အငှားမယားပင် ဖြစ်လေတော့ သည်။

လှိုင်မြို့နယ် အတွင်း သန့်ရှင်း သပ်ရပ်စွာ ပြင်ဆင် ထားသော လေးထပ်တိုက် ခန်း တစ်ခု မှာ မဇာခြည် တစ်ယောက် သူ့ကို ခေါ် ဆောင်ထားသူနှင့် အတူနေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၏ အမြင်မှာမူ လင်မယား ဟုပင် သိထားကြဟန်ရှိသည်။

မဇာခြည်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ အထည်ချုပ် စက်ရုံ တစ်ရုံ တွင် လေးနှစ် နီးပါး အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူသည် မိသားစု စားဝတ်နေရေး အခြေအနေ ကြောင့် ဆယ်တန်းအထိသာ ပညာ ဆည်းပူးခဲ့ရပြီး ညီအစ်မ ဝမ်းကွဲ ၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ် စက်ရုံ တစ်ရုံတွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်း ရရှိသည့် လစာကို မိသားစုထံ ပြန်မပို့နိုင်ရုံသာ မက အဆောင်လခ၊ ဝမ်းစာနှင့်ပင် လုံးလည် လိုက်နေသောကြောင့် အဝတ်အထည် ကိုပင် လူတန်းစေ့ ဝတ်ဆင်နိုင်ရန် မနည်း ရုန်းကန် ရသည်ဟု ဆိုသည်။

''အထည်ချုပ်မှာ လုပ်တုန်းကဆို ဇက်ကြောတွေက တက်၊ ခွဲတမ်း မပြီးရင် Leader တွက အော်ဟစ်ပြီး ဆဲတော့တာ။ တစ်လကို ဝင်ဝင်ချင်း တုန်းက ခုနစ်သောင်း၊ နောက်နှစ်တွေကျမှ တစ်သိန်း လောက်ပဲ ရတာ၊ ပင် ပန်းသလောက် လစာ မရခဲ့ဘူး''ဟု သူ ရပ်တည်ခဲ့ရပုံကို ပြောပြသည်။

အဆိုပါ စက်ရုံတွင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရာမှ ယခုကဲ့သို့ ဘဝမျိုးထဲတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်ပေးခဲ့သူမှာ အတူအလုပ် လုပ်နေသည့် ဝန်ထမ်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။

ယင်းက ''အလုပ်ထဲက သူငယ်ချင်း တစ်ယောက်က ယောက်ျားနဲ့ မိန်းမဖြစ်တာ ဘာဆန်းလဲ။ ဒီမှာပဲ ဆက်ပြီး အလုပ် လုပ်နေရင် ဘာမှဖြစ်မလာ ဘူး။ နင်က ရုပ် လှတော့ သူက (ငှားရမ်းသည့်လူ) အတည် တစ်ကျတောင် လက်ထပ်ချင် လက်ထပ်မှာ ဆိုတာနဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားတာပါ'' ဟုဆိုသည်။

Sunday, January 22, 2017

နွားရိုင်း ပေးတဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ



စပိန်နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ်။

နွားရိုင်းသတ်သမား ဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့်  တစ်ချီ မှာတော့ နွားရိုင်း က သေချာပေါက်ေ ဝှ့သတ်နိုင်မဲ့ အခြေအနေ ကို ဆိုက်ရောက် သွားတယ်။

ဒါပေမယ့်...
လှံချက်တွေ နဲ့ အထိနာနေတဲ့ နွားရိုင်း က တရား မျှတမှုကိုတောင်းဆို သလို မျက်လုံးချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ်။

သူဟာ တစ်ပြိုင်နက်တည်းပဲ ဒီ ကစားသမားဘဝ ကို စွန့်လွတ်ဖို့ ဆုံးဖြတ်လိုက်သလို ဒီနွားရိုင်းသတ်ပွဲကို ဆန့်ကျင် တိုက်ဖျက်ရေး လှုပ်ရှားသူ အဖြစ်ပါေ ဆာင်ရွက်လာတယ်။

Credit : Kyaw Than

ကျနော်တို့ ဘဝတွေမှာ ဗုံလုံ တစ်လှည့် ငါးပျံ တစ်လှည့် ဆိုသလို ကိုယ့် လက်ထဲ အသာစီး ရတဲ့ အခွင့် အရေး ရလာတဲ့ အခြေ အနေတွေ ရန်ဘက် ကို ကောင်းကောင်းကြီး လက်တုန့်ပြန်နိုင်စရာ အခြေအနေတွေ ရှိလာတတ်ပါတယ်။



မကျွတ်လွတ်သေးတဲ့ ဗိဿ နိုး ဘုရင်မ ပန်ထွာ




ဒီအကြောင်းကို သိရှိသူ အင်မတန် နည်းပါးပါလိမ့်မယ်။ ဒါပေမယ့် ဗိဿ နိုးမြို့ဟောင်းကြီးကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင် ကျန်ရှိနေသေးတဲ့ ကျိန်စာတွေ၊ ပရလောကသားတွေ အပြည့်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ ကျွန်တော်တို့ ကို စိမ်ခေါ်နေပါတော့တယ်။

