Saturday, January 17, 2015

ရာဇာမင်း ကား ဓားပြ တိုက်သူ ငါးဦး အား သေဒဏ် ချမှတ်ပြီး တစ်ဦး ကို တစ်ကျွန်းချ




လူနှစ်ဦးသေဆုံးမှုဖြစ်ပွား ခဲ့သော ရာဇာမင်း ကားကို ဓားပြ တိုက် ခဲ့သည့် တရားခံခြောက်ဦး အနက် သထုံမြို့နယ် တရားရုံးက ငါးဦး အား သေဒဏ် ချမှတ်လိုက်ပြီး တစ်ဦး ကို ထောင် တစ်သက် တစ်ကျွန်းချမှတ် လိုက်သည်။

‘‘ငါးယောက် က သေဒဏ်၊ တစ်ယောက် က တစ်သက်တစ် ကျွန်း ချတာဟုတ်ပါတယ်။ သူတို့ အမှုက ၂၀၁၃ ခုနှစ်က ဖြစ်တဲ့ အမှု ပါ’’ဟု သထုံမြို့ ရဲတပ်ဖွဲ့စခန်း မှူး  ဒုရဲမှူးသန်းနိုင် ကပြောသည်။

ဇန်န၀ါရီ ၁၆ရက် တွင် ရာ ဇာမင်း ကား ဓားပြ တိုက်မှုဖြစ်စဉ် ကျူးလွန်သော ပုဒ်မ ၃၉၆ဖြင့် တ ရားစွဲဆို ခံ ထား ရသည့် တရားခံ ဇော်ဝိတ်၊ မောင်ငယ်၊ ၀င်းဘို၊ အောင်ထူးနှင့် စောဂလေ တို့ကို သထုံ တရားရုံး က သေဒဏ် ချမှတ် လိုက်ပြီး ပုဒ်မ ၃၉၅၊ ပုဒ်မ ၁၉၀ တို့ဖြင့် တရားစွဲ ဆိုထားသော လင်း အောင် ကို ထောင် တ စ်သက် တစ် ကျွန်း ချမှတ် လိုက်ခြင်းဖြစ်သည်။


 
‘‘ရာဇာမင်း ကား ဓားပြတိုက် ခဲ့တဲ့ တရားခံ ငါးယောက်ကို သေ ဒဏ်ချပါတယ်။ တစ်ယောက် ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချလိုက်ပါတယ်။ အခု သူတို့ကို မော်လမြိုင်ထောင် ကို ချက်ချင်း ပို့လိုက် ပါပြီ’’ဟု သထုံမြို့ နယ် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၃ ဇွန် ၈ရက်တွင် ကျိုက္ခမီ မှ ရန်ကုန် သို့ ထွက်ခွာ သွားသော ရာဇာမင်း ခရီးသည်တင် ယာဉ်ကို သထုံ မြို့ တောင်စွန်းကျေးရွာ အနီး ရှိ မိုင်တိုင် အမှတ်(၁၅၄/၄)နှင့် (၁၅၄/၅) အကြား တွင် ကားပေါ်၌ လိုက်ပါ လာသော  ခရီးသည် တစ်စု က လက်နက်များ ထုတ်ကာ ဓားပြ တိုက်ခဲ့ခြင်းဖြစ်သည်။

ဓားပြ တိုက်မှုကြောင့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက် တို့ သေနတ်ဒ ဏ်ရာဖြင့်သေဆုံး ခဲ့ပြီး ခရီးသည် များထံမှ ကျပ် ၄၈ သိန်းကျော် ယူဆောင် ခံခဲ့ရကြောင်း သ တင်းရရှိသည်။

ဓားပြတိုက် သူများ သည် ယာဉ်နောက်လိုက် နိုင်လင်းထွန်း ကို ကားမီး ရှို့ရန် ဓာတ်ဆီ တိုင် ကီဖွင့်ခိုင်းရာ ကားပစ္စည်း ထည့် သည့် ဘောက်စ်နှ င့်မှားဖွင့် သည့် အတွက်  ဦးခေါင်း ကိုသေနတ် ဖြင့် ပစ် သတ်ခဲ့ခြင်းဖြစ် သည်။ 

ဓားပြ များက ယာဉ်မောင်း ဦးဇော်လင်းထူး ကို ဆက်လက် ပစ်ခတ် ရာ ဒဏ်ရာ ရရှိသွားပြီး မော်လမြိုင်ဆေးရုံ တွင်သေဆုံးသွားခြင်းဖြစ်သည်။

‘‘ရာဇာမင်း ဓားပြ တိုက်ခံရ တဲ့ နေရာ အနီး တစ်ဝိုက် မှာ ယခင် ကလည်း ဓားပြတိုက်မှုနှစ်ခါဖြစ် ဖူးပါတယ်။ ရာဇာမင်း ကား ဓားပြ တိုက် ခံရတာတော့ လူလည်းသေ ပြီး နာမည်ကြီး သွားတော့ လူပိုသိ သွားတာပါ’’ဟု သထုံမြို့နေ ဦးဇင် အောင် ကပြောသည်။
 


 Byငြိမ်းချမ်း
From... http://www.searchmyanmar.com/link/frame/cid/46150


No comments:

Post a Comment