Tuesday, January 6, 2015

ဆယ်ကျော်သက် အရွယ် တွင် အဓမ္မပြုကျင့် ခံခဲ့ ရကြောင်း လေဒီဂါဂါ ဖွင့်ဟ



အသက်၂၈နှစ် အရွယ် ရှိပြီဖြစ်သော ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ က၎င်းသည်အသက် ၁၉နှစ် အရွယ် တွင် ၎င်းထက် အသက် အရွယ် များစွာ ကြီးရင့်သည့် ဂီတ ထုတ်လုပ်သူ တစ်ဦး ၏ အဓမ္မပြုကျင့် မှု ခံခဲ့ ရသည်ဟု The Howard Stern Show ရေဒီယို အင်တာဗျူး အစီအစဉ် အတွင်း ပြောကြား ခဲ့ကြောင်း ဒေလီးမေးလ် သတင်းစာ က ဒီဇင်ဘာ ၃ ရက်နေ့တွင် ရေးသားခဲ့သည်။
 
"ကျွန်မ ဒီပျော်ရွှင်စရာကောင်းတဲ့ အချိန်လေး ကို တလွဲ မကုန်ဆုံးစေချင် ပါဘူး။ ပျော်စရာကောင်းတဲ့ အကြောင်း အရာတွေ ကိုပဲ ပြောကြရအောင် ပါ" ဟု အဆိုပါ ရုပ်သံ အစီအစဉ်အတွင်း ယင်း ကိစ္စနှင့် ပတ်သက်၍ ၎င်းကို မေးမြန်း ရာတွင် လေဒီဂါဂါ က ယခုကဲ့သို့ပြောကြားခဲ့သည်။
 
သို့ရာ တွင် ရေဒီယို အသံလွှင့်သူ က ယင်း ကိစ္စနှင့် ပတ်သက် ၍ ပိုမိုစောင်းပေး မေးမြန်း ခဲ့သော အခါ လေဒီ ဂါဂါ က ယင်း ကိစ္စနှင့် ပတ်သက်၍ ဆက် လက်ဖြေကြား ခဲ့သည်။
 
"ကျွန်မ အနေနဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာတွေ ကို နှစ်ပေါင်း များ စွာကြာအောင် ကုစားခဲ့ ရပါတယ်။ ကျွန်မဖြတ်သန်း ခဲ့ရတဲ့ အရာတွေ က ကျွန်မ အတွက် သိပ်ကို ခါးသီး လှပါတယ်။ အခု အချိန် မှာတော့ ဒီ အကြောင်းအရာတွေ ပြန်တွေးပြီး ရီတောင်ရီ ချင်ပါတယ်" ဟု ဂါဂါက ပြောသည်။
 
"ပြောရမယ် ဆိုရင် အဲဒီ တုန်းက ကျွန်မ အသက် ၁၉နှစ် ပဲ ရှိ ပါသေးတယ်။ အဲဒီ တုန်းက ကျွန်မ အတွေ့ အကြုံ သိပ်နု နယ်သေးတယ်" ဟု ဂါဂါ က ဆိုသည်။  ၎င်းထက် အသက်၂၀ ခန့် ပိုကြီးသော လိင်မှု ကျူးလွန် သူ အဆိုပါ ဂီတ ထုတ်လုပ်သူ အား အမည် ထုတ်ဖော်ပြောကြား ရန် မေးမြန်းသော အခါ လေဒီဂါဂါ က ငြင်း ဆန် ခဲ့သည်။ 
 
"ဘယ်သူလဲ ဆိုတာ မပြောချင် ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီလူ နာမည် ကို ထုတ်ဖော်ပြောလိုက်မယ် ဆိုရင် ကိုယ့်ကိုယ် ကို ချုပ်နှောင်ထားသလို ခံစားရ မှာ စိုးလို့ပါ " ဟု ၎င်းကပြောသည်။
 
မင်းသားတေလာကင်နေးနှင့် တွဲနေ သည့် လေဒီဂါဂါ သည် ယင်း အဖြစ်အပျက် ကိုမည်သည့် အချိန်တွင်မျှ  လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော် လည်း စိတ် အတွင်း မျိုသိပ် မနေနိုင်၍ ဖွင့်ဟပြောဆို ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
 
လေဒီဂါဂါ က ၎င်းအား အဓမ္မမှု ကျူးလွန် ခဲ့သူကို ထုတ်ဖော်ပြောဆို ရန် ငြင်းဆန် ခဲ့သော်လည်း အဆိုတော်ကီရှာ ၏ရှေ့နေဖြစ်သူ က လက်သည် တရားခံ သည် ဂီတ ထုတ်လုပ်သူဒေါက်တာလုခ်ဖြစ်နိုင် သည် ဟု ခန့်မှန်းပြောဆိုချက် များ ပေါ်ထွက် လာသောအခါ လေဒီဂါဂါ ၏ ကိုယ်စားလှယ် များ က ယင်း အချက် ကို ငြင်းဆန် ခဲ့ကြသည်။


MM TIme From:....www.mmdailystar.com 



No comments:

Post a Comment