Sunday, October 5, 2014

အောက်တိုဘာ လ အတွက် (၇)ရက် သားသမီး ဟောစာတမ်း

astro 







တနင်္ဂနွေသားသမီး ။ ။ 
ယခုလအတွင်း ထင်ပေါ်ကျော်ကြားခြင်း အကြီးအကဲ အဖြစ်မြှောက်စားခံ ရခြင်း ။ အလုပ် ရာထူး တက်ခြင်း လုပ်ငန်းများလည်း အောင်မြင်မှုရရှိ ခြင်းများ ကြုံတွေ့ ရပါမည် ။ မမျှော်လင့်ပဲ အလုပ်နှင့် ပတ်သက်ပြီး ငွေကြေးများ လည်းဝင်လာနိုင်ပါသည် ။ 

ခရီးသွား လုပ်ငန်း ဟိုတယ်လုပ်ငန်း အုပ်ချုပ်ရေး အဆောက်အဦ လုပ်ငန်း ငွေကြေး ငွေချေး လုပ်ငန်း ကျောက် ကား ရောင်း ၀ယ်ရေးလုပ်ငန်းများ အဆင်ပြေပါမည် ။ ငယ်ရွယ်သူများ အနေနီးစပ်မှု ကြောင့် ချစ်သူရလာနိုင်ပါသည် ။ စိတ်ဓါတ် ခိုင်မာပြတ်သားသော ချစ်သူမျိုးနှင့် ဖူးစာဆုံလိမ့်မည် ။ မမျှော်လင့်ပဲ ထီး နာရီ ထီလက်မှတ် ပျောက်တတ် ပါသည် ။ ကျမ္မာရေးနှင့် ပတ်သပ်၍ ဒူးနာရောဂါခံစား ရနိုင်ပါသည်။။။

ယတြာ ။ ။ မွေးနေ့ တွင် အာလူးကြော်ဖြင့် အိမ်မှ ဘုရား ကို ဆွမ်းကပ်လှုပြီး လိုရာ ဆုတောင်းပါ ။။




တနင်္လာသားသမီး ။ ။ 
ယခုလ အတွင်း အလုပ်အဆင်ပြေသော် လည်း ထင်သလောက် အကျိုးအ မြတ် ခံစားခွင့် မရနိုင်ပါ ။ အလုပ်ထဲတွင် ငွေကြွေးကျခြင်း ငွေအ၀င် အထွက် မမျှခြင်းများကြုံတွေ့ ရနိုင်သည် ။ ငွေကုန်ကျမှု များသော ခရီးမျိုးသွားရ တတ်သည် ။ ညီအကို ညီအစ်မ များကြောင့် စိတ်သော က ရောက်ရလိမ့်မည်။

 ငွေကြေးပြဿ      နာများလည်း ဖြေရှင်း ပေရလိမ့်မည် ။ မည်သည့် လုပ်ငန်းမဆို စပ်တူ လုပ်ခြင်း က ပိုမိုအောင်မြင်မှု ရနိုင်ပါသည် ။ ငယ်ရွယ်သူများ ယခုလအတွင်း ချစ်သူ၏ အထူးဂရုစိုက်ခြင်း ခံရပါမည် ။ ယခုလအတွင်း သင့်မွေးနေ့ နှင့်တိုက်ဆိုင်ပါက ထူးခြားသော လက်ဆောင် တစ်ခု ရရှိနိုင်ပါသည်။

ယတြာ ။ ။ မိမိ အိမ်ရှိ ဘုရားတွင် ကြာပန်း နှစ်ပွင့် လှုပြီး လိုရာဆုတောင်းပါ ။။

အင်္ဂါသားသမီးများ ။ ။ 
လုပ်မြဲ အလုပ်သာ လုပ်နေရမည့် လဖြစ်ပါသည်။ ဆုံးဖြတ်ရ ခက်ခဲခြင်း စိတ် နှစ်ခွနှင့်ဝေခွဲ မရသော ကိစ္စများ ပေါ်ပေါက်လာနိုင်ပါသည် ။စပ်တူ လုပ်လျှင် လုပ်ငန်းအောင်မြင်နိုင်သော် လည်း လူယုံ သတ်သဖြင့် စိတ်သောကရောက် ရတတ်ပါသည် ။ ဆွေမျိုး(သို့ ) ညီအကိုမောင် နှမ များနှင့် စကားများ ရလိမ့်မည်။ 

