Wednesday, December 31, 2014

မီးဖိုချောင် ထဲက စဉ်းတီတုံး ကို သတိထား




 စဉ်းတီတုံး သည် မီးဖိုချောင် တစ်ခု တွင် မပါမဖြစ် ပစ္စည်းဖြစ်သည်။ သူရှိ မှ အသားငါး တင် ခုတ် လို့ ရသည်။ အသီး အရွက် တင်ဖြတ် လို့ ရသည်။ လူသား တို့ စားသမျှ အတော် များများသည် စဉ်းတီ တုံးပေါ်တွင် ခုတ် ထစ် ဖြတ်တောက် ခံပြီးမှ ဒယ်အိုး ထဲ ရောက်ကာ လူသားတို့ အစာအိမ်ထဲ ရောက် လာခြင်း ဖြစ်သည်။
                    
 နောက်ဆုံး လေ့လာ မှု စစ်တမ်း သစ် တစ်ရပ် အရကား စဉ်းတီတုံး သည် အိမ်သာ ဘိုထိုင် ကြွေခွက် ထက်ပင် ဘက်တီးရီးယား (၂၀၀) ရာခိုင်နှုန်း ပိုများနေကြောင်း သိရသည်။ 

 လေ့လာမှု စစ်တမ်း ကို တစ် ကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ ကောင်စီ ဖြစ်သော Global Hygiene Council က ပြုလုပ်ခြင်း ဖြစ်သည်။ အစာ အဆိပ်သင့်ခြင်း (၄၀) ရာခိုင်နှုန်း သည် အိမ်တွင်း တစ်ကိုယ်ရေ သန့်ရှင်းရေး ညံ့ဖျင်းခြင်း အရင်းခံဖြစ်ကြောင်းလည်း GHC က ပြောသည်။

မိလ္လာယာဉ် ပေါက်ကွဲမှုကြောင့် အားလုံး ဒုက္ခရောက်ခဲ့



ဒီလို အဖြစ်မျိုး ဘယ်သူ မှ ကြုံချင်ကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အညစ် အကြေးတွေ သယ်ဆောင် လာတဲ့ မိလ္လာယာဉ် ဟာ မတန် တဆ တင်လာခြင်း အကျိုး ဆက်ကြောင့် ပေါက်ကွဲ မှု ဖြစ် သွားပြီး လမ်းသွား လမ်းလာတွေ နဲ့ဆိုင် တချို့ ဒုက္ခရောက် သွားခဲ့ တာမို့ ဖြစ်ပါတယ်။ 

မိလ္လာယာဉ် ဟာ သတ်မှတ် ထားတဲ့ ပမာဏ ထက် ပိုမို သယ်ဆောင် လာတာ ဖြစ်ပြီး လူစည်ကား ရာ နေရာ မှာ ပေါက် ကွဲ ထွက်သွား တာ ဖြစ်ပါတယ်။ 

အနီး အနား မှာ ရှိ တဲ့ လူတွေဟာ မစင်တွေ ပေကျံ  ခဲ့ တာကြောင့် စိတ်ဆိုး ခဲ့ကြပြီး ၀ရုန်း သုန်းကား ဖြစ် သွား ခဲ့ပါတယ်။
             
 အထူး သဖြင့် ဆိုင်ဖွင့် ထားတဲ့ သူဟာ ဒီဖြစ်ရပ်ကို မယုံကြည်နိုင်အောင် ဖြစ်သွားပြီး သူ့ဆိုင် ကို ဘယ်လို သန့်ရှင်းရေး လုပ်ရ မလဲ ဆိုတာ မတွေး တတ်အောင် ဖြစ်သွားပါတယ်။ 

ထိုင်းလူမျိုး များ အလွန်ကြောက်နေ သည့် သားစိမ်း စား မောင်လှိုင်

 Rachanok Min Burma's photo.

 ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းက မယ်လမ  ကျေးရွာသားတွေ ကို ဒီရက်ပိုင်း အတွင်းမှာ ကျေးရွာပြည်သူ စစ်နှင့် ရဲတပ်ဖွဲ့ ဝင်တို့  ရွှာလုံခြုံရေး ယူပေး ထားပေးရလောက်အောင် တရွာလုံး ကြောက်ရွံ့ နေကြပါသည်။
 

ညဖက် တွင် တရွှာလုံး အပြင် မထွက်၇ဲကြပါ-တရွှာလုံး တိတ်ဆိတ်နေသည့်ကြား တောတိုး သံအား နား စွင့် သတိထားနေရတဲ့ ဘ၀ရောက် ကုန်ပြီ။

ထိုင်း နဲ့ ဗမာပြည် နယ်ခြား တလျှောက် ထိစပ်နေ တဲ့ ထိုင်းကျေးရွာ မယ်လမ မှာ လွန်ခဲ့တဲ့ ရက်ပိုင်း မှာ မွေးထား တဲ့ကြက် တွေခွေးတွေ ပျောက်ချင်း မလှ ပျောက်နေခဲ့ရာ မှ စခဲ့သည်။
 

Tuesday, December 30, 2014

လှူ တော့ .. လှူ ပါ၇ဲ့ { 2015 နှစ်သစ် အတွက် အမှတ်တ၇ }


1185346_627660203941288_1493942562_n


ဒါနတော ဘောဂဝါ – “လှူ     ရင် ချမ်းသာမယ်” တဲ့။ လှူ    လိုက်တယ်။ အကျိုး ဆက်ကြောင့် ချမ်းသာတယ်။ ဒါပေမယ့် ချမ်းသာခြင်းနဲ့ အတူ ပြည့်စုံမှု  အားလုံး  ကို ဘာကြောင့် ဆွဲ  မခေါ်နိုင်ခဲ့   ရတာလဲ။

လှပခြင်း၊
သြဇာကြီးခြင်း၊
လိုတရခြင်း၊
ရောဂါကင်းပြီး ကောင်းတာတွေ ကို စိတ်တိုင်း ကျ သုံးဆောင် ရခြင်း၊
ရန်သူမျိုး ငါးပါး မဖျက် ဆီးနိုင်ခြင်း…
 

 ဒါတွေ မပြည့်စုံဘဲ နဲ့ရော မိမိ ရဲ့ ချမ်းသာကြွယ်ဝမှု က အဓိပ္ပါယ်  ရှိမှာလား။

ပိုက်ဆံ တစ်ခုတည်း ရှိပြီး ဒီ အချက်တွေ ကင်းကွာနေရင် ဘယ်လိုလုပ် စိတ်ချမ်းသာနိုင် ပါ့မလဲ။ 

ကိုယ့်မှာ  မရှိတာတွေ သူများမှာ ရှိနေတာ  ကိုမြင်ပြီး (ငွေနဲ့ ၀ယ်  မရတဲ့ အရာတွေ ကို) ၀ယ်ယူဖို့ ကြိုးစားရင်း   ဣ ဿေ တွ ထိန်း မရဖြစ်ပြီးတော့ အပါယ်လေးပါး မှာပါ ခေါင်းမြုပ် သွားနိုင်ပါတယ်။

အဲအေးရှား လေယာဉ် မှ ရုပ်အလောင်း (၄၀)ကျော် ကို အင်ဒိုနီးရှား စစ်သင်္ဘော ဆယ်ယူ

အပျက်အစီးများ ရှာဖွေတွေ့ရှိသည့်နေရာပြမြေပုံ

အဲအေးရှား လေယာဉ် ခရီးစဉ် အမှတ် QZ8501 ကို လိုက်လံ ရှာဖွေနေသည့် အင်ဒိုနီးရှား စစ်သင်္ဘော တစ်စီး သည် လေယာဉ်ပျက် မှ ရုပ်အလောင်း (၄၀)ကျော် ကို ပြန်လည် ဆယ်ယူနိုင် ခဲ့ကြောင်း သတင်းရရှိ သည်။

လေယာဉ်ပျောက်ဆုံးပြီး တတိယနေ့ ၊ ဒီဇင်ဘာ ၃၀ တွင် လေယာဉ်ပျက် မှ ဟု အခိုင်အမာ ယူဆ ရသည့် အပျက် အစီး အစိတ် အပိုင်းများနှင့် ရုပ်အလောင်းများ ကို စတင် တွေ့ရှိလာပြီ ဖြစ်သည်။

“ရေတပ် ရဲ့ ရေဒီယို ကနေ တစ်ဆင့် အဆက် အသွယ် ရပါတယ်။ အင်ဒိုနီးရှား စစ်သင်္ဘော ဘွမ်တိုမို ဟာ အလောင်း(၄၀)ကျော် ကို ဆယ်ယူ ထားပါပြီ။ အရေ အတွက် က ဒီထက် တိုးလာဦး မှာပါ။ သူတို့တွေ လောလောဆယ် အရမ်း အလုပ်များနေပါတယ်”ဟု ရေတပ် ပြောရေး ဆိုခွင့်ရ အရာရှိ မာနာဟန် ဆီမိုရန်ကာ က ပြောကြားခဲ့သည်။


ငါးပြေမ အတု သတိပြု



မြန်မာ လူမျိုး တို့ အသည်း စွဲနှစ်ခြိုက် သော ရေချိုငါး မျိုးများ တွင် ငါးပြေမ ပါဝင်ပါသည်။ စားသုံးရာ၌ အရ သာ လေးလေး ပင်ပင်ရှိခြင်း ၊ အသားနူးညံ့ ခြင်းတို့ကြောင့် အကြိုက် ပိုကြဟန် တူပါ၏။ 


အလယ် ရိုးကြောင်း အပြင် ကျောဘက် ဆူးမာ များနှင့် ဝမ်းဘက် ဆူး တောင် များကြောင့် အရိုး များလွန်း သည် ဟူ၍ အချို့ က ရှောင်ကြသော် လည်း မြန်မာ ထမင်းဆိုင် များတွင် ငါးပြေမ ဆီပြန်ဟင်း သည် ရောင်း ပန်း လှသော ဟင်း တစ်ခွက်ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီး ဘက်မှ ထွက်သော လက်တစ်ဝါး ခန့် ငါးပြေမ ကြီး များသည် ကဝက်ကင်း ငါးသလောက် နည်း တူ ပျဉ်ပုံ ငါးပြေမ ဟူ၍ နာမည် ရသည်။ ငါးပြေမ သည် မြန်မာ့ တိုင်း ရင်း ရေချို ငါးမျိုးဖြစ် ပြီး သိပ္ပံ အမည်မှာ  Anabus testudineus   ဖြစ်သည်။ မျိုးရင်း (Family) Anabantidae ၌ ပါဝင်ပြီး အင်္ဂလိပ် အမည် မှာ climbing perch ဖြစ်၏။



တပြည်သူ မေ၇ွှထား { ကိုကျော်ကြီး } Cover





*** တပြည်သူ မေ၇ွှထား *** ... သီချင်းလေးကို ..... ကိုခင်မောင်တိုး ပြန်လည် သီဆို ထားခဲ့ပြီး ... စန္န၇ား ဦးလှထွဋ်ေ၇းသား..သီဆို ခဲ့သည့် သီချင်းလေးပါ...
A5 Chorus Pad Effect ကို Acoustic Guitar နှင့် ပြန်လည် တီးခတ် ခံစားကြည့်ခြင်းပါ......

