Showing posts with label ပုံပြင် ကြိုက်သူများ လေ့လာ၇န်. Show all posts
Showing posts with label ပုံပြင် ကြိုက်သူများ လေ့လာ၇န်. Show all posts

Friday, July 17, 2015

ဘ၀ မှာ တိုးတက်အောင်မြင် ချင်ရင် အနစ်နာ ခံရမယ်


 သား မိုက်'s photo.

 ဘ၀ မှာ လူတွေ ဟာ  အောင်မြင်သူတွေ ကို အားကျကြတယ်၊ လွယ်လွယ် နဲ့ ရလာတယ် ဘဲ ထင်တတ်ကြ တာ များပါတယ်၊ တကယ်တော့ ဘယ်အရာ မှ အလကား မရပါဘူး ၊ သူ့နေရာ နဲ့ သူ ထိုက်သင့်တဲ့ ပေးဆပ်မှု ကိုတော့ ပြုခဲ့ရတာပါ။

ကဲ - ပြောပြတော့မယ်နော် ၊ တစ်ခါ က ပန်းပု ဆရာကြီး တစ်ယောက် ရှိပါသတဲ့၊ သူ့ဆီ ကို သစ်သားတုံး နှစ်တုံးရောက် လာတယ် ၊ သစ်သားတုံး နှစ်တုံး အနက် ပထမ သစ်သားတုံး ကို ပန်းပု ဆရာကြီးက ဆူး ဆောက် လက်နက်တွေ နဲ့ ပန်းပု ထု တဲ့ အချိန်မှာ အဲဒီ သစ်သားတုံး က ရှုံ့မဲ့ ပြီး......
 

" နာ တယ် နာ တယ် တော်ပါတော့ " ဆိုပြီး ထအော်တယ် ၊ ပန်းပု ဆရာ လည်း စဉ်းစား လိုက်တယ်  ၊ ဒီကောင် အနာ မခံ နိုင်တဲ့ အကောင်ဘဲ ၊ ဒါကြောင့် လွယ်လွယ် လေးဘဲ မောင်းတုံး အဖြစ် ထုပေးလိုက် တယ်၊
 

 နောက် သစ်သားတုံး ကို ပန်းပု ထုတော့ ဒုတိယ သစ်သားတုံး က နာပေမယ့် ကြိတ် မှိတ် သည်းညည်းခံ တယ်၊ ဒါကြောင့် ပန်းပု ဆရာကြီး က ဒုတိယ သစ်သားတုံး ကို ဘုရား ဆင်းတုတော် ဖြစ် အောင် ထုပေး လိုက်တယ်၊ 


Wednesday, January 21, 2015

အသဲကွဲ တောင်ထိပ် ပေါ်က သူ၇ဲကောင်း ပုံပြင်

 အသဲကွဲတောင်ထိပ်ပေါ်က သူရဲကောင်းပုံပြင် 
============================= 
တရုပ်ပြည်တနေရာမှာ အသဲကွဲတောင်ထိပ်လို့ခေါ်တဲ့ တောင်တန်းတစ်တခုရှိပါတယ်။
အဲ့ဒီတောင်တန်းရဲ့ထူးခြားချက်ကတော့ တောင်တန်းကြီးဟာဆိုရင် တောင်ထိပ်ကနေ အောက်ခြေရောက်တဲ့အထိ ဓါးနဲ့ခွဲထားသလို နှစ်ခြမ်းကွဲနေပါတယ်။
အဲဒီလို ပိုင်းခြားထားတဲ့ အပိုင်းနှစ်ပိုင်းဟာ တစ်ဖက်နဲ့တစ်ဖက် (၁ဝ)မီတာလောက် ဝေးပါတယ်။
ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးတန်တဲ့ စမ်းချောင်းက ဖြတ်သန်းစီးဆင်းနေပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြတဲ့နေရာလေးဖြစ်ပါတယ်။
တောင်ဆိတ်များဟာ ရိုးရိုးတောင်ဆိတ်ထက် အကောင်အားဖြင့် ကြီးမာပြီး အထီးရော အမပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျိုပါ ရှိကြပါတယ်။
အထူးခြားဆုံးကတော့ ခုန်တဲ့နေရာမှာ အင်မတန်တော်တဲ့ သတ္တဝါ ဖြစ်ပါတယ်။