ယခုလအတွင်း မည်သည့်ခရီးမှမသွားသင့်ပါ ။ ငွေကုန်ပြီး စိတ်ညစ်မှုသာ ကြုံတွေ့ ရလိမ့်မည် ။ ငယ်ရွယ်သူများ မျက်နှာများသော အိမ်မကပ်သော ချစ်သူမျိုးနှင့် ဖူးစာဆုံတတ်ပါသည် ။ ချစ်သူအတွက်ငွေကုန်ကျမှု များလိမ့်မည် ။ သွေး ။ သွား နှင့်ပတ်သက်သော ရောဂါဝေဒနာများ ခံစားရနိုင်ပါသည် ။။။

ယတြာ ။ ။ မိမိမွေးနေ့  မွေးနံဘုရား၊ထောင့်တွင် စပယ်ပန်း (၈) ကုံးလှုပြီးလိုရာဆုတောင်းပါ ။။
ဗုဒ္မဟူးသားသမီးများ ။။ ။။
 မြေကိစ္စ အမွေ ကိစ္စများ ပြဿ      နာကြုံတွေ့ ရမည့်လဖြစ်ပါသည်။ ရွှေလုပ် ငန်းလုပ်သူများ အရောင်းအ၀ယ်မှားခြင်း ။ ရွှေအလိမ်ခံရခြင်း ရွှေအခိုးခံရခြင်း ။ ရွှေကျပျောက်ခြင်း များ ဖြစ် တတ်ပါသည် ။ ပညာရေးနှင့်ပတ်သက်၍ စိတ်ညစ်စရာ သတင်းမျိုးကြားရတတ်သည် ။ 

စက်ပစ္စည်း အ၀ယ်မှားခြင်း မိမိအိမ်ရှိ စက်ပစ္စည်းများ ခဏခဏ ပျက်ခြင်း ဖြစ်လိမ့်မည်။ စကားပြောမှား ခြင်းကြောင့် မိတ်ဆွေရင်းနှင့် စိတ်ဝမ်းကွဲရတတ်သည် ။ယခုလ အတွင်း အင်္ဂါ ကြာသပတေးသားသမီး များကြောင့် စိတ်အနှေှာက် အယှက်ဖြစ်လိမ့် မည် ။ သတိထားပေါင်း သင်းရန် လိုပါသည် ။ငယ်ရွယ်သူများ အချစ်ရေးကံ မကောင်းပါ ။ သူငယ်ချင်း မိတ်ဆွေနှင့် ပတ်သက်ပြီး မိမိချစ်သူ၏ အထင်လွဲ ခြင်းခံရမည် ။။။

ယတြာ ။။ ။။ ပြောင်းဖူး ပေါက်ပေါက်ကို လက်(၅) ဆုပ်ဆုပ်ပြီး ရေစီးသောချောင်း အတွင်း မျှောပေး ပါ ။။

ကြာသပတေးသားသမီး။။ ။။ 
မိတ်ဆွေ ၏ ကူညီမှုကြောင့် လုပ်ငန်းများ အဆင်ပြေအောင်မြင် ပါမည် မိမိတစ်ဦးတည်း လုပ်ခြင်း ထက် စပ်တူလုပ်ခြင်းက ယခုလ အတွင်း ပိုမို အောင်မြင်မှုရနိုင်ပါသည် ။ ၀င်ငွေများ သလောက်ထွက်ငွေကလည်းများနေ ပါမည်။ 

ကား ကျောက် စက်ပစ္စည်းလုပ်ငန်း လုပ်သူများ အဆင်မပြေပါ ။ငွေကြေးနှင့်ပတ်သက်ပြီး အထင်အမြင် လွဲမှား၍ စကားများရကိန်း ရှိသည်။ ငယ်ရွယ်သူများ စိတ်ကြီးသော ဒေါ သကြီးသော ချစ်သူကြောင့် အချစ်ဇာတ် လမ်း တစ်ခန်းရပ်သွားလိမ့်မည် ။ ဦးခေါင်းနှင့် ပတ်သက်သောရောဂါ (သို့ ) ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရ တတ်ပါသည် ။။