ရန်ကုန်ကနေ ဗိဿနိုးမြို့ဟောင်းကို မိုင်ပေါင်း ၃၂၀ ကွာဝေးပါတယ်။ ဘီစီ ၄ရာစု မှာ တည်ထောင်တဲ့မြို့ဖြစ်ပါတယ်။ တောင်တွင်းကြီး ကနေ ၁၂ မိုင် အကွာမှာ တည်ရှိပါတယ်။ မိုးနည်းရေရှား အရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်း ကရေ ကို အဓိက အားထားကြရပါတယ်။ ဒါ့ အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန် အချို့ရှိသော်လည်း ယခုအခါ ရေခမ်းခြောက် သလောက် ရှိနေပါပြီ။

ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက အသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီ သက်တမ်း ရှိနေကြပါတယ်။ အမြင့်က လူတစ်ရပ်လောက်ပဲ ရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မ ရဲ့ ဆုတောင်းတစ်ခုပါ။ "ငါလာမှကြီး၊ ငါလာမှသီး" ဆိုတဲ့ ဆုတောင်း အတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မ လူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာ လို့ အဆိုရှိပါတယ်။

ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ် လို့ခေါ်တဲ့ ဥယျာဉ်တစ်ခု ရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မ လက်ထက်တော်မှ ယနေ့အထိ အင်ကြင်းပင် တစ်ပင်မှ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်း အကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာ တစ်ဝိုက်မှာတွေ့နေရဆဲပါ။

ဒီ အင်ကြင်းဥယျာဉ် ကို ပန်ထွာဘုရင်မ က ဗိဿနိုးနတ်မင်းကြီး ကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ ဥယျာဉ်ထဲမှာ အင်ကြင်းပင် မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး ရဲ့ အမိန့် နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲ ကိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။ ယခုထိလည်း ဘယ်ကမှန်း မသိတဲ့ အင်ကြင်းပွင့်တွေရောက်နေဆဲပါ။

အထူးသဖြင့် ပန်ထွာဘုရင်မ တည်ခဲ့တဲ့ ရွှေရောင်တော်စေတီ မှာ အင်ကြင်းပန်းတွေကို ဘုရားပန်း လှူထားတာအပြင် ဘုရားရင်ပြင် တစ်ဝိုက်ပြန့်ကြဲစွာ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အင်ကြင်းပန်းတွေ ဘယ်ကလာသလဲ ဆိုတာကိုတော့ ဘုရင်မ ပန်ထွာ ရဲ့ ဝိဥာဉ်သာ သိပါလိမ့်မယ်။

ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့် မရှိပါဘူး။ စည်းကမ်းတွေ အရမ်းတင်းကြပ်ပါတယ်။ ဝိနည်း နဲ့ မညီတဲ့ ရဟန်းတွေနေခွင့် မရှိပါဘူး။ နေခွင့် မရှိလို့လည်း ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်း တဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော် ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာ ရှိပါတယ်။

ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေ ရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီး ပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာ နဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင် မဝိဥာဉ်က လက်မခံတာပါ။

ရှေးဟောင်းသုတေသနဌာန က ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော် များများ တူးဖော် ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ တူးဖော်ရာမှာလည်း မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ကိုမြင်ခဲ့ကြရပါတယ်။ အမှားအယွင်း မလုပ်ရဲကြပါဘူး။ တွေ့ရှိဖူးတဲ့သူတွေရဲ့ အဆိုအရ ပန်ထွာဘုရင်မက အသားအရေဖြူစပ်စပ်ရှိပြီး အရပ်က ၇ပေ နီးပါးရှိတယ်လို့ဆိုပါတယ်။

ဒီအချက်ကတော့ ဗိဿနိုးမြို့ဟောင်းထဲက အရပ် ၇ပေ ရှိတဲ့ အမျိုးသမီးတစ်ဦး ရဲ့ အရိုးစုနေရာကို တူးဖော်မိရာကနေ ပန်ထွာဘုရင်မ ရဲ့ အရိုးစု လို့ ယူဆခဲ့ရာ က ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။ 



ဝက်သား စားတာ စောခဲ့တယ်



ဒီနေ့ မပြောဖြစ်တာကြာပြီ ဖြစ်တဲ့ အဖေနဲ့ ဖုန်း ရတယ် ဗျ...
'သား ......ရွာမှာ အလှူ လှူဖို့ ငွေစု ပြီးပြီလား'

'မစုဖြစ်သေး ပါဘူး အဖေရာ....
သမင်မွေးရင်း ကျားစားရင်း ပါပဲ....
အရင်ဖုန်း ပျောက်သွားလို့ နောက်ထပ် အသစ်ထွက်တဲ့ iPhone လဲလိုက်တယ် အဖေ...
အသစ်ထွက်တဲ့ ဖုန်းက အရမ်းမိုက်တယ် အဖေ ရ.....' ပြောမိတော့....

'သား.... ဝက်သားစား မစောနဲ့ နော်...' လို့ မှာရှာတယ်..