သူတို့တွေဟာ (၆)မီတာထိအောင် ခုန်နိုင်ပါတယ်။
နောက်ပြီး သူခုန်လို့ ကျတဲ့နေရာမှာ ခြေစုံရပ်ဖို့မလိုပဲ ခွာတစ်ချက်ချဖို့ရတာနဲ့ မနားပဲ ဆက်တိုက်ခုန်နိုင်စွမ်းလည်း
ရှိပါတယ်။
ရှားပါးပြီး ဆေးဖက်ဝင်တဲ့ သတ္တဝါမျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုးလုပ်သူများဟာ ခက်ခက်ခဲခဲရှာဖွေ ဖမ်းဆီး
ရပါတယ်။
တောင်စောင်းတောင်ထိပ်များမှာသာ ကျက်စားလေ့ရှိတဲ့အတွက်ကြောင့်လည်း ဖမ်းဆီးဖို့ကိုမဆိုထားနဲ့ တွေ့ရဖို့
တောင်အင်မတန်မှ ခက်ခဲလှပါတယ်။
ကျွန်တော်ဟာ မုဆိုးတစ်ယောက်ပါ။
ဒါကြောင့် ခုလိုရှားပါတဲ့ တောင်ဆိတ်ကိုပစ်ခတ်ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြားကို သွားခဲ့ပါတယ်။
ခက်ခဲစွာနဲ့ တောင်ဆိတ်တွေရှိရာအသဲကွဲတောင်ထိပ်ကို ရောက်အောင်တက်လာခဲ့ပါတယ်။
တောင်ထိပ်ရောက်တော့ တောင်စွန်းတစ်နေရာမှာ စုဝေးနေတဲ့ တောင်ဆိတ်တွေကို တွေ့ရပါတော့တယ်။
ကျွန်တော်တို့အဖွဲ့ဟာ တောင်ဆိတ်တွေ ထွက်ပေါက်နေရာတွေ အားလုံကို ပိတ်ဆိုးထားလိုက်ပါတယ်။ ထွက်ပေါက်ဆိုလို့ ထက်ချမ်းကွဲနေတဲ့ တောင်တစ်ဖက်ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန်မှာ တောင်ဆိတ်တွေဟာ သူတို့အသက်အန္တရယ်ကို ကြောက်လန့်နေတာကြောင့် ပျာယာခက်နေပါတယ်။ သူတို့လွတ်မြောက်ဖို့ဆိုတာ တစ်ဖက်ကမ်းခြားနေတဲ့ တောင်စောင်းတစ်ဖက်တည်းသာလျှင် ရှိပါတော့တယ်။

ကျွန်တော်တို့ဟာ ပစ်ကွင်းထဲရောက်နေတဲ့သားကောင်ကို စိတ်ကြိုက်ပစ်ခတ်ဖမ်းဆီးဖို့ရန် ပြင်ဆင်နေချိန်မှာပဲ အ
သက်အန္တရယ်ကိုကြောက်နေတဲ့ တောင်ဆိတ်တစ်ကောင်ဟာ မမျှော်လင့်ပဲ ကျွန်တော်တို့ရှိရာကို တစ်ရှိန်ထိုးပြေး
ထွက်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ သူဟာ ကျွန်တော်တို့ရဲ့ သေနတ်အောက်မှာပဲ အသက်စတေးလိုက်ရပါတယ်။
နောက်တစ်ကောင်က ကြောက်လန့်စွာနဲ့ တစ်ဖက်ကမ်းပါးကိုကြိုးစားပြီးခုန်ကူးပေမဲ့ လိုရာခရီးကိုမရောက်ပဲ တောင်
ကြားကို ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်းထဲကို ကျရောက်သေဆုံးသွားရပါတော့တယ်။

ကျွန်တော်တို့ဟာ သေနတ်ကို နောက်ထပ်အသုံးမပြုမိအောင် ဂရုစိုက်နေရပါတော့တယ်။
သေနတ်သံကြောင့်လည်းတောင်ဆိတ်တွေဟာပိုပြီးပျာယာခတ်နေပါတော့တယ်။
ကြောက်လန့်စိတ်နဲ့ တောင်တစ်ဖက်ကမ်းကိုသာခုန်ကူးမယ်ဆိုရင် စမ်းချောင်းထဲမျှောပါပြီး ဆုံးရှုံးကုန်မှာကို ကျွန်
တော်တို့ မလိုလားပါဘူး။

ဒါကြောင့် ကျွန်တော်တို့ အဖွဲထဲမှ တစ်ဖွဲကို တောင်ခြေကို ပြန်ဆင်းခိုင်းပြီး စမ်းချောင်းတစ်နေရာမှာ စမ်းချောင်းထဲ
 သေဆုံးမျောပါလာတဲ့ အကောင်တွေကို ဆည်ယူနိုင်ဖို့ စီစဉ်ကြပါတယ်။
သူတို့အဆင်သင့်ဖြစ်ချိန်မှာ အချက်ပေးလိုက်ဖို့နဲ့ သူတို့အချက်ပေးချိန်ကျမှ စတင်ပစ်ခတ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။
တောင်ခြေကို ပြန်ဆင်းသွားတဲ့ အဖွဲ့ရဲ့ အချက်ပေးသံကို စောင့်နေတဲ့ ကျွန်တော်တို့ အဖွဲ့ဟာ မမျှော်လင့်တဲ့ အဖြစ် တစ်ခုကို တွေ့လိုက်ရပါတော့တယ်။ ပျာယာခက်နေတဲ့ များစွာသော တောင်ဆိတ်တွေထဲမှာ တည်ငြိမ်စွာနဲ့ရပ်နေတဲ့ ထူးဆန်းတဲ့ တောင်ဆိတ်ကြီးတစ်ကောင်ကို တွေ့လိုက်ပါလို့ပါ။

