Thursday, January 29, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၃)







ဒီနေ့ အပိုင်း မှာဖော်ပြ မဲ့ အေ
ကြာင်းရာတွေ က ခေါင်းစဉ် နဲ့ မဆိုင် ဘူး လို့ ပြော လို့ ရသလို ဆိုင်တယ် လို့ လဲပြောလို့ ရပါတယ်။ ကံတရား အမျိုးမျိုး ကိုဖော်ပြ ခဲ့ပြီးဖြစ် သည်။ ထို ကံတရား တို့၏ အကြောင်း အရာ အကျိုးပေး ပုံ တို့ကို သိရှိ မှ ကံကို ပိုမို သဘောပေါက် ၍ ပြဿ          နာ၁၄  ချက် ကို ပိုမို နား လည်နိုင် မှာ ဖြစ် ပါသည်။

ဇနက ကံ
=====
ဇနက ကံ ဆိုသည် မှာ ပဋိသန္ဓေ အကျိုး ကို တိုက်ရိုက်ဖြစ်စေတတ် သော ကံဖြစ်ပါသည်။ အကုသိုလ် ကံနှင့် ကုသိုလ် ကံ ဟူ၍ နှစ်မျိုးခွဲနိုင်သည်။

ဝိဇ္ဇာ တဏှာ ဥပဒါန် တို့ရဲ့အားပေးထောက်ပံ့ မှု အကူအညီ ကိုရနေ တဲ့ အကုသိုလ် ဇနက ကံ တွေ သည် သမ္ပတ္တိ စက် ၄ ပါး ရဲ့အေ ထာက် အပံ့  ကောင်း ကို  ရရှိနိုင် ခဲ့ မည် ဆိုလျှင် အကျိုးကို တိုက်ရိုက်ဖြစ်ပေါ် စေသော သဘော ရှိပါသည်။

 


သမ္ပတ္တိ ၄ မျိုး
=======

ကာလ သမ္ပတ္တိ= သူတော်ကောင်း မင်းကောင်း တို့ပေါ်ထွန်းရာ  အချိန်ကောင်းနှင့် ကြုံခြင်း

ဂတိ သမ္ပတ္တိ= လူ ပြည့် နတ်ပြည် တည်း ဟူသော ဂတိနှင့် ပြည့်စုံခြင်း

ပယောဂ သမ္ပတ္တိ= သီလ သမာဓိ ပညာ တို့ကို စွမ်းစွမ်း တမံ ကျင့်ခြင်း ၊လုံလ ပယောဂ နှင့် ပြည့်စုံခြင်း

ဥပဓိ သမ္ပတ္တိ= ခြေလက် စသည်တို့ မ ချို့တဲ့ခြင်း ရုပ်ရည် ဥပတိ ရုပ်နှင့်ပြည်စုံခြင်း

မင်းကောင်းမ င်းမြတ် အုပ်ချုပ်သော အခါနှင့် တိုက်ဆိုင် ချိန် မှ သာ မိမိ တစ် ချိန် က

ပြုလုပ် ခဲ့သော ကောင်းကျိုး ကံ က အကျိုးပေးမည်ဖြစ်ပါသည်။ 


ဥပမာ....  အားဖြင့်

ဘုရား လက်ထက်တော် အခါက သူဌေး များ ကဲ့ သို့ ကံများ အကျိုးပေးနိုင်ပါ သည်။ ယခုခေတ်တွင် ထို ကံမျိုး အကျိုးပေး ပါက မိမိကောင်းကောင်းနေရ မည် မဟုတ်ပါ။ အချိန်တိုင်း ဘယ်ချိန် ဘယ်သူလာ သိမ်း မလဲဟု အမြဲတမ်း ပူပန်နေရ မည်ဖြစ်ပါသည်။

