Monday, October 20, 2014

ထူးခြား တဲ့ အတွေ့အကြုံ ကို ခံစား ရရှိ စေမယ့် စားသောက်ဆိုင် များ

 
 
 
ကမ္ဘာကြီး မှာ ထူးခြား တဲ့ အပြင်အဆင်တွေ နဲ့ စားသောက်ဆိုင် တွေ ကို ဖွင့်လှစ်လေ့ ရှိကြ ပါတယ်။ အချို့စားသောက်ဆိုင်တွေ ကတော့ ကောင်းမွန်တဲ့ ဟင်းလျာတွေ နဲ့ စားသုံး သူ တွေ ကို  ဆွဲဆောင်လေ့ရှိ ပါတယ်။ 

ဒါပေမဲ့ အချို့ စားသောက်ဆိုင်တွေ ကတော့ ကောင်းမွန်တဲ့ ဟင်းလျာတွေ အပြင် ထူးခြားတဲ့ စိတ်ကူး စိတ်သန်း တွေနဲ့ စားသုံး သူတွေကို ဆွဲဆောင်လေ့ ရှိ ပါတယ်။ ကမ္ဘာ အနှံ့မှာ ဖွင့်လှစ် ထားတဲ့ စားသောက်ဆိုင် အများ အပြားရှိ ကြပြီး အဲဒီထဲက မတူညီ တဲ့ ပုံစံတွေ နဲ့ စားသုံး သူတွေ ကို ဆွဲဆောင်နေတဲ့ ထူးခြားတဲ့ စားသောက်ဆိုင်တွေ အကြောင်း ကို ကောက်နုတ် ဖော်ပြပေး လိုက် ပါတယ်။



(၁) တိတ်ဆိတ်စွာ နဲ့ စားသုံး ရမယ့် ဆိုင်
အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ် မြို့မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဟာ အခြား ဆိုင်တွေ နဲ့ လုံးဝ မတူပါဘူး။ အဲဒီ ဆိုင်ကို နီကိုးလက်စ် နယူးမန်းလို့ အမည်ပေးထား ပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် နယူးမန်းဟာ အိန်္ဒိယနိုင်ငံ ကို သွားရောက်စဉ် မှာဘုန်းတော် ကြီး ကျောင်း တစ်ကျောင်း ကို ရောက်ရှိ သွားခဲ့ပါတယ်။ 

အဲဒီမှာ ဘုန်းတော်ကြီးတွေ ဟာ အစားအသောက် ဘုဉ်းပေး ရာမှာ လုံးဝ အသံထွက်ခြင်း မရှိပါ ဘူး။ အဲဒါကြောင့် ဒီလို ပုံစံမျိုးနဲ့ စားသောက်ဆိုင် တစ်ဆိုင် ကို ဖွင့်လှစ်ဖို့ နယူးမန်းက စီစဉ် ခဲ့ခြင်း ဖြစ်ပါတယ်။ နယူးမန်း ရဲ့ စားသောက်ဆိုင် ဟာ ကျဉ်းမြောင်းပေမယ့်  ဆိုင် အတွင်းမှာ စကား ပြောဆို ခွင့် လုံးဝ မရှိတာမို့ ထူးခြားတဲ့ စားသောက်ဆိုင် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ ပါတယ်။

(၂) အ၀တ်အစား မဲ့ စားသောက်ဆိုင်
အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့ရှိ မက်ဟာတန် အရပ် ဒေသ မှာ လာရောက် စားသုံး သူ တွေကို ပျော်ရွှင်မှုရစေ ဖို့ တစ်လ တစ်ကြိမ် ထူးခြားတဲ့ အစီ အစဉ်တွေ ပြုလုပ်ပေးခဲ့ ပါတယ်။ အဲဒါကတော့ စားသုံးသူ တွေဟာ အ၀တ် အစားမဲ့ စားသုံးရခြင်း ဖြစ်ပါတယ်။ 

စားသုံး သူတွေ ဟာ လက်သုတ် ပ၀ါ ကိုသာ ခန္ဓာကိုယ်ပေါ်မှာ တင်ခွင့် ရှိပြီး အ၀တ်အစား မဲ့ စားသုံး ရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ စားသုံးသူတွေ ကို ချွေးထွက်စေမယ့် စွပ်ပြုတ် လို ဟာမျိုး ကို ကျွေးမွေးလေ့ မရှိဘူး လို့ ဆိုထားပါတယ်။ နောက်ပြီး စားသုံး သူတွေကို လွတ်လပ်စွာ စားသောက်နိုင်ဖို့ အပြင်ကနေ ရုတ်တရက် မမြင်နိုင် အောင် အထူး စီမံပြုလုပ်ပေး ထားပါ တယ်။

(၃) ကာတွန်း ဇာတ်ကောင်တွေ ထဲက ပုံစံပြုလုပ် ထားတဲ့ ဆိုင်
ဂျပန်နိုင်ငံ မှာ ဖွင့်လှစ်ထား တဲ့ စားသောက်ဆိုင် ကတော့ ကာတွန်း ဇာတ်ကောင်တွေ ထဲက ပုံစံမျိုး ပြုလုပ်ထား ပါတယ်။ Alice In Wonderland ဇာတ်ကောင် တွေထဲ က ပုံစံအတိုင်း စားသောက်ဆိုင် ကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ 