ကျွန်တော် ငိုင်သွားတယ်....အဖေဘာများ ပြောပါလိမ့်.....ပေါ့။

အမြဲတမ်း ဇာတ်လမ်းလေးတွေနဲ့ ဆုံးမတတ်တဲ့ အဖေ့ အကြောင်း ပြန်စဉ်းစားတော့ အခု ဇာတ်လမ်းလေး ပြန်ထွက်လာတယ်ဗျ...။အဖေ ဆုံးမခဲ့တဲ့ ဇာတ်လမ်းလေးကို ကြိုးစားပြီး တင်ပြပေးပါ့မယ် ဗျာ...။ကြားဖူးကြမယ်လို့လဲ ထင်ပါတယ်။
..........................

'ဝက်သား စားတာ စောခဲ့တယ်'

(၁)
'ငါ...ဒီဆိုင်ကို မဝင်ဖြစ်ခဲ့ရင် ကောင်းသားကွာ' ....ဆိုတဲ့ အတွေး ရယ် ....
ယူကျုံးမရတဲ့ နောင်တ တစ်ခုရယ်...
ကြီးမား မှန်ကန်တဲ့ အသိတရားတစ်ခု ရယ် ...နဲ့ ဦးစိန်မောင် ပါးပြင်ပေါ် ရေစီးကြောင်းတစ်ခုက
ပူကနဲ စီးဆင်းသွားပါတော့တယ်။

(၂)
'သူငယ်ချင်း ဒီနေ့ ဘာဟင်းလဲဟေ့...
ငါတော့ ဝက်သားချက်တယ် လှမြင့် ရ..
စားပါ ဦး...'

'ထုံးစံအတိုင်း ကုလားပဲ ဆံကြော် လေးနဲ့ ဆီဆမ်း၊ဆားဖြူးပေါ့ စိန်မောင် ရာ...
မေးစရာ လိုသေးလို့လား ဟ'

'တစ်ခါ တလေ လေး ဝက်သားဟင်းလေးဘာလေး ချက်စားစမ်းပါဦး သူငယ်ချင်းရာ...
မနေ့က ရွာတောင်ပိုင်းက ဝက်ပေါ်လို့ စားရတာဟ...စားရခဲ တယ်...
ငါတောင်မှ ငါးပိသာ ဆွဲထားလိုက် သဟေ့။'

'ဝက်သား စားဖို့ စောပါသေးတယ် စိန်မောင် ရာ...'

စိန်မောင် တစ်ယောက် သူငယ်ချင်းဖြစ်သူ လှမြင့် အဖြစ်ကို နားမလည် ပဲ ကြောင်စီစီ ကြည့်ပါတော့တယ်။
တစ်ကယ်ဆို အခုချိန် ဝက်သား ဘာလို့ မစားသင့် မှာလဲ....နားမလည်နိုင်။ သူငယ်ချင်း နှစ်ယောက် ဒိုးတူပေါင်ဘက် လွှဆွဲ စားလာကြတာ ကြာလှ ပေါ့။ ဒီကောင် လှမြင့်ကိုက ကပ်စီး အတော်နည်းတဲ့ ကောင်...။
ကိုယ့် ဝမ်းကိုတောင် မသထာ တဲ့ကောင်။

အခုရာသီ ရွာမှာ အိမ်သစ်ဆောက်တဲ့ သူတွေ ပေါတော့ သစ်ပင်ကနေ သစ်သား ဖြစ်အောင် လွှဆွဲစား ကြတဲ့ စိန်မောင်တို့ နှစ်ယောက် လက်မလည်အောင် အလုပ်ရကြတယ် ။
ငွေလည်း ရွှင် နေတဲ့ အချိန်ပေါ့။

ဝက်သား ကြိုက်တဲ့ စိန်မောင် အတွက်တော့ နေ့တိုင်း ဝက်သား စားရတဲ့ ရာသီပါပဲ...။ ဒီလိုအချိန်မှာ ကပ်စီးကုပ်ပြီး နေ့တိုင်း ကုလားပဲ ဆံကြော်နဲ့ ထမင်းဆီဆမ်း နေ့တိုင်း ထုပ်လာတဲ့ လှမြင့် ကို နားမလည်တာတော့ အမှန်။

အခု နှစ်ယောက်သား အလုပ်သိမ်း လို့ အိမ်ပြန်ချိန်မှာလည်း ကြည့်...
လှမြင့်က သစ်ဆွဲလို့ ထွက်လာတဲ့ ပကာသားတွေ ကြိုးနဲ့ စည်းပြီး ရွာထိ ထမ်းပြန်ဦးမယ်...။

'လှမြင့် အဲဒီ ပကာတွေက ဘာလုပ်ဦး မလို့လဲ...'

'အိမ်မှာ ထင်းဆိုက်ဖို့ပေါ့ဟ စိန်မောင်ရ'

'ဟာ....အများကြီး ကွာ...မင့်အိမ်မှာ မင့်ကလွဲလို့ ခွေးတစ်ကောင်တောင် မရှိတဲ့ တစ်ကောင်ကြွက် ပဲဟာ....'

'ငါ ထင်းဆိုက်လို့ ပိုတော့ အိမ်နီးချင်းတွေ ပေးလိုက်တာပေါ့ကွာ...ကုသိုလ်တောင်ရသေး...'

'ကြိုးစား...ကြိုးစား...လှမြင့် ရေ.. စိန်မောင်တို့က တော့ မောမယ့် အလုပ်
လေတောင် မချွန်ဘူးဟေ့...'

ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့ (ဦးဖိုးကျား)



ကျွန်ုပ်သည် ပုသိမ်မြို့ မြန်မာ-ကရင် အင်္ဂလိပ်ကျောင်းတွင် ၉ တန်း လား၊ ၁၀ တန်း လား မမှတ်မိ၊ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ် ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာ သို့ မီးရထားစီး၍ ပြန်ခဲ့သည်။

ရထားပေါ်တွင် ရထားစီး များစွာ ပါ၏။ ကျွန်ုပ်သည်  
ထိုအခါက များစွာ စကားပြော ချင်၏။ နှုတ်ဆော့၏။ ဘယ် သူနှင့် စကားစမြည်ပြောရမည်နည်း ဟု အပေါက်အစ ရှာလျက် ရှိ၏။

ကျွန်ုပ် ၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင် အသက် ၃၀ ကျော်ခန့် ရှိ ယောကျာ်း တစ်ယောက်ကို စိုက်ကြည့်မိသည်။ အသားကြမ်း၍ မည်းညို၏။ ခေါင်းတုံးကို မျက်နှာသုတ် ပ၀ါ ညစ်ထပ်ထပ် ပတ်ထားသည်။ အကျီင်္ မှာ လယ်ထွန် အကျီင်္ ဖြစ်၏။

လယ်ထွန် အကျီင်္ဆိုသည်ကား ဖျင်ကြမ်းကြမ်း၊ ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က ကနုကမာ ကြယ်သီးမျိုး သုံးလုံးမျှ ပါ၏။ သို့ရာတွင် ကြယ်သီး တပ်မထားချေ။ ရင်ဘတ် အဟောင်းသားနှင့် ဖြစ်၏။ ပုဆိုးမှာကား ချည်လုံချည် အကြမ်း စား အနွမ်းပင် ဖြစ်၏။

ထူးခြားသော အချက်ကား ထိုသူ၏ လက်ဝဲဘက် လက်ကောက်ဝတ် တွင် အတန် အလုံးကြီးသော မဲကြိုးချည် ပတ်ထားသည်ကို တွေ့ရ၏။ ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့် လူကို တွေ့ပြီဟု စကားစလိုက်ပုံကား...................

“ဒီမှာ ဆရာကြီး၊ ခင်ဗျာ့း လက်ထဲက မဲကြိုးက ဘာလုပ်တာလဲဗျာ့”

“သြော် ဒီမဲကြိုးလား၊ ဟို ကျုပ်တို့ ရွာဦးကျောင်း ဘုန်းကြီး ရဲ့ အိပ်မက် အရ ချည်ထားရတာဗျ” ဟု ပြုံးရယ်၍ ပြောသည်။

“သြော် အိပ်မက် အရလား၊ ပြောပါဦးဗျာ၊ ခင်ဗျာ့ ဘုန်းကြီး အိပ်မက်က”

“ဒီလို ဒီလို၊ နောက်လ က ကျုပ်တို့ ဘုန်းကြီး အိပ်မက်ထဲမှာ ၀တ်ဖြူစင်ကြယ် နဲ့ သိကြား လိုလို ဘာလိုလို ဆို ထင်ပါရဲ့ဗျာ။ အဲဒါ ဘုန်းကြီးဆီကို လာသတဲ့။

အောင်မယ်၊ ဘုန်းကြီးရှေ့မှာ ထိုင်တောင် မထိုင်ဘူး။ မတ်တတ်ကြီး ရပ်နေဆိုပဲဗျ။ သူ့ဟာက၊ အဲဒါနဲ့ ဘုန်းကြီးက မေးတော့ အဲဒီ အ၀တ်ဖြူ နဲ့ သိကြားလို လူ က ပြောသတဲ့၊ အရှင်ဘုရား ရဲ့ နယ်ပယ်က ဒကာ၊ ဒကာမတွေကို အခုက စပြီး အနည်းဆုံး သရဏဂုံ သုံးပါး တည်ပါစေတဲ့။ ဘာပြုလို့လဲဆိုတော့ ရှေ့လ က ဆုန် လပြည့်နေ့ကျရင် ဘီလူး သဘက် တစ်ထောင် တိတိ ကျုပ်တို့ နယ်ကို ၀င်လိမ့်မယ်တဲ့။

ဝင်ပြီးတော့ သရဏဂုံ မတည်တဲ့ လူတွေကို အူ အသည်း နုတ်စားလိမ့်မတဲ့။ သရဏဂုံ တည်တဲ့ လူကိုသာ လွှတ်မတဲ့။ ဒီတော့ သရဏဂုံ တည်တဲ့ လူမှန်းသိအောင် ဘယ်ဘက် လက်မှာ မဲကြိုးချည်ပြီး မှတ်ထားရမတဲ့။ အဲဒီလို ဘုန်းကြီးက လူတွေကို သတိပေးဖို့ လျှောက်ပြီး ကွယ်သွားရောတဲ့ဗျ။

အဲဒါ မိုးလင်းတော့ ကုလားတက်ခေါက်ပြီး လူတွေကို ခေါ်ပြီး ဘုန်းကြီးက ပြောဟော လို့ မဲကြိုး ချည်ကြရတာဗျ။ မချည်တဲ့ လူတွေ အဲဟိုရှေ့လ ကဆုန်လပေါ့ဗျာ။ အဲဒီ ကဆုန် လပြည့်နေ့ညမှာ ဘီလူး သဘက်တွေက အူ အသည်း နုတ်စားကြမှာ၊ အဲဒါ ကျုပ်လည်း ချည်ထားရတာပေါ့” ဟု အားရပါးရ ပြောပြီး ဘေးကပ် အိတ်ထဲမှ ဆေးရွက်ခေါက် ကို ထုတ်၍ ပလုတ်ပလောင်း ဆေးငုံလိုက်လေသည်။

ထိုအခါ စကားအလွန်ပြောချင်၍ နှုတ်ရွနေသော ကျွန်ုပ်သည် ဒီလူတော့ ငါ “ချွတ်” လိုက်ရဦးမယ် ဟု ခပ်ထွားထွား တရားဟောပုံကား...............

