Tuesday, October 21, 2014

ပင်လယ်ပြင် တွင် မျောပါ လာသည့် ရေခဲတောင်ပေါ် ၌ ဖျော်ဖြေ မှု ပြုလုပ် ခဲ့သော ဂီတ အဖွဲ့





ဗြိတိန် မက်တဲလ် တေးဂီတ အဖွဲ့ တစ်ဖွဲ့ ဟာ သမိုင်းတွင် စေမယ့် အရာ တစ်ခု ကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒါ ကတော့ ပင်လယ်ပြင် မှာ မျောနေ တဲ့ ရေခဲတောင် ပေါ် မှာ ဖျော်ဖြေမှု ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒီလိုမျိုး အရင် က ဘယ်သူ မှ ပြုလုပ်ခဲ့ ဖူးခြင်း မရှိပါဘူး။The Defiled ဂီတ အဖွဲ့ဟာ ပင်လယ်ပြင် မှာ မျောပါ လာတဲ့ ကြီးမားတဲ့ ရေခဲတောင်ပေါ်မှာ ပထမဆုံး ဖျော်ဖြေခြင်း အဖြစ် မှတ်တမ်းဝင် သွားခဲ့ ပါတယ်။

 ဒီလို ဖျော်ဖြေနိုင် ဖို့ ခက်ခဲစွာ ကြိုးစားခဲ့ရပါ တယ်။ အလွန်အေးတဲ့ ရာသီဥတု အခြေအနေ မှာ ဖျော်ဖြေနိုင် ဖို့ ဆိုတာ မလွယ်ကူ ပါဘူး။ ဒီ ဖျော်ဖြေပွဲ ကို အနီး ပတ်ဝန်းကျင် မှာ ရှိတဲ့ လူတွေ က ငါးဖမ်း လှေတွေ နဲ့ လာရောက် ကြည့်ရှုပေမယ့် အရေ အတွက် ကတော့ အလွန် နည်းပါး ခဲ့ ပါတယ်။



ရေခဲတောင် တွေ ရှိတဲ့ အိုင်စလန် နိုင်ငံ ကို သွားရောက် ရ ပါတယ်။ ဂရင်းလန်း ဒေသ မှာ ရှိတဲ့ ကျွန်းစုတွေ ကို သွားရောက်ပြီး ခက်ခဲ စွာ စီစဉ် ခဲ့ရ ပါတယ်။ အဲဒီ နေရာ မှာ လူဦးရေ သန်း (၂၀၀၀) ၀န်းကျင် သာ ရှိပါတယ်။

 ဖျော်ဖြေပွဲ ပြုလုပ်နေ တဲ့ မျောလာ တဲ့ ရေခဲတောင် တွေ ထဲက အသင့်တော် ဆုံး ဖြစ်မယ့် ဟာကို ရက်ပေါင်း အတော်ကြာ ရှာဖွေခဲ့ ရပါတယ်။ ဒီနောက် တူရိယာ ပစ္စည်းတွေ ကို ခက်ခဲ စွာ သယ်ဆောင်ခဲ့ပါတယ်။

 ဒေသခံ တွေဟာ ရေခဲတောင် ပေါ် မှာ  အလုပ်လုပ်ခဲ့ ဖူးတာမို့ ဂီတ အဖွဲ့ ရဲ့ ဖျော်ဖြေမှုကို ကူညီပေးခဲ့ကြ ပါတယ်။ ဂီတ အဖွဲ့ ကလည်း ဖျော်ဖြေပွဲ အပြီး မှာ ဒေသခံတွေကို ပြန်လည် ကူညီတဲ့ အနေ နဲ့ တူရိယာ ပစ္စည်းတွေ အားလုံး လှူဒါန်းခဲ့ပါတယ်။ 

ဒီဖျော်ဖြေပွဲ ကို ရုပ်သံ မှတ်တမ်းပြန် ရိုက်ခဲ့ပြီး မောင်းသူ မဲ့ လေယာဉ်နဲ့ ပါ ရိုက်ကူးခဲ့ ကာ ပြန် လည် ပြသပေး သွားမှာ ဖြစ်ပါတယ်။ 

ဂီတ အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ စတစ်ရှ်က အလွန် ချမ်းအေးပေ မယ့် ဂီတဖျော်ဖြေ ပွဲ ပြုလုပ်ချိန်က စပြီး ဘာ အရာမှ စိတ်ထဲ မရှိတော့ကြောင်း ပြောကြား သွားခဲ့ပါတယ်။

အေသင်အောင်
Messenger
From...Latest Myanmar News

No comments:

Post a Comment