Tuesday, January 6, 2015

၁၄ နှစ် အရွယ် မြန်မာ မိန်းကလေး အား မုဒိမ်းကျင့် ခဲ့သည် မြန်မာ လင်မယား အား ထိုင်း တရားရုံး စီရင်ချက်ချ



ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသ တွင် အသက် ၁၄ နှစ် အရွယ် မြန်မာ မိန်းကလေး အား အဓမ္မပြုကျင့် ခဲ့မှုဖြင့် အပြစ် ရှိကြောင်း ၀န်ခံ ထားသည့် တရားခံ မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ် ခဲ့သည် ။


 ပြစ်မှုကျူး လွန်ရာ တွင် ကူညီပေး ခဲ့သည့် တရားခံ ၏ ဇနီးဖြစ်သူ မရီ ကို လည်း ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့သည်။ ကိုနိုင်နှင့် မရီ ဟု ရဲတပ်ဖွဲ့ က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ် ရှိကြောင်း ဖန်ငါရှိ တာကူပါ စီရင်စု တရားရုံး က ဆုံးဖြတ်ခဲ့ကြောင်း ခူခက် ရဲစခန်းမှ အရာရှိ ပလီတာ ကန်ဆင်း က အတည်ပြုခဲ့သည်။
မရီသည် အဓမ္မပြုကျင့်မှု ကို အားပေး ကူညီမှုဖြင့် ထိုင်း ရာဇ၀တ်မှု ဥပဒေပုဒ်မ ၂၇၇ အရ အပြစ် ရှိကြောင်း တွေ့ရှိ ရသည်ဟု အရာရှိ ပလီတာက ဖူးခတ်ဂေဇတ် သတင်းဌာန သို့ ပြောကြားသည်။


 “မရီက စွဲဆိုမှု ကို ငြင်းဆို ခဲ့တဲ့အတွက် သီးခြား စစ်ဆေး ခဲ့ရပါတယ်” ဟု အရာရှိက ဆိုသည်။ ကိုနိုင်က မိန်းကလေးငယ်နှင့် မိသားစု အား လျော်ကြေးပေး ကာ အမှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ သို့သော် မိန်းကလေး က အဓမ္မပြုကျင့်မှု မှာ ခွင့်လွှတ် နိုင်စရာမရှိဟု ဆိုကာ တရားစွဲဆိုခဲ့သည်။
၂၀၁၄ ခုနှစ် သြဂုတ် ၂၂ တွင် ဖြစ်ပွား ခဲ့သည့် အဓမ္မမှု အတွက် ကိုနိုင် က ၀န်ခံ ခဲ့သည် ဟု ရဲတပ်ဖွဲ့ က ဆို သည်။ တရား လို မိန်းကလေး ၏ အဆို အရ ကိုနိုင်နှင့် ဇနီး တို့ သည် သူမ အား ၎င်းတို့ အားလုံး အလုပ် လုပ် ရာနှင့် နေထိုင်ရာ ဆောက် လုပ်ရေး လုပ်ငန်း ခွင် အနီးရှိ ဈေး တစ်ခုသို့ ခေါ်ဆောင် သွားခဲ့သည် ဟု ဆို သည်။ ဈေးမှ အပြန် တွင် မိန်းကလေးအား ကိုနိုင် က အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မိန်းကလေး က “ဈေးကပြန်လာချိန် မှာ သူ့မိန်းမ က အိမ်သာ ၀င်ချင်တယ် ဆိုပြီး ဘယ်သူမှ မရှိတဲ့ အဆောက် အအုံဟောင်း တစ်ခုထဲ ကို ၀င်သွား ပါတယ်။ ခနနေတော့ ကိုနိုင် က ကျွန်မကို သူ့မိန်းမ အနောက် လိုက်ခိုင်း ပါတယ်။ 


ကျွန်မ က ငြင်းတော့ အဲသည် အိမ်အို ထဲကို အတင်း ဆွဲခေါ်ပြီး အဓမ္မကျင့်ဖို့ ကြိုးစား ပါတယ်။ သူ့မိန်းမက ကျွန်မ ကို ကူချုပ် ထားပေးပြီး အဓမ္မ ကျင့်ခဲ့ ပါတယ်။ ကျွန်မ က လွှတ်အောင် ရုန်းကန်ရင်း မျက်နှာ မှာ ဒဏ်ရာ ရခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့ အား ပြောကြား ခဲ့သည်။
မုဒိမ်းမှု ဖြစ်ပွားပြီး နောက်တစ်နေ့ တွင် ကိုနိုင် ၏ ဇနီး က မိန်းကလေး အား မိုဘိုင်းလ်ဖုန်း အသစ် တစ် လုံးနှင့် ဘတ် ၅၀၀၀ ပေးခဲ့ပြီး အဖြစ် အပျက် အား မည်သူ့ကို မျှ ပြန်မပြောရန် ပြောခဲ့သည် ဟု ရဲအရာရှိ ပါလီတာ က ပြောကြား ခဲ့သည်။ 


မိန်းကလေး ၏ မိသားစု က FED နှင့် ဦးစွာ တိုင်ပင်ပြီး မှ ရဲတပ်ဖွဲ့ သို့ တိုင်ကြား ခဲ့ရာ တရားစွဲ ဆို ခြင်း မပြုရန် အတွက် ကိုနိုင် က လျော်ကြေး ထိုင်းဘတ်ငွေ ကိုးသောင်း ပေးရန် သဘောတူပြီး အဆို ပါ လျော်ကြေးငွေ ကို မိန်းကလေး ၏ ဖခင် က လက်ခံ လိုသော်လည်း မိန်းကလေး က သဘောမတူခဲ့ပေ။
အမှုဖြစ်ပွား ပြီးချိန် တွင် အသက် ၁၄ နှစ် အရွယ် မိန်းကလေးအား ဖန်ဝါ ရှိ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း က စောင့်ရှောက် ထားခဲ့သည်။ ယခု အခါ မိန်းကလေး မှာ မိဘများထံ ပြန် လည်ရောက် ရှိနေပြီဖြစ်သည်။

KHTun
Ref - Phuket Gazzette
The Ladies News Journal
https://www.facebook.com/News.TheLadies
From...Search Myanmar

No comments:

Post a Comment