အကျင့်ကောင်း (၇) ရပ်





(၁) တာဝန်ယူစိတ် (Be Proactive)

ပြဿ နာတစ်ခုဖြစ်လာရင် ငါ ဘာမှားနေသလဲ ဆိုတာက စ စဉ်းစားပါမယ်။ 
ပြီးမှ ကျန်တာတွေကို ဖြန့်တွေးမယ်။ ကိုယ့်ကိုယ်တော့ လွတ်စေ၊ သူများ ကိုတော့ တရားခံ၊ ဒါမျိုးမလုပ်ဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူတဲ့စိတ်ပါ။

(၂) ပစ်ကွင်းကို ချိန်ပစ် (Begin with the end in mind)
ငါဘာဖြစ်ချင်လဲ၊ ငါ့ရည်မှန်းချက်ဘာလဲ ဆိုတာကို ပထမဆုံးပိုင်ဖြတ်တယ်။
မစ်ရှင် (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။

(၃) အရေးကြီးတာ အရင်လုပ် (Put first thing first)
ကြုံသလို ကျဘမ်းမလုပ်ဘူး၊ အစီအစဉ်ရှိရှိနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောက်ရွက်တတ်တယ်။

(၄) သူမနာ ကိုယ်မနာ ဆက်ဆံရေး (Think Win-Win)
ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပါ၊
နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ ကြားအဖြေကို နှလုံးသွင်းပါတယ်။

(၅) နားလည်မှုရှိပါ (Seek first to understand, Then to be understood)
ပထမဆုံး သူများကို နားလည်အောင် ကြိုးစားပါ။
ကိုယ့်ကိုလဲ သူများက နားလည်အောင် တံးခါးဖွင့်ထားတယ်။

(၆) လက်တွဲကြိုးပမ်း (Synergize)
ငါတကောမလုပ်ဘူး၊ အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဘို့ အားထုတ်တယ်။

ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ နေ့နံတွေ လိုပါသလား....



နေ့နံဆိုတာ လူတွေရဲ့စိတ်ကိုကောင်းအောင်ဆိုးအောင် လုပ်လို့မှမရတာ။
တစ်ယောက်နဲ့တစ်ယောက် တည့်တယ်ဆိုတာရောမတည့်ဘူးဆိုတာရော နေ့နံနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်.......

♦ခွင့်လွတ်နိုင်ရမယ်။
♦နားလည်ပေးနိုင်ရမယ်။
♦သဘောထားကြီးရမယ်။

ဒါဆိုရင် အဆင်ပြေအောင် ပေါင်းလို့ ရပါတယ်။ နေ့တွေနဲ့ မဆိုင်ပါဘူး။

နေ့နံ တည့်တယ် ဆိုပြီး တစ်ယောက် နဲ့ တစ်ယောက် ချစ်ခင်မှုလည်းမရှိ ၊ မြတ်နိုးမှုလည်း မရှိ သည်းခံ မှု လည်း မရှိဘူး ဆိုရင် ဘယ်လိုအတူနေကြမလဲ။



သမ္မတ အိုဘားမား ရဲ့ အိမ်ဖြူတော် နောက်ဆုံးနေ့အကြောင်း တစ်စေ့ တစ်စောင်း (ရုပ်သံ)






