Thursday, January 15, 2015

ချစ်သူများနေ့ အတွက် အမိုက်စား ဆံပင် အပြင် အဆင်တွေ ကို ခု ကတည်းက ကြိုပြင်ကြည့်ထားချင်တယ် ဆိုရင်

ကိုယ့်ချစ်သူနဲ့ နှစ်ဦးတည်း ရှိရမယ့် ထူးထူးခြားခြားနေ့လေး တစ်နေ့ဖြစ်တဲ့ ဗယ်လင်တိုင်းနေ့ မှာ ဘယ်လို ဆံပင်အပြင် အဆင်လေး နဲ့ ထူးထူးခြားခြား ပြင်ဆင်ဖို့ စိတ်ကူးထား ပါသလဲ။ ဆံပင် ဆိုတာက ခုထသွား၊ ခု ချက်ချင်း ပုံစံသစ် လုပ်ကြည့်ဖို့ အဆင် မပြေနိုင်ပါဘူး။ 

ဒါ့ကြောင့် ဗယ်လင်တိုင်းနေ့ မတိုင်ခင် ရက်တွေမှာ ကတည်းက ကိုယ်နဲ့ အဆင်ပြေမယ့် အပြင် အဆင်လး ကို ရွေးချယ်ပြီး အိမ် မှာ အစမ်းပြင်ဆင်ကြည့်ဖို့လိုပါတယ်။


၁။အသည်းပုံ ကျစ်ဆံမြီး



အသည်း ပုံ ကျစ်ဆံပြီး ကျစ်ဖို့ အတွက် အရေးကြီး တာက ခွဲကြောင်း ပါပဲ။ ဆံပင် ကို ခွဲထားမှန်အောင် ခွဲယူပြီး ကျစ်ဆစ်မြီး အလိုက် သင့် ကျစ်သွားရင် အဆင်ပြေပါလိမ့်မယ်။

၂။ အသည်းပုံ ကျစ်ဆံမြီး နဲ့ ဆံထုံး ရောစပ် အပြင် အဆင်



ဒီလို အပြင်အဆင် အတွက် အရေးကြီး တာကလည်း ခွဲထားမှန် ဖို့ပါပဲ။ ခုပုံ မှာပြထားသလို ရှေ့ဆံပင်က အလည် ခွဲဖြစ်နေဖို့ရယ် ဦးခေါင်း ထိပ်နား ကို ခုလို ခွဲထားဖြစ်အောင် ကြိုးစားကြည့်ဖို့ရယ်ပဲ လိုတာပါ။ ကျန်တာ ကတော့ ကျစ်ဆံမြီး ကို  ခွဲထားမှန်မှန် ကျစ်သွားရုံပါပဲ။

၃။ ဆံပင်ခွေလိမ် အပြင် အဆင်


အလုပ်ရှုပ် သိပ် မခံနိုင်ဘူး ဆိုရင်တော့ ပုံမှာပြထား သလို ဆံပင် ကို လိမ်ယူပြီး အသည်း ပုံလေးဖြစ်အောင် ဖန်တီး လိုက်ပါ။ ဒါက သိပ် အခက်ကြီးတော့ မဟုတ်ပါဘူး။

၎။ကျစ်ဆံမြီး အသည်းပုံ ဆံထုံး အပြင်အဆင်



အရင် ကလို နောက်တွဲ ဆံထုံး ကိုပဲ အသည်းပုံဖြစ်အောင် ကျစ်ဆံမြီးလေးတွေ နဲ့ အပြည့်ဖြည့်နေရာ ချရ မှာပါ။ အရင်ဆုံး ကျစ်ဆံမြီး ကျစ်ပြီး အသည်းပုံ ရအောင် ဖန်တီးကြည့်ပါ။ တစ်ယောက်တည်း အဆင်မပြေရင် သူငယ်ချင်း၊ အစ်မ တစ်ယောက်ယောက် ကို ကူညီခိုင်း လိုက်ပါ။

၅။ ပိုနီတေး ကျစ်ဆံမြီး အပြင်အဆင်



အဲ့ဒီနေ့ မှာ ဂါဝန်လေး ၀တ်ပြီး ချစ်စရာကောင်း တဲ့ ပုံသဏ္ဍာန် အသွင် အပြင် ဖန်တီး ဖို့ စဉ်းစား ထား ရင်တော့ ဒီ ဆံပင် အပြင်အဆင်လေး နဲ့ ကွက်တိဖြစ်မှာ ပါ။ ခွဲထားကို မှန်အောင်ယူပါ။ ပြီးတဲ့ အခါ ရှေ့ ဆံပင် အပိုင်းလောက် ကတည်း က ကျစ်ဆံမြီး ကို ဘေးဘက် ကျစ်ယူလာ လိုက်ပြီး အနောက်က ကျစ်ဆံမြီး နဲ့ ပေါင်းကျစ် လိုက်ရမယ့် ပုံစံပါ။


Ref:cosmopolitan.com
Trend
From...  http://www.searchmyanmar.com/link/frame/cid/46058

No comments:

Post a Comment