Saturday, January 31, 2015

အပျိုစင်ပြန်ဖြစ် ရန် အမျိုးသမီး အင်္ဂါ ခွဲစိတ် သည့်ကြော်ငြာ ကမ္ဘောဒီးယား တားမြစ်

ဓာတ်ပုံ (Bigstock)


အပျိုစင်ပြန်ဖြစ်ရန် အမျိုးသမီး လိင်အင်္ဂါ ခွဲစိတ် တဲ့ ကြော်ငြာတွေ ကို ရပ်နား ဖို့ ဆေးရုံကို ကမ္ဘောဒီးယား အစိုးရ က တားမြစ်လိုက်ပါတယ်။

ဇန်န၀ါရီ ၂၃ ရက်နေ့ က တပ်ထား တဲ့ ပြန်ကြားရေး   ၀န်ကြီးရဲ့ တားမြစ်စာမှာတော့  လူ့ အဖွဲ့အစည်း ရဲ့ အကျင့် စာရိတ္တ ကို ထိခိုက် ပျက်ပြားစေတယ် လို့ အေအက်ဖ်ပီ သတင်းက ရေးပါတယ်။

ကမ္ဘောဒီးယား က ဆေးခန်းတော်တော် များများ က ဒီ ခွဲစိတ်မှု ကို တိတ်တဆိတ် လုပ်ဆောင် မှုတွေ ရှိနေ သလို ဖနွမ်းပင် ဗစ်တိုးရီးယား နိုင်ငံတကာဆေးရုံ က တမူ ထူးခြားစွာ နဲ့ လူသိ ရှင်ကြား ကြေညာ လိုက်တာ လို့ ဆိုပါတယ်။

ဆေးရုံ ကို လာတဲ့ တခြား လူနာတွေ ရဲ့ ဂုဏ်သိက္ခာ ဟာလည်း ကြော်ငြာကြောင့် ပျက်ပြားစေ သလို နိုင်ငံ တွင်း က မီဒီယာတွေ ကို လည်း ဒါကို မကြော်ငြာဖို့ တားမြစ်စာ မှာ ပါရှိတယ် လို့ သတင်းက ရေးပါတယ်။
ဒီ ခွဲစိတ် ကုသမှု ကို ကျွမ်းကျွမ်း ကျင်ကျင် မလုပ်တတ်ဘူး ဆိုရင်တော့ အမျိုးသမီးတွေ ရဲ့ မျိုးပွားမှု ကို ထိခိုက်နိုင် တဲ့ အတွက် အာဏာပိုင်တွေက ဆေးရုံတွေမှာ ခွဲစိတ်မှု အတွက် ကျွမ်းကျင်တဲ့ ဆရာဝန်ရှိ မရှိ စစ်ဆေးသင့်တယ်လို့ အမျိုးသမီးဆိုင်ရာ ၀န်ကြီးဟောင်း က ပြောတယ်လို့ ဆိုပါတယ်။



မကြာခင်နှစ်တွေ ကလည်း ငယ်ရွယ် တဲ့ အမျိုးသမီးတွေ ရဲ့ အပျိုစင် ဘ၀ကို ချမ်းသာ တဲ့ လူတွေ ကို ရောင်း ချမှုတွေကြောင့် ကမ္ဘောဒီယား ဟာ နာမည်ဆိုး နဲ့ ကျော်ကြားပါတယ်။ တစ် ခြား အာရှ က လူမှု အသိုင်း အ၀န်းတွေ လိုပဲ လက်မထပ်မီ အချိန် အထိ အပျိုရည် ကို ထိန်းသိမ်း တာဟာ ကမ္ဘောဒီးယား အမျိုးသမီးတွေ အတွက် ဖိအား တခုလို ဖြစ်နေပါတယ်။
 
ဒီ အတွက် လိင် မဆက်ဆံပေမယ့် ပျက်ယွင်း တတ်တဲ့ အပျိုရည် ကို ထိန်းသိမ်း ဖို့ နည်းလမ်းတွေ ရှာဖွေကြ သလို အပျိုရည် ရှိပေမယ့် အပျို ဟုတ် မဟုတ် စစ်ဆေး ဖို့ နည်းလမ်းကောင်း မဟုတ်ဘူး လို့လည်း ဆိုပါတယ်။


From... The post အပျိုစင်ပြန်ဖြစ် ရန် အမျိုးသမီး အင်္ဂါ ခွဲစိတ်သည့်ကြော်ငြာ ကမ္ဘောဒီးယား တားမြစ် 
appeared first on DVB.

No comments:

Post a Comment