Sunday, January 11, 2015

ဘီလ်ဂိတ်သောက်နေသော လူ့မစင် က ထုတ်လုပ် ထားတဲ့ရေသန့်



မိုက်ခရိုဆော့အား ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်(ဓာတ်ပုံ - google)
 
 ဘီလျံနာ တစ်ဦးလည်းဖြစ်၊ စည်းရုံးလှုံ့ဆော်သူ တစ်ဦးလည်းဖြစ်သူ ဘီလ်ဂိတ် တစ်ယောက် သူဟာ လူ့မစင် ကနေရေသန့် အဖြစ် ပြောင်းလဲ ထားတဲ့ရေ ကိုသောက်သုံးနေတာပါ လို့ ပြောပြီးသူ့ရဲ့ စည်းရုံး လှုံ့ဆော်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။
 


“ကျွန်တော်သောက်နေတဲ့ရေတွေ ဟာ ရေသန့်ဗူး ထဲက လာတဲ့ရေတွေ အတိုင်း သောက်လို့ကောင်း ပါ တယ်”လို့ သူ့ရဲ့ ဘလော့ခ် မှာရေးသားဖော်ပြ ခဲ့ပါတယ်။ “ ဒီရေကို ထုတ်လုပ်တဲ့ နောက်ကွယ်က စက်မှု ပညာကိုလည်း လေ့လာခဲ့ပြီးပါပြီ၊ 

 ကျွန်တော် ကတော့ ဒီရေ ကို နေ့တိုင်းပျော်ပျော် ရွှင်ရွှင် သောက် သုံးဖြစ်တော့ မှာပါ၊ ဘာ ဘေးဥပါဒ်မှ မရှိပါ ဘူး”လို့လည်း ဆက်လက် ရေးသားထား ပါသေးတယ်။
 

မိုက်ခရိုဆော့ အား ပူးတွဲ တည်ထောင်သူ ဘီလ်ဂိတ် ဟာ သန်းနှင့် ချီသောလူများ အတွက် သန့်ရှင်းသော သောက် သုံးရေ ရရှိဖို့ရန် ကာလကြာရှည်စွာ ကြိုးပမ်း ခဲ့ပြီးနောက် အခု တီထွင်ဆန်း သစ်ခြင်း ကတော့ အဲဒီပြသနာ ကို ဖြေရှင်းလိုက်နိုင် တဲ့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။
 


ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ဖော်ပြချက် အရ၊ ကမ္ဘာပေါ်ရှိ လူပေါင်းသန်း၂ထောင်နီး ပါး ရဲ့ သောက် သုံးရေ ဟာ လူတို့ရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးတွေ နဲ့ ညစ်ညမ်းလျက်ရှိပါတယ်။  ကမ္ဘာ့ လူပေါင်း သန်း ၁၀၀၀ ကျော်ဟာ ရေအိမ် ကို အသုံးမပြုဘဲ မစင်စွန့်လျက် ရှိနေကြသေးပါတယ်။ 

ထိုသို့ဖြစ်နေခြင်းက ရေထုကို ညစ်ညမ်းစေခြင်း၊ ခန္ဓာကိုယ်၏ အားအင်ကို ယုတ်လျော့စေသော ရောဂါ များထဲက တစ်ခု အပါအ၀င်ဖြစ်တဲ့  ၀မ်းပျက် ၀မ်းလျောရောဂါများ ကို ဖြစ်ပွားစေပြီး ၄င်း ရောဂါမှာလည်း အသက် ၅ နှစ်အောက် ကလေးများ သေဆုံးမှု ကို ဒုတိယ အများဆုံး ဖြစ်ပေါ်စေတဲ့ အကြီးမားဆုံးရောဂါ လည်း ဖြစ်ပါတယ်။


ဘီလ်ဂိတ်က “ရေအိမ်များ ရှိပြီး ခေတ်နှင့် ညီတဲ့ မိလ္လာစနစ် မရှိသော နေရာ များတွင်လည်း ရေထု ညစ် ညမ်းခြင်းနဲ့ ရောဂါဖြစ်ပွားမှုနှုန်းမှာ မြင့်မားနိုင်ပါတယ်။ မိလ္လာကားတွေဟာ လူ့တို့ရဲ့ အညစ်အကြေးတွေကို မိလ္လာစနစ်နဲ့ စွန့်ပစ်ဖြေရှင်းခြင်းမရှိဘဲ နီးစပ်ရာ မြစ်ချောင်းများနဲ့ ပင်လယ်ထဲမှာ စွန့်ပစ်တတ်ကြတာ ကို တွေ့ ရပါတယ်။” ဟု ထပ်ဆောင်းဖော်ပြထားပါတယ်။