ယတြာ ။။ ။။ မိမိ၏ဆရာသမားတစ်ဦးအား လ္ကက်အစုံတစ်ထုပ်ဝယ်၍လှု လိုက်ပါ ။။

သောကြာသားသမီး။။ ။။
 ငွေကြေးပြဿ       နာ အကြီး အကျယ်ကြုံတွေ့ နိုင်ပါသည်။ မီးစတစ်ဖက် ရေမှုတ် တစ်ဖက် မိတ်ဆွေမျိုးနှင့် ဆုံတွေ့ နေရလိမ့်မည် ။ ၀န်ထမ်းဖြစ်ပါက အထက်လူကြီးနှင့် ပြဿ   နာတက်ကိန်း ရှိပါသည်။ အပြောအဆိုဆင်ခြင်ပါ။ ခရီးသွားရင်း ကျ မ္မာရေးချို့ ယွင်းတတ်ပါသည် ။ 

ညီအကို။ ညီအစ်မ အချင်းချင်း စကားများရလိမ့်မည် ။ အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်၏ အထင် အမြင်မှားပြီး စွပ်စွဲခံရတတ်သည် ။ သေသေခြာခြာ မဖြေရှုင်းလျှင် အိမ်ထောင်ရေး ပျက်ပြားနိုင်ပါသည် ။ ၀င်ငွေနည်းပြီး ထွက်ငွေများနေသည့်လ ဖြစ်ပါသည် ။မမျှော် 
လင့်သောပြဿ    နာကြောင့် ငွေကြွေးတင်နေလိမ့်မည်။ ငယ်ရွယ်သူများ အချစ်ရေး ကံမကောင်းပါ ။ ချစ်သူမရနိုင်သေးပါ ။

ယတြာ ။။ ။။ မွေးနေ့ တွင် လမ်းတွင် အလှုခံနေသောသီလရှင် တစ်ပါးအား သပြေ တစ်စည်းနှင့် ငွေ တတ်နိုင်သလောက် လှုလိုက်ပါ ။။

စနေသားသမီး ။။ ။။
 လုပ်ငန်းနှင့် ပတ်သက်၍ စိတ် အနှောက်အယှက်ကြုံနိုင်သော်လည်း မိမိစိတ် တိုင်းကျ အလုပ် များလုပ်ခွင့်ရလိမ့်မည် ။ အထက်လူကြီး၏ ချီးမြှင့်မြှောက် စားခံရတတ်သည် ။ မမျှော်လင့် ပဲငွေဝင် လာပါက ၃ ၁ ၆ ၂ ဂဏန်းများ နှင့်ထီကံစမ်းပါ ။ ခရီးမသွားသင့်သောလဖြစ်ပါသည် ။ 

ဝင်ငွေထွက်ငွေ ပုံမှန်အတိုင်း ရှိနေပါမည် ။ ဝေးကွာနေသော မိတ်ဆွေဟောင်း များနှင့် ပြန် လည် ဆုံတွေ့ ရမည် ။ လုပ်ငန်းသစ်တွင် မမျှော်လင့်ပဲကူညီမည့်သူပေါ် လာလိမ့်မည် ။ အခွင့်အရေးကို မိမိရရကျိုးစားအသုံးချခြင်းဖြင့် အောင်မြင်မှု ရရှိမည် ။ ငယ်ရွယ်သူများ မာနကြီးသော အထက်စီးမှ စကားပြောတတ်သော ချစ်သူမျိုးနှင့် ဖူးစာဆုံလိမ့်မည် ။သို့ သော်စိတ်ချမ်းသာပါမည် ။။

ယတြာ ။။ ။။ မွေးနံဘုရား မွေးနံထောင့်တွင် ထီးအနီတစ်လက်ကို အမြင့်တွင်တင်လှုပြီး လိုရာဆုတောင်းပါ ။။


ဆရာမောင်မောင် (ဆန်းသုတေသီ)

မှတ်ချက် ။။ ။။ ရိုးရာလေး မန်ဘာများ အရေးပေါ်ကိစ္စများ အတွက် ၀၉၃၁၂၇၁၈၇၁ သို့  ဆက်သွယ်မေးမြန်း နိုင်ပါသည် ။ အခမဲ့ရိုးရာလေးမှ ဖြေကြားပေးပါမည်။

From...ရိုးရာလေး

No comments:

Post a Comment