Showing posts with label ကွန်ပြူတာ နှင့် သက်ဆိုင်သမျှ. Show all posts
Showing posts with label ကွန်ပြူတာ နှင့် သက်ဆိုင်သမျှ. Show all posts
Wednesday, October 18, 2017
Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ ဘာလဲ
 Proxy Server ဆိုတာ သင့် ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော် များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော် တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ 
ဒါကြောင့် အင်တာနက် သုံးစွဲရတဲ့ သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။  ဒါ့အပြင် မြန်မာပြည်မှာ ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ 
Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့ အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ 
Anonymous Proxy Server ဆိုတာ ဘာလဲ 
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့ အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။ 
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ဟာ အချက်အလက် ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့  IP ကို အဲဒီ Site ဟာ မသိနိုင်ပါဘူး။  
Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server
 တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။ 
Friday, August 11, 2017
ကွန်ပျူတာမှာ ဒီအပိုင်းတွေ ပါဝင်တယ်
• အပြင်က Data တွေကို လက်ခံ ထည့်သွင်းတဲ့အပိုင်း ( keyboard, mouse)
• အထဲက Data တွေကို ပြန်ပြ၊ ပြန်ထုတ်ပေးတဲ့ အပိုင်း (monitor, printer)
• စက်ထဲမှာ အလုပ် လုပ်တဲ့အပိုင်း (system unit, processor)
• စက်ဖွင့်လိုက်တဲ့အခါ တစ်ချို့အရာတွေကို မှတ်ထားပေးတဲ့ အပိုင်း (short term memory)
• စက် ပိတ်လိုက်တဲ့အခါ တစ်ချို့ အရာတွေကို မှတ်ထားပေးတဲ့ အပိုင်း (long term memory)
ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ Function keys များ ရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်
ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များ ရဲ့ 
အသုံးပြုနည်း လျှို့ဝှက်ချက် ၊
F1 = ဖွင့်ထားတဲ့ Application မှာ မိမိ မသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screen ပေါ်လာပါလိမ့်မည်။)
F2 = ဖိုင် တစ်ခုကို ရွေးပြီး F2 ကို နှိပ်ပါက ဖိုင် အမည်အား အလွယ်တစ်ကူ ပြောင်းလို့ရပါလိမ့်မည်။
F3 = ဖွင့်ထားသည့်  Application တစ်ခုမှာ စာသား Text တစ်ခုခု ရှာဖို့အတွက် အသုံးဝင်ပါတယ်။
F4 = လက်ရှိ ဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မည်။
F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လက်စေပါသည်။ (Refersh)
Monday, August 1, 2016
Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု
Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက် ခဲတွေ ကို အများကြီးတွေ့ရမယ်လို့ထင်ပါတယ် ။ ဒီလို အခက်ခဲတွေ ထဲက တစ်ချို့ တစ်လေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ခုကို မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့ နည်းပါ။
windows 8 ကို ဖွင့်ဖွင့် လိုက်ခြင်းမှာ အထက်ပါပုံ အတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါး အရုပ်လေးနဲ့ Desktop ကို နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်.................
 အထက်ပါ ပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့ Features တွေကို ၀င်ရောက်လို့ရပါတယ်။
၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ် ။  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက် လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင် ဆင်ဖြစ်ပါတယ်။  
ကျွန်တော်က Files တွေကို မသိဘဲ နဲ့ ဖျတ်လိုက် မိတာတို့ windows ပျက် သွားတာ တို့ မှာ အထောက် အကူ အများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထား ပါဘူး။ enable လုပ်ဖို့ လိုအပ်ပါလိမ့်မယ် ။ Control panel ကနေတစ်ဆင့်။
Friday, June 3, 2016
CPU ဟု ခေါ်သော Processor အကြောင်း အခြေခံ သိထားရန်
မင်း မင်း ထက်'s photo.