ကားအောက်ပိုင်း မှာ အလွယ် ထားတတ် သည့် ရေဘူးများ အန္တရာယ်






ကားတွေ ဆီဖြည့်တဲ့ အခါ အလကားပေးဝေ တဲ့ ရေသန့် ဗူးတွေ ကို ကားမောင်းတဲ့ သူတွ က အလွယ်တကူ ကားအောက် ပိုင်း ကြမ်းပြင် မှာ အလွယ် တကူ ထားတတ်တဲ့ အလေ့ထ ရှိတဲ့ သူတွေ အတွက် သင်ခန်းစာ ယူပြီး သတိ ထားရမယ့် ဖြစ်ရပ်ပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲ့ ဗန်းကပိ ကုန်တိုက် ကြီး ရဲ့ ကား ပါ့ကင် မှာ ပါ ။ ရှစ်ထပ်လောက်မြင့် တဲ့ ကားထား တဲ့နေရာ ကနေပြီး မနက်စောစောပိုင်း ကားလာ ထုတ်တဲ့ ဇနီးမောင်နှံ ကတော့ နောက် ဆုတ်ရင်း နဲ့ အရှိန် မထိမ်းနိုင်ဖြစ်ပြီး ၈ထပ် ၀ရမ်တာ ကနေ ကားက အောက် ကိုဇောက်ထိုး ကျသွား ခဲ့ပါတယ် ။

တေးနုယဉ် ၏ နောက်ဆုံး ခရီး {ခန္ဓာကိုယ် အနှံ့ ဒဏ်ရာ ဒဏ်ချက် များကို နာရေး ပို့သူများမြင်တွေ့ ခဲ့ရ }

 
 
ရုပ်အလောင်း ကို မီးသဂြိုဟ်စက် အတွင်း ထည့်ခါနီး တွင် တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း)

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက် အတွင်း အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်း ကို တာဝန်ကျ ၀န်ထမ်း တစ်ဦးက သနပ်ခါး များ ထူပိန်းစွာ လိမ်းပေးနေသည်။ သနပ်ခါး များ  ထူပိန်းနေသည့် ကြားကပင်  ညိုမည်းနေသော ဒဏ်ရာ ဒဏ်ချက် များကို မြင်တွေ့နေရဆဲဖြစ်သည်။

မျက်နှာပြင် တစ်ခုတည်း မက လက်၊ လည်ပင်း၊ ရင်ဘတ်နှင့်  ကျောဘက် များ တွင်လည်း အညို အမည်း ဒဏ်ရာ များစွာ ကို အထင်း သားမြင်တွေ့နေရသည်။

ထို အမျိုးသမီး မှာ လွန်ခဲ့သည့်လေးရက် ခန့်က သရုပ်ဆောင် မင်းအုပ်စိုး ၏ လက်ချက်ဖြင့် သေဆုံး ခဲ့ရသည့် သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် (ခ) နုနုယဉ်ဖြစ်သည်။ ဒီဇင်ဘာ ၂၉ ရက် က မနုနုယဉ် ၏ နာရေး ကို  မိသားစုဝင် များ က ရေဝေး သုသာန်၌ပြုလုပ် ခဲ့သည်။


Sunday, December 28, 2014

အင်ဒိုနီးရှား မှ စင်ကာပူ သို့ ပျံသန်း ထွက်ခွာ လာသော လေယာဉ် တစ်စီး ပျောက်ဆုံးနေ


နောက်ဆုံးရ သတင်းများ အရ ၊ QZ8501 ကို နောက်ဆုံးခြေရာ ခံမိ ခဲ့သည့် နေရာ တွင် သင်္ဘောခြောက် စီးနှင့် ဟယ်လီကော်ပတာ နှစ်စီး ကို တပ်ဖြန့် ချထားသည်။

အဲရ်အေးရှ လေယာဉ် QZ8501 ပျောက်ဆုံးနေသည် မှာ ယခု ဆိုလျှင် ၉ နာရီ ဝန်းကျင် ကြာမြင့်လာ ခဲ့ပြီဖြစ် သည်။ လေယာဉ် တွင် ၄ နာရီ ခွဲစာ ပျံသန်း ရန် သာ လောင်စာဆီ ပါသွားသည် ဟု အင်ဒိုနီးရှား သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး ကပြောကြောင်း တရုတ် သတင်းဌာန CCTV က ဖော်ပြခဲ့သည်။

အိမ်ဖြူတော် ကလည်း ပျောက်ဆုံးလေယာဉ် ပတ်ဝန်းကျင် အခြေအနေ ကို စောင့်ကြည့် စစ်ဆေးနေကြောင်း၊ အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကလည်း ဤအရေး အတွက် ညွှန်ကြား ထားပြီးဖြစ်ကြောင်း ပြော ကြား သည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် ကလည်း ပျောက်ဆုံး အဲရ်အေးရှလေယာဉ် ရှာဖွေ ကယ်ဆယ်ရေး အတွက် မလေးရှား က ကူညီ လိုကြောင်း မက်ဆေ့ဂ်ျတစ်စော င်ကို တွစ်တာ ၌ ရေးသားခဲ့သည်။ 

Water poisoning ရေ အဆိပ် သင့်ခြင်း


 
၂ဝဝ၈ မေလ (၁၅) ရက်နေ့ က ဗီယက်နမ်နို င်ငံ (ထန်ဝှာ) ခရိုင် မှာ အမျိုးသမီး တယောက် ရေ အဆိပ် သင့်လို့ ဆေးရုံ မတင်ရ မီပုံ။


ရေဆိပ် သင့်ခြင်း လို့ ခေါင်းစ ဉ် တပ်ပေမဲ့ သောက် တဲ့-သုံးတဲ့ရေထဲ မှာ အဆိပ် ပါတာ မဟုတ် ပါ။ ရေသန့်ဗူး ထဲ ကရေတွေ တအားကြီး သောက်ရင် လဲ အဆိပ် သင့်နိုင် တာ ကို ပြောတာဖြစ်ပါတယ်။

 ဆေးစာ နဲ့ ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင် တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေ မယ်။ Electrolytes ဓါတ်ဆား အချိုး အစား မမျှရာ ကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်း တာဖြစ်စေတယ်။ 

အမှတ် တမဲ့တော့ ရေတွေ တအားသောက် တယ် ဆိုတာ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင် ကြ ရင် ဖြစ်နိုင်တယ်။ 

၁၂-၁-၂ဝဝ၇ တုန်း က Hold Your Wee for a Wii ရေသောက်ပြီး သေး မပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲ ဝင်သူ ၂၈ နှစ် အရွယ်၊ ကလေး ၂ ယောက် အမေ Jennifer Strange ဟာ သေသွား လို့ ပြိုင်ပွဲ စီစဉ်တဲ့ The End ရေဒီယို က ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက် ရတယ်။

ငှက်ကြီးတောင် ၏ အဓိပ္ပါယ်



 ဓါး ပုံစံမှာ အရင်း တွင် လက် နှစ်သစ် သာ ရှိ၍ အဖျား တွင် လက်သုံး သစ်မှ လက်လေးသစ် ခန့် ရှိသည်။ ငှက် အတောင် ကဲ့သို့ အရင်း မှ အဖျားဘက် သို့ ကော့ပြီး တက် သွားသော ကြောင့် ငှက်ကြီးတောင် ဟု ခေါ်ဆိုခြင်းဖြစ်သည်။ 

ခုတ်ဓါး လိုလည်း သုံးနိုင်သည်၊ ထိုးဓါး လိုလည်း သုံးနိုင်သည်။ ပိုင်းဓါး လိုလည်း သုံးနိုင် သည်။ ပေါက်ဓါး လို လည်း သုံးနိုင် သည်။ 

ဓါး အရှည် 
ဓါး အရှည် မှာ အသွား တတောင့်၊ တထွာ၊ တစ်မိုက် (၃၃ လက်မ ခန့်)၊ အရိုး တထွာ (၁၀ လက်မခန့်) ရှိ သည်။ 

ဓါးရိုး(ဓါးနှောင့်) 
 ဓါး တလက် ၏ အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီး ဓါးရိုး မကောင်း ပါက ဓါးကျွတ် ထွက် သွား မည် ဖြစ်သည်။ ဓါးရိုး ကို ကြေး၊ ငွေ၊ ရွှေ မိမိ တို့ကြိုက်နှစ်သက် သလို ပြုလုပ်ကြသည်။ 

လက်ကိုင် မကျွတ် ထွက် စေရန် ဓါးရိုး သံကို ဓါးနှောင့်နှင့်မြဲအောင် တခါထဲ သတ်ရိုက် ထားသည်။ 


အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကား { 2015 နှစ်သစ် အတွက် အမှတ်တ၇ }

 


 အခါတစ်ပါး ၌ မြတ်စွာဘုရား သည် ရဟန်း တို့အား ဤစကား ကို မိန့်ကြားတော် မူ၏။ 
ရဟန်းတို့ - အင်္ဂါလေးပါးနှင့်ပြည့်စုံသော စကား သည် 
• ကောင်းစွာ ဆိုအပ်သော စကား မည်၏၊ 
• မကောင်းသဖြင့် ဆိုအပ်သော စကား မမည်။ 
• အပြစ်လည်း မရှိ၊ 
• ပညာရှိတို့သည် မကဲ့ရဲ့အပ်။ 

အဘယ် လေးပါးတို့နည်း၊ 
ရဟန်းတို့ - ဤသာသနာတော်၌ ရဟန်းသည် -
(၁) ကောင်းစွာ ဆိုအပ်သော စကားကို သာလျှင် ဆို၏၊ မကောင်း သဖြင့် ဆိုအပ်သော စကား ကို မဆို။ 
(၂) တရားနှင့် ညီသော စကားကို သာလျှင် ဆို၏၊ တရားနှင့် မညီသော စကား ကို မဆို။ 
(၃) ချစ်ခင် ဖွယ်သော စကား ကိုသာ လျှင် ဆို၏၊ မချစ်ခင် ဖွယ်သော စကားကို မဆို။ 
(၄) မှန်သော စကားကို သာလျှင် ဆို၏၊ မမှန်သော စကား ကို မဆို။ 

ပဋိသန္ဓေတားလျှင် အပြစ် ရှိသလား



လျှောက်ထား ပါရစေ အရှင်မြတ် ဘုရား။
ဗုဒ္ဓဘာသာ မှာ ထာဝရ တည်မြဲနေ သည့် အသက်ကောင် ဝိညာဉ်ကောင် သို့မဟုတ် လိပ်ပြာကောင် မရှိဟု ဆို ပါသည်။ သို့ဖြစ်လျှင် နောက်ဘဝ ၌ ပဋိသန္ဓေနေပြီး သံသရာ လည်သည် မှာ မည်သည့် အရာဖြစ်ပါ သနည်း။

 နောက်ဘဝ ၌ ပဋိသန္ဓေ သွားတည်သည် မှာ မည်သည့် အရာဖြစ်ပါ သနည်း။ နောက် ဘဝ ပဋိသန္ဓေနေပြီး သံသရာ လည်ပုံ ကို မရှင်း လင်းပါ ဘုရား။ 

လူမှု စီးပွား အခြေအနေ အရ အမျိုးသမီး များ ပဋိသန္ဓေတားလျှင် ဗုဒ္ဓဘာသာ ရှုထောင့်မှ အပြစ်ရှိ ပါသလား။ မည်သို့ ယူဆ ပါနည်း အရှင်ဘုရား။

( သတိုးလှ )

နှင်းမှုန် ကြားမှ လမင်း {ေ၇း/ဆို..ကိုကျော်ကြီး }






    ***  နှင်းမှုန်ကြား မှ လမင်း ***  သီချင်းလေး ကို ကျွန်တော် ကိုယ်တိုင်ေ၇းထားပြီး
သူငယ်ချင်း ၀င်းမြင့်ဦး မှ ကူညီ တီးခတ် ဖန်တည်း ပေးထား ပါတယ်...
Acoustic Style လေးပါပဲ...

လူရွှင်တော်ဖြစ်ရတဲ့ ဒုက္ခ

 

အတိတ်ဘဝ က ပေးတဲ့ ရုပ်၊ အတိတ် ဘဝ က ပေးတဲ့ ကံ၊ ပင်ကို မူလ ဝါသနာနဲ့ ပေါင်းစပ် လိုက်မိတော့ လူရွှင်တော်ပေါ့။ တချို့က ပြောကြ ပါတယ်။ ငယ်ငယ်လေး ထဲက ကလေးတွေ ရဲ့ အပြုအမူ၊ နေထိုင်မှုက ကစားမှုပေါ် မှာ မူတည်တယ် လို့လည်း ဆိုကြပါတယ်။ 

ပြီးတော့ ရှိသေးတယ်။ ကျောင်းဆရာ က မွေးရင် ကျောင်း ဆရာ ဖြစ်မယ်၊ စစ်သား က မွေးရင် စစ်သား ဖြစ် မယ် စတဲ့ မျိုး ရိုး လိုက်တယ် လို့လည်း ဆိုရိုး စကားတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မိဘ က ကျောင်းအုပ် ဖြစ်တိုင်း၊ ကျောင်းဆရာ မဖြစ် သလို၊ သူခိုး က မွေးတိုင်း လည်း သူခိုး မဖြစ် လာပါဘူး။ ဟုတ်တယ်လေ တလောလေး က ဂျာနယ် တစ်စောင် မှာ ဗိုလ်ကြီး အဆင့်၊ ဗိုလ်မှူး အဆင့်တွေ နဲ့ ရွှေဆိုင် ဝင်ပြီး ဓားပြ တိုက်၊ ဘဏ်တွေ ဝင်စီး နဲ့ အလုပ် နဲ့ လုပ်ဆောင်ချက်တွေက တခြားဆီပါပဲ။ 

ဒီလို ပါပဲ ကျွန်တော် ဆိုရင် လည်း မူလ ပထမ က ပန်းချီ ဆရာ ဖြစ်ချင် တာ။ ပန်းချီ ဝါသနာ ပါလွန်း လို့လည်း မူလတန်း အ.မ.က(၁ဝ) ချင်းချောင်းခြံ မှာ ကျောင်း တက်တော့ ဖတ်စာအုပ် မျက်နှာဖုံးတွေ၊ သူများ စာအုပ်တွေ မှာ ပုံတွေ ဆွဲ လို့ ဆရာ ဦးသန်းထွေး ရဲ့ ကြိမ်လုံး၊ ပေတံ၊ ဘောဖျက်တွေ နဲ့ မကြာခဏ မိတ်ဆက်ခဲ့ရဖူးပါတယ်။ 

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် တေးရေးမြင့်မိုးအောင် ၏ သီချင်းသစ် ကို သုံးမည်



