Friday, January 23, 2015

ပထမ အရွယ် ၏ တတိယ ဝေဒနာ



လူလတ်ပိုင်း  ဖြစ်သည့် ၅၀-ပတ်ဝန်းကျင် တွင် လူတို့ သည် စိတ်ပြဿ         နာ ကို ခံစားရ တတ်သည်။ ဘဝ သည် အဓိပ္ပါယ် မရှိဟု ထင်ခြင်းမျိုး  ၊ ဘဝကို ညည်းငွေ့ခြင်းမျိုး  ၊ ဘဝ သည် လမ်းလွဲနေသည် ဟု ခံစားနေ ရခြင်းမျိုး ဖြစ်၏။

ကော်နယ် တက္ကသိုလ် ၏ လေ့လာချက် အရ ၂၆%သော လူလတ်ပိုင်း တို့သည် ထိုကဲ့သို့ ခံစားရလေ့ ရှိသည် ဟု သိရသည်။

ထိုအခါမျိုး တွင် အများ အားဖြင့် အလုပ် ကို ထွက်ပစ်ခြင်းမျိုး၊ အချစ်ရေး ရှုပ်ထွေးခြင်း မျိုး များ ဖြစ်လေ့ရှိသည်။ ထို စိတ်ဝေဒနာ ၏ လက္ခဏာ များမှာ—-

(၁) အခြား သူများ အတွက် မိမိ ၏ အချိန်နှင့် ငွေ သုံးစွဲ ရခြင်းကို စိတ်ပျက် မိခြင်း။

(၂)  အိမ်ထောင်ဖက် အပေါ်တွင် လိင် တပ်မက်မှု ကျဆင်းခြင်း။

(၃) အလုပ် ကို မကျေ  မနပ်ဖြစ်ခြင်း။



(၄) ငယ်စဉ် က သီချင်း များကို ပြန်နားထောင် လိုခြင်း။

(၅) အနာဂတ် အတွက် စိတ်သောက ရောက်ခြင်း။

(၆) လမ်းကြောင်းမှားပေါ် ရောက်နေသည် ဟု ခံစားခြင်း။

(၇) ဘဝတွင် အချိန် မရှိတော့ ဟု ကြောက်လန့် လာခြင်းတို့ ဖြစ်သည်။ 

စိတ်ပညာရှင် လင်ဒါအယ်ဒါစတိုင်း က ထိုကဲ့သို့ လူလတ်ပိုင်း စိတ်ကျခြင်း ကြုံတွေ့လာ လျှင် စိတ်လိုက် မာန်ပါ မလုပ် ပါနှင့်ဟု ဆိုသည်။ 

ဘဝ တွင် ဘာတွေ လိုနေသည် ကို စိတ်အေးအေးဖြင့် စဉ်းစား ၍ ယင်းတို့ ကို ခြေလှမ်း စိပ်စိပ်ဖြင့် ဖြေးဖြေး ချင်း ရယူဖို့ ကြိုးစား ပါ၇န် လည်း အကြံပြုသည်။ 

“အချို့  က အပြေးလေ့ကျင့် မာရသွန် တွင် ဝင်ပြေးခြင်း ကဲ့သို့သော လုပ်ဆောင်မှု များဖြင့် ကုစားလေ့ ရှိကြ သည်။ ငါ လုပ်နိုင်သေးတယ်၊ ငါ့မှာ ကျန်သေးတယ်၊ ငါ မအိုသေး”ဟု သက်သေပြခြင်းဖြင့် ကုစားခြင်း ပင် ဖြစ် သည်။



Credit: MoengeAung
From...  http://www.searchmyanmar.com/link/frame/cid/46404


No comments:

Post a Comment