ကွန်ပျူတာ ဝယ်တဲ့ အခါမှာ အတော် များများက RAM လို့ခေါ်တဲ့ Memory ကို ကြည့်ဝယ်ကြပါတယ်။
2 Gb ,
4 Gb,
6 Gb,
8Gb စသဖြင့်ပေါ့။
 ပြီးတော့ Hard disk drive ပမာဏ ကို ထပ်ကြည့်ပါတယ်။ 320 GB , 500 GB စသဖြင့်ပေါ့။ လိုရင်း တို ရှင်းပြော ရရင် အဲဒါ လုံးဝ မှားပါတယ်။
ကွန်ပျူတာ ဝယ်တဲ့ အခါမှာ CPU (သို့မဟုတ်) Processor ကိုကြည့်ပြီး ဝယ်ရမှာပါ။ (Central Processing Unit)
Processor ဆိုတာ computer တစ်လုံး ရဲ့ဦးနှောက်ဖြစ်ပါတယ်။ စက် တစ်ခုလုံး လည်ပတ် အလုပ် လုပ်တာ processor ပေါ်မှာပဲ မူတည်ပါတယ်။ ၁ လက်မ ပတ်လည်လေးပဲ ရှိပါတယ်။
ကွန်ပျူတာ အရောင်းဆိုင်တွေ မှာ ဒီလိုရေးထားတတ်ကြပါတယ်။
intel i5 -3317u
4 Gb memory
320 Gb hard drive
intel HD graphic   .....    ဘယ်ကွန်ပျူတာ မဆို processor ကိုပဲ အဓိကရေးကြတယ်။
စက်တစ်ခုလုံး  ရဲ့ အရည်းအကြီးဆုံး အစိတ် အပိုင်းဖြစ်သလို ဈေးနှုန်းလည်း အကြီးဆုံးဖြစ်ပါတယ်။
ကဲ ဟုတ်ပါပြီ။ processor ကို ဘယ်လို နားလည်မလဲ။ ဘယ်လိုရွေးချယ်မလဲ။
လက်ရှိဈေးကွက်ထဲမှာ processor ရွေးချယ် စရာ ၃၀၀ မျိုးလောက်ရှိပါတယ်။ ဒါပေမဲ့ ရွေးချယ်ရတာ မခက် ပါဘူး။ သူ့ family အလိုက် ရှိနေတာပေါ့နော်။
processor ထုတ်လုပ်တဲ့ ကုမ္ပဏီ ၂ မျိုး ရှိပါတယ်။ Intel နဲ့ AMD ပေါ့နော်။ 
Intel ကတော့ နာမည် ကြီးပြီး ကွန်ပျူတာဈေးကွက် ကို လက်ဝါးကြီး အုပ် ချုပ်ကိုင်ထားနိုင်တယ်။
AMD ကတော့ ဈေး အရမ်းချိုပြီး စွမ်းဆောင်ရည်ကောင်းတယ်။ Gaming သမားတွေ အကြိုက်ပါ။
intel processor ကိုရွေးချယ်မယ် ဆိုရင် ဒီခေတ်တွေမှာ ရနိုင်တဲ့ processor တွေရေးပြပါ့မယ်။
Intel celeron
intel pentium
intel core i3
intel core i5
intel core i7 ...............  ဆိုပြီး အဓိက ၅ မျိုးရှိပါတယ်။
celeron ကဈေး အချို ဆုံးဖြစ်ပြီးတော့ i7 ကဈေး အကြီးဆုံးပေါ့။ ဒီခေတ် ဒီအခါမှာ intel ကို ရွေးချယ်တဲ့ သူက intel core i3 (or) core i5 ကိုရွေးချယ် တတ်ကြပါတယ်။
core i5 ကို ရွေးချယ်တဲ့သူ အတွက် ၂၀၁၀ ထွက်လား၊ ၂၀၁၁ လား၊ ၂၀၁၂ လား၊ ၂၀၁၃ လား၊ ၂၀၁၄ လား။
ဘာညာစသဖြင့် ထပ်ရှိနေပါတယ်။  ဒါကြောင့် ဈေးကွက်ထဲမှာ processor ဝယ်ချင်ရင် ၃၀၀ မျိုးလောက် ရှိနေ တာပေါ့။
core i5 က အနိမ့်ဆုံး ဈေးနှုန်း အားဖြင့် ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိပါတယ်။ စကား မစပ် Apple ကွန်ပျူတာတွေ အားလုံး intel processor ကိုပဲ သုံးပါတယ်။
မင်း မင်း ထက်'s photo.
