Friday, January 9, 2015

ဂုံးကျော် တံတားပေါ်မှ ပြုတ်ကျတဲ့ အငှားယာဉ် သတင်း အပြည့်အစုံ



တာမွေမြို့နယ် တွင် ရထား သံလမ်း ဂုံးကျော် တံတားပေါ်မှ အငှားယာဉ် တစ်စီး အရှိန်လွန် ကာ ပြုတ်ကျခဲ့ သဖြင့် ယာဉ်မောင်းနှင့် ခရီးသည်(၂)ဦး ဒဏ်ရာရ


ရန်ကုန်၊ ဇန်န၀ါရီ ၈

၈.၁.၂၀၁၅ ရက်နေ့ ၁၄၁၅ အချိန်တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း အတိုင်း တာမွေ ဘက်မှ သင်္ဃန်းကျွန်းဘက်သို့ သာကေတမြို့နယ်နေ ယာဉ်မောင်း စိုးပိုင်၊ (၂၂)နှစ် မောင်းနှင် လာသော 6D--- HONDA Fit အငှားယာဉ်သည် မင်းရဲကျော်စွာ ရထားသံလမ်း ဂုံးကျော် တံတားပေါ် အရောက် အရှိန်လွန် ကာ တံတားလက်ရမ်း သံဇကာ များအား တိုက်မိပြီး တံတားအောက် သို့ ပြုတ်ကျသွားခဲ့ပါသည်။

ထိုသို့ပြုတ်ကျ ခဲ့သဖြင့် ယာဉ်မောင်း စိုးပိုင် တွင် ယာပေါင်၌ ဖူးရောင် နာကျင်ဒဏ်ရာ၊ ယာဉ်ပေါ် ပါ ခရီးသည် များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးတင်အောင်စိုး တွင် နဖူး၊ ယာလက်၊ မေးစေ့ တို့၌ ပေါက်ပြဲ နာကျင်ဒဏ်ရာများနှင့် ဒေါ်သိင်္ဂီမြင့်တွင် ယာခြေထောက်နှင့် နှုတ်ခမ်း တို့၌ ပေါက်ပြဲ နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသ ခဲ့ရပါသည်။


ယင်းသို့ ယာဉ် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးပိုင်အား တာမွေမြို့မ ရဲစခန်း ယာဉ် (ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

 8 January 2015  Yangon Police
https://www.facebook.com/yangonpolice

From...http://www.searchmyanmar.com/link/frame/cid/45772


No comments:

Post a Comment