စားသောက်ဆိုင် ဖွဲ့စည်း မှု ကလည်း ကာတွန်း ဇာတ်ကားထဲ ကအတိုင်း ဖြစ်ပါ တယ်။ နောက် ပြီး စားသောက်ဆိုင်က စားပွဲထိုးတွေ ကလည်း ကာတွန်း ဇာတ်ကောင် ထဲက ပုံစံအတိုင်း ၀တ်ဆင် ရလေ့ ရှိပါတယ်။

(၄) သေခြင်း တရား ကို ပြသထားတဲ့ ဆိုင်
အိန်္ဒိယနိုင်ငံ မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင် ကတော့ သေခြင်း တရားကို သိမြင်နိုင် ဖို့ ပြသပေးထား ပါတယ်။ စားသောက်ဆိုင် ထဲကို ၀င်လိုက်တာနဲ့ တစ်ပြိုင် တည်း ခေါင်း တလားတွေ ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ခေါင်းတလားတွေ ကို စားပွဲဝိုင်းတွေ နားမှာ ချထားမှု ပြုလုပ်ထား ပါတယ်။ 

 စားသောက်ဆိုင် ကို အာမန် ဒါဘက်မြို့ မှာ ဖွင့်လှစ် ထားတာဖြစ်ပြီး နယူးလပ်ကီး စားသောက်ဆိုင် လို့ အမည်ပေးထား ပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် ဟာ ဒီလိုပြု လုပ်ခြင်းကြောင့် စီးပွားရေး တိုးတက် လာမယ်လို့ ယုံကြည် ထားပါတယ်။

(၅) စားပွဲတစ်လုံး သာ ချထားပေးတဲ့ ဆိုင်
စားသောက်ဆိုင်တွေ တော်တော် များများ ဟာ လာရောက် စားသုံးသူတွေ အဆင်ပြေ စေဖို့  စားပွဲဝိုင်းတွေ ကို အကောင်းဆုံး ပြင်ဆင်ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ မှာ ဖွင့်လှစ်ထား တဲ့ စားသောက်ဆိုင် တစ်ဆိုင် ကတော့ ဆိုင်ထဲမှာ လူ တစ်ယောက်သာ ထိုင်နိုင် တဲ့ စားပွဲတွေကိုသာ ချထားပေးပါတယ်။ 

လာရောက် စားသုံးသူ တွေသာ စားပွဲဝိုင်း တစ်ဝိုင်း မှာ တစ်ယောက် သာ စားသုံး ရမှာ ဖြစ်ပါ တယ်။ အထီးကျန်စွာ စားသုံး ရမှာ ဖြစ်ပေမယ့် ထူးခြားတဲ့ အတွေ့အကြုံတွေ ရရှိမှာ ဖြစ်ပါ တယ်။

(၆) ငါးနှစ် ကြိုတင်မှာ ကြားရတဲ့ဆိုင်
အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ် မြို့မှာ ရှိတဲ့ နာမည်ကြီး စားဖိုမှူး ဒါမွန်ဘာ ဟာ ဖွင့်လှစ် ထားတဲ့ စားသောက်ဆိုင် မှာ သွားရောက် စားသုံးဖို့ ဆိုရင် ကြိုတင်မှာကြား မှု ပြုလုပ် ထားဖို့ လိုပါတယ်။ စားသောက်ဆိုင် အပြင်အဆင် ဟာ သိပ်ပြီး မထူးခြားပေမယ့် အရသာ ကောင်း မွန် တဲ့ အစား အစာတွေကို ကိုယ်ပိုင် စိုက်ပျိုး ထားတဲ့ အသီးအနှံတွေနဲ့ ချက်ပြုတ်တာမို့ လာရောက် စားသုံးသူတွေ အများအပြား ရှိတတ်ပါတယ်။

ဒီဆိုင်မှာ စားသောက် ချင်တယ် ဆိုရင် အနည်းဆုံး (၅)နှစ် ကြိုတင်ပြီးမှာ ကြားဖို့ လိုပါတယ်။ အဲဒီလို မှာ ကြားမှသာ နေရာ တစ်နေရာ စာ ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဆိုင် မှာ ရောင်းချတဲ့ အစားအသောက်တွေ ရဲ့ ဈေးနှုန်းတွေက အလွန်တရာ ကြီးမြင့်ပေမယ့် လာရောက်စားသုံးဖို့ ကြိုတင် စာရင်းပေးထား သူတွေ အများအပြား ရှိတယ်လို့ ဆိုပါတယ်။

(၇) ဘီယာနဲ့ ရေချိုးလို့ ရတဲ့ နေရာ
ချက်နိုင်ငံ မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တစ်ခု မှာ ဘီယာနဲ့  ရေချိုး လို့ ရအောင် စီစဉ်ပေး ထား ပါတယ်။ ဒီဆိုင်ဟာ ချက်နိုင်ငံမှာ နာမည်ကြီး တဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ် ပြီး ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား  လာရောက်လေ့ရှိ ပါတယ်။ 

ဘီယာနဲ့ ရေချိုးလို့ရှိရင် ကျန်းမာရေး ပိုမို ကောင်းမွန်တယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရေချိုးကန် ထဲမှာ ဘီယာတွေ သောက် သုံး ရင်း ဘီယာတွေ နဲ့ ရေချိုးလေ့ ရှိ ပါတယ်။


 အေသင်အောင်
Messenger
From...Search Myanmar


No comments:

Post a Comment