Thursday, May 12, 2016
Open Data Format
 ပြောပြရဦးမယ် …
အခုနောက်ပိုင်းမှာ ခေတ်စား လာတဲ့ အခေါ်အဝေါ်လေးတွေ ထဲမှာ Open Data ဆိုတာလေးလည်း ပါလာ တာ ကိုတွေ့ရတယ် …
Open Data ဆိုတာ ကတော့ အကျဉ်းချုပ်ပြောရရင် ဘယ်သူ မဆို လွတ်လပ်စွာ ကြည့်ရှုခွင့် ရှိတဲ့၊ အသုံးပြုခွင့် ရှိတဲ့၊ အခြား သူတွေကိုပါ ပြန်လည် မျှဝေခွင့် ရှိတဲ့ အချက် အလက် (ဒေတာ)တွေကို ဆိုလိုတာပါ …
ပုံနှိပ်ခ/ မိတ္တူဆွဲခ/ စာရွက် print ထုတ်ခတွေလောက် ထက်မပို တဲ့ ငွေကြေးလောက် နဲ့ ရယူနိုင်ရမယ် (အင်တာနက်ပေါ်မှာဆို download လုပ်ဖို့ပဲ လိုအပ်တယ်) … ရယူလိုက်တဲ့ အချက်အလက်တွေ ကို ခွင့်ပြုချက် ထပ်တောင်းစရာ မလိုဘဲ အသုံးပြုခွင့် နဲ့ ပြန်လည် ဖြန့်ဖြူးခွင့် ရှိရမယ် … နောက် ဘယ်အကြောင်း အရာအတွက် မဆို လွတ်လပ်စွာ အသုံးပြုခွင့် ရှိရမယ် (ဥပမာ – ပညာရေး အတွက် အသုံးပြုရန် သီးသန့် ဆိုတာမျိုးတွေ မလုပ်ရဘူး) …
လက်ရှိ မှာ အပြောများနေတာ ကတော့ အစိုးရကနေပြီးတော့ သူ့မှာ ရှိနေတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေ၊ နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်တွေ နဲ့ မပတ်သတ်နေတဲ့ အခြား ပြည်သူကို ချပြပေးနိုင်တဲ့ အချက်အလက်တွေ ကို Open Data အနေ နဲ့ ထုတ်ပေးဖို့ ဘာညာ စသဖြင့် ပြောလာကြတဲ့ အရာပေါ့ …
အစိုးရ အနေနဲ့လည်း အမေရိကန် သမ္မတ လာတုန်းက OGP (Open Government Partnership) ထဲမှာ ပါဝင်နိုင် ဖို့ ကြိုးစားမယ် လို့ ကတိ ခံထားပြီး OGP ရဲ့ အမှတ်ပေးစည်းမျဉ်း ၄ ချက် ထဲက တစ်ချက်ဖြစ်တဲ့ သတင်း အချက်အလက် ရယူ ပိုင်ခွင့် (Access to Information) ဥပဒေကြမ်းတွေ ပြင်ဆင်နိုင်ဖို့ လုပ်ဆောင် ခဲ့ဖူးတယ် …
 နောက်တော့ သတ်မှတ်ရက်ထက်ကျော်လွန် ပြီး အကြောင်း အမျိုးမျိုးကြောင့် OGP ကတော့ ဆက်လက်ပြီး မလုပ်ဖြစ်တော့ပေမယ့် ဥပဒေကြမ်းပြင်ဆင်မှုတွေ ရှိခဲ့တဲ့ အတွက် နောက်ပိုင်းမှာ ပြည်သူ ကို အချို့သော အချက် အလက်တွေ ချပေးလာမယ် လို့ မျှော်လင့်ရတယ် … လက်ရှိမှာ တောင်းရင် ပေးတဲ့ အချက်အလက် အချို့လည်း ရှိနေပြီ …
ဒါပေမယ့် ပြဿ         နာက ဘာဖြစ်လဲ  ဆိုတော့ အဲ့ဒီပေးတဲ့ အချက်အလက်တွေ က ပြည်လည် အသုံးပြုလို့ မရနိုင်တဲ့၊ အချက်အလက်တွေ ကို အလွယ်တကူ မရှာဖွေနိုင်တဲ့ ပုံစံ (format) နဲ့ ထုတ်ပေးတာမျိုး ဖြစ်လေ့ ရှိတာပါ … 
Saturday, April 9, 2016
၂၀၁၅ ရဲ့ အဆိုးဆုံး password များ
 SplashData က ဟက်ကာတွေ အွန်လိုင်း မှာ လွှင့်တင် ခဲ့တဲ့ အချက်အလက် ပေါက်ကြားမှု ကြုံခဲ့ရသော password ၂ သန်းကျော် ရဲ့ အချက် အလက်တွေ ကို စုဆောင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ တစ်ဝန်း အွန်လိုင်း သုံးစွဲသူတွေ ရွေးချယ် အသုံးပြုနေကြတဲ့ password တွေ ဟာ အရင်က ထက် ပိုမို ရှည်လျား လာပေမဲ့ လုံခြုံစိတ်ချရမှု မရှိကြောင်း password-management application များ ဖန်တီး တဲ့ SplashData ကုမ္ပဏီ က ဆိုပါတယ်။
