Thursday, January 15, 2015

မြန်မာ အလုပ်သမား များ ဖမ်းဆီး ခံရမှု များနှင့် ပတ်သက် ၍ မလေးရှား အစိုးရထံ မေတ္တာ ရပ်ခံမည်



         မလေးရှား နိုင်ငံ တွင် တရား မ၀င် မြန်မာ အလုပ်သမား များ ဖမ်းဆီး ခံရမှု များနှင့် ပတ်သက် ၍ ပြစ်မှု များကို သက်သက် ညှာညှာ ပြုလုပ် ပေးရန် မလေးရှား အစိုးရ ထံ မေတ္တာ ရပ်ခံ သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာနမှ သတင်း ရရှိသည်။ 

မလေးရှား နိုင်ငံ တွင် တရားမ၀င် အလုပ် သမား များအား ယခုလ (၉) ရက်နေ့မှ စတင်၍ ဖမ်းဆီး နေပြီး လက်ရှိ အချိန်တွင် မြန်မာ လုပ်သား (၁၀၀) နီးပါး ခန့် ဖမ်းဆီးခံ ထားရပြီ ဖြစ်ကြောင်း မလေးရှား အလုပ် သမား များကို အကူ အညီပေး နေသော သီတဂူ အထောက် အကူ အဖွဲ့ ထံမှ သိရသည်။

 လူကြီးတွေ ကတော့ တရားမ၀င် မြန်မာ အလုပ် သမား ကိစ္စကိုပဲ အမြဲတမ်း စဉ်းစားနေ တာပဲ။ သူတို့ နိုင်ငံ ရဲ့ ဥပဒေ အရ ကတော့ မလေးရှား အစိုးရ အနေနဲ့ အရေးယူ မှာ ဘဲလေ။ မသင်္ကာ တဲ့ အလုပ်သမား တွေကို ဖမ်းတယ်။ ပြီးတော့ အထောက် အထား စစ်တယ်၊ အထောက်အထား မရှိရင်တော့ ဖမ်းမှာ ပဲလေ။ 


 
ကျွန်တော်တို့ ၀န်ကြီးဌာန ကတော့ မြန်မာ အလုပ်သမားတွေ အထောက် အထား ရဖို့ ဆောင်ရွက်ပေးနေ ပါတယ် ဟု အလုပ် သမား အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က The Messenger Media သို့ ပြောသည်။
                
မလေးရှား နိုင်ငံ တွင် တရားမ၀င် မြန်မာ အလုပ်သမား များ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ ရ သည့် မြန် မာ အလုပ်သမား စာရင်း အတိ အကျ ကို မရရှိ သေးကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ သိရသည်။ 

ထို့ပြင် မလေးရှား နိုင်ငံရောက် မြန်မာ အလုပ် သမားများ ကို ကူညီပေး နေသည့် သီတဂူ အထောက်အကူပြု အဖွဲ့ သည် လည်း ဖမ်းဆီးခံ ရသည့် မြန်မာ အလုပ်သမား စာရင်း ကို အတိ အကျ မရရှိသေး ကြောင်း သိရ သည်။
                 
မလေးရှား အစိုးရ ကိုယ်တိုင် က ဘယ်နိုင်ငံ က ဘယ်နှစ်ယောက်၊ ဘယ်နိုင်ငံ က ဘယ်နှစ်ယောက် ဆိုတာ ကို သတင်း မထုတ်ပြန်သေး ဘူး။ ဖမ်းနေတာ ကတော့ ပုံမှန် ပါပဲ။ အရမ်း အဆိုးကြီး ဖမ်းနေ တာလည်း မဟုတ် ပါဘူး ဟု သီတဂူ အထောက်အကူပြု အဖွဲ့ မှ ကို သီဟမောင်မောင်က The Messenger Media  သို့ ပြောသည်။
                
မလေးရှား နိုင်ငံ တွင် တရားမ၀င် မြန်မာ အလုပ် သမား ခန့်မှန်း (၄) သိန်း နီးပါး ခန့် ရှိပြီး တရားဝင် မြန်မာ အလုပ် သမား (၆) သိန်း နီးပါး ခန့် ရှိကြောင်း သီတဂူ အထောက်အကူပြု  အဖွဲ့ထံမှ သိရသည်။ 

မလေးရှား နိုင်ငံ ဥပဒေ အရ မလေးရှား နိုင်ငံတွင် တရားမ၀င် နေထိုင် ပါက တရား မ၀င် နေထိုင်သည့် အချိန် ကာလ အလိုက် အနည်းဆုံး ထောင်ဒဏ် (၃) လ မှ အများ ဆုံး ထောင်ဒဏ် (၆) လ ချမှတ်ခံ ရ နိုင်ကြောင်း သီတဂူ အထောက်အကူ ပြု အဖွဲ့ မှ သိရသည်။ 

လက်ရှိ အချိန်တွင် မလေးရှား အစိုးရ သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တစ်ဝိုက်နှင့် စနွမ်းမြို့ တို့တွင် တရားမ၀င် အလုပ် သမားများအား ဖမ်းဆီး နေကြောင်း သီတဂူ အထောက် အကူ အဖွဲ့ ထံ မှ သိရသည်။


 ဆုမင်းကို
messenger
From... http://www.searchmyanmar.com/link/frame/cid/46056

No comments:

Post a Comment