Tuesday, January 13, 2015

ငိုလွန်းသည့် ဆယ်ငါးရက် သမီးလေးကို အိပ်မရဖြစ်ရသည်ဟု ဆိုကာ ဖခင်ဖြစ်သူက တိုက်ပြတင်းပေါက် ကနေ လွှင့်ပစ်၍ သေဆုံး

Belgrade 
ဆားဘီးယားနိုင်ငံ တွင် ဆယ်ငါးရက် သမီးလေး တစ်ဦးကို ငိုယိုလွန်းသည်ဟု ဆိုကာ ဖခင် ရင်းဖြစ်သူက တိုက်ပြ တင်းပေါက်က လွှင့်ပစ် ခံရ၍ သေဆုံးခဲ့ကြောင်း မိုင်ရာ သတင်းတွင် ဇန်န၀ါရီ ၁၃ ရက် ကဖော်ပြ သည်။


ဘယ်လ်ဂရိတ်မြို့ တော် တွင် အသက် ၃၅နှစ် အရွယ် နီမန်ဂျာပီထရိုဗစ် ဆိုသူက ကလေးငယ် ငိုယိုလွန်း သဖြင့် အိပ် မရဖြစ်သည် ဟု ဆိုကာ နံနက် ၅နာရီခွဲ ခန့် က တိုက်ပြတင်းပေါက်မှ လွှင့်ပစ်လိုက်ခြင်းဖြစ် သည်။


တိုက်ပေါ်မှ ပြုတ်ကျပြီး မြေနှင့် ရိုက်ကာ ကလေးငယ် က နေရာ တွင် ပွဲချင်းပြီးသေဆုံး သွားခဲ့သည်။
ဖခင်ဖြစ်သူ ကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း ရဲများ က ပြောသည်။ 

၎င်းကို စစ်ဆေးရန် အတွက် စိတ်ကျန်းမာရေးဆေးရုံ သို့ တင်ပို့ ထားသည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားစဉ် က ကလေးငယ်လေး ၏ မိခင်ဖြစ်သူ ယင်းတိုက်ခန်း တွင် ရှိနေ မရှိနေ ကို ရဲများက စုံစမ်း စစ်ဆေးလျက် ရှိနေသည်။

Written by  ဘယ်လ်ဂရိတ် 

Mirror
From...http://www.searchmyanmar.com/link/frame/cid/45957
 

No comments:

Post a Comment