SplashData ရဲ့ စာရင်း အရ ၂၀၁၅ ခုနှစ် အတွင်း အဆိုးဆုံး passowrd စာရင်း မှာ '1234567890', 'qwertyuiop' နဲ့ 'welcome' တို့ ပါဝင်ပြီး ဒီ password တွေ က '1234', '12345' နဲ့ 'qwerty' တို့ထက် ပိုမို ရှည်လျားပေမဲ့ လုံခြုံစိတ်ချရမှု မရှိဘူး လို့ သိရပါတယ်။
SplashData က ဟက်ကာတွေ အွန်လိုင်း မှာ လွှင့်တင် ခဲ့တဲ့ အချက်အလက် ပေါက်ကြားမှု ကြုံခဲ့ရသော password ၂ သန်းကျော် ရဲ့ အချက်အလက်တွေ ကို စုဆောင်း လေ့လာခဲ့တာ ဖြစ်ပါတယ်။ အချက် အလက် အများစု ဟာ အနောက် ဥရောပ နဲ့ မြောက်အမေရိကန် မှာ နေထိုင်သူတွေ ထံမှဖြစ်ကြောင်း SplashData က ဆိုပါတယ်။
Tuesday, March 22, 2016
Panasonic က အချက်အလက် များ သိုလှောင် သိမ်းဆည်း သည့် blu-ray data archiver ပထမဆုံး မိတ်ဆက်
မြ၀တီ's photo.
အချက်အလက် များစွာ ကို သိုလှောင် သိမ်းဆည်း ထားနိုင်ရန်နှင့် မှတ်တမ်းပြုထားနိုင်ရန် Panasonic ကုမ္ပဏီ မှ ၎င်း၏ lu-ray data archiver ကို စတင် မိတ်ဆက် ခဲ့ပြီ ဖြစ်သည်။ 
Panasonic ၏ blu-ray data archiver (blu-ray ဖြင့် အချက်အလက် များကို သိုလှောင် သိမ်းဆည်း ထားသည့် စနစ်) သည် Optical Dics များဖြင့် အချက်အလက် များကို သိုလှောင် သိမ်းဆည်း ထားနိုင်သည့် နည်း လမ်းဖြစ် ပြီး ယင်း အချက်အလက် များ၏ သက်တမ်း ကြာရှည် ခံနိုင်မှု (Data Lifespan) ကို ထူးခြားစွာ တိုးမြှင့်ပေးနိုင်သော မှတ်တမ်းပြု သိမ်းဆည်းခြင်း ဆိုင်ရာ နည်းပညာ များကို အသုံးပြု ထားကြောင်း သိရ သည်။
ကမ္ဘာတစ်ဝန်း ၌ ထုတ်လုပ်သည့် ဒစ်ဂျစ်တယ် အချက်အလက်များ သည် နောင်လာမည့် လေးနှစ်တာ ကာလ အတွင်း 45 zetta bytes(ZB) ဝန်းကျင်ခန့် အထိ ရောက်ရှိ လာမည်ဟု နည်းပညာရှင် များက ခန့်မှန်းကြသည်။ 
၎င်းအတွက် ထုထည် ကြီးမားစွာ ထွက်ပေါ် လာမည့် များပြားသော ဒစ်ဂျစ်တယ် အချက်အလက် များကို စီမံ ခန့်ခွဲနိုင်စေရန် ယုံကြည် စိတ်ချရမည့် စွမ်းဆောင်ရည် ပြည့်ဝသော သိုလှောင် ထိန်းသိမ်းမှုဆိုင်ရာ စနစ်များ ပို၍ လိုအပ်လာမည်ဖြစ်သည်။
Saturday, July 11, 2015
Windows 7 မှာဖြစ်တတ် တဲ့ This Copy Of Windows is Not Genuine ကိုဖြေရှင်းနည်း
windows 7 is not genuine  
ကျနော့ ဝက်ဆိုဒ် မှာ နည်းပညာ များကိုသာ သီးသန့် ရေးလို တာကြောင့် Post တင်တာလေးတွေ နှေး ပါတယ် ။ ဒီလို နည်းပညာ ဆိုဒ်မျိုးတွေ ကို လူဝင်လဲ နည်းပါတယ် ဒါပေမဲ့ Post တစ်ခုဆို ဆိုသလောက် အသုံး ဝင်တာလေးများကိုသာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ 
Windows 7
Build 7600
This Copy Of Windows Is Not Genuine
ဆိုတဲ့ ရေစာလေး Microsoft ကို ကပ်ပေးလိုက်တာ လစဉ် နီးပါးဖြစ်နေတယ် ။  ပြီခဲ့တဲ့ လ က သူ့ PC ကို Windows ပြန်တင်ပေးတာ တစ်လ တစ်ကြိမ်နှုံးလောက်ကြနေတော့ ဒီတစ်ခေါက် Windows ပြန် မတင်ပေးတော့ ဘဲ အဲဒီရေစာလေး ကို ဖျက်တဲ့ နည်းလေး ရှာ ပြီး စမ်းလိုက်တာ အောင်မြင်သွားတာကြောင့် ဒီ အကြောင်းကို Post အဖြစ်တင်ပေးလိုက်ပါတယ်ဗျာ။ 
 ဒီ နည်းကို သုံးဘို့ အတွက် အောက်မှာ ရှင်းပြပေးထားတာလေးတွေကို သာ သေချာဖတ်ပြီး လိုက်လုပ်ပေး သွား ရုံသာဖြစ်ပါတယ် ။ အားလုံး အဆင့် ငါးဆင့်ပေးထားပါတယ်။
ဒီနည်း ကို စလုပ်တော့မယ် ဆိုရင်....... 
