Saturday, January 3, 2015

အမှတ် (၃) လမ်းမပေါ် တွင် တက္ကစီ များကို ည အချိန် မကြာခဏ လုယက် လျက်ရှိ




1309784-426846-taxi-driver



အမှတ် (၃) လမ်းမ တွင်  ည အချိန်၌ တက္ကစီ များကို မကြာ ခဏ အုပ်စုဖွဲ့ လုယက် လျက်ရှိနေ ကြောင်း တက္ကစီ ယာဉ်မောင်း အ ချို့ ထံမှ သတင်း ရရှိသည်။

အဆိုပါ လမ်းမပေါ်ရှိ အ သွား အလာ အဆက်ပြတ် ရာနေရာ များတွင် ယာဉ်မောင်းများ ဆက်မ မောင်းနိုင် ရန် အ၀ါရောင် အရည် များကို ကားရှေ့မှန် တွင် ပက်ကာ လုယက်မှုပြုလုပ်လေ့ ရှိခြင်းဖြစ် သည်။


‘‘ကြက်ဥ အနှစ်ရည် ကို သေ သေချာချာ စီမံ ထားပြီး အရှိန် နဲ့ မောင်းလာတဲ့ ကားကို ကား အရှေ့ မှန်ကို လှမ်းပက် လိုက်တာနဲ့ အ ရှေ့ကို ဘာမှ မမြင်ရတော့ဘူး လေ။ အရှိန်ပြင်း တဲ့ ကားဆို ချောက်ထဲ ကျရောပဲ။ 

ဒါကို အခွင့် ကောင်း ယူပြီး ငွေညှစ် တာတွေကို လုပ်တာပါ’’ ဟု လုယက် ခံရသူ တစ်ဦး ၏ အဖြစ်အပျက်ကို တက္ကစီ ယာဉ်မောင်း ကိုမောင်မျိုး က ပြော သည်။



ယင်းသို့ ကြည်ဥ အနှစ်ရည် များ ကို ကားမှန် တည့်တည့် ဖျန်း ပက်လိုက် ပါက သာမန်ရေဖြင့် ပြန် လည် သန့်စင်နိုင် ရန် အချိန်ပေး လုပ်ဆောင်ကြ ရကြောင်း၊ ယင်း ပုံစံဖြင့် လုယက်ခြင်း မှာ နေရာတစ်ခုတည်း တွင် ဆောင်ရွက်ကြခြင်း မဟုတ်ကြောင်း၊ 

ကားမှတ်တိုင် တစ်ခုနှင့် တစ်ခုကြား တွင် လူနေ အိမ် အဆောက် အအုံများ နည်း ပါးနေခြင်းကြောင့် ယင်း သို့ အခွင့် ကောင်းယူ လုပ်ဆောင်ခြင်းဖြစ် ကြောင်း တက္ကစီယာဉ်မောင်း များ က မှတ်ချက်ပြုထားကြသည်။

ညဥ့်နက်ချိန် များတွင် မင်္ဂ လာဒုံမြို့နယ် အမှတ် (၃) လမ်း မှ ဖြတ်သွား ရသည့် ပုလဲမြို့သစ် မှ လှည်းကူး မြို့နယ် အထိ ခရီးသည် များ ပို့ဆောင်ခြင်း မပြုရန် ယာဉ်မောင်း အချင်းချင်း သတိပေးပြောဆို ထားကြသည်။

‘‘ညတိုင်း လှည့်ကင်းတွေ ထားပါတယ်။ အဓိက ဈေးတွေ ရှိ တဲ့ နေရာတွေ မှာ စောင့်ကြပ် ကြည့်ရှုတာတွေ လုပ်ပါ တယ်။ လမ်းမပေါ် မှာတော့ တာဝန် ကျတဲ့ သူတွေ က ကားနဲ့ လှည့်တာတွေ လုပ်ပါတယ်။ အချိန်ပြည့်တော့ မ ဟုတ်ပါဘူး။ 

 ညပိုင်း တစ်ချိန်နဲ့ ညဥ့်နက်ပိုင်း တစ်ချိန် တစ်ဖြတ် တစ်ဖြတ် ကွင်းဆင်းနေတာတွေ ရှိပါတယ်။ လောလော ဆယ် ကား ကို လုယက်တယ် ဆိုတဲ့ အမှုမျိုး တက်တာ မျိုး မရှိပါဘူး’’ ဟု မင်္ဂ လာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲ မှူးဝင်းမြင့် က ပြောသည်။

မြို့နယ် အတွင်း အရေးပေါ် တိုင်ကြားနိုင်ရန် ရပ်ကွက် အလိုက် တာဝန်ကျ  ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူ များ၏ ဖုန်းနံပါတ် များကို ရပ် ကွက် အသီးသီး သို့ ပေးပို့ထား ကြောင်း၊ ပြဿ       နာတစ်စုံ တစ်ရာ ဖြစ်ပွားပါက အချိန် မရွေး တိုင် ကြားပေး ရန် လိုအပ်ကြောင်း ဒုရဲ မှူးက ပြောသည်။


 သူရကျော်
7Day Daily
From... http://www.searchmyanmar.com/link/frame/cid/45495


No comments:

Post a Comment