Friday, January 23, 2015

ဦးဝီရသူ အပေါ် အရေးယူနိုင်ဖွယ် မရှိကြောင်း သမ္မတရုံး ပြောဆို


မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူ က မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စား လှယ် အပေါ် ရိုင်းပြကြမ်းတမ်း တဲ့ အသုံးအနှုန်းတွေ နဲ့ ဝေဖန် တိုက်ခိုက် ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့် မယ် လို့ မြန်မာ အစိုးရဘက် က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူ လို့တော့ ရနိုင်ဖွယ် မရှိကြောင်း အရိပ် အမြွက်ပြော ဆိုကြောင်း AFP သတင်း က ဖော်ပြပါတယ်။



သမ္မတရုံးပြောခွင့်ရ သူဦးဇော်ဌေး က ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း စုံစမ်းဖို့ သာသနာရေး ၀န်ကြီးဌာန ကို ညွှန်ကြားထား ပါတယ်။ ဒါပေမဲ့ ဒီကိစ္စ အပေါ် တရားဝင် တိုင်တန်းချက် မရရှိသေး ပါဘူး၊ ပြီးတော့ ဒီ ကိစ္စဟာ သံဃာ့ ကိစ္စဖြစ်နေတာမို့၊ မိမိတို့ အနေနဲ့ တိုက်ရိုက် ကိုင်တွယ်လို့ မရပါဘူး လို့ပြောကြားခဲ့ကြောင်း AFP သတင်း က ဆိုပါတယ်။




ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို ဦးဝီရသူ က လိင်ပိုင်း ဆိုင်ရာ ဝေါဟာရတွေ သုံးစွဲ တိုက်ခိုက်ခဲ့ပါတယ်။
 

ဦးဝီရသူ ကို AFP က မေးမြန်း ခဲ့ရာမှာ ဦးဝီရသူ က ဒီ့ထက်ပြင်းထန် တဲ့ ဝေါဟာရ စကားလုံး ရှာတွေ့ရင်၊ အဲဒီ အတိုင်းပြောလိုက်မှာဖြစ်ကြောင်း၊ မြန်မာပြည် အပေါ် မစ္စယန်ဟီးလီ လုပ်ခဲ့တာတွေ နဲ့ ညီမျှတဲ့ စကားလုံး မရှိကြောင်း တုန့်ပြန်ခဲ့တယ် လို့လည်း ဖော်ပြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


No comments:

Post a Comment