Step 1
ပထမ အဆင့် အနေ နဲ့  CMD ဆိုတဲ့  Command Prompt ကိုခေါ်ယူ ရမှာဖြစ်ပါတယ်။  ဒီလိုခေါ်ယူ ဘို့ ရန် Start Menu ကိုသွားပြီး Search ထဲ ကနေ CMD လို့ ရိုက်သွင်း ပါ ။ 
Thursday, July 9, 2015
အင်တာနက်လိုင်း မြန်အောင် လုပ်နည်း
Pe Than Htike's photo.
နဂိုရှိ မှ နားကိုင်းထွက် ဆိုသလို န ဂိုအဝင် အင်တာနက် လိုင်း မကောင်းရင် ကိုယ်ရမယ့် Output အင်တာနက် လိုင်း ကလည်း မကောင်းနိုင်ပါဘူး။
ဒီကြားထဲ Waste ဖြစ်သွားတာတွေ လည်း မိမိ ကွန်ပြူတာ တစ်လုံးတည်း မှာ တင် အများကြီး ရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ 
ဒီလို အလဟဿ           ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့် အဝ အသုံးချ လိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်း နဲ့ အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ 
လုပ်ပုံလုပ်နည်းလေး က အောက်ပါ အတိုင်း ဖြစ် ပါတယ်။
၁။ Bndwidth မြင့်ခြင်း  
Start Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်း တက်ပါတယ်။
Wednesday, April 1, 2015
Computer keyboard shortcut key များ အကြောင်း သိကောင်းစရာ
"Computer keyboard shortcut key များအကြောင်း သိကောင်းစရာ
ကွန်ပျူတာကို သုံးနေကြသူတိုင်း ဒီနည်းလမ်းလေး တွေကို သိထား သင့်ပါတယ်။
Shortcut key များဟာ အလုပ်လုပ်တဲ့ အခါမှာ လွယ်ကူ ထိရောက်စေပြီး ပိုမိုလည်း
မြန်ဆန်စေ ပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ အကုန်မမှတ်နိုင်ဘူး ဆိုရင် ဖော်ပြပါ 
shortcut key တွေကို ကွန်ပျူတာ သုံးတဲ့ အခါမှာ အနီးဆုံး နေရာတွင် Print ထုတ်ပြီး
ကပ်ထားဖို့ တိုက်တွန်းပါရစေ။
ကီးများ                          ဖော်ပြချက်များ
Alt + F  File menu options in current program
Alt + E  Edit options in current program
Alt + Tab  Switch between open programs
F1  Universal Help in almost every Windows program.
F2  Rename a selected file
F5  Refresh the current program window
Ctrl + N  Create a new, blank document in some software programs
Ctrl + O  Open a file in current software program
Ctrl + A  Select all text.
Ctrl + B  Change selected text to be Bold
Ctrl + I  Change selected text to be in Italics
Ctrl + U  Change selected text to be Underlined
Ctrl + F  Open find window for current document or window.
Ctrl + S  Save current document file.
Ctrl + X  Cut selected item.
Shift + Del  Cut selected item.
Ctrl + C  Copy selected item.
Ctrl + Ins  Copy selected item
Ctrl + V  Paste
Shift + Ins  Paste
Ctrl + K  Insert hyperlink for selected text
Ctrl + P  Print the current page or document.
Home  Goes to beginning of current line.
Ctrl + Home  Goes to beginning of document.
End  Goes to end of current line.
Ctrl + End  Goes to end of document.
