Thursday, January 8, 2015

ကလေး သူငယ် လိင် စပ်ယှက်မှု ရုပ်ပြ ကာတွန်းနှင့် ဇာတ်ကား များ ကြီးထွားနေသော ဂျပန်





ဂျန်ပန်နိုင်ငံမှ မန်ဂါနှင့် အန်နီမီ ဟု ခေါ်သည့် ကာတွန်း ဇာတ်ဆောင်များ က ကမ္ဘာ့ ယဉ်ကျေးမှု တရပ် သဖွယ်ဖြစ် လာပြီး ကျော်ကြား လာသည်။ 
 
သို့သော် အချို့သော ညစ်ညမ်း ကာတွန်းရုပ်ပြ မဂ္ဂဇင်းနှင့် ဇာတ်ကား များက ကလေး ကာတွန်းများ ပါဝင်သည့် ပြကွက် တို့အား တစ်တစ် ခွခွကြီး ရေးဆွဲပြ သလာ သည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် အဘယ်ကြောင့် ထိုဇာတ်ကား များအား မတားမြစ် သနည်းဟု မေးစရာ ဖြစ်လာသည်။
 
တနင်္ဂနွေ နေ့လည်ခင်း တခုဖြစ်သည်။ တိုကျိုမြို့ ရှိ အရောင်းပြပွဲ တခု၌ Sunshine Creation ၏ ပြခန်း သို့ မန်ဂါ ပရိသတ် ထောင်နှင့် ချီ (အမျိုးသား အများစု) စုပြုံ တိုးဝှေ့နေသည်။ ရောင်းချရန် ခင်းကျင်းပြသ ထားသည့် မန်ဂါ ရုပ်ပြ ကာတွန်းများ ကို စူးစိုက်ကြည့်နေကြသည်။ 
 
 
 
 
 
သမင် မျက်လုံးနှင့် မှော်ဆန်သော ရုပ် အဆင်း ရှိသည့် ကာတွန်း သူရဲကောင်း မလေး များ၏ ပိုစတာများ လည်း ရှိနေသည်။
 
"ဒီနေရာ ကတော့ လိင်ပိုင်း ဆိုင်ရာ ဖျော်ဖြေရေး တီထွင် ဖန်တီးမှုတွေ ကို အဓိက ပြသထားတယ်" ဟု ပွဲ စီစဉ်သူ တယောက် က ရှင်းပြသည်။
 
ဘရာစီယာ ၀တ် မထားသော မိန်းကလေးနှစ်ဦး အသွင်ကို ပုံဖော် ထားသည့် ကာတွန်း ပုံများ ရှိသော စားပွဲ တခုသို့ အရောက် စာရေးသူ ရပ်တန့် လိုက်မိသည်။ ၎င်း တို့၏ ပုံ မှာ အသက် ဆယ့်လေးငါးနှစ် ၀န်းကျင် အရွယ် မိန်းကလေး များ အတိုင်းပင် ဖြစ်ပြီး ဇာတ်လမ်း များက မူ အဆိုပါ ကာတွန်း များ၏ လိင်ဆက် ဆံနေသော ပြကွက် များကို တစ်တ စ်ခွခွ ပြသထားသည်။ 
 
 
 
အခြား စင်တင်ရောင်းချနေ သည့် ပစ္စည်း များ မှာလည်း အလားတူ ချည်းသာ ဖြစ်သည်။ ၎င်းတို့ကို ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါ ၊ ထိုပြင် အခြားနိုင်ငံ အများ အပြားတွင် တင်သွင်း ဖြန့်ချိမှု မပြုရန် ဥပဒေအရ တင်းကြပ်စွာ ကန့်သတ် ခံထားရ သကဲ့သို့ အချို့နိုင်ငံ များတွင်မူ အငြင်းပွားနေ ဆဲ အနေအထား ဖြစ်သည်။
 
"ကလေးတွေ ကို လိင်ပိုင်း ဆိုင်ရာ ကျူးလွန်စော်ကား တာ မကောင်းမှန်း လူတိုင်း သိတယ်၊ ဒါပေမယ့် ဒီလို စိတ် ခံစားချက် မျိုးကိုတော့ လွတ်လပ်စွာ ခံစားနိုင်ခွင့် ရှိပါတယ်" ဟု အထက်ပါ ပွဲစီစဉ်သူ က ဆိုသည်။
 
သူ ၏ ပွင့်လင်းသော ဖွင့်ဟချက် ကို အတော် အံ့အား သင့်သွား ရသည်။ ထို့နောက် သူက "Lolicon" ဟူသော စကားလုံး ကို မိတ်ဆက်ပေး သည်။ Lolita Complex ၏ အတိုကောက် ဖြစ်သည်။ သွေးရင်း လိင် စပ်ယှက်မှု၊ မုဒိမ်းကျင့် မှုနှင့် အခြား လိင်မှု ဆိုင်ရာ မကြားဝံ့ မနာသာ အကြောင်းရပ် အဖုံဖုံ ကို ပြသသော ဇာတ်ကားများ၊ မဂ္ဂဇင်း များ၏ မန်ဂါ ဇာတ်ရုပ်များ အနက်မှ ဇာတ်ရုပ် မလေး တကောင် ကို ဆိုလိုသည်။ 
 
"ကျွန်တော် က မိန်းမငယ်လေးတွေ ကို ဇာတ်ကောင် ထားတဲ့ ဖန်တီး မှုတွေ ကြိုက်တဲ့၊ Lolicon က ကျွန်တော့် အကြိုက်တွေ ထဲက တစ်ယောက်ပေါ့" ဟု သူက ဆိုသည်။
 
