Saturday, January 17, 2015

အိမ်ရှင်မ များ အတွက် လက်ဆောင်







(၁) ပုရွက်ဆိတ်တွေကြောင့် စိတ်ညစ်နေပါ သလား?
 ပုရွက်ဆိတ်တွေ က သခွားသီးကို မုန်းတယ်လေ။ ဒါကြောင့် သခွားသီး အခွံ တွေကို ပုရွက်ဆိတ် အိမ် (အသိုက် အအုံ) နားမှာ ချထားပေး လိုက်ပါ။


(၂) ရေခဲရေ သန့် သန့် သောက်ချင် ပါသလား ? 
ဦးစွာ ရေနွေး ပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင် အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲ ထဲ့ပြီး ရေသေတ္တာ ထဲ ထဲ့ လိုက်တော့ ရေခဲရေ သန့် သန့် ရပြီပေါ့။


(၃) မှန်တွေ ကြည်ကြည် လင်လင်ဖြစ်ချင်ပါ သလား ? 
Sprite အချို  ရည်နဲ့  မှန်ကို သုတ်ပေးလိုက်ပါ။


(၄) အ၀တ် အထည်တွေပေါ် မှာ ပီကေတွေ ကပ်နေလို့ ဖျက်ရခက်နေ ပါသလား ? 
အဲဒီ အ၀တ်အထည် ကို ရေခဲသေတ္တာ တဲ ၁-နာရီ လောက် ထဲ့ပေးပြီးနောက်မှာတော့၊ ပီကေတွေ ခွာ လို့ ရ ပါပြီ။ 

(၅) အ၀တ်ဖြူတွေ ကို ဖြူဖြူ   စင်စင်လေး ဖြစ်စေချင်ပါ သလား? 
ဇလုံ တစ်ခု ထဲမှာ နွေးပူပူ ထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက် ပါ။ အဲဒီ ဇလုံထဲ ကို အ၀တ်ဖြူ  ၁၀-မိနစ်လောက် စိမ် ထားပြီးမှ ပုံမှန် အတိုင်း ဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။


(၆) ဆံသားတွေ တောက်ပြောင်ချင် ပါသလား ? 
ရှာလကာရည် ၁-ဇွန်းလောက်ကို ဆံပင် အနှံ့ လိမ်း ကျံပေးပြီး ရင်၊ ရေအေး နဲ့  လျော်ချ လိုက်ပါ။ (ရေခဲရေ မဟုတ်ပါ)


(၇) သံပုရာသီး ထဲက အရည်တွေ ကုန်စင်အောင် ညှစ်ယူချင် ပါသလား ? 
ဦးစွာ သံပုရာသီး အလုံးလိုက် ကို ရေနွေး ပူပူထဲ မှာ တနာရီ လောက် စိမ်ပါ။ ပြီးမှ အရည်ညှစ်ယူ ပါ။


(၈) ဂေါ်ဖီထုပ် ဟင်းချက်တဲ့ အခါ စိမ်းစော်နံနေတာ ကို ဘယ်လိုဖျောက်ရမလဲ ? 
 ဂေါ်ဖီထုပ် ချက်နေတဲ့ ဟင်းအိုး ထဲကို ပေါင်မုန့်  အပိုင်း အစလေး ထဲ့ချက် လိုက်ရုံပါဘဲ။


(၉) ကြက်သွန်နီ လှီးနေတုန်း မျက်ရည် မကျအောင် ဘယ်လို လုပ်ရပါ့ ? 
ပီကေ ၀ါးရင်း ကြက်သွန်နီ လှီးပေးပါ။


(၁၀) အာလူးပြုတ်တွေ မြန်မြန် နူးစေချင် ပါသလား ? မပြုတ်ခင် မှာ အာလူး ရဲ့ တဖက် တချက်စီ ကို အခွံနွှာပေး ပါ။ (အကုန် အခွံနွှာ ရန် မလိုအပ်ပေ)


(၁၁) အ၀တ်ပေါ် က မှင်စက် အစွန်း အထင်းတွေ ဖယ်ရှားရခက်နေပါ သလား? 
မှင်ကွက် အစွန်း အထင်းပေါ် သွားတိုက်ဆေး များများ အုံပြီးနောက်၊ အဲဒီ သွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့ အခါမှ အ၀တ်လျှော်လိုက်ပါ။


(၁၂) ကန်စွန်းဥတွေ အခွံမြန်မြန် ခွာချင်ပါသလား ?
 ပြုတ်ပြီးစ ကန်စွန်းဥ ပူပူကျစ်ကျစ် ကို အိုးထဲက ဆယ်ယူပြီး၊ ရေအေး ထဲ ချက် ချင်း နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေ မဟုတ်ပါ)


(၁၃) ကြွက်တွေ ကို ဘယ်လိုနှိမ်နင်း ရပါ့ ?
 ကြွက်တွေ  လာတတ်တဲ့နေရာ ကို ငြုပ်ကောင်းမှုန့် (အမဲရောင်) ဖြူးပေးထားရုံ ပါဘဲ။ ငြုပ်ကောင်းမှုန့်  ရနံ့ ကြောင့် ကြွက်တွေ ထွက်ပြေး ကုန်ပါလေရော။ 

(၁၄) နှလုံးရောဂါသည်တွေ ည အိပ်ယာ မ၀င်ခင် ဘာလုပ်သင့် သလဲ?
 နှလုံးရောဂါသည် များ သောက်ရေအေး ၁-ခွက် (သို့ မ ဟုတ်) ၂-ခွက်သောက်ပြီး မှ ည အိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာ ထ အမော မဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ) 


အိမ်ရှင်မ များ ပြုံးပျော်နိုင်ကြပါစေရှင်။



ပေါက်ပေါက်
Myanmar Latest News
From... http://www.searchmyanmar.com/link/frame/cid/46131


No comments:

Post a Comment