Shift + Home  Highlights from current position to beginning of line.
Shift + End  Highlights from current position to end of line.
Ctrl + Left arrow  Moves one word to the left at a time.
Ctrl + Right arrow  Moves one word to the right at a time.
Ctrl + Esc  Opens the START menu
Ctrl + Shift + Esc  Opens Windows Task Manager
Alt + F4  Close the currently active program
Alt + Enter  Open the Properties for the selected item (file, folder, shortcut, etc.)
Ref- computerhope
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#computer_yyl" 
ကွန်ပျူတာ ကို သုံးနေကြသူ တိုင်း ဒီ နည်းလမ်းလေး တွေကို သိထား သင့်ပါတယ်။
Shortcut key များ ဟာ အလုပ် လုပ်တဲ့ အခါမှာ လွယ်ကူ ထိရောက်စေပြီး ပိုမိုလည်း မြန်ဆန်စေ ပါလိမ့် မယ်။ အကယ်၍ သင့် အနေနဲ့ အကုန် မမှတ်နိုင်ဘူး ဆိုရင် ဖော်ပြပါ  shortcut key တွေ ကို ကွန်ပျူတာ သုံးတဲ့ အခါမှာ အနီးဆုံး နေရာတွင် Print ထုတ်ပြီး ကပ်ထားဖို့ တိုက်တွန်းပါရစေ။
ကီးများ ဖော်ပြချက်များ
*******************
Alt + F File menu options in current program
Alt + E Edit options in current program
Alt + Tab Switch between open programs
F1 Universal Help in almost every Windows program.
F2 Rename a selected file
Monday, March 2, 2015
VIRUS မ၀င်အောင် ကာကွယ်ခြင်း
 Virus ဖန်တီးခြင်းတွေ ပဲ တင်ဖြစ်ခဲ့တာ များပါတယ်။ Virus ကာကွယ်ခြင်း အပိုင်း ကိုတော့ အခုမှပဲ တင်ဖြစ်တော့ တယ်။ 
ဒီ Post မှာတော့ Virus ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Trojans, Worms , Searchbars , Spyware နဲ့ အခြား Malware ပါဝင်တယ် လို့ မှတ်ယူ ရပါလိမ့်မယ်... 
Virus ရန်ကနေ ကာကွယ်ချင်တယ် ဆိုရင်တော့ အခုဖော်ပြမယ့် အချက်လေးတွေ ကို အထူး သတိထား ဖို့တော့ လိုပါတယ်.... 
 (၁) Security Patch များကို Install လုပ်ပါ။ သင့်ရဲ့ Operating System အတွက် available ဖြစ်နေတဲ့ security patch အားလုံး ကို ရယူ ဖို့နဲ့ install လုပ်ထားဖို့လိုပါတယ်...
 အကယ်၍ Windows 98 နဲ့ နောက်ပိုင်း Windows တွေမှာ MSIE နဲ့ Windows Update တွေ အတွက် လိုအပ် တဲ့ Patch တွေ ကို Provide ပေးပေမယ့် Windows 95 နဲ့ အလားတူ system တွေအတွက် ကတော့ WindizUpdate ကို အသုံးပြုသင့်ပါတယ်... 
]
အရေးအကြီးဆုံး ကတော့ အပတ်စဉ် updates တွေကို စစ်ဆေးပေးဖို့ နဲ့ သင့်ရဲ့ Operation System အတွက်တွေ့ ရှိထားတဲ့ အားနည်းချက် များနဲ့ ပတ်သတ် တဲ့ နောက်ဆုံး သတင်း အချက်အလက်တွေ ကို ရရှိဖို့ မျက်စိဖွင့် နားစွင့် ထားရမှာ ဖြစ်ပါတယ် ။ 
Wednesday, December 10, 2014
Memory Card, SD ကဒ် များမှ delete လုပ် မိသော Data များ ကို ပြန် ရယူရန် နည်းလမ်း
 Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်း 
ကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။
၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။
www.pandorarecovery.com/download/
၂။ Instll လုပ်ရပါမယ်။
၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။
၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။
၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။
၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။
၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။
၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။
---
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#tech_yyl
.