၂ဝ၁၃ ခုနှစ်၊မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား Theme Song အနေဖြင့် ယခင်က အသုံးပြု ခဲ့သည့် မြန်မာ့ မြန်မာ့ရုပ်ရှင် သီချင်း အစား ကြယ်စင် လင်း တဲ့မြန်မာ့ ရုပ်ရှင် ဟူသော သီချင်းသစ် ကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကြယ်စင်လင်း တဲ့ မြန်မာ့ ရုပ်ရှင် သီချင်း သစ် ကိုတော့ တေးရေး မြင့်မိုးအောင် က ရေးစပ် ထားပြီး Orchestra သံစုံ ပုံစံဖြင့် ဖန်တီး ထားကြောင်း သိရသည်။ ” ၂ဝ၁၃ ခုနှစ် အကယ် ဒမီ ပွဲ အတွက် ကိုလူမင်း တို့က ရုပ်ရှင်လောကသားတွေ ချည်းပဲ စတင် လုပ်ကိုင်ကြတာ ဆိုတော့ သီချင်း အသစ်လည်း လုပ်ချင်တယ်တဲ့။ 

ကျွန်တော့်ကို ပြော ထား တာတော့ နှစ်တောင် ချီနေပြီထင်တယ်။ ဒါပေမဲ့ သီချင်းက အမြဲ ကိုယ်စားပြုရမယ့် သီချင်းဖြစ်တော့ တာဝန်လည်းကြီး တယ်။ 

ဗုဒ္ဓ ရုပ်ပွားတော် ကိစ္စ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ဟု ဘားဆိုင် အထွေထွေ မန်နေဂျာ ထွက်ဆို




ပုဒ်မ သုံးခုဖြင့် တရားစွဲ ဆို ခံထားရသည့် VGastro Bar ဆိုင် အထွေထွေမန်နေဂျာ နယူး ဇီလန်နိုင်ငံသား ဖီးလစ် သည် ဗုဒ္ဓ ရုပ်ပွားတော် ကို နားကြပ် တပ် ထားသော ပုံဖြင့် ဖေ့စ်ဘွတ်ခ် စာ မျက်နှာပေါ် တင် ၍ ကြော်ငြာခြင်း သည် အခြား သူများ မသိဘဲ ၎င်း တစ်ယောက်တည်း သာ ပြုလုပ် သည်ဟု တရားရုံး တွင် ဝန်ခံ လိုက် ပြီး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း မဟုတ်သောကြောင့် အပြစ် မရှိ ဟု တရားရုံး တွင် ထပ်မံငြင်းဆို လိုက်သည်။

ဒီဇင်ဘာ ၂၆ ရက် က တတိယ အကြိမ် ရုံးထုတ် စစ်ဆေး ရာ တွင် တရားသူကြီး သည် နယူး ဇီလန်နိုင်ငံသား ဖီးလစ် ကို ဗုဒ္ဓ ရုပ်ပွားတော် အား နားကြပ်တပ် ထားသော ပုံကို ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် တင်ခဲ့ ပါ သလား ဟု မေးမြန်း ရာ ဖီးလစ် က ဆိုင်ရောင်း အားမြှင့်တင် ရန် တင် ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်။ 

ထိုသို့ တင် ရာတွင် အခြားသူများ သိရှိပါ သလား ဟု တရားသူကြီး က ထပ်မံ မေးမြန်း ရာ ဖီးလစ်က ဂူးဂဲလ် တွင် ဗုဒ္ဓ ရုပ်ပွားတော် ပုံကို ရှာဖွေ ၍ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် တင် ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ သည်။


Saturday, December 27, 2014

လူတွေ အပေါ် တိုင်းတာ တဲ့ သင့်ရဲ့ပေတံ ရှည်ပါစေ


10445916_815122631864324_423636310439724961_n

အွန်လိုင်း မီဒီယာ တစ်ခုက အိမ်ခြေ ယာခြေ မဲ့ ဆင်းရဲသားတွေ အကြောင်း ရိုက်ကူး ဖို့ စီစဉ်ပြီး အဲဒီ အစီ အစဉ် ရိုက်ကူးမယ့် ဂျို့စ် ကို အမေရိကန်ဒေါ်လာ ၁၀၀ပေးခဲ့ ပါတယ်။ 


ဂျို့စ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် အမှတ် ၉၁ လမ်းမကြီးဘေး မှာ တောင်းရမ်းနေတဲ့ အိမ်ခြေ ယာခြေမဲ့ တစ်ယောက် ကို ဒေါ်လာ ၁၀၀ပေးပြီး သူ့ရဲ့ လှုပ်ရှားမှုတွေ ကို စတင်ရိုက်ကူး ခဲ့ပါတယ်။

ဒေါ်လာ ၁၀၀ ရပြီး တဲ့နောက် အဲဒီ သူဟာ လမ်းတစ်ဖက်ခြမ်း က အဖျော် ယမကာနဲ့ အစားအသောက် ဆိုင် ထဲကို ၀င်သွားခဲ့ ပါတယ်။ 


Friday, December 26, 2014

အမေရိကန် ဥပဒေပြုသူတွေ ခေါင်းခဲ စရာဖြစ်လာတဲ့ တရုတ် ကလေး ငယ်တွေ ရဲ့ ဖင်ပြောင်ပြောင် လမ်းထွက်မှု


ရောမရောက်ရင် ရောမလိုကျင့် ရမယ်ဆိုတဲ့ စကားပုံလေး ကို ကြား ဖူးကြ မှာပါ။ တိုင်းတစ်ပါး သွားနေကြတဲ့ လူများ က သူများနိုင်ငံ ရောက်တဲ့ အခါ သူများ ယဉ်ကျေးမှု၊ အစဉ်အလာတွေ ကို မထိန်း သိမ်း မလိုက် နာရင်နေပါစေ၊ သူများ ယဉ်ကျေးမှု တန်ဖိုး ထားတဲ့ အရာတွေ ဖျက် လုပ်ဖျက်ဆီး မဖြစ်စေရပါဘူး။ 

ဒါ ငါတို့ရဲ့ယဉ်ကျေး မှု၊ ငါတို့ ရဲ့အစဉ် အလာ လုပ်ရိုး လုပ်စဉ်တွေပဲ လို့ ဆိုပြီး ကိုယ့် စိတ် ကြိုက်နေလို့လည်း မရပြန်ပါဘူး။ 

ဒါ့ကြောင့် အလိုက် အထိုက်နေ တတ် မှသာ အားလုံးနဲ့  အဆင်ပြေနိုင်မှာ ပါပဲ။ အမေရိကန်ပြည်ထောင်စု အတွင်း တရုတ် လူမျိုးများ အများဆုံးနေ ထိုင်တဲ့ မြို့တော် တစ်ခုဖြစ်တဲ့ မွန်တီရေးပက်ခ် မှာ တရုတ်လူမျိုး က လေးငယ်တွေ ရဲ့ အမြင် မတော်စရာ ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဥပဒေထုတ်ပြန်အရေးယူမှု၊ အငြင်းပွား စရာ ဝေဖန်စရာကိစ္စအနည်း ငယ်ဖြစ်ပေါ်လာပါတယ်။ 

သေရွာ က ပြန်လာ တဲ့ အဘိုးအို



အိနိ္ဒယနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ရာဂျာစတန် ပြည်နယ်၊ ဘီဝါဒါမြို့မှာ နေထိုင်တဲ့ အဘိုးအို တစ်ဦး ကို သေ ဆုံး သွားပြီ လို့ ဆွေမျိုး သားချင်း တွေက ထင်မှတ်ခဲ့ပြီး မီးသဂြိုဟ် ဖို့ ပြုလုပ် နေစဉ် မှာ ပြန် လည် နိုး ထ လာ လို့ အားလုံး တုန်လှုပ်ခဲ့ကြ ပါတယ်။

 အသက် (၇၂)နှစ် ရှိနေပြီး ဖြစ် တဲ့ ဆင်းဟာ နေအိမ် မှာ နွားတွေ ကို အစာကျွေးပြီးတဲ့ နောက် ရုတ်တရက် လဲကျ သွားခဲ့ ပါတယ်။ ဒီနောက် နှလုံးခုန်သံ လည်း မကြားရတော့ တာမို့ အိမ်သူ အိမ်သား တွေက သေဆုံး ခဲ့ပြီးလို့ ထင်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

 ဒေသတွင်းမှာ ရှိတဲ့ ဆရာဝန် ကို လည်း ခေါ်ပြ ခဲ့ ရာမှာ သေဆုံး သွား ပြီ လို့ အတည်ပြုခဲ့ ပါတယ်။ ဆွေ မျိုး သားချင်းတွေ နဲ့ အိမ်နီးချင်းတွေ ဟာ မီးသဂြိုဟ် ဖို့ စီစဉ်ခဲ့ကြ ပါတယ်။


ရွှေ နဲ့ ပြုလုပ် ထားတဲ့ ခရစ္စမတ် သစ်ပင်




 ဂျပန် အခြေစိုက် လက်ဝတ် ရတနာ ကုမ္ပဏီ တစ်ခု ဟာ ခရစ္စမတ် သစ်ပင်ကို ထူးထူးခြားခြား ဖြစ်အောင် ပြု လုပ် ခဲ့ပါတယ်။ 

အဲဒါ ကတော့ ခရစ္စမတ် သစ်ပင် ကို ရွှေအစစ် နဲ့ ဖန်တီး ခဲ့ခြင်း ဖြစ်ပါတယ်။ ခရစ္စမတ် သစ်ပင် ဟာ အလေး ချိန် (၁၂) ကီလို ရှိပြီး အမြင့်က တော့ (၂ ဒသမ ၄) မီတာ ရှိပါ တယ်။ 

တိုကျိုမြို့ အခြေစိုက် ဂန်ဇာတန် နာကာ ကုမ္ပဏီ က ဖန်တီး ထားခြင်း ဖြစ်ပြီး တန်ကြေးက ဒေါ်လာ (၁ဒသမ ၉၅) သန်း အထိ ရှိပါတယ်။ 

Thursday, December 25, 2014

တရားမ၀င် ကန်ထရိုက် တိုက်များအား လျှပ်စစ်မီး မပေးရန် စီစဉ်



တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက် အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)



တရားမ၀င် ကန်ထရိုက် တိုက် အားလုံးအား လျှပ်စစ်မီး မပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံ ဌာနမှ ဌာနမှူးဦး သန်းဌေး က ပြောသည်။
 
တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော် စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီး မရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေး က ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမ တွင် ပြု  လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။
 
လက်ရှိ ရန်ကုန်မြို့တော် အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲ ဆို ထားသည့် ကန်ထရိုက် တိုက် အ လုံးရေနှစ်ထောင်ကျော် ရှိပြီး ၃၇ လုံး အား ဖျက်သိမ်း ထားကြောင်း ဦးသန်ဌေးက ဆိုသည်။
 
တရားမ၀င် ကန်ထရိုက် တိုက် အများစု မှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ် တို့ တွင် အများ ဆုံးဖြစ်ပြီး တရားမ၀င် ဆောက်လုပ်နေမှုများ ကို အရှိန်မြှင့် တရားစွဲဆိုနိုင်ရန် တရားရုံး များနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူး ကဆိုသည်။

Merry Christmas & Happy New Year { 2015 }

Tuesday, December 23, 2014

လျော့စေချင် တာ ကား ကျပ်တာ၊ ဖြစ်လာတာ က ဂွင် (ခွင်) ဖန်ဖို့

  လျော့စေချင်တာ ကားကျပ်တာ၊ ဖြစ်လာတာက ဂွင် (ခွင်) ဖန်ဖို့ 

Written by: မာန်သူရှိန်

"ကားပါကင်ရှိမှ ကားသွင်းခွင့်ပေးမယ်" ဆိုတဲ့အစီအစဉ်ကိုထုတ်ပြန်လိုက်တဲ့နောက်မှာ အားလုံးတညီတညွတ်တည်း ကောက်ချက်ချ၊ မှတ်ချက်ပေးလိုက်တာကတော့ "ခွင်ဖန်ဖို့" "ခွင်တစ်ဂွင်တိုးပြီဟေ့" ဆိုတဲ့ စကားတွေပဲဖြစ်ပါတယ်။
    
ကားကျပ်တဲ့ဒဏ်ခံရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေဖြစ်စေခဲ့ချင်တာက ရန်ကုန်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ချောမွေ့ဖို့၊ ချောမွေ့အောင်မလုပ်နိုင်ခင် ကားကျပ်တာလျော့သွားဖို့၊ လျှော့ချသွားနိုင်မယ့်နည်းလမ်းကိုချမှတ်ဖို့ စတာတွေကိုလိုလားခဲ့ကြတာပါ။
    
လုပ်ချလိုက်တာကတော့ ကားကျပ်တာလျော့မသွားမယ့်အပြင် ခွင်ဖန်လို့ရနိုင်တဲ့ပုံစံမျိုးပဲဖြစ်ခဲ့တဲ့အတွက် ပြည်သူအတွက် ထူးမခြားနားဖြစ်မယ့်အပြင် ခွင်ကိစ္စတွေနဲ့ပါရင်ဆိုင်ရနိုင်မယ့် အနေအထားဖြစ်နေပါတယ်။
    