ဘားရက်အိုဘားမား ဟာ အမေရိကန်နိုင်ငံ ရဲ့ ၄၄ ကြိမ်မြောက် သမ္မတ အဖြစ် အိမ်ဖြူတော်ထဲမှာ ဇန်န၀ါရီ ၂၀ က သူ့ရဲ့နောက်ဆုံးရက်ကို အချိန် ကုန်ဆုံးခဲ့ပါတယ်။
သူဟာ သူ့ရဲ့သမ္မတနေရာကို ဆက်ခံမယ့် ဒေါ်နယ်ထရမ့် ကို မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး နေ့လယ် အစောပိုင်းမှာတော့ ကယ်လီဖိုးနီးယား မှာ အချိန်ကုန်ဖို့ နောက်ဆုံး အကြိမ်အဖြစ် အမေရိကန်သမ္မတတွေ စီးတဲ့ အဲဖို့စ်ဝမ်း လေယာဉ် နဲ့ သွားခဲ့တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
မနက် ၉ နာရီ ၁၅ မိနစ် – အိုဘားမားဟာ သူ့နေရာကို ဆက်ခံမယ့် သမ္မတအသစ် အတွက် အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းက သူ့ရဲ့ စားပွဲပေါ်မှာ စာတစ်စောင် တင်ထားခဲ့ပါတယ်။
မနက် ၉ နာရီ ၃၀ မိနစ် – အိမ်ဖြူတော် အရှေ့ကို ထွက်လာပြီး သတင်း သမားတွေ အပါအဝင် လူတွေ ကို နှုတ်ဆက်ကာ သတင်းသမား တစ်ဦးရဲ့ “ခင်ဗျား ဝမ်းသာ ဝမ်းနည်းဖြစ်နေလားဆိုတဲ့ အမေးကို ” “ ဒါပေါ့ သိပ်ဖြစ်တာပေါ့ဗျာ” လို့ ဖြေကြားခဲ့ပါတယ်။
မနက် ၉ နာရီ ၄၅ မိနစ် – အိမ်ဖြူတော်ရှေ့မှာ သမ္မတ ဇနီးမောင်နှံ ဘားရက် အိုဘားမား နဲ့ မီရှဲလ်အိုဘားမား တို့ဟာ သမ္မတအသစ် ဒေါ်နယ်ထရမ့် နဲ့ မယ်လနီရာ တို့ရဲ့ အလာကို စောင့်ဆိုင်းနေကြပါတယ်။ ထရမ့်တို့ရောက်လာချိန်မှာ အိုဘားမား က ထရမ့် ကို “ရွေးကောက်ခံ မစ္စတာ ပရက်ဆီဒန့် နေကောင်းရဲ့လား” လို့ နှုတ်ဆက်မေးမြန်းခဲ့ပြီး အိမ်ဖြူတော်ရှေ့မှာ ဓာတ်ပုံ အတူ တွဲပြီး ရိုက်ခံခဲ့ကြပါတယ်။


Wednesday, January 18, 2017

သူတစ်ပါး အကြွေးကို ပြန်မဆပ်ရင် ဘယ်အပြစ် ဖြစ်ပါသလဲ



အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူ ထားသော ပစ္စည်း (အထူးဖြင့် ငွေကြေး) ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက် နဲ့ လောလောဆယ် ကြုံနေ ရလို့ စိတ်မချမ်း မသာ ဖြစ်နေရပါသည် ဘုရား ။ အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခု ဘဝ နောင် ဘဝတွင် မည်သို့သော အပြစ် ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။

လဲ့လဲ့ရီ (နယူးယောက်)
-----------------------

ကတိဟာ လူ အရည်အချင်း လူ့ တန်ဖိုးရဲ့ သော့ချက်ပဲ။ ကတိကြောင့် လူလေးစား ခံရသလို ကတိပျက်ရင် အရည် အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ်။ အချိန်၊ အကြွေး၊ အလုပ် - စသည်နဲ့ ပတ်သက် ပြီး ကတိ အရေးကြီးတယ် ..

စပ်တူ မလုပ်ဘူး

အရီဇိုးနားကို ရောက်ခါစမှာ ဗမာ တရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်း ကို " ဒီကောင်နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး " လို့ အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ 'သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်း အသင်း လုပ်တာလဲ'လို့ ဘုန်းကြီးကလည်း မနေနိုင် ဝင်မေးမိတယ်။ ဒီတော့ သူက 'စီးပွားရေး အတူလုပ်ရင် ကတိတည်မှ' တဲ့။ 

သူ့ အပြောအရ သူ့ မိတ်ဆွေမှာ ကောင်းတာ အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး။ တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာ မျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ လိုရင်းကတော့ ကတိမတည် (သူ့ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ)။ မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။ အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။

ကိုယ်ချင်းစာ

ရင်းနှီးလို့ ဆိုပြီး ဘာ စာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ ရှိတာကို တွေ့ရတယ်။ (ဒီလို မဟုတ်တဲ့ လူ အနည်းစုလည်း ရှိနိုင်ပါတယ်)။ ပြောတုန်းက နှစ်လ အတွင်း။ ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူ ကတော့ ယူသွားသူ ပြောတဲ့ နှစ်လ ကို သတိတရ နဲ့ မျှော်နေတာပဲ။ ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲနေမှာ။ 

ဒါပေမယ့် တစ်ချို့ နှစ်နှစ် မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ်။ သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် 'အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး' ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။ ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူ အချို့ဟာ အသွင် သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကို အခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ် ကို သင်္ခန်းစာ ယူပေါ့။ အဲဒါ ကိုယ့် အတွက် အမြတ် လို့ပဲ နှလုံးသွင်းလိုက်ပါ။

သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံ နဲ့ ဘုန်းကြီးတောင် အမေရိက ကို ရောက်ပြီးမှ ဇာတ်တူ သား စားမိလို့ 'နိဗ္ဗာနဿ      ပစ္စယော ဟောတု' လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ်။ ဘုန်းကြီးသာ မကပါဘူး။ ဘုန်းကြီး အတော် များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့် ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲ သလို ကျိတ်ခံနေလိုက်ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ်။ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန် မရသူတွေကို ကိုယ်ချင်း စာပါတယ်။