အဲဒီ့ လူ့အညစ်အကြေးတွေ ရဲ့ အဆုံးသတ် ဟာ လူတို့ သုံးစွဲနေတဲ့ရေမှာ ပဲ ဖြစ်တယ်။ ဥရောပနိုင်ငံ မှာ အသုံးပြုနေတဲ့ ရေအိမ် အမျိုးအစားတွေ ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ အသုံးပြုဖို့ ကြိုးစားနေတာ ဟာ စရိတ် လည်းကြီး၊ ပိုပြီးလည်း ရှုပ်ထွေးစေတာမို့  ဘီလ်ဂိတ်အနေနဲ့ “Omniprocessor”လို့ခေါ်တဲ့ လူ့မစင် ကနေ သောက်သုံးရေ ထုတ်လုပ်ဖို့ တီထွင် ဆန်းသစ် ထားတဲ့ စက်ယန္တရားအပေါ်မှာ ယုံကြည်မှုရှိခဲ့ခြင်း ပဲ ဖြစ်ပါတယ်။



စီရေတယ်လ်မြို့ အင်ဂျင်နီယာလောက မှ ဂျက်နစ်ကီ ဇီဝ စွမ်းအင် ကုမ္ပဏီရဲ့   တီထွင်မှု တစ်ခု ဖြစ်တဲ့ စက် ယန္တရား ဟာ လူတို့ရဲ့ မစင်တွေ ကနေ လျှပ်စစ် စွမ်းအင်နဲ့ ရေ ကို ထုတ်လုပ်နိုင်ပါတယ်။

 


ထို စက်ယန္တရား မှာ ရေနွေးငွေ့ အင်ဂျင် ကို အသုံးပြု၍ လည်ပတ်ပြီး အလွန်မြင့်သော အပူချိန် ကို အသုံးပြု ထားသောကြောင့် ရေ ကနေ အနံ့ အသက် ထွက်ခြင်း မရှိနိုင်တော့ ပါဘူး။
 

ဂျက်နစ်ကီ မှ လည်း စက် ၏ မော်ဒယ် ကို အဆင့်မြှင့် တည်ဆောက် ထားပြီး ဘီလ်ဂိတ် ကို အံ့အားသင့်စေ ခဲ့ပါတယ်။
 

နောက်ထပ် တိုးမြှင့် ထုတ်လုပ်မယ့် စက်ယန္တရား မှာတော့ လူပေါင်း တစ်သိန်း ဆီမှ ထွက်လာတဲ့ အညစ် အကြေးတွေ ကို အသုံးပြုပြီး တစ်နေ့ လျင် သောက်သုံးရေ လီတာပေါင်း ရှစ်သောင်း ခြောက်ထောင် နှင့် လျှပ်စစ် ပမာဏ အသားတင် ၂၅၀ ကီလိုဝ ပ်ကို ထုတ်လုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်ထားပါတယ်။
 

ထို ကုမ္ပဏီ မှ ကနဦး စမ်းသပ်မှု အနေနဲ့ စက်ယန္တရား အား ဒါကာမြို့တော် မှာ ယခုနှစ်ကုန်ပိုင်းလောက် စတင် အသုံးပြုမယ်လို့ သိရပါတယ်။ ဘီလ်ဂိတ် ကတော့ ဤ အစီအစဉ် ဟာ ပြောင်းလဲမှု တစ်ခုကို ပြုလုပ်နိုင် စွမ်းရှိတယ် လို့ ယုံကြည်မှုရှိနေ ပါတယ်။
 
“ထို စက်ယန္တရား ဟာ လူ တို့ ရဲ့ အညစ်အကြေးတွေ ကို သောက်သုံးရေ အဖြစ် ပြောင်းလဲပေးနေခြင်း သက်သက် မဟုတ်ဘဲ ဈေးကွက် ထဲမှာ တကယ့် တန်ဖိုး ရှိတဲ့ ကုန်စည် တစ်ခု အဖြစ်ပါ ဖန်တီးပြောင်း လဲပေး မှာ ဖြစ်တယ်” လို့ ဂိတ် က ရေးသားထားပါတယ်။


 ပြီးတော“ ဒီ အစီအစဉ်ဟာ ‘လူတစ်ဦး အတွက် အမှိုက် ဟာ နောက်တစ်ဦး အတွက်တော့ ရတနာ’ ဆို တဲ့ ရှေး ဆိုရိုး စကားတစ်ခုကို ဖော်ပြလိုက် တဲ့ အကောင်းဆုံး ဥပမာ တစ်ခုပါပဲ”လို့ မှတ်ချက်ပေးခဲ့ ပါတယ်။

လုဒိ

ကိုးကားသတင်း။  ။ http://www.huffingtonpost.com/2015/01/06/bill-gates-poop_n_6424436.html?utm_hp_ref=impact

 လူ့ မစင်ကနေ ရေသန့် အဖြစ်ပြောင်းလဲ ထားပုံ ဗီဒီယိုဖိုင် ကို ဖော်ပြပေးလိုက် ပါတယ်။


From...http://www.searchmyanmar.com/link/frame/cid/45827




No comments:

Post a Comment