ထိုသို့ ပြောကြားစဉ် သူ၏ ဇနီးသည် က သူ့ အနားမှာပင် ရှိနေသည်။ ထို့ကြောင့် ၎င်း ၏ နှစ်ခြိုက်မှု အပေါ် ဇနီးသည် က မည်သို့ မြင်သနည်း ဟု မေးရာ "ပြဿ         နာမရှိပါဘူး၊ သူ လည်း ကောင်လေး ငယ် ငယ်လေးတွေ ကို ဇာတ်ကောင် ထားတဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ကြိုက် တာပဲလေ" ဟု ပြန်ဖြေ သည်။
 
ဂျပန်နိုင်ငံ ၏ ကြီးမား လှသော မန်ဂါဈေးကွက်ကြောင့် ၀င်ငွေ နှစ်စဉ် ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အထိ ၀င်ငွေ ရှိသည်။ သို့သော်လည်း အငြင်းပွားမှု များ ကတော့ ရှိနေသည်။
 
ယမန်နှစ် ဇွန်လ က ဂျပန်လွှတ်တော် တွင် ကလေး သူငယ် များ၏ လိင် စပ်ယှက်မှု ရုပ်ပုံများ ကန့်သတ် ပိတ်ပင် တားမြစ် ရန် မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (OECD) သည် ယင်း ရုပ်ပုံ များ ထုတ်လုပ်ဖြန့်ချိ  သည့် လုပ်ငန်း များကို ၁၉၉၉ ခုနှစ် ကတည်းက ပိတ်ပင် တားမြစ် ခဲ့ခြင်း ဖြစ်သော် လည်း ဂျပန် သည် ယမန်နှစ်ကမှ နောက်ဆုံး အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။
 
အသက် ၁၈ နှစ်အောက် အရွယ် ကလေးများ ၏ လိင် အသားပေးနှင့် စပ်ယှက် သည့် ပုံများ ကို လူ အစစ်၏ ပုံရိပ်ဖြစ်စေ၊ ပန်းချီ၊ ကာတွန်း ပုံရိပ်များ ဖြစ်စေ ဥပဒေ အရ ပိတ်ပင် တားမြစ်ရန် OECD က တောင်းဆို ထားခြင်း ဖြစ်သည်။ 
 
သို့သော် လည်း ယမန်နှစ် က အချေ အတင် ဖြစ်လာပြီးနောက် လွှတ်တော် က ပယ်ချရန် ဆုံးဖြတ်လိုက် သည်။ ထိုသို့ ဆုံးဖြတ် ခဲ့၍ ကလေးသူငယ် ဆိုင်ရာ ကာကွယ် စောင့်ရှောက်သူ များနှင့် NGO အသီးအသီး (အထူး သဖြင့် ပြည်ပမှ) က ပြစ်တင် ရှုတ်ချ လိုက်ကြသည်။ 
 
တိုကျိုမြို့ရှိ အာကီဟာဘာရာ ခရိုင် သည် မန်ဂါလောက ၏ အချက် အခြာဖြစ်သည်။ မန်ဂါ စာအုပ်၊ မဂ္ဂဇင်းနှင့် DVD အစုံ အပြင် ကလေး များဖြင့် အမှန် စင်စစ် ရိုက်ကူး ထားသည့် ညစ်ညမ်း ဇာတ်ကား အစုံကို ရနိုင်သည်။
 
"ကလေးတွေ အတွက် စိတ်မကောင်းဘူး" ဟု ကလေး သူငယ် ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ကနာဂီရီ က ပြောသည်။ 
 
"ဒီလို လုပ်ရပ်တွေ အတွက် ထိုက်သင့် တဲ့ အပြစ်ဒဏ် ချမှတ် ရမယ်၊ ဥပဒေ အရ ပီပီပြင်ပြင် တားမြစ်ရမယ်၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ ကတော့ ဒါတွေ တခုမှု ဆောင်ရွက်မပေးဘူး" ဟု သူမ က ဆက်ပြောသည်။
သို့ရာ တွင် ကလေးသူငယ် လိင် စပ်ယှက်မှ ကာတွန်းနှင့် ညစ်ညမ်းခွေများ ပပျောက်ရေးကို မဆုတ်မနစ် ဆက်လက်ကြိုးပမ်း သွားမည်ဟု သူမ က ဆိုသည်။
 
"ကျွန်မ ဒါတွေကို ပျောက်ကွယ် သွားစေချင်တယ်၊ ၂၀၂၀ မှာ ဂျပန် ဟာ အိုလံပစ် အားကစားပြိုင်ပွဲ ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပချိန် အမီ ဂျပန်ကို ယဉ်ကျေးတဲ့ နိုင်ငံ အဖြစ် ပြန်ပြောင်းဖော်ဆောင်သွားရမယ်" ဟု သူမက ရင်ဖွင့်သည်။ 
 
မန်ဂါ ပရိသတ်  များဘက်ကမူ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ရှိခဲ့သည်။ သို့ရာတွင် အိုလံပစ်လည်း နီးလာပြီ ဖြစ်၍ နိုင်ငံတကာက ဂျပန်ကို စောင့်ကြည့်လာသည်။ မန်ဂါနှင့် အန်နီမီ တို့ကို ပြည့်ပြည့်၀၀ ဖိအားပေး လာစေရန် လည်း လှုပ်ရှား လာနေကြသည်။
 
 
 
  Posted by drmyochit
ကျော်လင်းထွန်း
Ref: Why hasn't Japan banned child-porn comics? by James Fletcher (BBC)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 
From...http://mmforward.blogspot.com/2015/01/blog-post_58.html


No comments:

Post a Comment