Saturday, January 14, 2017

သင့် ရဲ့ လက်ကောက်ဝတ် အရစ်လေးမှ သိနိုင်တဲ့ သင့် အကြောင်းများ



၁. ပထမဆုံး လမ်းကြောင်း
********************
ဒီ လမ်းကြောင်းလေးကတော့ ကျန်းမာရေး လမ်းကြောင်းလေးဖြစ်ပါတယ်။ အရေးအပါဆုံး လမ်းကြောင်း တစ်ခု လည်းဖြစ်ပါတယ်။ လက်ဖဝါးပြင် ရဲ့ အနီးစပ်ဆုံး လမ်းကြောင်းတစ်ခုပါ။ ဒီလမ်းကြောင်းလေးမှာ
ရှင်းလင်းပြီး နက်နက် နဲနဲ ပေါ်ထင်နေတယ် ပြတ်ကြောင်း၊ ချိန်းကြိုးဆက်များ မပါဝင်ရင်တော့ ကျန်းမာရေးအလွန်ကောင်းမွန်မယ်လို့ ဖော်ပြနေတယ်။ 

လမ်းကြောင်းလေးမှာ ပြတ်ရာများ ပါဝင်နေရင်တော့ မိန်းမ ဆိုရင် မီးယပ် ရောဂါများဖြစ်ပွားနိုင်ပြီး၊ ယောက်ျားလေး ဆိုရင် ဆီး၊ ဟော်မုန်း၊ ဆီးကျိတ်၊ ဒါမှမဟုတ် မျိုးပွားမှု့ မှာ ပြဿ       နာများဖြစ်ပွားနိုင်ပါတယ်။
၂. ဒုတိယ လမ်းကြောင်း
******************
ဒီ လမ်းကြောင်းလေးက ဥစ္စာ ဓန လမ်းကြောင်းလေးဖြစ်ပါတယ် ။ ဒီ လမ်းကြောင်းလေး မှာ သင့် ရဲ့ ချမ်းသာခြင်း၊ အဆင်ပြေ သာယာဝပြောခြင်း၊ ပျော်ရွင်မှု့တွေကို ပြောပြနေပါတယ်။ ဒီ လမ်းကြောင်းလေး မှာ ကွင်းဆက်များ မပါပဲ တစ်ဖြောင့်ထည်းဖြစ်နေမယ် ဆိုရင် အခွင့် အလမ်းများပေါ်များပြီး အနာဂတ် အတွက်ကောင်းမွန်လှပါတယ်။ 

အက်ကြောင်းများ၊ ကွင်းဆက်များ ပါဝင်နေရင်တော့ဘဏ္ဍာရေး အခြေအနေ ခက်ခဲနိုင်တယ်လို့ ပြောပြနေပါတယ်။ ပထမမျဥ်း နဲ့ ကျိုးပဲ့နေခြင်း မဟုတ်ပဲ ကွဲပြား သီးခြားစွာ တည်ရှိနေရင်တော့ အနာဂတ်မှာ အောင်မြင်ကျော်ကြားနိုင်တယ်လို့ ဆိုလိုပါတယ်။
၃. တတိယ လမ်းကြောင်း
*******************
ဒီ လမ်းကြောင်းလေးက အောင်မြင်မှု့ လမ်းကြောင်းလေးဖြစ်ပါတယ်။ လူအများစု မှာ အနည်းဆုံးနှစ်ဦးတော့ တတိယ လမ်းကြောင်းလေး ပါရှိကြပါတယ်။ တတိယ လမ်းကြောင်းလေး သင့်မှာ ရှိရင်တော့ အောင်မြင် မှု့ ကျော်ကြားမှု့တွေနဲ့ အတူ သြဇာ လွမ်းမိုးမှု့ကြီးများတယ်လို့ပြောပြနေပါတယ်။ သင်က လူတစ်ကာ ရဲ့ အောက့်မေ့ဖွယ် လူတစ်ဦး ဖြစ်စေနိုင်ပါတယ်။


ပြုစားခြင်း အတတ် အပါအ၀င် ပထမဆုံး မှော်ပညာ သင်တန်းကျောင်း ရန်ကုန်တွင် ဖွင့်လှစ်



အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်များကို လူတိုင်း ၏ ကောင်းကျိုး အတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ် ကာကွယ်နိုင်ရန် အတွက် သင် တန်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း Wizardry School of Myanmar မှော်ကျောင်းတော်  (မြန် မာပြည်) မှ ဆရာလင်းညှို့တာရာ က News Watch သို့ ပြောသည်။

အရုပ် အပ်စိုက်ခြင်း ဗူးဒူး ပညာရပ်သည် အများအားဖြင့် အောက်လမ်း ပညာဟု အယူ စွဲနေခြင်းကြောင့် ဂမ္ဘီရ မှော်ပညာ အမှန်တစ်ကယ် ရှိကြောင်းနှင့် အရုပ် အပ်စိုက်ခြင်းနှင့် ဗူးဒူး ဆိုင်ရာ အခြား ပညာ များသည် ကောင်းသည့် ဘက်တွင် အသုံးပြုနိုင်ကြောင်းနှင့် အဆိုပါ ပညာများကို လက်ဆင့် က မ်း သဘောဖြင့် သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