ဒီရက်ပိုင်းထုတ်ပြန်လိုက်သမျှ ကားတင်သွင်းမှုနဲ့ပတ်သက်တာတွေထဲမှာ အများစုက ခွင်ဖန်ဖို့ အခွင့်အရေးပေးထားသလိုဖြစ်နေတဲ့အတွက် ၂၀၁၅ ခုနှစ်ကတော့ အကျင့်ပျက်ချင်သူတွေအတွက် ခွင်နှစ်၊ ပြည်သူအတွက်တော့ ကားကျပ်မှုပိုဆိုးရွားတော့မယ့်နှစ်လို့ ကြိုတွက်ထားလို့ရတဲ့အခြေအနေလို့လည်း သုံးသပ်သူတွေကသုံးသပ်နေပါပြီ။
    
ခွင်ဖန်လို့ရတဲ့ပုံစံမျိုးတွေပဲ ချမှတ်လုပ်ကိုင်တာ ခုမှမဟုတ်ပါဘူး။ ကားမူဝါဒစပြောင်းကတည်းက စတင်ခဲ့တာပါ။

ခွင်နဲ့စဖွင့်တဲ့ ကားမူဝါဒ
    
အစိုးရသစ်လက်ထက်မှာ ကားဟောင်းတွေအပ်ပြီး ကားသစ်သွင်းခွင့်ပေးတော့မယ့်မူဝါဒချမှတ်ဖို့ စီစဉ်ခဲ့တယ်။ ကားဟောင်းတွေအအပ်ခံတော့မယ်ဆိုတာကို အများပြည်သူမသိခင်မှာ တာဝန်ရှိသူတချို့ဆီကနေ လုပ်ငန်းရှင်တချို့ ကြိုပြီးသတင်းရခဲ့ကြပါတယ်။
    
အဲ့ဒီမှာ သတင်းကြိုရတဲ့သူတွေက လက်ဦးမှုယူပြီးတော့ ကားဟောင်းတွေအစုလိုက်အပြုံလိုက် ၀ယ်လှောင်ကြပါတယ်။
    
အဲ့ဒီလိုလှောင်လို့ဝတော့မှ ကားမူဝါဒကို အများပြည်သူကိုထုတ်ပြန်လိုက်တာပါ။ သတင်းကြိုရတဲ့သူတွေက မသိနားမလည်သူပြည်သူတွေဆီက တစ်စီး ၁၀ သိန်း၊ သိန်း ၂၀ နဲ့ကားဟောင်းတွေကို ၀ယ်လှောင်ခဲ့ကြတယ်။ နောက်တော့ဈေးထိုးတက်သွားတဲ့အခါ တစ်စီးကျပ် သိန်း ၁၅၀ လောက်အထိရသွားတဲ့သူတွေတောင်ရှိပြီး ကျပ်သိန်းပေါင်းထောင်သောင်းချီ အကျိုးအမြတ်ရသွားတာ ကားလောကတစ်ခုလုံး သိကြပါတယ်။
    
ကားမူဝါဒက အဲ့ဒီလို ကားဟောင်းသတင်း ကြိုပေးတဲ့ခွင်နဲ့ စခဲ့ကြတာလို့ ပြောရတော့မှာပါ။

ကားဟောင်းပြီးတော့ တက္ကစီဂွင်
    
ကားဟောင်းခွင်ပြီးသွားပြန်တော့ တက္ကစီဂွင်ဆိုပြီး ခွင်သစ်ထပ်ပေါ်လာခဲ့ပြန်ပါတယ်။
    
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်နဲ့ တက္ကစီကုမ္ပဏီတွေထောင်တယ်၊ တက္ကစီတွေကို အခွန်လျှော့ပေါ့ခွင့်နဲ့သွင်းကြတယ်။ သွင်းကတည်းက ပြန်ရောင်းမစားရဘူး။ ငှားလို့ပဲရမယ်ဆိုပြီးသတ်မှတ်ထားပေမယ့် နောက်တော့ ကုမ္ပဏီတွေက အခွန်လျှော့ပေါ့ခွင့်နဲ့သွင်းထားတဲ့ကားတွေကို အပြင်ကို ဈေးကောင်းကောင်းနဲ့ပြန်ထုတ်ရောင်းလို့ ကုမ္ပဏီထောင်ခွင့်ရသူတွေထောသွားပြန်တယ်။ (အကျင့်ပျက်တာဝန်ရှိသူတချို့ဆို တစ်စီးဘယ်လောက်နှုန်းနဲ့ဆိုပြီးရသွားတယ်လို့ လုပ်ငန်းရှင်တွေကြားမှာတောင် သတင်းထွက်ခဲ့သေးတယ်)

တက္ကစီပြီးတော့ ပါကင်ခွင်လား
    
ခုတစ်ကြိမ်ထပ်ပြောင်းလိုက်ပြန်ပါပြီ။ ပါကင်မရှိရင်ကားမသွင်းရတဲ့စနစ်ပါ။ ပါကင်ရှိကြောင်းထောက်ခံချက်ပုံစံတွေကို သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်ရုံးတွေမှာ စုံစမ်းကြည့်ရှုလုပ်ကိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။
    
ကားဝယ်မယ့်သူ၊ ကားသွင်းမယ့်သူတွေက ပါကင်သတ်မှတ်ချက်စည်းကမ်းအပေါ်ကိုတော့ အရင်က တက္ကစီ၊ ကားဟောင်းတုန်းကလိုမျိုး ခွင်ဖြစ်သွားနိုင်တယ်၊ ခွင်မဖန်ဘူးဆိုရင်တောင် ဖန်ချင်တဲ့သူတချို့ ဖန်တီးလို့ရတဲ့အခြေအနေရှိတဲ့ သတ်မှတ်ချက်ပုံစံလိုဖြစ်နေတယ်လို့ ပြောလာခဲ့ကြတဲ့အတွက် ပါကင်ကလည်း ခွင်ဖြစ်လာနိုင်သလား အားလုံးပြောသလို ခွင်ဖြစ်သွားမလား တာဝန်ရှိသူတွေ ကြိုတင်စဉ်းစားထားသင့်ပါတယ်။ 

CIF တရားခံ ဘယ်သူလဲ
    
အဆိုးဆုံးကတော့ CIF တွေကိုမထုတ်ပြန်တော့ဘူးဆိုတာကို ကြိုတင်အသိမပေးဘဲ နှစ်ကုန်ခါနီး အနားနီးမှ မထုတ်ပြန်တဲ့အကြောင်း ပြည်သူကိုအသိပေးတာပါ။ အဲ့ဒီအတွက် ကားတင်သွင်းသူတွေအားလုံး မမီမကမ်းဖြစ်၊ လုပ်ကိုင်ရခက်နဲ့ ၀ရုန်းသုန်းကားဖြစ်ကုန်ကြပါတယ်။ အခုလည်းဖြစ်နေတုန်းပါ။
    
CIF ကလည်း တကယ်တော့ အစကထုတ်ပြန်ဖို့အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေအထိ တွက်ချက်တင်ပြခဲ့ပြီးသားပါ။ အဲ့ဒီပြည်ထောင်စုအဆင့် အဖွဲ့အစည်းကိုတင်ပြပြီးနောက်မှ မထုတ်ပြန်တော့တာဖြစ်လို့ CIF မထုတ်ပြန်ဖြစ်တာ၊ အနားနီးမှ မထုတ်ပြန်တဲ့အကြောင်း အသိပေးနိုင်တာတွေက အဲ့ဒီပြည်ထောင်စုအဆင့်အဖွဲ့အစည်း တာဝန်ရှိသူတချို့ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီး လုပ်ငန်းရှင်တချို့ကသုံးသပ်ထားပါတယ်။
    
CIF ထုတ်ပြန်ဖို့တင်ပြခဲ့တဲ့ အဖွဲ့အစည်းထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတာဝန်ယူထားတဲ့ ပြည်ထောင်စုစီးပွားရေးရာကော်မတီကိုလည်း တင်ပြခဲ့တာလို့ လုပ်ငန်းရှင်တွေကြားမှာ သိထားကြပါတယ်။ ဘယ်သူတွေက မထုတ်ပြန်ဖို့ စီစဉ်ခဲ့သလဲဆိုတာတော့ လုပ်ခဲ့တဲ့တာဝန်ရှိသူတွေကိုယ်တိုင်ပဲသိကြမှာပါ။

Custom ခွင်ရောပြန်ဖြစ်ဦးမလား
    
ဒီရက်ပိုင်းမှာထုတ်ပြန်တဲ့ ကားသွင်းမှုနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေထဲမှာ ကားသွင်းသူတွေ မဖြစ်ချင်ဆုံးသတ်မှတ်ချက်တစ်ခုပါလာပါတယ်။
    
CIF တွေမထုတ်ပြန်တော့ဘဲ အရင်ကလို Custom က Value ပြန်သတ်မှတ်ပြီးသွားမယ့် သတ်မှတ်ချက်ပဲဖြစ်ပါတယ်။
    
အရင်တုန်းက ကားတန်ဖိုးတွေကို Custom ကသတ်မှတ်တဲ့စနစ်နဲ့ သွားခဲ့ပါသေးတယ်။ အဲ့ဒီလိုသွားတုန်းက Custom ဟာ အရမ်းနာမည်ထွက်ခဲ့သလို တင်သွင်းသူတွေလည်း အရမ်းလုပ်ရကိုင်ရခက်၊ ခဏခဏပြဿနာတွေဖြစ်၊ ခဏခဏတိုင်ကြတောကြတဲ့အထိဖြစ်ခဲ့ပါသေးတယ်။
    
အဲ့ဒီလိုမဖြစ်ဖို့အတွက် CIF ကိုသတ်မှတ်ခဲ့ကြတာပါ။ ဒါကို အခုနောက်ကြောင်းပြန်တဲ့လုပ်ရပ်အဖြစ် CIF ကိုမသတ်မှတ်တော့ဘဲ အရင်တုန်းကလို ခက်ခဲမယ့်စနစ်ကိုပြန်သတ်မှတ်လိုက်တဲ့အတွက် Custom တန်ဖိုးပြန်သတ်မှတ်မယ့်စနစ်ဟာ အရင်ကလိုပဲ နာမည်ထွက်ဦးမယ့်သတ်မှတ်ချက်မျိုးပဲဖြစ်ဦးမလားလို့ ကားတင်သွင်းသူတွေကတော့ စိုးရိမ်နေကြပါတယ်။ လုံးဝလက်မခံနိုင်ဘူးလို့တောင် တချို့တွေကပြောကြားလာတာရှိပါတယ်။ အဓိကအချက်ကတော့ အရင်ကလို ခွင်မကင်းတဲ့ Custom စနစ်မျိုးဖြစ်လာမှာကို စိုးရွံ့တာလို့ထောက်ပြကြပါတယ်။

ကားကျပ်တာလျော့သွားမှာလား
    
ရန်ကုန်ကို ကားဝင်ရောက်မှုကန့်သတ်လိုတဲ့အတွက်၊ ရန်ကုန်ကားကြပ်မှုဆိုးရွားမသွားဖို့အတွက် ပါကင်သတ်မှတ်ချက်ကိုလုပ်ကြတာဖြစ်မှာပါ။
    
ဒါဆို ကားကျပ်တာလျော့သွားမှာလား။ ကွမ်းခြံကုန်း၊ ဒလ၊ သန်လျင်လိုမြို့နယ်တွေမှာ ပါကင်ပြပြီး ထောက်ခံချက်ယူမယ်၊ ဒဂုံဆိပ်ကမ်းလို မြို့စွန်တွေမှာ မြေကွက်ဝယ်ထားပြီး ပါကင်ပြမယ်၊ အစွန်ဘက်မြို့နယ်တွေမှာနေတဲ့သူတွေအမည်နဲ့ သူတို့ခြံပါကင်ပြပြီးယူမယ် သွင်းကြမယ်ဆိုရင်လည်း ဖြစ်လာနိုင်တာပါပဲ။ ရတဲ့နည်းနဲ့လုပ်လည်း လုပ်လာနိုင်ပါတယ်။ တတ်နိုင်တဲ့သူတွေဆို ပါကင်ပြစရာမရှိရင် နယ်လိုင်စင်နဲ့သွင်းပြီး နယ်ကျော်ခပေးမယ်၊ ရန်ကုန်မှာစီးမယ်ဆိုပြီးလုပ်လာနိုင်တာပါပဲ။
    
ဝေးဝေးမကြည့်နဲ့။ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ဆုံးပါးပြီးသူတောင် ကားသွင်းခွင့်ရသွားသေးတာပဲ။ ဖြစ်မလာဘူးလို့ ဘယ်သူအာမခံမလဲ။ ဒီလိုဆိုရင် ရန်ကုန်ဝင်တဲ့ကားအစီးရေက ဒီလောက်အထိ သိသိသာသာလျော့သွားစရာမရှိတဲ့အတွက် ကားကျပ်တာ ဒီလောက်အထိလျော့သွားမှာမဟုတ်ပါဘူး။
    
