Sunday, January 11, 2015

ဗိုလ်ချုပ် ရုပ်ရှင် ဘာ့ကြောင့် ကြန့်ကြာနေရသလဲ ဇာဂနာ ပြောပြီ


9999

၂ဝ၁၅ ဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲ တွင် (အောင်ဆန်း) ရုပ်ရှင် ကားကြီး ကို ပြသနိုင်ရန် လွန်ခဲ့ သည့် သုံးနှစ် ကတည်းက အဖွဲ့ဝင်များ ကြိုတင် ပြင်ဆင်ခဲ့ သည်။ သို့သော် အဆိုပါနေ့ တွင် ရုံတင်ပြသနိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။ 

၎င်း ကိစ္စနှင့် ပတ်သက် ၍ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဇာဂနာ အား ပေါ်ပြူလာ နယူးစ် မှ မေးမြန်းခဲ့သည်။

အောင်ဆန်း ရုပ်ရှင် ကို ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မှာ စမ်းသပ် (Teaser) အနေနဲ့ ပဲ ပြသနိုင်တာ ဘာကြောင့် လဲ။
 
အခန်းလေးခန်း ကို ရိုက်ကူး ထားတယ်။ သုံးခန်း က ရိုက်ပြီးပြီ။ ကျန်တဲ့ အခန်း ကို ဒီ လဆန်းမှာ စရိုက် မယ် ။ ပြည်သူတွေကြား မှာ သိပ် မထင်ပေါ် တဲ့ အခန်း ပါမယ်။ ဗိုလ်ချုပ် မှာလည်း မေတ္တာနဲ့ ပတ်သက်ပြီး မိသားစု နဲ့တိုင်းပြည်ပေါ် ထားတဲ့ သူ့စိတ်ထား ကို ရိုက်ပြတယ်။ 
 
ပြီးတော့ မောင့်ဘက်တန် မေးတဲ့ ဝယ်လင်တန် လား၊ ချာချီလား ဆိုတဲ့ စကားကို ဗိုလ်ချုပ်အောင်ဆန်း က ပြန်ဖြေ လိုက်တဲ့ အခန်းပေါ့။ စစ်သား လုပ်ချင်ရင် နိုင်ငံရေး မလုပ်နဲ့ ဆိုတဲ့ အခန်းပါမယ်။ အဲဒီမှာ သူနိုင်ငံရေး သမားအဖြစ် မိန့်ခွန်း စပြောတဲ့ ဖဆပလခေတ် က တစ်နိုင်ငံလုံး ပြည်သူ့ ညီလာခံ မှာ ဗိုလ်ချုပ်က ”ကျုပ်အာ ဏာကို လိုချင်လို့ မဟုတ်ဘူး။ အာဏာရူးလို့လည်း မဟုတ်ဘူး။ 
 
ဒီ ဝန်ကြီးဖြစ်တဲ့ ဂျပန်ခေတ် တစ်လျှောက်လုံး မှာ အင်္ကျီ ဆိုရင် သုံးလေးစုံ ပဲ ရှိတယ်။ ဒါပေမဲ့ လတ်တလော အခြေ အနေ မှာ တိုင်းပြည် အတွက် လိုအပ်တဲ့ အတွက်ကြောင့် ကျုပ်လုပ် ရတယ်။ ပြည်သူလူထု က ချစ်လို့ လူထုခေါင်းဆောင် လို့ခေါ်တဲ့နာမည် ကို ခင်ဗျား တို့ပြောတဲ့ ဝန်ကြီးချုပ် ထက် ပိုမက်တယ်။ 
 
