Wednesday, January 28, 2015

ယခုနှစ်ကုန်ပိုင်း တွင် အိမ်ခြံမြေဈေးကွက် ၌ အပြောင်းအလဲ များ ရှိလာနိုင်


လက်ရှိ အခြေအနေ တွင် မြို့တွင်း အိမ်ခြံ မြေဈေးကွက် ၌ အရောင်းအဝယ် အေးနေ သော်လည်း ယခုနှစ် ကုန် ပိုင်း၌ အိမ်ခြံမြေ ဈေးကွက် အပြောင်းအလဲ ဖြစ်ပေါ်လာနိုင် ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း တချို့ထံမှ သိရသည်။

ယခုလပိုင်း မြို့တွင်း အိမ်ခြံမြေဈေးကွက် ၌ အရောင်း အဝယ် ပြုလုပ်ရန် ဈေးကွက် အနေ အထားပေါ် မူတည် ၍ စောင့်ကြည့်သူ များပြား လာသောကြောင့် မြေကွက် များ အပြင် ကွန်ဒို တိုက်ခန်းများပါ အရောင်း အဝယ် ကျဆင်းနေကြောင်း၊ သို့သော် ယခု နှစ် အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် မူတည်၍ အိမ်ခြံမြေဈေးကွက် မှာ အပြောင်း အလဲဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

”အခု လက်ရှိ မှာတော့ ဈေးတွေတက် နေတဲ့ အပေါ်မှာ ဝယ်ရောင်း သမားတွေ အပါ အဝင် တကယ် လိုအပ် လို့  ဝယ်မယ့် သူတွေ ကတောင် စောင့်ကြည့်နေကြ ပါတယ်။ ဒါပေမယ့် လာမယ့်ရွေးကောက်ပွဲပေါ် မူ တည် ပြီးတော့ ဈေးကွက်ပြောင်းလဲနိုင်ပါ တယ်။ 


 
အဲဒီ မတိုင်ခင်လောက် မှာတော့ သိပ်ပြီး ထူးခြားမှု ရှိမယ် မထင်ပါဘူး”ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ဒါရိုက်တာ ဦးနေဇော်အောင် ကပြောသည်။

”အခု အိမ်ခြံမြေဈေးကွက် မှာတော့ မြို့တွင်းနေရာတော်တော် များများ မှာ မြေကွက် အပြင် ကွန်ဒို တိုက် ခန်းတွေ ပါ အရောင်း အဝယ်အေးနေ သလို ရှိပါတယ်။ အားလုံး ကလဲ လာမယ့်ရွေးကောက်ပွဲ ရဲ့ အပြောင်း အလဲပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံ ဖို့ လုပ်သင့် မလုပ်သင့် စောင့်ကြည့် ကြမှာ ဖြစ်ပါတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင် ဦးကျော်ဆွေ ကပြောသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက် တွင် ပြည်တွင်းပြည်ပ မှ ရင်းနှီးမြှုပ်နှံမှု များ နည်းပါး လာကာ ယခုနှစ်ရွေးကောက် ပွဲ အပြီး နောက်ပိုင်း နိုင်ငံရေး ၊ စီးပွားရေး အပြောင်းအလဲများ အပေါ်တွင်မူတည်၍သာ ရင်းနှီးမြှုပ်နှံသူ များပြားလာနိုင်ကြောင်း ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် အများစုက သုံးသပ်သည်။


မင်းလွင်သစ် 
 ရန်ကုန် ဇန်နဝါရီ ၂၆

The Union Daily
From...   http://www.searchmyanmar.com/link/frame/cid/46571

No comments:

Post a Comment