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ပါကင်သတ်မှတ်ချက်မချမှတ်ခင်ကတည်းက ကားပါကင်ဘယ်နှစ်ခုဆောက်ပေးပြီးပြီလဲ အရင်စဉ်းစားရမှာပါ။ ကားပါကင်လုံလုံလောက်လောက်ဆောက်ပေးရမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ပါ။ ဆောက်ပေးထားလို့ ကားပါကင်ထောက်ခံချက်တောင်းတယ်ဆိုရင်တော့ လမ်းကြောင်းကမှန်သေးတယ်လို့ပြောလို့ရသေးတာပေါ့။
    
ဂျပန်၊ စင်ကာပူနိုင်ငံတွေမှာ ကားပါကင်တွေ အလုံအလောက်ရှိလို့ သူ့စနစ်နဲ့သူသွားတာ။
    
ဒါပေမဲ့ ကားပါကင်လုံလုံလောက်လောက်ဆောက်ပေးမထားဘဲ ကားပါကင်ပြနိုင်မှ ကားသွင်းခွင့်ပေးမယ်ဆိုလိုက်တော့ ဘာတွေဆွေးနွေးပြီး ဘယ်သူတွေက ဒီလိုအကြံတွေပေးလိုက်သလဲ မေးစရာဖြစ်လာတာပေါ့။

ခြံရှိတဲ့သူ ပါမစ်ရောင်းစားမယ်
    
ကားပါကင်သတ်မှတ်ချက်ထုတ်ပြန်လိုက်တော့ ခြံပိုင်ရှိတဲ့သူတွေ လက်မထောင်ပြန်တာပေါ့။ ရှင်းတယ်လေ ခြံပိုင်ရှိတဲ့သူက ပါကင်နေရာရောင်းစားရင်စားမယ်၊ ဒီထက်မက ကိုယ့်ခြံကိုယ်ပြ ပါကင်ထောက်ခံချက်တွေယူပြီး ပါမစ်လျှောက်ထားပြီးရင် ပါမစ်ပြန်ရောင်းစားမယ်။ ဒီလိုဆို ရန်ကုန်ကားကျပ်တာ ဘာထူးခြားသွားမှာလဲ။
    
ခြံတွေအိမ်တွေများများပိုင်ထားတဲ့သူတွေပဲ ထပ်ကောင်းစားအောင် လုပ်ပေးသလိုဖြစ်နေမှာပါ။

Custom နဲ့ ထွေ/အုပ် အဂတိမလိုက်စားဘူးလို့အာမခံရဲလား
    
အခုပြင်ဆင်လိုက်တဲ့ ကားနဲ့ပတ်သက်တဲ့အချက်တွေကိုကြည့်ရင် ကားပါကင်ထောက်ခံချက်အတွက် ထွေ/အုပ်ဦးစီးဌာနနဲ့လုပ်ရမယ်။ CIF မထုတ်တော့တဲ့အတွက် Custom နဲ့ အရင်လိုပြန်လုပ်ရမယ်။
    
ဟုတ်ပြီ Custom၊ ထွေ/အုပ်၊ စတာတွေဟာ လုံးဝအဂတိမလိုက်စားဘူး၊ လိုက်စားခဲ့တာလည်းမရှိဘူးလို့ ဘယ်သူအာမခံမလဲ။ လက်ရှိကားပါကင်သတ်မှတ်ချက်ချမှတ်သူ၊ CIF မထုတ်ပြန်ဖို့စီမံခဲ့တဲ့ တာဝန်ရှိသူတွေအာမခံသလား။ ခေတ်အဆက်ဆက်ကားသွင်းလာတဲ့သူတွေဟာ မရရအောင်လမ်းဖောက်တတ်ကြပါတယ်။
    
ဦးအောင်သောင်း ကုန်သွယ်ရေးဒုဝန်ကြီး လက်ထက်တုန်းက နိုင်ငံခြားပညာတော်သင်၊ နိုင်ငံခြားအားကစားပွဲ သွားခဲ့တဲ့သူတွေ ရက်ပိုင်းလောက်ပဲသွားပြီး ဒေါ်လာ ၃၀၀၀ မရခဲ့တာကို ပွဲစားတွေ၊ လုပ်ငန်းရှင်တွေက ဒေါ်လာ ၃၀၀၀ မပြည့်ပြည့်အောင် ဘယ်လိုလုပ်သွားခဲ့သလဲ၊ ကာလာပရင်တာတွေနဲ့ ဘယ်လိုအင်ထုပြီးလုပ်သွားကြသလဲ ပြန်စုံစမ်းကြည့်လိုက်ပါဦး။
    
လုပ်ငန်းရှင်ဆိုတာ ဒီလိုပဲလုပ်တတ်ကြောင်းကိုလည်း အစဉ်အဆက်လုပ်ခဲ့၊ လုပ်ပြခဲ့တာတွေက သက်သေခံနေတဲ့အတွက် အဂတိလိုက်စားမှုမဖြစ်ဘူးလို့ ဘယ်သူအာမခံမလဲ။

ထွေ/အုပ်၊ စည်ပင်တွေ အဲ့လောက်အချိန်အားသလား
    
တစ်ရက်ကို အခုဆို အစီးရေ ၄၀၀ နဲ့ ၅၀၀ ကြားပါမစ်လျှောက်နေကြတယ်။ ပုံမှန်ဆို နေ့စဉ် ၃၅၀ လောက် ပါမစ်လျှောက်ကြတယ်။ တစ်ရက်ကိုရာနဲ့ချီ၊ တစ်ပတ်ဆိုထောင်နဲ့ချီတဲ့ ကားပါကင်နေရာတွေကို ထွေ/ အုပ်ဝန်ထမ်းတွေအနေနဲ့ တိတိကျကျလိုက်စစ်နိုင်မလား။
    
နိုင်ငံအတွက်အရေးကြီးတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က ထွေ/အုပ်ဦးစီးဌာန၀န်ထမ်းတွေအနေနဲ့ တိုင်းပြည်အတွက် ဒီထက်မကအရေးကြီးတာတွေလုပ်ရဖို့ရှိနေတာကို ဘာမဟုတ်တဲ့ ကားပါကင်ရှိ မရှိ တိတိကျကျ လိုက်စစ်ပေးနေရလောက်အောင် တော်တော်အချိန်အား ကြပါ့မလားဗျာ။ ၀န်ထမ်းတွေကိုလည်းပြန်မေးကြည့်ပါဦး သူ့အလုပ်နဲ့သူအားကြရဲ့လားလို့။ 

ရှောင်ကွင်းခံနေရတဲ့ ဂွင်မဖြစ်တဲ့စနစ်
    
ကားသွင်းခွင့်ပေးတာ သုံးနှစ်ပြည့်ပါပြီ။ ခုထိလည်း မူဝါဒတွေက ပြောင်းလို့မဆုံး တည်ငြိမ်မှုလည်းမရှိ၊ ရေရှည်ကောင်းမယ့်မူဝါဒလည်းမဟုတ်သေးပါဘူး။ မချမှတ်နိုင်ကြသေးပါဘူး။
    
ဂွင်ဖြစ်နိုင်တဲ့အပြောင်းအလဲတွေပဲချမှတ်နေကြပြီး ဂွင်မဖြစ်နိုင်ပဲ ရေရှည်ကောင်းမယ့်စနစ်ကိုတော့ သိသိနဲ့ပတ်ရှောင်နေကြတာအံ့သြစရာပါပဲ။
    
တစ်ရက်ကို အခုဆို ကားပါမစ်ပေါင်း ၄၀၀ ကနေ ၅၀၀ အထိလျှောက်ကြပါတယ်။ ပုံမှန်ဆိုအစီး ၃၅၀ လောက် ပျမ်းမျှလျှောက်ထားကြတယ်။ အဲ့ဒီအထဲမှာ လူတစ်ဦးချင်းတင်သွင်းခွင့်လို့ခေါ်တဲ့ ဖရီးပါမစ်ကအများဆုံးပါ။
    
ယာဉ်အိုယာဉ်ဟောင်းက အဲ့လောက်မဟုတ်ပါဘူး။ သွင်းသမျှကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလဲ ရန်ကုန်ကိုပဲဝင်နေတာပါ။ အဲ့ဒီလိုစနစ်မကျတဲ့ ဖရီးပါမစ်တွေကြောင့် ရန်ကုန်မှာကားကြပ်တာ၊ ကားပါကင်ပြဿနာတွေ ဆက်တိုက်တက်လာတာဖြစ်တယ်ဆိုတာ ကားမူဝါဒချမှတ်သူတွေ ရှင်းရှင်းလင်းလင်းကြီးသိပြီးသားပါ။(စည်းကမ်းမဲ့ကားတွေထိရောက်အောင် အရေးမယူနိုင်လို့ ကားကြပ်တာကတော့အစိုးရရဲ့တာဝန်ပါ)
    
ကျွန်တော်တို့ပြောခဲ့တာက လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆုံးပါးပြီးသူတောင် ကားသွင်းခွင့်ရသွားတဲ့ လက်ရှိဖရိုဖရဲဖရီးပါမစ်စနစ်ကနေ စနစ်ကျတဲ့ဖရီးပါမစ်စနစ်ကိုသွားဖို့ပြောခဲ့တာပါ။ အခွန်ဆောင်ထားတဲ့သူတွေက အခွန်ပြပြီးသွင်း၊ အခွန်မဆောင်ထားတဲ့သူက COE ပါမစ်ဝယ်ယူပြီးသွင်းတဲ့စနစ်က အသင့်တော်ဆုံးပါ။
    
ကျွန်တော်တို့ရေးခဲ့တာက-

၁။ Brand New ဘယ်မောင်းကားတွေဆိုရင် ဒီအတိုင်းဘယ်သူမဆိုသွင်းပါ။

၂။ လက်ရှိဖရီးပါမစ်နဲ့သွင်းနေတဲ့ Used Car ကားဟောင်းတွေကိုသွင်းမယ်ဆိုရင် စင်ကာပူလိုပဲ COE စနစ်နဲ့သွားပါ။ အခွန်ဆောင်ပြနိုင်သူဆို ဒီအတိုင်းသွင်းပါ။

၃။ တစ်လ အစီးရေဘယ်လောက်သွင်းခွင့်ပေးမယ်ဆိုတာကို တွက်ချက်သတ်မှတ်ပါ။

၎။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုစနစ်နဲ့ ကားအရောင်းစင်တာတွေ ဒီအတိုင်းဆက်ထားပါ။

၅။ ဘတ်စ်ကား၊ ကုန်ကားလို အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ဆိုင်တဲ့ ယာဉ်တင်သွင်းခွင့်တွေကို အခုအတိုင်းထားပါ။
    
Brand New ဘယ်မောင်းကို ဘယ်သူမဆိုသွင်းခွင့်ရတဲ့အတွက် ခရိုနီတွေချည်းပဲ သက်သက်ကောင်းစားတာမဖြစ်တော့ဘူး။ ၀ယ်ရောင်းတွေလည်း သွင်းရောင်းချင်ရောင်းနိုင်တဲ့အတွက် အားလုံးတန်းတူအခွင့်အရေးဖြစ်သွားပါပြီ။ ခရိုနီကောင်းစားရေးမရှိတော့ဘူး။
    
Used Car တွေကိုသွင်းမယ်ဆိုရင်လည်း ခရိုနီဆိုသူတွေရော၊ ၀ယ်ရောင်းတွေရော၊ ပြည်သူရော အားလုံးတန်းတူဖြစ်သွားအောင် COE ကိုအပြိုင်ဝယ်ယူလို့ရတဲ့အတွက် ဖရီးပါမစ်ကြီးလည်းဆက်ရှိမယ်၊ မှတ်ပုံတင်တစ်ခုပြတာနဲ့ ကားသွင်းလို့ရတဲ့ ဘယ်နိုင်ငံမှမရှိတဲ့စနစ်ကနေ စနစ်တကျကားတင်သွင်းမှုဖြစ်သွားမယ်။
    
တစ်လကားသွင်းရမယ့်ပမာဏကို နိုင်ငံမှာတစ်ကယ်လိုအပ်တာနဲ့တွက်ပြီးခွင့်ပြုလိုက်ရင် COE ရှားလို့ လုဝယ်စရာလည်းမလိုတော့ဘူး။
    
COE စနစ်နဲ့သွားလို့ ကားဈေးခုန်တက်သွားမှာလည်းမဟုတ်ပါဘူး။ လက်ရှိ ကားအသစ်စက်စက် Brand New ဈေးတွေကိုတစ်ချက်ကြည့်လိုက်ပါ။ ကျပ်သိန်း ၁၅၀ နဲ့ ကျပ်သိန်း ၂၀၀ ပေးရင် စီးလို့ရတာတွေအများကြီးပါ။
    
မော်ဒယ်နိမ့်တဲ့ကားတွေဈေးတက်မယ်ဆိုရင် အဲ့ဒီအသစ်ကားတွေထက်ကျော်အောင် ဈေးခုန်တက်ပါ့မလား။ အသစ်ဈေးရှိနေလို့ခုန်တက်လာတဲ့ဈေးက အမြဲရိုက်ချခံနေရမှာပဲ။
    
နယ်မှာကားတွေလိုသေးတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။ ကားသွင်းခွင့်ပိတ်လိုက်တာမဟုတ်လို့ အသစ်စက်စက်စီးချင်ရင် ကားအရောင်းပြခန်းနဲ့ ၀ယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင်လည်း COE ၀ယ်ပြီးသွင်းနိုင်ပါတယ်။ Used Car လိုချင်ရင်လည်းရတယ် ကားအရောင်းစင်တာတွေမှာဝယ်၊ ၀ယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင်လည်းသွင်းလို့ရတဲ့အတွက် နယ်သမားတွေအတွက်ပြဿနာမရှိပါဘူး။
    
ဒီတော့ COE  ပြောင်းလိုက်လို့ ကားဈေးလည်းစွတ်ရွတ်တက်မှာမဟုတ်သလို ခရိုနီကောင်းစားရေးလည်းမရှိတော့ပဲ အားလုံးတန်းတူဖြစ်မယ့်အပြင် စနစ်ကျတဲ့ကားသွင်းမှုတစ်ခုဖြစ်သွားမှာပါ။
    
ဂွင်ဖန်လို့မရနိုင်တဲ့ အဲဒီလိုစနစ်ကိုသွားလို့ရရဲ့သားနဲ့ ဂွင်ဖန်လို့ရနိုင်တဲ့ ရေတိုစနစ်တွေကိုချည်းသတ်မှတ်နေတော့ ဘာကြောင့်လဲ၊ ဘာကြောင့်ဂွင်ဖန်လို့ရနိုင်တာကိုပဲ ပြောင်းလဲနေကြသလဲမေးခွန်းထုတ်တာတော့ မလွန်လောက်ပါဘူး။

ဆေးမြီးတိုနဲ့အကုခံနေရတုန်း ရန်ကုန်
    
နှစ်ထပ်လမ်းတို့ မြို့ပတ်ရထား၊ မြေအောက်ရထား၊ ကားပါကင်အဆောက်အအုံတို့လို အများပြည်သူအတွက် ရေရှည်ကောင်းမယ့်လမ်းမူဝါဒမျိုးကတော့ ခုထိမမြင်ရသေးပဲ ရန်ကုန်ကတော့ ဆေးမြီးတိုတွေနဲ့ အကုခံနေရတုန်းပါ။
    
ငါးပွက်ရာငါးစာချသလို ခုံးကျော်လေးတွေလိုက်ဆောက်၊ အဲဒီနေရာမှာချောင်ပြီး နောက်တစ်နေရာသွားကြပ်၊ နောက်တစ်နေရာကို တစ်ခါ ခုံးကျော်ထပ်ဆောက်နဲ့ ရေတိုဖြေရှင်းနည်းဆေးမြီးတိုနဲ့ ကုကြပါတယ်။ လမ်းလယ်ဘလောက်တုံးတွေလိုက်ချပြီးလည်း ကုနေကြတုန်းပါ။ ကားကြပ်တာသာလျော့မသွားတာ ခုံးကျော်ဆောက်ခွင့်ရတဲ့ အစိုးရနဲ့နီးစပ်သူတွေနဲ့ ဘလောက်တုံးလုပ်ငန်းနဲ့ဆက်စပ်သူတွေက တော့ခုလောက်ဆို ထောပြီးရင်ထောနေလောက်ပြီ။
    
ရေတိုကုစားနည်းဖြစ်တဲ့အတွက် ဘယ်လောက်ပဲလုပ်လုပ် လမ်းနဲ့ကားမမျှတဲ့အချက်ကြောင့် ကားတွေကြပ်တုန်းပါပဲ။
    
အဖြေက လမ်း၊ ပါကင်၊ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ရေရှည်ကောင်းမယ့်မူဝါဒကို အရင်အကောင်အထည်ဖော်ရမှာပါ။ မချနိုင်မလုပ်နိုင်သေးရင် တကယ်လိုအပ်မှ ကားဝယ်စီး၊ မလိုအပ်ပဲကားဝယ်မစီးတဲ့အခြေအနေဖြစ်သွားအောင် စနစ်ကျတဲ့ကားသွင်းမှုမူဝါဒကိုပြောင်းလဲရမှာပါ။
    
အဖြေသိတယ်၊ ဂွင်မဖြစ်ပဲ ရေရှည်ကောင်းမယ့်စနစ်ကိုသိတယ်၊ ဒါပေမယ့် သိသိနဲ့ ဘယ်သူမှအကောင်အထည်မဖော်ပဲ ပတ်ရှောင်ပြီး ဂွင်ဖြစ်နိုင်တဲ့သတ်မှတ်ချက်တွေကိုပဲ အစဉ်တစ်စိုက်ပြောင်းလဲနေတာကတော့ "လျော့သွားစေချင်တာကကားကြပ်တာ၊ ဖြစ်လာတာက ဂွင်ဖန်ဖို့များဖြစ်လာအုံးမလား၊ ခုတ်ရာတခြား ရှရာတလွဲဆက်ဖြစ်နေအုံးမလား၊ အနာတခြားဆေးတခြားနဲ့ ကုလို့မပြီးသေးဘူးလား" လို့မေးရမလိုဖြစ်နေပါပြီ။

မမီတာလား ဂွင်လား
    
ကားမူဝါဒချမှတ်မူ၊ ရန်ကုန်ကားကြပ်တာဖြေရှင်းမှုတွေနဲ့ပတ်သက်ရင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ မြို့တော်ဝန်ဦးလှမြင့်တို့ငါးဦးဟာ မပြေးသော်လည်းကန်ရာရှိ တာဝန်ရှိတယ်ဆိုတာငြင်းလို့မရပါဘူး။
    
ဂွင်ဖန်လို့မရတဲ့၊ ကိုယ်ကျိုးတကယ်မဖက်တဲ့စနစ်ကိုချချင်တယ်ဆိုရင် နိုင်ငံတကာမှာကျင့်သုံးနေတဲ့ မူဝါဒတွေထဲက ကိုယ်နဲ့အကိုက်ညီဆုံးကိုကျင့်သုံးလို့ရပါတယ်။
    
အဲ့ဒီလို ကိုယ်ကျိုးမဖက်တဲ့မူဝါဒတွေရှိရက်နဲ့ ဂွင်ဖန်လို့ရနိုင်တဲ့အနေအထားမျိုးတွေကိုချမှတ်တာကတော့ နိုင်ငံတကာစနစ်တွေကိုလိုက်မမီ၊ နားမလည်တာလား၊ အဲ့ဒီလိုမမီတဲ့သူတွေကပဲ မူဝါဒချမှတ်နေလို့ အခုလိုလွဲနေတာလား၊ ဒါမှမဟုတ်ရင်တော့ အများထင်နေသလို ဂွင်ပဲလား မေးရမလိုဖြစ်နေပါပြီ။ 

(သီလ၀ါ ယာဉ်အိုယာဉ်ဟောင်းလက်ခံရာပြင်ပဌာနတွင် လာရောက်အပ်နှံသည့် ဖျက်သိမ်းကားများအား ဒီဇင်ဘာ ၂၂ ရက်ကတွေ့ရစဉ်)

(သီလ၀ါ ယာဉ်အိုယာဉ်ဟောင်းလက်ခံရာပြင်ပဌာနတွင် လာရောက်အပ်နှံသည့် ဖျက်သိမ်းကားများအား ဒီဇင်ဘာ ၂၂ ရက်ကတွေ့ရစဉ်)

"ကားပါကင်ရှိမှ ကားသွင်းခွင့်ပေးမယ်" ဆိုတဲ့အစီအစဉ်ကိုထုတ်ပြန်လိုက်တဲ့နောက်မှာ အားလုံးတညီတညွတ်တည်း ကောက်ချက်ချ၊ မှတ်ချက်ပေးလိုက်တာကတော့ "ခွင်ဖန်ဖို့" "ခွင်တစ်ဂွင်တိုးပြီဟေ့" ဆိုတဲ့ စကားတွေပဲဖြစ်ပါတယ်။

ကားကျပ်တဲ့ဒဏ်ခံရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေဖြစ်စေခဲ့ချင်တာက ရန်ကုန်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ချောမွေ့ဖို့၊ ချောမွေ့အောင်မလုပ်နိုင်ခင် ကားကျပ်တာလျော့သွားဖို့၊ လျှော့ချသွားနိုင်မယ့်နည်းလမ်းကိုချမှတ်ဖို့ စတာတွေကိုလိုလားခဲ့ကြတာပါ။

လုပ်ချလိုက်တာကတော့ ကားကျပ်တာလျော့မသွားမယ့်အပြင် ခွင်ဖန်လို့ ရနိုင်တဲ့ပုံစံမျိုးပဲဖြစ်ခဲ့တဲ့ အတွက် ပြည်သူအတွက် ထူးမခြားနားဖြစ်မယ့်အပြင် ခွင်ကိစ္စတွေနဲ့ပါရင်ဆိုင်ရနိုင်မယ့် အနေ အထားဖြစ်နေပါတယ်။

ဒီရက်ပိုင်းထုတ်ပြန်လိုက်သမျှ ကားတင်သွင်းမှုနဲ့ပတ်သက်တာတွေထဲမှာ အများစုက ခွင်ဖန်ဖို့ အခွင့် အရေးပေးထားသလိုဖြစ်နေတဲ့အတွက် ၂၀၁၅ ခုနှစ်ကတော့ အကျင့်ပျက်ချင်သူတွေအတွက် ခွင်နှစ်၊ ပြည်သူအတွက်တော့ ကားကျပ်မှုပိုဆိုးရွားတော့မယ့်နှစ်လို့ ကြိုတွက်ထားလို့ရတဲ့အခြေအနေလို့လည်း သုံးသပ်သူတွေကသုံးသပ်နေပါပြီ။



Monday, December 22, 2014

အေဒီ ၂၀၅၀ မိုင်းနပ်စ် အင်းလျားကန်

(၁)
အေဒီ ၂ဝ၅ဝ ရန်ကုန်မြို့..။
သူ့နောက်ကျောပိုးအိတ် အတွင်းရှိ လောင် စာဆီ ထည့်ထားသော ဘူး ကို စမ်းလိုက်သည်။
နောက် ကျည်ကာ အင်္ကျီကိုကောက်စွပ်ပြီး ကျည်ကာ အင်္ကျီ ဘယ်ဘက် အိတ်အတွင်း မှ ဇစ်ပို မီးခြစ် ရှိ မရှိ စစ်ဆေးလိုက်သည်။

စပါယ်ရှယ် မဂ္ဂနက်ပစ္စတို ကို ပခုံးလွယ် အိတ် အတွင်း သေသေသပ်သပ် ထိုးထည့်သည်။ ဂျပန်နိုင်ငံ လုပ် မိန်းမကိုင် ကင်ဒို ဓားနှစ်လက် ကို ခါးတစ်ဖက် တစ်ချက် တွင် ချိတ် လိုက်ပြီး ခိုင်မခိုင် စစ်ဆေးလိုက်သည်။ 

စားပွဲပေါ် တွင် နောက်ဆုံး ကျန်ရှိသည့် အမဲလိုက် ဓားမြှောင် ကို ဘယ်ဘက်ခြေထောက် ရှိ လည်ရှည် ဖိနပ် အ တွင်း သေသပ် စွာ ညှပ်ထည့် လိုက်သည်။ အားလုံး အိုကေပြီဖြစ်သည်။

သူ့ကိုယ်သူ မှန်ထဲ သေချာကြည့် လိုက်တော့ ချပ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ဟိုး ရောမ ခေတ် သူရဲကောင်း တစ်ယောက် လို ဖြစ်နေ သည်။

Sunday, December 21, 2014

အရှိန် အဟုန် နဲ့ ကြီးထွား လာတဲ့ လူသား မှောင်ခို ဈေးကွက် ( ဖတ်ဖြစ်အောင် ဖတ်ပေးပါ )

 Lwin Pyin's photo.


တိုင်းပြည် ဆင်း၇ဲလွန်း လို့ နေစရာ စားစရာ မရှိဖြစ်နေ တဲ့  သာမန်ပြည်သူတွေ  နယ်စပ်ဒေသတွေ မှာ စွန့် စား သွားရောက် လုပ်ကိုင်နေသူများ.သတိထား ဖို့ပါ
 

ငွေကြေး မပြည်စုံသူတွေ ရဲ့  အများဆုံး ထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံး နည်းလမ်း ကနေ သွားနေကြ တဲ့သူတွေ မှာ ရင်ဆိုင် ရမယ့် အရမ်း အန္တရယ်ကြီးမား တဲ့ ပြသနာတွေ ရှိနေပါတယ်၊....