အဲဒါ ခင်ဗျားတို့ မှတ်ထား” ဆိုတဲ့ အခန်းထည့် ရိုက်တယ်။ အခု ရိုက်မယ့် အ ခန်း က လုပ်ကြံတဲ့ အခန်း ရိုက် မလား၊ ကျောင်းသား သမဂ္ဂမှာ ဗိုလ်ချုပ် စကားရည်လု တဲ့ အခန်းရိုက် မလား ရွေးနေတုန်း ပဲ။ တစ်ကားလုံး မလုပ်နိုင်ေ သး တဲ့ အတွက် (Teaser) ပြတဲ့ သဘော ပါပဲ။
  " ဒီနှစ် ၂ဝ၁၅ မှာ ရွေးကောက်ပွဲလည်း ရှိတဲ့ အတွက်ကြောင့် ရုံတင်ပြသ ဖို့ အခက် အခဲဖြစ်နေ လို့လား "
" မဟုတ်ပါဘူး။ ဒီကားနဲ့ ပတ်သက်ပြီး သမ္မတကြီး ကိုယ်တိုင် အားပေးတယ်။ လိုတာ ရှိရင် လည်း ကျွန်တော် တို့ တောင်းဆိုတယ်။ သူ ဖြည့်ပေး ပါတယ်။ ဗိုလ်ချုပ်ကား လိုချင်တာ တောင်းတယ်။ ဗိုလ်ချုပ်အိမ်မှာ ရိုက်ချင်တာတောင်းတယ်။ သူ အားလုံး ဖြည့်ပေးတယ်။ ၂ဝ၁၅ နဲ့ လုံးဝ မပတ်သက်မသက် ဆိုင်ပါဘူး။ အဓိက က ငွေကြေး အခက် အခဲကြောင့်ပါ "

ဗိုလ်ချုပ် ရုပ်ရှင် ရဲ့ဘတ်ဂျက် က အများကြီး ရှိတယ် လို့ ပြည်သူတွေ သိထား တာ က တစ်မျိုး။ ဒါပေမဲ့ အခု ဘတ်ဂျက် အားနည်းတယ် ဆိုတော့ ဘယ် လိုဖြစ်တာလဲ ဆိုတာ ရှင်းပြစေချင်တယ်။
ပြည်သူ ထင်သလို သိန်းသောင်း ချီ မရှိဘူး။ ရွှေစင် စင်္ကြာက ပေးလှူ   တာနဲ့ စုစုပေါင်းသိန်း တစ်ထောင့်နှစ် ရာလောက်ပဲရှိမယ်။

 နေတိုး တစ်ကား စာေ တာင် မရှိ ပါဘူး။ နေတိုးတောင် ဒီလောက် သုံးပြီး လိုအပ် ချက်တွေ ရှိနေသေး ရင် ပြည်သူများ အတွက်သာ တွက်ကြည့်ကြပါ။ နိုင်ငံခြား က အလွဴေ ငြေ တြ ကျွန်တော် တို့ မယူပါဘူး။ သူတို့ ကတော့ ပေးတယ်။ ယူလိုက်ရင် သူတို့ လိုချင်တာ သူတို့ ရိုက်မှာ ဆိုတော့ ဘယ်လို မှ သမိုင်း မဖြစ်နိုင်တော့ ဘူး။ 

လာကမ်းလှမ်း တာတွေ တစ်ခု မှ ငွေ လက်မခံဘူး။ လက်ခံရင် ဒီကား ရိုက်နိုင် တာကြာပြီ။ ပါဝင်တဲ့ အနု ပညာရှင်တွေ သရုပ်ဆောင်တွေ လည်း အနု ပညာကြေး မယူဘဲ မေတ္တာနဲ့ ပါဝင်ကြတာပါ။

ပြည်သူတွေ မျှော်လင့် သလို အောင်ဆန်း ရုပ်ရှင်ကို ရုံမှာ ကြည့်ခွင့် မရခဲ့ဘူး။ အဲဒီ အတွက် အဖွဲ့ဝင်တွေ အနေနဲ့ ပြည်သူ ကို ဘာပြောချင်ပါ သလဲ။ ပြည်သူတွေ ကို ကျွန်တော် တောင်းပန်ပါတယ်။ 

အဖွဲ့ဝင် ကိုယ်စား အနေနဲ့လည်း တောင်းပန် ပါတယ်။ ကျွန်တော်တို့ ကတိ အတိုင်း မလုပ်ဆောင်နိုင် ခဲ့တဲ့ အတွက် အနူး အညွတ်တောင်းပန် ပါတယ်။ ဒီနှစ်ထဲ မှာ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော် ကိုယ်တိုင် အားတက်သရော လုပ်ေ ဆာင်ပါ့မယ်။ 

အရင်က ကိုယ့် အလုပ်ကြောင့် အချိန်ပြည့် မလုပ်ပေးနိုင် ခဲ့ဘူး။ ပြည်သူတွေ ရဲ့ ပံ့ပိုးမှုကို လည်း အတိုင်း ထက် အလွန် မျှော် လင့်နေ ပါမယ်။

ထူးထူး
Popular Myanmar News Journal
From... http://www.searchmyanmar.com/link/frame/cid/45845
 
 
 
 

No comments:

Post a Comment