Wednesday, January 14, 2015

သီတဂူဆရာတော် အထူးကြေညာချက် ထုတ်ပြန်

သီတဂူဆရာတော် က အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်များ အဖွဲ့ ဥက္ကဋ္ဌမှ အပ အခြား ဘာသာရေး ၊ နိုင်ငံရေး ၊ လူမှုရေး အဖွဲ့များ တွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ
သတင်းထောက်များ၏ မေးမြန်းမှုကိုမိန့်ကြားနေသော သီတဂူဆရာတော်ကြီး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 
သီတဂူ ဆရာတော်ကြီး သည် အပြည်ပြည် ဆိုင်ရာ ထေရ ၀ါဒ တက္ကသိုလ်များ အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ်သာ တာဝန် ထမ်းဆောင် နေပြီး အခြား မည်သည့် ဘာသာ ရေးအသင်း အဖွဲ့၊ လူမှုရေးအဖွဲ့ ၊ နိုင်ငံရေး အဖွဲ့ များတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်နေခြင်း မရှိကြောင်း သီတ ဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်၏ စီမံအုပ် ချုပ်ရေး အဖွဲ့က ဇန်နဝါရီ ၁၃ တွင် ထုတ်ပြန်ကြေ ညာသည်။


 
‘‘ဆရာတော်ကြီး က ဖုန်းနဲ့ လှမ်းဆက်ပြီး မိန့်ကြားတဲ့ အတွက် သတင်း ထုတ်ပြန်လိုက် တာပါ။ အရင်က အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှာ ဒုဥက္ကဋ္ဌ တာဝန်ယူထားလား၊ မယူထား လားတော့ သေ ချာ မသိပါဘူး။ 

ဘာလို့ ဒီလို ထုတ်ပြန်တာလဲ ဆို တာလည်း မိန့်ကြား မသွားပါ ဘူး’’ဟု သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္က သိုလ် စီမံ အုပ်ချုပ်ရေး အဖွဲ့မှ အရှင်ကောဝိဒသိရီ က ထုတ်ပြန် ရသည့် အကြောင်းရင်းနှင့် ပတ် သက်၍ 7Day Daily ၏ မေးမြန်း မှုကို မိန့်ကြားသည်။

 


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) တွင် သီတဂူ ဆရာတော်ကြီးက ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ယူနေကြောင်း ပြောဆိုမှုများ ရှိနေပြီး ယခုအခါ သီတဂူ ဆရာတော်ကြီး ၏ မိန့်ကြားချက်ဖြင့် ဇန်န၀ါရီ ၁၃ ရက်တွင် အထူးကြေညာချက် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

သီတဂူဆရာတော် အရှင် ဉာဏိဿ         ရ   သည် သီတဂူ အပြည် ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ အဓိပတိ၊ မန္တလေး မလွန်ဆန် လှူအသင်းကြီး ၏ သြ၀ါဒါစရိယ၊ ရန်ကုန် အဘိဓမ္မာပြန့်ပွားရေး အ သင်းကြီး၏ သြ၀ါဒါ စရိယ မှတစ်ပါး အခြား အသင်း အဖွဲ့များတွင် တာ ၀န်ထမ်းဆောင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထား သည်။ 

သီတဂူ ဆရာတော်ကြီး သည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွင် ဒုတိ ယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်နေခြင်းဖြစ်ကြောင်း အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေး အဖွဲ့မှ ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။

‘‘သီတဂူဆရာတော်ကြီး က လက်ရှိ အချိန်ထိ ဒုတိယဥက္ကဋ္ဌ အ နေနဲ့ တာဝန်ထမ်းဆောင်နေဆဲ ပါ။ တကယ် လို့ နုတ်ထွက်မယ် ဆိုရင်လည်း တစ်ဦးတည်း ရဲ့ ဆန္ဒ ပါပဲ။ နုတ်ထွက်သည်ဖြစ်စေ၊ မနုတ် ထွက်သည်ဖြစ်စေ သီတဂူ ဆရာ တော်ကြီးက အမျိုးဘာသာ သာ သနာ အတွက် ပြည်သူတွေ အသိ ပညာ တိုးပွားအောင် စွမ်းစွမ်း တမံဆောင်ရွက်နေတာ ဖြစ်ပါ တယ်’’ဟု ဆရာတော်ဦးပါမောက္ခ က မိန့်သည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွင်အင်း စိန်ရွာမဆရာတော်ကြီးက ဥက္ကဋ္ဌ၊ သီတဂူ ဆရာတော်ကြီး က ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် ၍ အခြား ထင်ရှားသည့် ဆရာတော်များ လည်း ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။

 7Day Daily
From... http://www.searchmyanmar.com/link/frame/cid/45986

No comments:

Post a Comment