Tuesday, February 3, 2015

Telenor ဆင်းမ်ကတ် များအား ဈေးပို မဝယ်ရန် ပြောကြား

d1


Telenor ဆင်းမ်ကတ် များအား သတ်မှတ် ထားသောဈေးထက် ပို၍ မဝယ် ယူကြရန် Telenor မှ Mr.Hanne Knudsen (VP, Head of Communication), CEO Office က ပြောကြားသည်။

“Telenor သုံးစွဲ တဲ့ သူတွေ ကို ပြောချင်တာ က ၁,၅၀၀ ကျပ်ထက် ပိုပေးပြီးတော့ မဝယ်ကြ ပါနဲ့။ Telenor ရဲ့ သက်ဆိုင် ရာ လက်လီ အရောင်းဆိုင်တွေ ကို မြန်မာနိုင်ငံ အနှံ့မှာ ဖြန့်ကြက် ထားပြီး ဖြစ်ပါတယ်။ 

အဲဒီ ဆိုင်တွေ ကနေ ပုံမှန်နှုန်းထား နဲ့ လွယ်လွယ် ကူကူ ဝယ်လို့ ရရှိနိုင်ပါတယ်” ဟု Mr.Hanne Knudsen က ပြောကြားသည်။



လက်ရှိ တွင် Telenor ဆင်းမ်ကတ် များအား ပုံမှန်နှုန်းထား ထက် ပို၍ ရောင်းချနေကြခြင်းနှင့် ပတ်သက် ၍ ပြော ကြားခြင်း ဖြစ်သည်။

 ဈေးကွက် အတွင်း ဆင်းမ်ကတ် များ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် လစဉ် ဆင်းမ်ကတ်ပေါင်း တစ်သန်းခွဲ ကို ပုံမှန်ရောင်းချသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့ ဖြန့်ကြက် ထားပြီးဖြစ်သော တာဝါတိုင် အရေအတွက်၊ ဈေးကွက် လိုအပ် ချက် အပေါ် မူတည်၍ နေရာ အနှံ့ ခွဲဝေရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။


 
From...   http://www.searchmyanmar.com/link/frame/cid/46811

 

No comments:

Post a Comment