” လူ အများစုက ဗူးဒူး လို့ခေါ်တဲ့ ပညာရပ်ကိုအောက်လမ်း ပညာ လို့ အယူ စွဲနေတယ်။ ဒါက ပညာ ရပ် တစ်ခုပါ။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်နိုင်ပါတယ်။ သင်တန်း မှာတော့ မကောင်းတဲ့နည်းလမ်းကို သင်ပြတယ်။ သူ့ရဲ့ ဆိုးကျိုးတွေပါ ရှင်းပြတယ်။ လက်ရှိမှာ သင်ပေးနေတာ ကတော့ အာဖရိက မျိုးနွယ်စု ရဲ့ ဗူးဒူး ပညာရပ် နဲ့ အခြား ပညာရပ်တွေကို သင်ကြားပေးနေတယ်” ဟု ဆရာလင်းညှို့တာရာ က ပြောသည်။


ဗူးဒူး ပညာရပ် သည် မမြင်ရသည့် ၀ိညာဉ် များဖြင့် စီမံ လုပ်ကိုင် ရခြင်းဖြစ်သောကြောင့် စီမံမှု လုပ်ချိန် တွင် သက် သတ်လွတ်သာ စားသုံးရန် သင့်ပြီး အဆိုပါ ပညာဖြင့် သူတပါး ထိခိုက်နာကျင်မှု ကို နုတ် ယူနိုင်စွမ်း ရှိသော စီရင်ထုံး ပညာရပ် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။


”သင်တန်း ကို မှတ်ပုံတင်တော့ မတင်ရသေးဘူး။ အသေးစားဖြစ်နေလို့။ နောက်ပိုင်းမှာတော့ ဆောင်ရွက် သွားမှာပါ။ လုပ်တာကြာပါပြီ။ လာရောက် ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း နဲ့ အခြားပြဿ       နာတွေ မကြုံတွေ့သေးဘူး။ အုပ်ချုပ်ရေးမှူးး လည်း သိတယ်” ဟု ၎င်း က သင်တန်းဖွင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။


Monday, January 9, 2017

လူသိနည်းတဲ့ ဆန် ရဲ့ လျှို့ဝှက်ချက်များ




ဆန် ဆိုတာ စာရေးသူတို့ အာရှတိုက်သားတွေ အတွက်တော့ အဓိက အစားအစာ တစ်ခုပါ။ နေ့စဉ် မပါ မဖြစ် စားကြသလို အဆာပြေ မုန့်ပဲသရေစာတွေမှာလဲ ဆန် ပါဝင်တာကိုကြည့်ရင် သိနိုင်ပါတယ်။

 ရွေးချယ်စရာ အစားအသောက် များတဲ့ ဒီနေ့ခေတ်ကြီးမှာတော့ ထမင်းအပြင် တစ်ခြား ရွေးချယ်စရာတွေ ရှိတယ် ဆိုပေမယ့် ထမင်း ကတော့ တွဲဖက် အနေနဲ့ စားနေကြဆဲပါ။ တစ်ချို့ဆို တစ်ခြား အစား အသောက်တွေ ဘယ်လောက်ပဲ စားထားပါစေ ထမင်း စားလိုက်ရမှ ကျေနပ်တဲ့ သူတွေရှိပါတယ်။

ဆန်ပေါ်ပေါက်လောက်တဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းထောင်ကျော် သက်တမ်း ရှိပြီလို့ မှတ်သား ရပါ တယ်။ လေ့လာချက်တွေ အရတော့ တရုတ်ပြည်မှာ ဆန်ကို ပထမဆုံး စိုက်ပျိုးခဲ့တာ နှစ်ပေါင်း ၆ ထောင်ကျော် သက်တမ်း ရှိနေပါပြီ။ 

မကြာသေးမီက လေ့လာချက် မှာတော့ ဆန်မျိုးစေ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ ထောင်ကျော် ကတည်းက တွေ့  ရှိခဲ့ကြတာပါတဲ့။ အာရှနိုင်ငံတွေ ကနေ တစ်ဆင့် နောက်ပိုင်းမှာ ဥရောပ၊ အီဂျစ်၊ အိန္ဒိယ၊ အမေရိက နဲ့ သြစတြေးလျနိုင်ငံတွေ အထိ ကမ္ဘာ တစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။
  

ဆန်မှာလည်း အမျိုးအစား အများကြီးရှိပါတယ်။ ဆန်လုံးရှည် က ပေါ့ပေါ့ပါးပါး နဲ့ အဆီ နည်းပါတယ်။ လူ သိ များတဲ့ စံပယ်အနံ့ ထိုင်းဆန် နဲ့ အိန္ဒိယ၊ ပါကစ္စတန်တို့မှာ စားတဲ့ ဘာ့စ်မာတီ ဆန်တွေက ဆန်လုံးရှည် မျိုးဝင်တွေပါ။ 

အနေတော် ဆန်စေ့ အမျိုးအစား ကတော့ ချက်လိုက်တဲ့ အခါ တစ်ခြားဆန်တွေထက် အမြှုပ် ပိုထွက်ပြီး ဆူရှီ တို့လို ဂျပန် အစားအစာ လုပ်တဲ့နေရာမှာ အသုံးများပါတယ်။ ဆန်လုံးသေး အမျိုးအစား ကတော့ တခြား ဆန်တွေထက် ပိုစေးပြီး အီတလီ နဲ့ စပိန်ချက်ပြုတ်နည်းတွေမှာ ထည့်သုံးကြပါတယ်။