ထို မင်းကောင်း မင်းမြတ် တို့ လူပြည့် ၌ ပေါ်ထွန်းသော အခါ မိမိ လူ့ပြည် ၌ ရှိမှသာ တို ကံများ အကျိုးပေးနိုင် ပါမည်။ မိမိ အပါယ်လေးဘုံရောက်နေသော အခါ ထို ကံ တို့၏ အကျိုး ကို မရနိုင်ပါ။

တဖန် အချို့ ကံ တို့သည် မိမိ လုံလ ပယောဂ မပါဘဲ အကျိုး မပေးနိုင်ပါ။ မိမိ ကြိုးစား မှသာ ရပါမည်။ မိမိကောင်းမှု ကုသိုလ် အမြဲတမ်းပြုလုပ်နေသော အခါ တွင် ပို၍ အကျိုး ပိုမို ရရှိနိုင် မည်ဖြစ် သည်။

 ကောင်းရောင်းကောင်းဝယ် ကို သာ ရည်ညွှန်း ပါသည်။

အချို့သော ကံ များသည် ရုပ်ရည်နှင့်ပြည်စုံ မှ သာ အကျိုးပေးနိုင်သည်။ 


ဥပမာ......

ဘုရင့် မိဘုရား ဖြစ်ခြင်း သူဋ္ဌေး ကတော်ဖြစ်ခြင်း ၊ ခြေလက် အင်္ဂါနှင့် ပြည်စုံ မှသာ ဘုရင်ဖြစ်နိုင်ခြင်း စသည် တို့ ဖြစ်ပါသည်။

ထို စက်လေးပါး ရဲ့အကူ အညီ ကို ရရှိနေ တဲ့ အတိတ် က ပြုစု ပျိုးထောင် ထားတဲ့ ရင့် ကျက် လာသော ကုသိုလ်ကံ များ သ ည် လူ့ဘုံ နတ်ဘုံ တို့ ၌ ကောင်းမွန်သော ပဋိသန္ဓေ အကျိုး ပဝတ္တိ အကျိုး တို့ကို ဖြစ်ပေါ်စေကြ ပါသည်။

သို့သော် အဝိဇ္ဇာ တဏှာ ဥပါဒါန် တို့ ၏ အားပေးထောက်ပံမှု ကို ရရှိ တဲ့ ရင့်ကျက်နေကြသော အကုသိုလ် ကံ တို့သည် ပျက်စီးခြင်း ဝိပတ္တိ စက် (၄)ပါး ၏ အကူအညီ ကို ရရှိ ပါက မကောင်းသော ပဋိသန္ဓေ အကျိုး ပဝတ္တိ အကျိုးတို့ကို ဖြစ်ပေါ်စေတတ် ပါသည်။

မင်းဆိုး မင်းညစ် အုပ်ချုပ်သော ကာလ တွင် ဒုစရိုက်ပြုလုပ် ၍ ချမ်းသာ နေခြင်း သည် မိမိ မကောင်းမှုကို ပိုမိုပြုလုပ်ရန် တွန်းအားပေးနေ သကဲ့သို့ အကျိုးပေး နေပြန်ပါသည်။ ထို အခြင်းအရာ များသည် မိမိကို အပါယ်လေးဘုံ သို့မြန်မြန် ရောက်အောင် တွန်းပို့နေ သကဲ့သို့ ဖြစ်နေ ပါသည်။

မိမိ ရုပ်ရည် ကြမ်းတမ်းမှု သည် လည်း ဒုစရိုက် ပိုမို ပြုလုပ် ရန် ဖိတ်ခေါ်နေ သကဲ့ သို့ဖြစ်ပါ သည်။ မိမိ နားလည် သလောက် ကို သာကြိုးစား ရှင်းပြနေခြင်းဖြစ်သည်။

ကံ အကြောင်း ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိခြင်း တနည်း အားဖြင့် ပဋိစ္စသမုပ္ပါဒ် တရား ကို ထွင်းဖောက် သိမှ သာ နားလည်နိုင်သော အရာများ ဖြစ်ပါသည်။  


ဆက်ရန်............



 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း







From..Ven Ra Hta



No comments:

Post a Comment