Tuesday, October 21, 2014

ရုပ်ရှင် နဲ့ ဂီတ ကိုမျှအောင် လုပ်သွားမယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

 

ပထမဆုံး အကြိမ် ပြုလုပ် ခဲ့သည့် မိုးရာသီ ဂီတဆု ပေးပွဲ တွင် ပရိသတ် အချစ်ဆုံး ဆု I Love Artist (Male) ကို ရရှိ ခဲ့သည့် သရုပ်ဆောင်၊ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် သည် လျှောက်လှမ်း ရဦးမည့် အနုပညာ လမ်းကြောင်း တွင် သရုပ်ဆောင် အလုပ်နှင့် တေးသီချင်း သီဆိုမှု များကို မျှတအောင် လုပ်သွားတော့မည် ဟု ဆိုသည်။

‘‘ဂီတ နဲ့ ပတ်သက် လို့ လက်ရှိ မှာတော့ ဒိတ်ဒိတ်ကြဲ MTV အရင် ထွက်မှာဖြစ်ပြီးတော့ ၂၀၁၅ ထဲ မှာတော့ အယ်လ်ဘမ် အသစ် ထွက်နိုင်အောင် စီစဉ်သွား မှာပါ။ နောက်ပိုင်း မှာလည်း သရုပ်ဆောင် နဲ့ ဂီတ ကို မျှအောင် လုပ်သွားမှာပါ’’ဟု စိုင်းစိုင်းခမ်းလှိုင် ကပြောသည်။



ဇာတ်ကား ရိုက်ကူးမှု အနေ ဖြင့် ဒါရိုက်တာနေပိုင် ရိုက်ကူး သည့် ‘ဗွေ’ ဇာတ်ကား ထဲတွင် ခပ်မိုက်မိုက် လူငယ် တစ်ယောက် ပုံစံ ရိုက်ကူးနေသည် ဟု ၎င်းက ပြောသည်။ သရုပ်ဆောင်၊   အဆိုတော် စိုင်းစိုင်းခမ်းလှိုင် က ဗဟုသုတ ပိုင်း၊ အနုပညာပိုင်းနှင့် ပတ်သက် ၍ ၀ါရင့် အနုပညာရှင် များ သာမက လက်ရှိ မျိုးဆက်သစ် လူငယ် အနုပညာရှင် များ၏ ပရိသတ် တစ်ယောက်ဖြစ်ကြောင်း၊

 လေ့လာစရာများ ရှိလျှင် မည်သူ့ ထံတွင် မဆို လေ့လာ မည်ဖြစ်ကြောင်း လည်း ပြောကြား ခဲ့သည်။ မိုးရာသီ   ဂီတဆုပေးပွဲ ကို အောက်တိုဘာ ၁၈ ရက် ည က Myanmar Event Park တွင် ပြု လုပ် ခဲ့သည်။

From...7 Daynews 
 

No comments:

Post a Comment