ကျွန်တော်ဘေးနားမှာရှိနေတဲ့ အဖော်က "ဆရာ ဟိုမှာကြည့်ပါအုံး"..။
တစ်ခြားကောင်တွေနဲ့မတူပဲ ဟိုတစ်ဖက်ကမ်းကိုတည်တည်ငြိမ်ငြိမ်နဲ့ လှမ်းကြည့်နေတဲ့ တောင်ဆိတ်ကြီးတစ်ကောင်
က ထူးခြားလှချည်လားလို့ ပြောတော့ ကျွန်တော်က ဒါဟာ တောင် ဆိတ်တွေရဲ့ ခေါင်းဆောင်ဖြစ်မှန်းသိလိုက်ပါပြီ။
 မကြာခင်မှာပဲ အဲ့ဒီတောင်ဆိတ်က တစ်ချက်အော် လိုက် တယ် ဆိုရင်ပဲခုနက ယောက်ယက်ခက်နေတဲ့ တောင်
ဆိတ်တွေဟာ ငြိမ်သက်သွားပါတော့တယ်။
တောင်ဆိတ် ခေါင်းဆောင်ကြီးဟာ တောင်ဆိတ်တွေရဲ့ အလယ်မှာ ဝင်ရပ်ပြီး နောက်ထပ် အသံတစ်ချက် ထပ်ပေး လိုက်ချိန် မှာတော့ သူတို့တစ်တွေဟာ အဖွဲ့ နှစ်ဖွဲ့ကွဲထွက်သွားတာကို ထူးဆန်းစွာတွေ့ လိုက်ရပါတော့တယ်။ ဒီထက်အံသြဖို့ ကောင်းတာက တစ်ဖက်က အဖွဲဟာ အသက်ကြီးတဲ့မျိုးဆက်ဟောင်း အုပ်စုနဲ့ တစ်ဖက် မှာတော့ အသက်ငယ်တဲ့ မျိုးဆက်သစ် အုပ်စု ဖြစ်နေတာကိုပါ။

နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ အသက်ငယ်တဲ့ အဖွဲ့ထဲကအကောင်နှစ်ကောင်ကို စိုက်ကြည့်လိုက်
တော့ အဲ့ဒီမျိုးဆက်သစ်ဖြစ်တဲ့အကောင်နှစ်ကောင်ဟာ မျိုးဆက်ဟောင်းဖြစ်တဲ့အုပ်စုဆီ သွားရောက် ပူးပေါင်းလိုက်
ပါတယ်။
သသေချာချာ ကြည့်လိုက်တော့ အဲ့ဒီနှစ်ကောင် တစ်ဖက်အုပ်စုကို ရောက် သွားတော့မှ တစ်ဖက်နဲ့ တစ်ဖက်ဟာ အကောင်အရည်အတွက် တူညီသွားတာကို တွေ့ရပါတယ်။
နောက်တော့မှ အုပ်စုနှစ်စုဟာ တစ်ဖက်ကမ်းကို မျက်နှာမူလျှက် ခုန်ကူးဖို့ အသင်ြ့ဖစ်နေပါတော့တယ်။

ခေါင်းဆောင်ဆိတ်မှ အချက်ပေးအော်လိုက်သံစတယ် ဆိုရင်ပဲ မျိုးဆက်ဟောင်းဖက်မှ တစ်ကောင်နဲ့ မျိုးဆက်သစ်
ဖက်မှ တစ်ကောင်တွဲပြီး တရှိန်ထိုးအား စိုက်ခုန်ပါ တော့တယ်ဗျာ။
လျှင်မြန်တဲ့မျိုးဆက်သစ်က ခုန်ပြီးလို့ စက္ကန့်ပိုင်းမှ မျိုးဆက်ဟောင်းခုန်ပါတယ်။
ကျွန်တော်ထင်တာက တစ်ကောင်တည်း ခုန်မချရဲလို့ နှစ်ကောင်စီတွဲ ခုန်ဆင်းကြတယ်လို့ ထင်မိခဲ့တာပါ။
မြင်လိုက်ရတဲ့မြင်ကွင်းလေးကတော့ ပထမမျိုးဆက်သစ်အကောင်လေးခုန်လို့ အရှိန်ကုန်ပြီးပြန်အကျမှာ နောက်က
ဆက်တိုက်ခုန်လိုက်လာတဲ့ မျိုးဆက်ဟောင်းဆိတ်ကြီးက မျိုးဆက်သစ်ရဲ့နောက်ခြေအစုံကို သူ့ရဲ့ဦးခေါင်းနဲ့ ခံပေး
လိုက်တဲ့ ဖြစ်ရပ်ပါ။

