Monday, January 26, 2015

ယောင်္ကျား က မကောင်း တာကို အမြန်ဆုံးပြင်ဆင်ပေးနိုင်တဲ့ အချက် ၅ ချက်


၁. ကိုယ်က မှားတယ် ဆိုပြီး အမြဲတမ်း အရှုံးပေးနေတဲ့ သူ မဟုတ်ဘူးကို အသိပေးဖို့ လိုပါတယ်။


ကိုယ့်မှာ ယုံကြည်မှု မရှိတဲ့ အတွက် ကိုယ့်ချစ်သူ ရဲ့ မကောင်တဲ့ အကျင့်တွေကိုလည်း ခေါင်းငုံ့ ခံတာဟာ မကောင်း တဲ့ အချက်တခုပါ။

ကိုယ်က မလှလို့၊ မတော်လို့၊ ၀နေလို့ ဆိုပြီး ဒီ အချက်လေးတွေ ကို စိတ်ထဲမှာ အမြဲ ထားပြီး ချစ်သူ ကပြောတာတွေ ကို အကုန် လက်ခံနေတတ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူမှ မဟုတ် တဲ့နောက် တယောက် နဲ့တွေ့ ဖို့ဆိုတာလည်း လွယ်တဲ့ ကိစ္စ မဟုတ်တဲ့ အတွက် လက်လျှော့နေတာ လည်း ဖြစ်နိုင် ပါတယ်။ 

သူကလည်း ဒီအချက်တွေကို အခွင့်ကောင်း ယူပြီးကိုယ့်ကို အနိုင်ယူနေတာကို လက်ပိုက်ကြည့် မနေပဲ ကျွန်မ ဟာ ရှင်ထင်သလို မဟုတ်ဘူး လို့ပြတ်ပြတ် သားသားပြောသင့်တယ် လို့ထင်ပါတယ်။


၂.ကိုယ် ကြိုက်တဲ့ သူကို စိတ်အေးအေးဆေးဆေး ထားပြီးလေ့လာဖို့ လိုအပ်ပါတယ်။ 

အခုခေတ်မှာ သွားစရာ စားစရာနေရာတွေက တဖြည်းဖြည်း များလာတဲ့ အတွက် ကိုယ်နဲ့ လိုက်ဖက်မယ့် သူနဲ့ တွေ့ဖို့ အခွင့် အရေး ကလည်း များလာမယ်။

ဒီ အခွင့်အရေး ကို ချက်ချင်း အသုံးချပြီး အဖြေကို ချက်ချင်းပေးပြီး လက်ခံလိုက်တာမျိုးကို မလုပ်သင့် ပါ ဘူးသေသေ ချာချာ လေ့လာပြီးမှ ဆုံးဖြတ်သင့်တယ် လို့ ထင်ပါတယ်။

၃. ကိုယ်ကြိုက်တဲ့ သူနဲ့ ဖြစ်တဲ့ ပြသာနာ ကို ရဲရဲ ရင့်ရင့် ရင်ဆိုင်ပါ။ 

ကိုယ့် မှာတော့ ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ အမြဲတန်း ပြောသမျှကို လက်ခံပြီးဖြစ်နေတဲ့ ပြသာနာကို မဖြေရှင်းပဲ လက်ပိုက် ကြည့်နေတဲ့ အကျင့်လေး ကို ဖျောက် ဖျက် သင့်ပါတယ်။

ပြောသင့်ပြောထိုက် တဲ့ ကိစ္စ ကို သတ္တိ ရှိရှိ နဲ့ ရင်ဆိုင် မှ သာလျှင် ရေရည် မှာ အဆင်ပြေမယ် လို့ ထင် ပါတယ်။

၎.ချစ်သူတွေဖြစ်နေကြ တဲ့ သူငယ်ချင်းတွေ ရဲ့ကောင်းတဲ့ နေထိုင် သွားလာပုံ ကို အတုခိုးပါ။
 
ချစ် သူတွေ ဖြစ်နေကြ တဲ့ သူငယ်ချင်း အတွဲ နဲ့ အတူတူ သွားလာပြီး သူတို့ ရဲ့ ပျော်စရာကောင်းတဲ့ အလေ့ အကျင့်လေးတွေ က်ု လေ့လာ ထားရန် ကိုယ်တိုင် လည်း တဖြည်းဖြည်း ပျော်ရွှင် လာမှာပါ။

စိတ်က ကြည်လင် ပျော်ရွှင်နေတဲ့ အတွက် ကိုယ်ဟာလည်း လူချစ် လူခင် များတဲ့ သူ တယောက်ဖြစ်လာ မှာပါ။

၅.ကိုယ်ကြိုက်တဲ့ သူကို အမြဲတမ်း ဦးစား မပေးပဲ လိုအပ်ရင် ကိုယ် ကလည်း ဦးဆောင်သင့်တယ် ဆိုရင် ဦးဆောင်ပါ။

အမြဲတန်း သူ့ ဆန္ဒ တွေကိုပဲ ဦးစားပေးနေရင် ကိုယ့်ရဲ့လိုအပ်ချက်တွေဟာ သူ့အတွက် ကတော့ ဘာမှ ဟုတ်တော့မှာ မဟုတ်တော့ ပါဘူး။

ဒါမျိုးတွေ မဖြစ် ရအောင် သွားလာတဲ့နေရာမှာ ပဲ ဖြစ်ဖြစ် ဘယ်နေရာ မှာ မဆို စည်းကမ်းလေးတွေ ကိုတော့ ထားသင့် ပါတယ်။

နှစ်ဦးနှစ်ဖက် နားလည်မှု ရှိမှ သာလျှင် ဆက်လျှောက် ရမဲ့ ဘဝ ခရီးလမ်း က ဖြောင့်ဖြူး မှာပါ။


ဒီ စာသားလေးက ချစ်သူ အိမ်ထောင်ဖက် မရှိသေးတဲ့ မိန်းကလေးတွေ အတွက် ရည်ရွယ်ပါတယ်။


Happiness Is To You
Chelmo Team

From... http://www.searchmyanmar.com/link/frame/cid/46457

 

No comments:

Post a Comment