ကွန်ပျူတာ မှာ မမျော်လင့် ပဲ ဖျက်လိုက် မိလို့ ပျောက်ဆုံး သွားတဲ့ Data , file တွေ ကို ယူဖို့ နည်းလမ်း မျှဝေပေး ခဲ့ပြီး ဖြစ်ပါတယ်။ 
ဒီ တစ်ခါ စာဖတ်သူတို့ အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာ သုံး SD ကဒ်များ အတွက် အချက် အလက် များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။
၁။ အောက်ပါ လခ့်တွင် ဒေါင်းလုခ်ဆွဲပါ။
Tuesday, November 11, 2014
Computer ကို လေးစေသည့် Windows logs များ ကို ရှင်းနည်း
ကွန်ပျူ တာ ကို ပေါ့စေချင်ရင် မဖြစ်မနေ နေ့ စဉ် လုပ်ပေးသင့်တာလေးတွေ ရှိတယ် ။ ဒါလေးတွေ သိထား ဘို့ လိုပါ တယ် ။ မော်နီတာ Screen ပေါ်မှာ Right Click နှိပ်ပြီး Refresh လုပ်ပေးတာမျိုးတို့  F5 ကိုလေးငါး ဆယ်ခါနှိပ်ပေးတာမျိုး တို့  နေ့ စဉ် လုပ်ပေးသင့်ပါတယ်။
 ဒီအပြင် Windows Logs များကို လည်း ရှင်းပေး သင့်ပါ ဒီနည်းတွေ က ဆိုဒ်တော်တော်များများ မှာ ကိုယ်တိုင်ရေး ထားတာရော Share ပေးထားကြတာရော များနေ ပါပြီ ဒါပေမဲ့ မသိသေး သူများကို အသိပေး လို တာကြောင့်ရေး တင်ပေးလိုက်တာပါ။
Monday, October 27, 2014
Windows 7 ကို လျင်မြန်စွာ အသုံးပြုနိုင်သည့် အချက် ခုနစ်ချက်
 Windows 7 ကို အသုံးပြု နေသူများ အတွက် Windows 7 ကို လျင်မြန်သော လုပ်ဆောင် ချက် များ ရရှိ နိုင်စေရန် အတွက် အွန်လိုင်းတွင် ဝေမျှထားသည့် အချက် ခုနစ်ချက် ကို ဖော်ပြ ပေး လိုက်ပါသည်။
Window 7 ကို လျင်မြန်စွာ ပြောင်းလဲ အသုံးပြုခြင်း 
Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြု နိုင်ရန်အတွက် minimize- maximize Animation များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟု ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်  
Windows 7 boot time ကို မြှင့်တင်ခြင်း 
Windows 7 သည် စတင် အလုပ်လုပ်စဉ်တွင် core တစ်လုံးတည်းကိုသာ အသုံးပြုပါသည်။ ဒါကြောင့် boot time ကို မြှင့်တင်ရန် အတွက် အသုံးပြုမည့် core များကို တိုးမြှင့်ခြင်းဖြင့် ပြု လုပ်နိုင်ပါသည်။
Hard Disk အကြောင်းလေး
Hard disk ဆိုတာ
Hard disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်ပါတယ်..
 သူ အလုပ်လုပ် တဲ့ပုံစံက ဒီ hard disk အထဲမှာ platter တွေရှိတယ် ဒီ Platter တွေဟာ spindle motor လည် တဲ့အား ကြောင့် air cushion ဖြစ်ပေါ်လာတယ် အဲဒီအချိန်မှာပဲ read/write head တွေက platter   ပေါ်မှာရေးမှတ် ထား တဲ့ဒေတာ တွေ ကို ရေးခြင်း ဖတ်ခြင်းမှတ်ခြင်းစတာတွေကိုလုပ်ဆောင်တယ်.. တစ်ခုချင်းစီ် လုပ်ဆောင်ပုံ ကို အောက် မှာ ရှင်း ပြပါမယ်..