ဒီအချိန်မှာတော့ မျိုးဆက်သစ် ဆိတ်ငယ်လေးဟာ မျိုးဆက်ဟောင်းရဲ့ ဦးခေါင်းကိုခြေစုံကန် အားပြုပြီး ထပ်ခုန်
လိုက်တော့ သူလိုရာ တစ်ဖက်ကမ်းဆို့တဲ့ နေရာသစ်လေးကိုရောက်လို့ သွားပါတော့တယ်ဗျာ။
မျိုးဆက်သစ် ဆိတ်လေးဟာ သူလိုရာ ခရီးရောက်သွားလို့ ဝမ်းသာတဲ့ အသံနဲ့ အောင်ပြီလို့ ဟစ်အော် လိုက်ချိန်မှာ
တော့ မျိုးဆက်ဟောင်းဖြစ်တဲ့ဆိတ်ကြီးကတော့ ကြမ်းတမ်းတဲ့ စမ်းချောင်းထဲကို ကျဆင်းလို့ သေပွဲဝင်သွားပါတော့
တယ်။
မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတွဲတွဲပြီး ခုန်လိုက်တိုင်းခုန်လိုက်တိုင်းမှာ မျိုးဆက်သစ်တွေနေရာသစ်ရဖို့အတွက် လိုရာပန်းတိုင်ရောက်ဖို့ မျိုးဆက်ဟောင်းဆိတ်တွေမှာ သူတို့ဦးခေါင်းကိုလမ်းသဖွယ်အနင်းခံ အကန်ခံရင်း တစ်
ကောင်ပြီး တစ်ကောင် မရဏစမ်းချောင်းထဲ အသက်တွေကို ပေးဆက်သွားခဲ့ပါတယ်။

တောင်အောက်စမ်းချောင်းမှာ အပေါ်ကနေပစ်ချလို့ ကျလာမဲ့ဆိတ်တွေကို ဆည်ယူဖို့သွားစောင့်တဲ့အဖွဲ့က စတင်
ပစ်ခက်ဖို့ရန် အချက်ပေးလိုက်ချိန်မှာတော့ ဒီဖက်ကမ်းမှာ တောင်ဆိတ်ဆိုလို့ ခေါင်းဆောင်ဖြစ်တဲ့ တောင်ဆိတ်ကြီး
တစ်ကောင်တည်းသာ ကျန်ရစ်နေပါတောတယ်။

 ကျွန်တော်တို့ အံသြလို့မှ မဆုံးခင် တောင်ဆိတ်ကြီးဟာ ကျွန်တော်တို့ကို စိုက်ကြည့်ရင်းနဲ့ ကျွန်တော်တို့ဆီကို တစ်
လှမ်းချင်း လှမ်းလို့ လာနေခဲ့ပါတယ်။
သူမျိုးဆက်သစ်တွေ လိုရာပန်းတိုင်ကို ရောက်သွားလို့ပဲလား သူနဲ့တန်းသူ့မျိုးဆက်ဟောင်းတွေ ကျဆုံးသွားလို့လား
ဆိုတာတော့ မသိပါ။
သူဟာ သူ့သက်ကို အလေးမထားတော့ပါ။
သူ့အတွက် သေခြင်းနဲ့ ရှင်ခြင်းဆိုတာ သူနဲ့ မဆိုင်တော့သလိုပါပဲ။

ဒါပေမဲ့ မြင်လိုက်ရတဲ့ သူမျက်လုံးတွေနဲ့ သူသဏ္ဍန်မှာတော့ ရဲဝံ့တဲ့ အားမာန်တွေ အပြည့်နဲ့ပါ။
ကျွန်တော်ဟာ သေနတ်ခလုတ်ကို ဆွဲဖို့အင်အား မရှိ့တော့ပါဖူး။
နောက်ဆုံးတော့ ခေါင်းဆောင်ဆိတ်ကြီးက ကျွန်တော်တို့ကို တိုးဝှေ့ခုန်ကျော်သွားသလား? ကျွန်တော်တို့ကပဲ လမ်း
ဖယ်ပေးလိုက်ကြ သလား ဆိုတာကိုတောင် မသိလိုက်တော့ပါဘူ။
တကယ်တော့ ကျွန်တော့်မျက်စိထဲမှာမြင်နေတာက တောင်ဆိတ် မဟုတ်တော့ပါဖူး။

လူတွေလုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်သွားကြတဲ့ တကယ်သူရဲကောင်းတွေပါ။ စမ်းချောင်းထဲအသက်စတေးလိုက်ကျတဲ့ တကယ့် သူရဲကောင်းတွေ မျိုးဆက် သစ်တွေ ရှင်သန်ဖို့အတွက် မရဏ
လမ်း ခင်းပေးလိုက်ကြတဲ့ သူရဲကောင်း... တကယ့်သူရဲကောင်းကြီးတွေ ။
အော်...သူတို့တွေဟာ တကယ်တော့ ဘယ်သူမှ မသိလိုက်ကျတဲ့ အသဲကွဲတောင်ကမ်းပါးတစ်နေရာက စမ်းချောင်း
ထဲမှာ မျိုးဆက်သစ်တွေနေရာသစ်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အသက်ကိုစွန့်လွတ်သွားကြတဲ့ တကယ့်သူရဲ
ကောင်းတွေပါဗျာ..... ။

အဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာ သူတို့ကိုဂုဏ်ပြု့သော အားဖြင့် ဘယ်တော့မှ တောင်ဆိတ်တွေကို ဖမ်းဆီး ခြင်း မလုပ်တော့ ပါဘူးလို့ ခိုင်ခိုင်မာမာပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။
ကျွန်တော်ရှေ့မှာတော့ ဘယ်တောင်ဆိတ်ကိုမှ မမြင်ရတော့ပါ။ ဒါပေမဲ့ အာရုံထည်းမှာ မြင်နေရတာက ...... သူရဲကောင်းတွေရဲ့ ရဲဝံ့တဲ့ လုပ်ရပ် သူရဲကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ သူတို့တွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။။။။။။

 ကြားခဲ့ဖူးသော တရုပ် သူရဲကောင်း ပုံပြင်မှ စိတ်ကူးပုံဖော်ထားပါသည်၊

လေးစားလျှက်...... DaBoeDwe
https://www.facebook.com/shweaeimsilibrary?ref=bookmarks

 တရုပ်ပြည် တနေရာမှာ အသဲကွဲတောင်ထိပ် လို့ခေါ်တဲ့ တောင်တန်း တစ်ခု ရှိပါတယ်။ အဲ့ဒီတောင်တန်း ရဲ့ ထူးခြားချက် ကတော့ တောင်တန်းကြီး ဟာဆိုရင် တောင်ထိပ် ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ ခွဲ ထားသလို နှစ်ခြမ်းကွဲနေပါတယ်။ 

အဲဒီလို ပိုင်းခြား ထားတဲ့ အပိုင်းနှစ်ပိုင်း ဟာ တစ်ဖက်နဲ့ တစ်ဖက် (၁ဝ) မီတာလောက် ဝေးပါတယ်။ ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးသန် တဲ့ စမ်းချောင်း က ဖြတ်သန်း စီးဆင်းနေ ပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြ တဲ့နေရာလေးဖြစ်ပါတယ်။

 တောင်ဆိတ် များဟာ ရိုးရိုး ဆိတ် ထက် အကောင် အားဖြင့် ကြီးမာပြီး အထီးရော အမ ပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျို  ပါ ရှိကြပါတယ်။ အထူးခြားဆုံး ကတော့ ခုန်တဲ့နေရာ မှာ အင်မတန်တော် တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူတို့တွေ ဟာ (၆)မီတာ ထိအောင် ခုန်နိုင်ပါတယ်။ နောက်ပြီး သူခုန် လို့ ကျတဲ့နေရာ မှာ ခြေစုံရပ်ဖို့ မလိုပဲ ခွာတစ်ချက် ချဖို့ ရတာနဲ့ မနား ပဲ ဆက်တိုက် ခုန်နိုင်စွမ်း လည်းရှိပါတယ်။ 

Sunday, November 23, 2014

တံတား




တစ်ခါတုန်းက လယ်မြေချင်း ကပ်လျက် နေထိုင် လုပ်ကိုင်ကြ တဲ့ ညီအစ်ကိုနှစ်ဦး ဟာ စကားများ ရန်ဖြစ်ကြ တယ်။ ဒါဟာ သူတို့နှစ်ဦးကြား ပထမဆုံး နဲ့ အပြင်းထန် ဆုံး သဘောကွဲလွဲမှု ပါ။ 

ဒီ့ မတိုင်မီ ကတော့ သူတို့နှစ်ဦး ဟာ စက်ကိရိယာ၊ လုပ်အား၊ ကုန်ပစ္စည်းတွေ ဝေမျှ သုံးစွဲရင်း နေထိုင် ခဲ့ကြတာ နှစ်ပေါင်းလေးဆယ်ကြာမြင့် ခဲ့တယ်။ ဒီနောက်မှာတော့ အချိန် အတော်ကြာ ချစ်ချစ် ခင်ခင် နေ ထိုင် ဆက်ဆံမှု ဟာ ပြိုကွဲ ပျက်စီး သွားတယ်။

