Wednesday, January 21, 2015

အမြင်ကပ်စရာ ဒူးရင်းသီး မှန်တဲ့ မျက်နှာ

  123

စာရေးသူ ရဲ့ အဖေဖြစ်သူ ငယ်ဘဝ က ကြုံရတဲ့ ဖြစ်ရပ် မှန်လေး တစ်ခုပါ။ ရန်ကုန် ကနေ ရွှေညောင် ကို အဖေ က ပြန်တော့ ရထားစီး ပါတယ်။ တစ်ည အိပ် နှစ်ရက် ခရီးပေါ့။ အတူ စီးတဲ့ ရထားတွဲ က ဒူးရင်းသီး အများကြီး သယ်လာတဲ့ ခရီးသည် တစ်ဦးပါလာပါတယ်။ 

ရထား က အရမ်း လှုပ်တော့ အပေါ်မှာ တင်ထား တဲ့ ဒူးရင်းသီး က အခြား ခရီးသည် တစ်ယောက် ရဲ့ မျက်နှာပေါ် တည့်တည့် ကို ကျပါတယ်။ ခပ်စူးစူး ဒူးရင်းသီးကြောင့် နာသွားတဲ့ မျက်နှာ က မြင် မကောင်းအောင် ပါပဲ။ 

ဒါနဲ့ လူတွေ လည်း ဝိုင်းကြည့် လာပြီး ဒူးရင်းသီးသည် ကို အပြစ်ဖို့ ပါလေရော။ ဒူးရင်းသီး ပိုင်ရှင် ကတော့ တောင်း ပန်တာပေါ့။ ဒီလိုနဲ့ လူတွေ လည်း ကြဲသွားတယ်။
ဒါပေမယ့် မျက်နှာ နှာ သွားတဲ့ ခရီးသည် ကတော့ မကြေနိုင် ပါဘူး။ တစ်လမ်းလုံ့း ကြိမ်ဆဲ ပါတော့တယ်။ ည အိပ်ချိန်တောင် မအိပ် ပဲ သူ့မျက်နှာ နှာ ရတဲ့ အကြောင်း ကို ပြောနေလိုက် တာ အများလဲ  အိပ်ရေး ပျက်ပေါ့။




 နောက်တော့ အခြား လူတွေတောင် သူ့ကို တော်ပါတော့ လို့တောင် ပြန်ပြော ယူလိုက်ရပါတယ်။ ဒီတော့ ဒူးရင်းသီး ပိုင်ရှင် ကို မဟုတ်ပဲ ဒူးရင်းသီး မျက်နှာ မှန်တဲ့ သူကို ပိုလို့ အမြင်ကပ် သွားကြတာပေါ့။ အချို့ဆို နည်းတောင် နည်းသေးတယ် လို့ ရေရွတ် ခဲ့ပါတယ်.. ဒါကြောင့် အမြင်ကပ် စရာ ဒူးရင်းသီးမျ က်နှာ ဆိုတဲ့ စကားလေး တွင်သွားတာပေါ့။

သင်ခန်းစာ
ပြုသူ အသစ်  ဖြစ်သူ အဟောင်း၊ ဆိုသလိုပေါ့။ ဒူးရင်းသီး ပိုင်ရှ င်က သူမှား လို့ တောင်းပန်ပြီးပြီ၊ လူတွေ လည်း သူ့ ကို ဝိုင်းလည်း ဆုံးမပြီးပြီ။ ဒါပေမယ့် ဒူးရင်းသီး မျက်နှာ မှန် သွားတဲ့ တစ်ယောက်က ဆဲလို့မပြီးနိုင် ဘူး။ 

သူ့ဒေါသ ဟာ မကျေအေးနိုင်သေး ပဲ တစ်ည အိပ် ၂ ရက် ခရီး ကို တောက်လျှောက်ကြီး ပြောခဲ့တယ်။ ဒီတော့ ပတ်ဝန်းကျင် ပါ ထိခိုက် လာတော့ အမြင်ကပ်စရာ လူက ဒူးရင်းသီး မျက်နှာမှန် တဲ့သူ ဖြစ်သွား သတဲ့လေ။ 

ဘဝမှာ လည်း ဒီလိုပါပဲ။ ဒေသံဿ       ရ ဥပဒေ များ ဝင်ရောက် ဖြေရှင်းပေး လို့ မရတဲ့ လောက ဓမ္မတာ အမှား ဖြစ်ရပ် အချို့မှာ အပြစ် လုပ်သူဟာ ဝန်ခံ တောင်းပန်နိုင်စွမ်း၊ အပြစ် အတွက် တာဝန်ယူနိုင်စွမ်း ရှိရ သလို၊ အကျူးလွန် ခံရသူဟာ လည်း အတိုင်းအတာ တစ်ခု အထိ ကျေနပ်မှု ရပြီးရင် သီးခံ ခွင့်လွတ်ပေးနို င် စွမ်း တစ်ခု ရှိဖို့ လိုအပ် ပါတယ်။ 

ဒီလိုမှ သာ လောက ပတ်ဝန်းကျင် ဟာ အေးချမ်း မှာ ဖြစ်ပြီး အကယ်၍ မဟုတ်ရင် အတ္တ၊ မာန၊ အာဂါတ တရား တို့နဲ့ ပတ်ဝန်းကျင် ဟာ အင်မတန် ရွံရှာ စိတ်ပျက်ဖွယ် ကောင်းနေပါလိမ့်မယ်။
 

 
အောင်ခမ်း (ရိုးရာလေး)
From...  http://www.searchmyanmar.com/link/frame/cid/46271


No comments:

Post a Comment