Thursday, February 12, 2015

အသက်ကြီး လာတဲ့ အခါမှာ ပျော်ရွှင်စရာတွေ လျော့နည်း လာပါတယ်

cc1 

ကလေးဘဝ အရွယ် နဲ့ အခု နဲ့တောင်  ။ သိသိသာသာ ပျော်ရွှင်စရာတွေ လျော့နည်းလာပါတယ်။ စိတ်ဖိစီး မူတွေ များလာတယ်။ စဉ်စား စရာတွေ များလာတယ်။ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ မိသားစုနှင့် အချစ်ရေးတွေ အတွက် ဦးနှောက် ကို များစွာ အလုပ်လုပ် နေကြရပါတယ်။

တစ်ချို့က ပျော်ပျော် နေတတ်ပေမယ့် လည်း တစ်ချို့ ကတော့ မနေတတ် ပါဘူး။ အခက် အခဲတွေ များစွာ ကို ရင်ဆိုင် တိုက်ပွဲ ဝင်နေကြရတယ်။ ဒီနေ့ ပျော်ပေမယ့် နောက်နေ့ စိတ်ညစ် ရပြန်တယ်။ 
တဖြည်းဖြည်းနှင့် ပျော်ရွှင် မူ ရှားပါး လာပါတယ်။

ပျော်ရွှင်မူတွေ ကို ရနိုင်မယ့် နည်းလမ်းတွေ ကို ရှာဖွေကြတယ်။ သို့ပေမယ့် လည်း ထင်သလောက် မရရှိကြ ဘူး။ ပျော်ရွှင်အောင် တစ်ချို့ ကတော့ ငွေကိုပဲ အားစိုက် ရှာဖွေကြတယ်။ ငွေတွေ ရလာပေမယ့်လည်း တကယ် တန်း ပျော်ရွှင်မူကို မရရှိကြဘူး။



တဖြည်းဖြည်း နဲ့ အသက် အရွယ်တွေ ကြီးရင့် လာခဲ့တယ်။ ပျော်ရွှင်မူတွေ လည်း တစ်စ တစ်စ နည်းပါး လာခဲ့ ပါတယ်။


တကယ်တန်း စိတ် ကို ပျော်ရွှင်စေ တာ ကတော့...................
တစ်ပါးသူ အပေါ် အကောင်းမြင် တဲ့ စိတ်၊ မေတ္တာ ဂရုဏာတွေ ရှိတဲ့ သူက အမြဲတန်း ပျော်ရွှင်ပါလိမ့်မယ်။


 
Photo By – livehappy
ကျော်လင်းနိုင် (ရိုးရာလေး)

From...  http://www.searchmyanmar.com/link/frame/cid/47134



No comments:

Post a Comment