Wednesday, October 15, 2014
Windows 10 အကြောင်း သိထား သင့်သည့် အချက် (၉) ချက်
Windows 8 နှင့် ပတ်သက်ပြီး ဝေဖန်သံ များ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာ ခဲ့ပြီးနောက် Windows 10 ဟုခေါ် သည့် Windows operating system သစ် ကို အင်္ဂါနေ့ က ပြုလုပ် ခဲ့သည့် ပွဲ တစ်ခုတွင် Microsoft က မိတ်ဆက်ပေး ခဲ့သည်။ ထို့ကြောင့် Microsoft ၏ နောက်ဆုံးခြေလှမ်း သစ်ဖြစ်သော Windows 10 နှင့် ပတ်သက် ၍ သိရှိ ထားသင့်သည့် အချက် များကို ဖော်ပြလိုက်ပါသည်။
(၁) Windows 10 ကို ဘယ် အချိန် upgrade လုပ်နိုင် မလဲ။ ဘယ်လောက် ကုန်ကျမလဲ။
Microsoft သည် Windows 10 ကို ၂၀၁၅ ခုနှစ် ဧပြီလ တွင် ကျင်းပမည့် Build developer conference နောက် ပိုင်း ဖြန့်ချိဖွယ် ရှိသည်။ အကယ်၍ Windows 10 ကို စမ်းသပ် အသုံးပြုလို ပါက အောက်တိုဘာ ၁ ရက် မှ စတင်ကာ Windows Insider Program (http://preview.windows.com/) တွင် sign up လုပ်ပြီး preview build ကို အသုံးပြုနိုင် သည်။ လက် လီရောင်းချ မည့် Windows 10 ဗားရှင်း ၏ ဈေးနှုန်း များကို မသိ ရှိရသေးပေ။
(၂) Windows 9 ကို ကျော်ပြီး Windows 10 ကို ဘာကြောင့် မိတ်ဆက် ခဲ့သလဲ။
Sunday, October 12, 2014
Control Panel အား လေ့လာ မိခြင်း
ကွန်ပျူတာ တစ်လုံး မှာ control panel ဟာ အခြေခံ အကျဆုံး နဲ့ user တိုင်း အတွက် မရှိ မဖြစ် မသိ မဖြစ် လို အပ်ပါတယ်.  .ဘာကြောင့်လဲ ဆိုတော့ system management နဲ့ ပက်သက် တာ ကို ဒီနေရာ က နေ အများကြီး လုပ်ဆောင်နိုင် လို့ ပဲဖြစ်ပါတယ်..
windows xp control panel ကို အခြေခံရေး ထားပေမဲ့  အခြား OS ဖြစ်တဲ့ windwos vista နဲ့ windows 7 တွေမှာ လည်း အနည်း ငယ်ခြားနား မှုလေး တွေသာ ရှိပါတယ်..
detail မဟုတ်ပေ မဲ့ အနည်း ဆုံးတော့ ကွန်ပျူတာ မှာ အနည်းငယ် အမှားယွင်း တွေဖြစ်လာရင် control panel ထဲမှာ မိမိ ဘာသာ မိမိ ဆောင်ရွက် တတ်စေဖို့ အတွက်အောက် မှာ လေ့လာ နိုင် ပါ တယ် ခင်ဗျာ..
Photoshop Move Tool အကြောင်း တစေ့ တစောင်း
Move Tool ကတော့ Selecion Tool တစ်ခု ပဲဖြစ်ပါတယ်၊ image တစ်ခု အတွင်းမှာ ရှိတဲ့ Leayer တွေ ကို နေရာ အထား အသိုရွှေ့ပြောင်း ဖို့နဲ့ ရွေးချယ် ဖို့အတွက် အသုံးပြုနိုင် ပါ တယ်။
ပုံမှန် အားဖြင့်တော့ Image ထဲက ကိုယ်ပြုပြင် လိုတဲ့ Layer ကို Layer Palette မှာ က လစ်နှိပ်ပြီး ရွေး ချယ်ပေး ရမှာ ဖြစ် ပါတယ်။ ပြုပြင်ပြောင်းလည်း မှုတိုင်းဟာ ကိုယ်ရွေး ချယ် ထား တဲ့ Layer ပေါ် မှာပဲ သက်ရောက် မှု ရှိမှာဖြစ်ပါတယ်။
Photoshop Tools Box @ Shortcuts ကို လေ့လာခြင်း
Photoshop tools Box ထဲကို မသွားပဲ Toolတွေ ကို အလုပ် လုပ်နေရင် သို့မဟုတ် အလွယ် တကူ သုံးစွဲနိုင် ရန် Shortcutsလေး လို အသုံးပြုနိုင်ရန် တင်ပြလိုက်ပါတယ်။
 ဥပမာ....  ဆိုပါစို့ ကျနော်က Move Tool ကို ယူထားရင် Lasso Tool ကို အသုံးပြုရန် အတွက် Photoshop tools Box မှာ Lasso Tool ကို သွား မယူပဲ အလုပ် လုပ်နေရင် Lasso Tool ကို အသုံးပြုနိုင် ရန် ကီးဘုတ်ထဲက L ကိုနှိပ်ပေးလိုက် ပါက Lasso Tool ကို ရယူပြီး သား ဖြစ် သွား မှာပါ။
(မှတ်ချက်- ဓာတ်ပုံ ဆိုင်တွေ မှာ အဲ သလို Shortcuts အနေနဲ့ ကီး ခလုတ်တွေ ကို နှိပ်ပြီး အသုံးပြုကြတာ ကို တွေ့မြင်ကြ မှာဖြစ်ပါတယ်)