Friday, October 17, 2014

ကား


Cars for sale in Myanmar












 မြန်မာပြည် ခေတ်မှီ ဖွံ့ဖြိုးတိုးတက် လာတာနဲ့ အမျှ ကား ဆိုတာ ဇိမ်ခံ ပစ္စည်းရယ် လို့ မဟုတ်ပဲ မရှိမဖြစ် အသုံး လိုတဲ့ မော်တော်ယာဉ် တစ်မျိုး ဖြစ်လာ ပါတယ်။ ပို့ဆောင် ဆက်သွယ်ရေး အတွက် လိုအပ် တဲ့ ယာဉ် အမျိုးမျိုး ကို ပြည်ပမှ အဟောင်းကော၊ အသစ်ပါ တင်သွင်းလာနေ ပါပြီ။ 

တစ်ချိန် တုန်းက ကား ဆိုတော့ နယ်စပ် ကနေပဲ ဝင်တဲ့ ရှားပါး ပစ္စည်း ဖြစ်ခဲ့ပါတယ် ။ နောက်တော့ ဂျ ပန် လေ လံ ကားဈေးကွက် ကနေ အလွယ်တကူ ဝင်ရောက် လာရာမှ ယခုတော့ အသစ် အသစ်တွေ ကို ဝယ်စီး လို့ရအောင် နိုင်ငံခြား ကုမ္မဏီကြီးတွေမှ တိုက်ရိုက် မြန်မာပြည် ကို ရောက် လာနေပါပြီ ။

  နောက်ထပ် ခြေလှမ်း အနေနဲ့ မြန်မာပြည် မှာတင် နိုင်ငံ တကာ မော်တော်ယာဉ် ကုမ္မဏီအချို့ ထုတ်လုပ်ရေးပိုင်း ဆိုင် ရာ စက်ရုံ ကြီး များကို တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ဒီတော့ တိုင်းပြည် ရဲ့  မော်တော်ယာဉ် ကဏ္ဍဟာ အပြောင်း အလဲကြီးတွေ အများကြီး ရှိလာဦး မှာဖြစ် ပါတယ်။




ကားဈေးကွက်နှင့် ကားဝယ်သူများ သိသင့်စရာ

ဘယ်လိုပဲ ပြောင်းလဲနေကြပါစေ ကား ဆိုတာ စောင့်ဆိုင်းပြီး ဝယ်လို့ ရတာ ရှိသလို၊ အချို့  ကျတော့ လည်း ချက်ချင်း အသုံး လိုတယ်။ ဒီတော့ အရောင်းအဝယ် ကတော့ အချိန် တိုင်း ဖြစ်နေ တာပါပဲ။

 ပြည်တွင်းက ကား အရောင်း အဝယ် အေးဂျင့် နဲ့ အရောင်းစင်တာတွေ လည်း အရောင်းပုံမှန် ရှိပါတယ်။ အဟောင်း ဈေးကွက် လည်း အေးလာ သလို ရှိပြီး ၂၀၁၂ နောက်ပိုင်း မှာ အသစ်တွေ ကို ဦးတည် တဲ့ ဈေးကွက် တစ်ခု ဖြစ်လာ ပါတယ်။ 

ပါမစ်နဲ့ မော်ဒယ်လ်မြင့် ကားသစ် များ တင်သွင်း တဲ့ ယဉ်ကျေးမှုလည်း ထွန်းကား လာပါတယ်။
ဒီတော့ ဝယ်ရမယ့် လူတစ်ယောက် အနေနဲ့ ဘယ်လို ကား အမျိုး အစား က ကိုယ့်အတွက် အကောင်း ဆုံး သင့်တော်တယ် ဆိုတာ စဉ်းစားရ အခက်ဆုံး ပါပဲ။ 

ဇိမ်ခံ ပစ္စည်းတစ်ခု အနေနဲ့ သဘောထား ဖို့လား၊ လုပ်ငန်း သုံးဖို့လား၊ မိသားစု သုံးဖို့လား အစ ရှိသဖြင့် ကိုယ် လိုချင်တဲ့ ရည်ရွယ်ချက် ကို သေချာ သိရင် လိုချင်တဲ့ ကား အမျိုးအစားကို အလွယ် တကူ ဝယ်နိုင်မှာ ဖြစ်ပါတယ်။ ကား ရဲ့  ဈေးနှုန်း ကလည်း သိန်း ၁၀၀ ကနေ မှ အစားစား ဈေးမျိုးစုံ ကွဲပြား ပါတယ်။ 



Cars for sales in Myanmar








ကား အသစ်၊ တစ်ပတ်ရစ် ကား အစ ရှိသဖြင့်လည်း ကွဲနေသေး သလို၊ အမျိုး အစား အလိုက် လည်း ကွဲပြား ပါသေး တယ် ။ 

ဥပမာ မြန်မာပြည်ရောက် အရောင်း သွက်နေသည့် တိုယိုတာ ကား. နှင့် ဟွန်ဒါ ၊ ရေပန်း စားလာသည့် ဂျာမာန် ဘီအမ်လ်ဒတ်ဘလှူ မြန်မာ ကား အရောင်းဈေးကွက်. အမေရိကန်နိုင်ငံ ကုမ္မဏီ ထုတ်ကား များဖြစ်သည့်   Ford  နှင့် Chrysler   များကို လည်း စုံလင်အောင် အသေးစိတ် ဖော်ပြထားတာ ကို တွေ့ရ မှာ ဖြစ်ပါ တယ် ။ 

ကားရဲ့  အခြေအနေတွေ ကိုလည်း အကောင်း ဆုံးနားလည် နိုင်ရန် ဗဟုသုတ အနေဖြင့် လေ့ လာလို သူများ အတွက် လည်း ပြန်လည်ရေးသား ပြပေးထား တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Motors.com.mm မှ ရွေးချယ် စရာ ကား အစုံအလင် ကို အေးဂျင့်နှင့် ဆက်သွယ်ပြီး၊ အရောင်း စင်တာတွေ ကိုရော၊ တစ်ဦးချင်း ရောင်းချင်သူတွေ ကိုရော အချက် အလက်တွေ ကို ဤဝဘ်ဆိုဒ် မှာ တင်ပြ ထားတယ်။ 

မိမိတို့ ကြိုက်နှစ်သက်တဲ့ ကား အမျိုးအစားကို တွေ့တာ နဲ့ ရောင်းသူ  ထံ တိုက်ရိုက် ဆက်သွယ်မေးမြန်း နိုင်ရန် စီမံ ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ 

ဒီအတွက် Motors.com.mm မှ ဘာငွေကြေးမှ ယူထားခြင်း မရှိပါဘူး။ အားလုံး ဝဘ်ဆိုဒ် အသုံးပြု လို့ အဆင်ပြေ ရန် အခမဲ့ ၀န်ဆောင်မှုနှင့် တင်ပြထားတာဖြစ်ပါတယ်။ 

From...motor.com.mm

No comments:

Post a Comment