အထင်လွဲမှား မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စကလေး ဟာ နေ့ချင်း ညချင်း ပြဿနာကြီး အဖြစ် ကြီးထွား လာခဲ့ တယ်။ နောက်ဆုံး မှာတော့ ညီအစ်ကိုနှစ်ဦး ဟာ တစ်ဦးကို တစ်ဦး နာကြည်း မုန်းတီးစေမဲ့ စကားတွေပြော ဆိုရင်း ရက်သတ္တပတ် အတော်ကြာ မခေါ်မပြောကြတော့ပါဘူး။ 

ကြက်ပုံပြင်




တစ်ခါက... ရွာစဉ်လှည့်ပြီး ကြက်သား လိုက်ရောင်းတဲ့ မအိမ်သစ် ဆိုတဲ့ ကြက်သည်ကောင်မလေး တစ်ယောက် ရှိတယ်။ 

တစ်ရက်... ကြက် လည်ရောင်းနေတုန်း အိမ် တစ်အိမ်က လူ တစ်ယောက်ထွက်လာပြီး ခေါ်ဝယ်တယ်။ သူ့ကြက်သား ဗန်းလေး ချခါ ရှိသေး အဲဒီ လူက မေးတယ်... ... " ညည်း ဒီကြက်တွေ ဘယ် က ဝယ်တုန်း" "ဒီလိုပဲ ရွာပေါင်းစုံက ဝယ်တာပါ" 

အဲဒီ လူက ကြက်တစ်ကောင် ကို ကိုင်ကြည့်ပြီး... ... "ဒါ ဘယ်ရွာက ကြက်လဲ" "မမှတ်မိ ဘူးရှင့်" "ဒါဆို ငါပြောပြမယ်..." ... ဆိုပြီး ကြက်ဖင် ထဲ လက်ညိုး နဲ့ ထိုးကြည့် သတဲ့။ ပြီးတော့ ပြောတယ်.... ... "ဒါ ညောင်ပင်သာ ရွာက" 

Saturday, October 26, 2013

တညင်းသီး (မွန်ပုံပြင်)