.ဒီအထဲ မှာ အဆိုးဆုံး က တရုပ်ပြည် နယ်စပ် က လူကုန် ကူးနေကြတဲ့ ဒုစရိုက်မှောင်ခို ဂိုဏ်းတွေ ရဲ့  ငွေ မက်လုံး နဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်း က အရေးကြီး တဲ့ အစိတ် အပိုင်းတွေ ကို ထုတ် ယူ ရောင်းစားနေကြ  တာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံ အတွင်း မှာ ကျောက်ကပ်-နှလုံး..အဆုတ်  စတဲ့ ထုတ်ယူရောင်းစား မှု က ဈေးကွက် မှာ ကျယ်ပြန့် လာနေ ပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်း မှာပင် ဆေးရုံက လူနာ(၁)သန်း လောက် ဟာ ကိုယ်တွင်း က အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အစားထိုး ဘို့ စောင့်နေကြပါတယ် ၊

မြန်မာပြည် အစွန် က လာ့စ်ဗီးဂတ်စ်မြို့ အသေးစား

-မိုင်းလားမြို့ အတွင်းရှိ တောရိုင်း တိရစ္ဆာန် များ၏ အစိတ်အပိုင်း များကို ရောင်းချသည့် ဆိုင်တစ်ဆိုင် ကိုတွေ့ရစဉ်။ ၎င်းတို့၏ အဓိကဖောက်သည် မှာ တရုတ် လူလတ်တန်းစား များဖြစ်သည်။/ဓာတ်ပုံ− nationalgeographic.com
 
ဝေးလံခေါင်သီ ပြီး တောကြီး မျက်မည်း နယ်မြေတွေ နဲ့ ထိစပ်နေတဲ့ မိုင်းလားမြို့လေး ဟာ မျိုးသုဉ်းလု နီးပါး ရှားပါးနေ တဲ့ တိရစ္ဆာန်တွေ နဲ့ ဆက်စပ် ပစ္စည်းတွေ ကို စုံစုံလင်လင်ရောင်းချနေ တဲ့ ဈေးကွက် တစ်ခုဖြစ် ပါတယ်။ 

ကာမ အားတိုးဆေး အနေနဲ့ဖြစ်စေ၊ တိုင်းရင်းဆေးဝါး အနေနဲ့ဖြစ်စေ၊ ဟင်းလျာ ချက်ပြုတ်ဖို့ အတွက်ဖြစ်စေ ရည်ရွယ်ချက် မျိုးစုံနဲ့ အသုံးပြုဖို့ တိရစ္ဆာန် အစိတ်အပိုင်း အမျိုးမျိုး ကို မိုင်းလားမြို့ထဲ မှာ ဝယ်ယူနိုင်ပါတယ်။

တရုတ်နိုင်ငံ နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ဒေသ က မြို့ငယ်လေး ဟာ ကာမဂုဏ် နဲ့ လောဘစိတ် တို့ကို ထင် ဟပ်စေတဲ့ ကုန်စည် စာရင်းတွေ ကို စုံစုံလင်လင် ရှာတွေ့နိုင်တဲ့နေရာ လည်း ဖြစ်ပါတယ်။ မျိုးသုဉ်းလု နီးပါး ရှားပါး တိရစ္ဆာန်တွေ ကို တရားမဝင် အမဲလိုက် သတ်ဖြတ်ပြီး ဖော်စပ် ထားတဲ့ ကာမအားတိုး အရက် လိုမျိုး ပစ္စည်းတွေ ကို မိုင်းလားမှာ ဝယ်ယူလို့ ရနေတယ်။


အလှသစ္စာတ၇ား { ကိုကျော်ကြီး } Cover






စန္န၇ား ဦးလှထွဋ်ေ၇းပြီး သီဆိုထားခဲ့တဲ့ *** အလှသစ္စာတ၇ား *** သီချင်းလေး ကို Acoustic Guitar ကို A 5 Spring 63 Effect ကို  သုံးပြီး ပြန်လည် ခံစားကြည့်ခြင်းပါ  .... 




Friday, December 19, 2014

နိုင်ငံ့ ၀န်ထမ်း များ၏ အနိမ့်ဆုံး လစာနှစ်သိန်း အထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

 
 
ဝန်ကြီးဌာ နတစ်ခု ၏ ရုံးခန်း အတွင်း ရုံး လုပ်ငန်းများဆောင်ရွက်နေ သည့် ဝန်ထမ်း များကိုတွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 နိုင်ငံ့ ၀န်ထမ်း များ၏ အနိမ့်ဆုံး လစာကို ကျပ်တစ် သိန်းနှစ်သောင်း မှ နှစ်သိန်း အထိ တိုးမြှင့်ပေးစေ လိုကြောင်း ပြည် ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က အစိုးရ ၀န်ကြီးဌာန များသို့တိုက်တွန်း လိုက်ကြောင်း သတင်း ရရှိသည်။

လက်ရှိ ရနေသည့် အနိမ့်ဆုံး လစာ ကျပ်ခြောက်သောင်းခန့် မှ နှစ်ဆကျော် တိုးမြှင့်ပေး ရန် ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က အစိုးရ အဖွဲ့ဝန်ကြီး ဌာန များအား ပြောကြားခဲ့ခြင်းဖြစ် သည်။
 
 နိုင်ငံ့ဝန်ထမ်း တစ်ဦး၏ အနိမ့်ဆုံး လစာသည် ကျပ် တစ် သိန်းနှစ်သောင်း မှ နှစ်သိန်း အတွင်းဖြစ်သင့်သည် ဟု သူရဦး ရွှေမန်း က ပြောကြားခဲ့ပြီး လူနေ မှု ကုန်ကျ  စရိတ်၏ သုံးဆ ကို လစာ အဖြစ်ပေးရ မည့် တွက် ချက် မှု အရ အနိမ့်ဆုံး ၀န်ထမ်း တစ်ဦး ၏ လစာ သည် ယင်း ပမာဏဖြစ်သင့် ကြောင်း ၂၀၁၅-၁၆ ဘတ်ဂျက် စီမံကိန်း အစည်းအဝေး တွင် သူရ ဦးရွှေမန်း က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Thursday, December 18, 2014

ကြွက်နို့ အကြောင်း သိကောင်းစ၇ာ





ကြွက်နို့ ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ် တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထ ရှိ တဲ့ ရောဂါ ပါ။ သေးငယ် တဲ့ အဖု ထွက်ပေါ် တာ ဒါမှ မဟုတ် အဖုကြီး ထွက်တာ၊ မိမိ ကို စိတ်အနှောင့် အယှက်ဖြစ်စေ တာနဲ့ နာကျင်တာတွေ ဖြစ်တတ် ပါတယ်။

 ကြွက်နို့ နဲ့ ပတ်သက်ပြီး သိသင့် တာတွေ ကို ဖော်ပြပေး လိုက်ပါတယ်။ 
 ဘာကြောင့် ကြွက်နို့ ပေါ်ပေါက် ရပါ သလဲ။ ကြွက်နို့ ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ် ရတာပါ။ HPV အမျိုး အစားပေါင်း ၈၀ ကျော်ကြောင့် ကြွက်နို့ အမျိုး အစားပေါင်း မျိုးစုံ ကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါ နဲ့ လည်ချောင်း အစရှိတာလို မျိုး နေရာအနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။ 

သင့်ထံ ကို ဗိုင်းရပ်စ် ပိုး တစ်ခါ ဝင်ရောက် ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီ ဗိုင်းရပ်စ် က တစ်သက်လုံး သင့်ခန္ဓာကိုယ် ထဲမှာ ရှိနေတတ် ပါတယ်။


အက်စ်ပရက်စ်ဆို တစ်ခွက် နှင့် စကားပြောခြင်း




 ကော်ဖီ အချိုးအစား ပါဝင်မှု အားပြင်းပြီး အလွန် တရာ ထူထဲ သိပ်သည်း ကာ ခါးသက် ပြင်းရှသော၊ ကော်ဖီ ခွက်များ ထဲတွင် အရွယ်အစား အသေးငယ် ဆုံးသော ခွက်ဖြင့် ထည့်ရသော၊ ကော်ဖီ တစ်ခွက် လျှင် ကော်ဖီ ရည် တစ်အောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည် ရသော၊

 ကော်ဖီ တစ်ခွက် လျှင်ကော်ဖီ ရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shot အမည်ရသော၊ အခြား ကော်ဖီ အမျိုး အစား များဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊ အမေရီကာနို အစရှိသည် တို့အတွက် အဓိက အကျဆုံး အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီ အမျိုးအစား အားလုံး ထဲတွင် ကဖိန်းဓါတ် ပါဝင် မှုနှုန်း အမြင့်ဆုံးနှင့် အများ ဆုံး ဖြစ်ပြီး အဆီ ပါဝင်မှု နှင့် ကိုလက်စထရော ပါဝင်မှုမှာ မူ သုည ရာခိုင်နှုန်းသာ ရှိသော၊ ထိုကော်ဖီ ကို အက်စ်ပရက်စ်ဆို ဟုခေါ်ပါသည်။ 

 ကော်ဖီ တစ်မျိုးတည်း ကို အဓိက ထား ရောင်းသော ဆိုင် တစ်ဆိုင်တွင် အက်စ်ပရက်စ်ဆို တစ်ခွက် ကို သင် မှာယူမည် ဆိုပါစို့။ ကော်ဖီ မှာယူချိန် တွင် တစ်ခါတည်း ငွေရှင်း ရသော ကောင်တာရှေ့တွင် တန်းစီ ရပ်တန့် ပါ။ 

သင့်အလှည့် ကျလာ ပါက ကောင်တာနောက် မှ အရောင်းစာရေး ကို အက်စ်ပရက်စ်ဆို တစ်ခွက် ရနိုင် မလား ဟု မေးလိုက်နိုင် ပါသည်။ ဤနေရာ တွင် အရောင်းစာရေး ဟူသည် တစ်ခါ တစ်ရံ ဖြူဖြူပိန်ပိန် အမျိုးသား ခပ်ငယ်ငယ် တစ်ယောက် ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ တွင် အိုင်းလိုင်နာ ထူထူခြယ်ထားသော အသားညိုညို  အမျိုးသမီး တစ်ဦးလည်း ဖြစ်နေနိုင်ပါသည်။ 

6P ပါမစ် များ သက်တမ်း တိုးခွင့် 1 နှစ် ထပ်မံ ခွင့်ပြုမည် (အထူး)

6P ပါမစ်များ သက်တမ်းတိုးခွင့် 1 နှစ်ထပ်မံခွင့်ပြုမည် (အထူး)
**************************************************
မလေးရှား 
အထူးသတင်း (18.12.2014)

လွန်ခဲ့သော 2011 ကစတင်အကောင်ထည်ဖော်ခဲ့သည့် မလေးရှားအစိုးရ၏ 6P အစီအစဉ်တွင် အလုပ်ရှင်များဖြင့် တရားဝင် ပါမစ်လျှောက်ထားသူများအတွက် နောက်ထပ်တစ်နှစ် ထပ်မံခွင့်ပြုသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ် မလေးရှားသတင်းစာများတွင် ညနေသတင်းအဖြစ်ဖော်ပြထားခဲ့သည် ။

မလေးရှားအစိုးရမှ လက်ရှိ အလုပ်သမားပြတ်လပ်မှု ပြဿနာများ စတင်ကြုံတွေ့လာနေရသောကြောင့် စုစုပေါင်း အလုပ်သမား ၃ သိန်း ၅ သောင်း ၂ ထောင် (အလုပ်ရှင် နှင့် အလုပ်သမားမှန်ကန်စွာလျှောက်ထားသူများ) ကို နောက်ထပ်တစ်နှစ် ပါမစ်သက်တမ်းတိုးခွင့်တရားဝင် ခွင့်ပြုလိုက်ကြောင်း ယနေ့ သတင်းများတွင် တရားဝင်ဖော်ပြပါရှိပါသည် ။
   
ပြည်ထဲရေးဝန်ကြီးဌာနမှ ဆက်လက်ပြီး အဆိုပါ အလုပ်သမားများအနေဖြင့် 2015 တွင် ပါမစ်ကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေးထားပြီဖြစ်ကြောင်းနှင့် လက်ရှိတိုင်းပြည်တွင်း အလုပ်သမားရှားပါးလာမှုကို ထိန်းချုပ်ရန် နှင့် စီပွားရေးမကျဆင်းရန် ဆက်လက်ခွင့်ပြုရကြောင်းပြောကြားခဲ့သည် ။

သို့ကြောင့် 6P အစီအစဉ်တွင် ပါမစ်လုပ်ထားသူများသည် အလုပ်သမားလိုအပ်ချက်အရ အထောက်အထား မှန်ကုန်မှု ၊ လုပ်ငန်းရှင်၏ ထောက်ခံမှု နှင့် လိုအပ်သောနေရာများ အတွက် ပါမစ်သက်တမ်းတိုးခွင့် တစ်နှစ် ထပ်မံရရှိမည်ဖြစ်ကြောင်း ယနေ့တရားဝင်ကြော်ငြာခြင်းကို မလေးရှားရောက် မြန်မာနိုင်ငံသားများ အထူးသဖြင့် 6P ပါမစ်သမားများအတွက် ဝမ်းမြောက်စေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါသည် ။

Ref : Thestar Online 

မလေးရှားရောက်မြန်မာများ Official Facebook Page
www.facebook.com/mmrinmy


မလေးရှား
အထူးသတင်း (18.12.2014)

လွန်ခဲ့သော 2011 က စတင်အကောင် ထည်ဖော်ခဲ့ သည့် မလေးရှား အစိုးရ ၏ 6P  အစီအစဉ် တွင် အလုပ်ရှင် များဖြင့် တရားဝင် ပါမစ်လျှောက်ထားသူများ အတွက် နောက်ထပ် တစ်နှစ် ထပ်မံခွင့်ပြုသွား မည်ဖြစ်ကြောင်း ယနေ့ ထုတ် မလေးရှား သတင်းစာ များတွင် ညနေသတင်း အဖြစ်ဖော်ပြ ထားခဲ့သည် ။