Photo: တညင်းသီး (မွန်ပုံပြင်)  ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီးတော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။  ပြည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့  သဝဏ်လွှာပါးပြီး လှထိန်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။  ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်းကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။  ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီမင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ်ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။  ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြတာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင်နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော်လှထိပ်ခေါင်ကို (၃) ရပ်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။  ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင်ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင်နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြသာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။ ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီရောက်သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ်တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီးကလေးရဲ့ အလှအကြောင်း ကျော်ကြားသွားတာဖြစ်တယ်။  သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်ကဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေးကို ပွေ့ချီ၊ နတ်ပြည်ဆောင်ကြဉ်းသွားတယ်။  ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသားတွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေးကုန်ကြတယ်။ တစ်ခါတည်း အချစ်နာကြပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေသိတော့ အဲဒီမင်းသားတွေကို ချော့မော့ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တမှိုင်မှိုင်တတွေတွေဖြစ်ပြီး အချစ်နာကျတာကို ခံနေကြရတယ်။  မင်းသမီးကလေး တုသိတာနတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။  ဒီလို လူပြည့်က လူမက နတ်မ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ မင်းသမီးကလေးရဲ့ ဝတ်စားဆင်ယင်ပုံကိုလည်း အင်မတန် နှစ်ခြိုက် သဘောကျကြတယ်။ မင်းသမီးကလေးကတော့ သူ့ကို နတ်သမီးတွေလာလာပြီး ကြည့်ကြတာကိုပဲ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။  နတ်သားကလည်း သူ့ကြင်ယာလောင်း လူမင်းသမီးကလေးကို အင်မတန် မြတ်နိုးတယ်။ နတ်ပြည်မှာ အကောင်းဆုံးဖြစ်တဲ့ သူ့ဥယျာဉ် ခြံထွက်အသီးတွေကို ခူးကျွေးတယ်။ ဒီအသီးတွေထဲမှာ တညင်းသီးလည်းပါလို့  မင်းသမီးကလေးဟာ မပြောတတ်တဲ့ ပြောလို့မတတ်တဲ့ အရသာမျိုးရှိတဲ့ တညင်းသီးကို အင်မတန်နှစ်သက်တယ်။ ဒါကြောင့်ပဲ တခြားအသီးတွေကို တို့ကာဆိတ်ကာသာစားပြီး တညင်းသီးကိုပဲ မက်မက်မောမော စားနေမိတယ်။  လူမင်းသမီးကလေး နတ်ပြည်ရောက်နေပြီ ဆိုတဲ့သတင်းဟာ နတ်သမီးတွေကတစ်ဆင့် နောက်ဆုံး သိကြားမင်းဆီ ရောက်သွားတယ်။ ဒီတင် သိကြားမင်းက တုသိတာနတ်သားကို ခေါ်ပြီး လူနဲ့ နတ်စာ ဒီပုံဒီနည်း ဆက်ဆံလို့ မဖြစ်ဘူး။ ဒါကြောင့် လူ့ပြည်ကို ချက်ချင်းပြန်ပို့ရမယ်လို့ အမိန့်ချလိုက်တယ်။  နတ်သားဟာ စိတ်ပျက်လက်ပျက်နဲ့ သိကြားမင်းဆီက ပြန်လာပြီး မင်းသမီးကလေးကို "လှထိပ်ခေါင်တင် လူသားမင်းသမီး၊ သင့်ကို လူ့ပြည်ပြန်ပို့ရမယ်လို့ သိကြားမင်းဆီက အမိန့်ပါလာတယ်။ ဒါကြောင့်  ကျွန်ုပ်ဘယ်လောက်ချစ်ပေမယ့် အမိန့်ကို မလွန်ဆန်ဝံ့လို့ လူ့ပြည်ကို ပြန်ပို့ရတော့မယ်။ အသင့်သာ ပြင်ထားပါတော့" စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။  နတ်သားရဲ့စကားကို ကြားတော့ မင်းသမီးကလေးက သူလူ့ပြည်ကို ပြန်ရပြီး မိဘနှစ်ပါးနဲ့ တွေ့ရတော့မှာဖြစ်လို့ အင်မတန်ဝမ်းသာသွားတယ်။ ပြီးတော့ လူပြည်ကို ပြန်ရောက်ရင် နတ်ပြည်မှာ အင်မတန်ကြိုက်တဲ့ အသီးဖြစ်တဲ့ တညင်းသီးကို စားရတော့မှာ မဟုတ်တော့ဘူး။ လူ့ပြည်မှာ တညင်းသီးစားရအောင် မျိုးရဖို့ တညင်းသီးတစ်လုံးကို ယူသွားမှဖြစ်မယ်။ ဒါပေမယ့် ဒီလိုယူသွားတာကို နတ်သားကသိရင် ကန့်ကွက်မှာ အမှန်ပဲ။ ဒီတော့ နတ်သားမသိအောင် ဝှက်သွားမှတော်မယ်လို့ ကြံပြီး တညင်းသီးတစ်လုံးကို လူ့ပြည်ယူသွားဖို့ သူ့မမြင်ကွယ်ရာမှာ ထည့်ပြီး ဝှက်ထားလိုက်တယ်။  နတ်သားကလည်း သိကြားမင်းရဲ့အမိန့်အတိုင်း မင်းသမီးကလေးကို အသာပွေ့ပြီး လူ့ပြည်ကို ဆင်းခဲ့တယ်။ ပြီးတော့ ရမ္မာပူရ ပြည့်ရှင်ဘုရင်ကြီးရဲ့ နတ်ဆောင်က သမီးတော်ဆောင်မှာ မင်းသမီးကလေးကိုထားပြီး နတ်ပြည်ကိုပြန်သွားတယ်။  မင်းသမီးကလေး နတ်ပြည်က ပြန်ရောက်လာတဲ့အကြောင်းဟာ မကြာခင်ပဲ နန်းတော်ထဲမှာ ပြန့်နှံ့သွားတယ်။ ဘုရင်ကြီးနဲ့တကွ တစ်နန်းတော်လုံး ဝမ်းသာအားရဖြစ်ပြီး ဒီသတင်းဟာ နေ့မကူးခင် တစ်မြို့လုံး လွှမ်းခြုံသွားတယ်။  ဒီအချိန်မှာ မင်းသမီးကလေးဟာ နူးညံ့သူဖြစ်တဲ့အတိုင်း လူ့ပြည်က နတ်ပြည်၊ နတ်ပြည်ကလူ့ပြည် စုန်ကာဆန်ကာ သွားလာခဲ့ရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။။ ဒီလို မင်းသမီးကလေး နေမကောင်းဖြစ်တာကို နန်းတော်က ဘုရင့်သမားတော်ကြီးတွေနဲ့ကုကြတယ်။ ဒါပေမယ့် မကြာခင်ပဲ မင်းသမီးကလေး နတ်ရွာစံသွားတယ်။  မင်းသမီးကလေး နတ်ရွာစံသွားတော့ တစ်နန်းတော်လုံး တစ်မြို့လုံး ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သမီးတော်ရဲ့ အလောင်းကို ကြာကြာမကြည့်ရက်တာကြောင့် ချက်ချင်းပဲ မြေမြှုပ်သင်္ဂြုဟ်လိုက်တဲ့အခါမှာ နတ်ပြည်က ဝှက်ယူလာတဲ့ တညင်းသီးပါ တစ်ပါတည်း မြှုပ်မိတာကြောင့် မကြာခင်ပဲ မင်းသမီးရဲ့ သင်္ချိုင်းက တညင်းပင်တစ်ပင်ပေါက်လာတယ်။  ဒီပေါက်လာတဲ့ တညင်းပင်ရဲ့ အသီးဟာ နတ်ပြည်မှာတုန်းက မွှေးတဲ့ အသီးဖြစ်ပေမယ့် အခုတော့ ဝှက်ယူလာရတဲ့ မင်းသမီးရဲ့ မကောင်းမှုနဲ့ ပေါက်လာရတာဖြစ်လို့ အနံ့က ခပ်ဆိုးဆိုးဖြစ်သွားပါတယ်။ ဒါပေမယ့် စားလို့တော့ အရသာကို မဖော်ပြနိုင်အောင် အင်မတန်မှကောင်းတဲ့ အသီးဖြစ်တယ်။  ဒီလို မင်းသမီးကလေး လူ့ပြည်ပြန်ရောက်ပြီး သေဆုံးသွားတဲ့ အကြောင်း၊ မင်းသမီးအလောင်းကို မြှုပ်ရာ သင်္ချိုင်းပေါ် တညင်းပင်ဆိုတဲ့ အပင်တစ်ပင်ပေါက်နေကြောင်းကို အပြည်ပြည်ထောင်က အမင်းမင်းတွေ ကြားကြပြန်တယ်။ ဒီတင် မင်းသမီးကလေးကို တမ်းတမ်းစွဲဖြစ်နေတဲ့  မင်းသားများ ဖြစ်ကြတဲ့အတိုင်း မင်းသမီးရဲ့ သင်္ချိုင်းကို အခြွေအရံတွေနဲ့ လာကြတယ်။ ပြီးတော့ မင်းသမီးမြှုပ်ရာ သင်္ချိုင်းပေါ်မှာပေါက်တဲ့ တညင်းပင်က အသီးကိုလည်း မင်းသမီးရဲ့ ချစ်လက်ဆောင်လို့ သဘောထားပြီး စားကြတယ်။ ဒီလို စားလိုက်တော့ တညင်းသီးရဲ့အရသာက အင်မတန်ကောင်းလွန်းလို့ သူတို့ခံစားနေရတဲ့ အချစ်ဝေဒနာဟာ သက်သာပျောက်ကင်သွားတယ်လို့တောင် ထင်မှတ်ကြတယ်။  မင်းသားတွေဟာ ဒီလိုမင်းသမီးကလေးရဲ့ သင်္ချိုင်းမှာ လာရောက် အလွမ်းဖြေကြပြီးနောက် တညင်းပင်က တညင်းသီးတွေကို ခူးကာ သူတို့တိုင်းပြည်ကို ပြန်ကြတယ်။ တိုင်းပြည်ရောက်တော့ တစ်ပြည်လုံး တောလက်ကျေးရွာမကျန် မင်းသမီးကလေးရဲ့ ချစ်လက်ဆောင် အသီးဆိုပြီး တောင်သူများကို စိုက်ပျိုးစေတယ်။ ကာလကြာတော့ ဒီအသီးမျိုျးွှေစာ ပြန့်ပွားပြီး ရာမညတိုင်းပြည်ကြီး တစ်ပြည်လုံး တညင်းသီးလှိုင်လှိုင်ပေါတဲ့ အထိ များပြားလာတယ်။  တညင်းသီးစာ ဒီကနေ့အထိ မခေါ်တတ် မပြောတတ်တဲ့ နတ်သုဒ္ဓါအဝင်အပါ အရသာတစ်မျိုးရှိနေသေးပြီး အနံကတော့ လူ့ပြည်ရောက်မှ ဖြစ်တဲ့ အနံ့ခပ်ဆိုးဆိုးပဲ ရှိနေသေးတယ်။ ဒါပေမယ့် လူတိုင်းကြိုက်တဲ့အသီးဖြစ်လို့ စာသူတွေသာ ပိုလို့သာများများလာတယ်။ ဒီအသီဟာ မူလက နတ်ပြည်ကနေ မင်းသမီးကလေးက မမြင်ကွယ်ရာမှာ ဝှက်ပြီး ယူလာရတဲ့အသီး ဖြစ်ကြောင်းလည်း မမေ့သင့်ဘူးလို့ မွန်ပုံပြင်ဆရာများက တညင်းသီးပုံပြင်ကို ပြောလေ့ရှိကြတယ်။  လူထုဦးလှ
ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့် သမီးတော် အရွယ်ရောက်တဲ့ အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်း မရအောင် လှတယ်။ ဒီအလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။

ပြည်ထောင် ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင် မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိတ်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။

ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင် အချင်းချင်း မင်းတွေ စစ်ခင်းကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီ ဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့ တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။