မလေးရှား အစိုးရ မှ လက်ရှိ အလုပ်သမားပြတ်လပ်မှု ပြဿ        နာ များ စတင်ကြုံတွေ့လာနေရသောကြောင့် စုစုပေါင်း အလုပ် သမား ၃ သိန်း ၅ သောင်း ၂ ထောင် (အလုပ်ရှင် နှင့် အလုပ် သမားမှန်ကန် စွာလျှောက် ထား သူများ) ကို နောက်ထပ် တစ်နှစ် ပါမစ် သက်တမ်း တိုးခွင့် တရားဝင် ခွင့်ပြုလိုက်ကြောင်း ယနေ့ သတင်း များတွင် တရားဝင်ဖော်ပြ ပါရှိပါသည် ။


ဦးသန့် အရေး အခင်း နောက်ကွယ် မှ ဇာတ်လမ်း များ { ကိုရင်မောင် }


ဦးသန့် ကွယ်လွန် ခဲ့သည်မှာ ယခု အခါ နှစ် (၄၀) ရှိပြီ ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ဦးသန့် အရေးအခင်း သည် ပထမ အကြိမ် ပြည်သူ့ လွှတ်တော်မှ ရွေးချယ် တင်မြောက် ထားသော ဦးနေ၀င်း အစိုးရ အတွက် တတိယ အကြိမ်မြောက် အရေးခင်းကြီး ဖြစ်ပါသည်။ 

၁၉၇၄ ခုနှစ် တွင် အလုပ်သမား အရေးခင်းနှင့် ဦးသန့် အရေးအခင်း တို့ ဖြစ်ကြပါသည်။ ဦးသန့် သည် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူ ရမည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ် သူ အာဏာရှင် ဦးနေ၀င်း ၏ ပုဂ္ဂိုလ်ရေး အာဃာတ ကြီးမားမှုကြောင့် နိုင်ငံတော် အတွက် မလိုလား အပ်သော  အရေးခင်း ကြီး ပေါ်ပေါက် ခဲ့ရပါသည်။ 

ထို့အပြင် ကျောင်းသား များ၊ ရဟန်းရှင် ပြည်သူများ တို့သည်လည်း ကျောင်းထုတ် ခံရ၊ အရေးယူ ခံရ အစရှိ သည်ဖြင့် ဘ၀ တ၀က် တပျက် တွင် လှေလှော်ရင်း တက်ကျိုး ခဲ့ရပါသည်။ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဆလိုင်း တင်မောင်ဦး သည် ယင်း အရေးအခင်း များတွင် ပါဝင် ခဲ့သည့် အတွက် ပထမဆုံး ကြိုးပေး ကွပ်မျက်ခြင်း ခံရသော ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ပါသည်။ 

Greenland ရေခဲပြင် အရည်ပျော် ပါက ပင်လယ်ရေမျက်နှာ ၇ မီတာကျော် မြင့်တက် မည်


greenland-ice-sheet


နောက်ဆုံး လေ့လာတွေ့ရှိ မှု အသစ်တွေ အရ ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်မှု ဟာ အရင် ထင်ခဲ့ တာထက် ပိုမြန် လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေ က ဆိုပါတယ်။

ကမ္ဘာ့ အကြီးဆုံးရေခဲပြင် Greenland ကို အသေးစိတ်လေ့လာတွေ့ရှိချက် ၂ ခုမှာ အခုလို ဖြစ်လာမယ် ဆိုတာ ကို တွေ့ရှိခဲ့တာပါ။

အမေရိကန် အာကာသအေဂျင်စီ နာဆာ က ပေးတဲ့ အချက်အလက်တွေ နဲ့ Greenland  ရေခဲပြင်ကြီး ရဲ့ ပင်လယ်ဘက် ကို ရွေ့လျား ပုံတွေ၊ ရေခဲပြင်ကြီးအောက် ပင်လယ်ရေ စီးဆင်းမှုတွေ ကို အရင်ထက် ပိုပြီး အသေးစိတ် လေ့လာခွင့် ရခဲ့ပါတယ်။


၂၀၁၅ တွင် တင်သွင်းခွင့်ပြုမည့် ကားမော်ဒယ်နှစ် များ ပြောင်းလဲ သတ်မှတ်


ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ မှ စတင်၍ မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် ကားမော်ဒယ်နှစ် များ ပြောင်းလဲ သတ်မှတ်လိုက် သည် ဟု မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က ဒီဇင်ဘာ ၁၅ ရက် စွဲဖြင့် ထုတ်ပြန်ကြေညာသည်။


Car-3
ဂျပန်မှ တင်သွင်းလာသည့် ခရီးသည်တင်ယာဉ်အချို့ကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

  ယာဉ်အို ယာဉ်ဟောင်း အစားထိုး ယာဉ် များကို ၂၀ဝ၃ မော်ဒယ် အနိမ့်ဆုံး တင်သွင်း ရမည် ဖြစ်သည်။

ယာဉ်အို ယာဉ်ဟောင်း များ အစားထိုး လျှောက်ထားမှု စနစ် (Consignment စနစ် အပါ အဝင်) တွင် လူ စီးမော် တော်ယာဉ် များ၊ ကုန်တင် ယာဉ်များနှင့် ခရီးသည်တင် ယာဉ် များကို ၂၀၀၃ မှ ၂၀၀၉ ခုနှစ်မော်ဒယ် အတွင်း ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ် များ ကို ၂၀၀၃ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အထိ တင်သွင်းခွင့်ပြုခဲ့ သည်။

လူပုဂ်္ဂိုလ် တစ်ဦးချင်း၊ ပို့ကုန် သွင်းကုန် လုပ်ငန်း များ၊ အခြား တစ်ဦးချင်း လျှောက်ထားမှု စနစ်တွင် လူစီး မော်တော်ယာဉ် များ၊ ၁၃၅၀ စီစီနှင့်အောက် လူစီး ယာဉ်များနှင့် အဝေးပြေး ခရီးသည်တင်ယာဉ် (ဘယ် မောင်း) များကို မူ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အထိလည်းကောင်း၊ ကုန်တင်ယာဉ်များနှင့် မြို့တွင်း ခရီးသည်တင်ယာဉ်(ဘယ်မောင်း) များ ကို ၂၀၀၅ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အထိ တင်သွင်းခွင့် ရှိမည်ဟု သတ်မှတ် ထားသည်။


Wednesday, December 17, 2014

ဂရုဏာဒေါသ မှ အကုသိုလ် တရား ဆီသို့

 
ကျွန်မ တို့ ပတ်ဝန်းကျင် ၌ မြင်တွေ့နေရသော တစ်ချို့   အဖြစ်အပျက် တို့သည် မိမိဖြစ်စေချင် သည့် အတိုင်း ဖြစ်တည် ဖို့ရာ လွန်စွာ ခက်ခဲ တတ်ပါသည် ။ မည်မျှ  ပင် စေတနာရှေ့ က ကျောနေပါစေ မိမိစေတနာ အား နားဝင် လက်ခံသူဖြစ်မှသာ အဆင်ပြေနိုင်မည်။
 
 ဖြစ်စေချင်သော်လည်း ဖြစ်မလာနိုင်သည့် အကြောင်းအရာ တစ်ခု အား အချိန်နှင့် အမျှ ပူပန်သော ကရောက်နေ ပါလျှင် မိမိ ထားသောစေတနာ သည် ဝေဒနာ အသွင် သို့ ကူးပြောင်းသွားတတ်ပေ သည် ။ 
 
လွန်ခဲ့သော လေး၊ ငါးလ ခန့်က ပြင်းစွာသော စိုးရိမ် ပူပန်ခြင်း တစ်ခုအား စာရေးသူ ရင်ဆိုင် ခဲ့လေသည် ။ စာရေးသူနှင့် ခင်မင် ရင်းနှီးသော မိတ်ဆွေ တစ်ဦးသည် အိမ်ထောင် ရှိပါလျှက် ဖောက်ပြန်နေသော အမျိုး သမီး တစ်ဦးနှင့် ချစ်ကြိုက်နေ ခဲ့ကြသည် ။
 
 စာရေးသူနှင့် ခင်မင် ရင်းနှီးသော မိတ်ဆွေ မှာ ထို အမျိုးသမီးနှင့် မပတ်သက်ခင် အချိန်ထိ နာမည်ကောင်းဖြင့် စိတ်ကောင်းရှိသူ တစ်ဦးပင် ။ စိတ်ရင်းကောင်းသည် ။ သူတစ်ပါးအား လွန်စွာ ကူညီဖော်ရွေ တတ်သူ တစ်ဦးပင်။ ထို အရည်ချင်း များကြောင့် သူသည် အင်မတန်မှ လူချစ် လူခင် ပေါများ သူတစ်ဦးဖြစ်ခဲ့ ပါသည် ။
 

မြန်မာ လုပ်ငန်းပိုင်ရှင် တစ်ဦး ပြန်ပေးဆွဲ အသတ် ခံရမှုနဲ့ ပတ်သက်ပြီး လူဆိုးဂိုဏ်း အုပ်စု ကို မလေးရှား ရဲတပ်ဖွဲ့ မှ ဖမ်းဆီး


gg

ကွာလာလမ်ပူ ဆန်တူ တွင် မြန်မာ စီးပွားရေး လုပ်ငန်းရှင် ပိုင်ရှင် တစ်ဦးကို ပြန်ပေးဆွဲ အသတ် ခံရမှုနဲ့ ပတ်သက်ပြီး သံသရှိသူ ၂ ဦး ကို မလေးရှား ရဲတပ်ဖွဲ့ မှ ဖမ်းဆီး လိုက်ပြီဖြစ်သည် ။

 လွန်ခဲ့တဲ့ လ နိုဝင်ဘာ ၁၂ ရက်နေ့ က Pusat Bandar Utara Sentul ရှိ အသတ် ခံရတဲ့ သူ၏ နေထိုင်ရာ စားသောက်ဆိုင် သို့ အမည် မသိ လူ ၄ ဦး ကနေပြီ အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပြီနောက် သေ ဆုံးနေတဲ့ အလောင်း ကို လမုပင် ခြေရင်းရှိ ရွှံ့ဗွက်နေရာ တွင် မြေမြုပ် ထားပစ် ခဲ့ပြီ အသတ် ခံရသူ၏ အလောင်း အား ယခုလ ဒီဇင်ဘာ ၁ ရက်နေ့ က တွေ့ ရှိခဲ့တာဖြစ်တယ် ။ 

ထို အသတ် ခံရသူမှာ အသက် ၃၀ နှစ် အရွယ်ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့ ဘားနားမား သတင်း စာမျက်နှာတွင် ရေး သား ဖော်ပြ ထားသည်။

Tuesday, December 16, 2014

ကျုံးဘေး မှ အက်ကွဲကြောင်းလေး များ



မန္တလေး ဟု ဆိုလိုက် သည်နှင့် ပထမဦးဆုံး စ တင် သိရှိ ခံစားလိုက်ရ သည် က ကျုံး ဆိုသော သင်္ကေတ ဖြစ် သည်။ မန္တလေး နှင့် ကျုံး မှာ ခွဲမရ သကဲ့ သို့ လိုက်ဖက် မှု ကလည်း ပနံသင့် လှသည်။ ကျုံး ဆိုသော အသိ ပြီးမှ မြို့ရိုးနှင့် နန်းတော် ဆိုသည် က နေရာယူလာမြဲ ဖြစ်သည်။ 

အချို့ နန်းတော် နှင့် ကျုံး တွဲဖက်မြင်သူ များ ရှိမည်။ အချို့ မန်းတောင် နှင့် ကျုံး တွဲ ဖက် မြင်သူ များလည်း ရှိ သည်။ အချို့ ကျုံးနှင့်မြို့ရိုး တွဲမြင်ကြ သည်။ ဘယ်သို့ ပင်မြင်မြင် မန္တလေး သည် ကျုံးနှင့် ယှဉ်တွဲ လျက် မန္တလေး ပီသစွာ တည်တံ့ နေဆဲဖြစ်သည်။ 

ပူပြင်း လှသည့် အညာနွေနှင့် အညာလေ ကို အံတုရန် အတွက် မန္တလေးသူ၊ မန္တလေးသား အတော်များများ ကျုံးကို အားကိုး အားထား ပြုကြသည်။

ကျန်းမာရေး အတွက် ကြည့်မလား၊ ဘာသာရေး အတွက် ကြည့်မလား၊ အမှတ်တရ အဖြစ် ကြည့်မလား ကျုံးမှာ ဘက်ပေါင်းစုံ မှ ပါဝင်လျက် ရှိသည်။ ကျုံးဘေး ပတ်ဝန်းကျင်နှင့် ကျုံးရေ မှာ အေးချမ်း သလောက် ကျုံးကြီး ၏ စိတ်နှလုံး ပူဆွေးမှု တို့ကို မည်သူများ မြင်နိုင်မည်နည်း။