Monday, February 2, 2015

LinkedIn အကောင့် ဖွင့် လို့ အလုပ်အကိုင် အခွင့်အလမ်းများ ရယူပါ




Facebook ကို ဖွင့်ပြီး တစ်ရက်ပြီး တစ်ရက် အချိန် ကုန်နေတာထက် အသုံး ဝင်တဲ့ အခြားသော Social Networking ဝဘ်ဆိုဒ်တွေ အများကြီးပါ။ ယင်း အထဲမှာ မှ တစ်ခု အနေနဲ့ ကတော့ LinkedIn.com ဖြစ်ပြီး သူ့ ထဲမှာ အကောင့် ဖွင့်ထားခြင်းဖြင့် အလုပ်ရှင် များက မိမိကို ဆက်သွယ် လာပါ လိမ့်မယ် ။

မိမိရဲ့ ပညာ အရည်အချင်း နဲ့ အလုပ်အကိုင် အတွေ့အကြုံ အစုံ များကို တင်ထားခြင်းဖြင့် ၊ ဆက်သွယ် ရမယ့် အီးမေးလ် တို့ ဖုန်းတို့ ထည့်ထားခြင်းဖြင့် လုပ်ငန်းရှင်များ က သင့်ကို ရှာဖွေလာကြ ပါလိမ့်မယ်။

လက်ရှိ မြန်မာပြည် မှာ အသုံးပြုသူ ၅ သောင်းဝန်း ကျင် အထိ ရှိလာနေပြီ ဖြစ်ပါ တယ်။ နိုင်ငံတကာ နဲ့ ကုမ္ပဏီကြီး များ ဝင်ရောက်မှု အရေအတွက် ဟာလည်း ထောင် ဂဏန်း နဲ့ ချီနေပြီ ဖြစ်ပြီး တစ်နေ့ပြီး တစ်နေ့ LinkedIn ကနေ ဝန်ထမ်းကောင်း များ ရရှိ ဖို့ အတွက် ရှာဖွေမှု များ ပြုလုပ်လျက် ရှိပါတယ်။



ယင်း အကောင့် ကို ဖွင့်တဲ့ အခါ Facebook လိုမျိုး လည်း အခက် အခဲ မရှိပါဘူး။ www.linkedin.com မှာ အလွယ်တကူ ဖွင့်ရုံ ပဲ ဖြစ်ပါတယ်။ 


ဖွင့်ပြီးတော့ မိမိ ကျွမ်း ကျင်တဲ့ အရည် အချင်း များကို List လုပ်ပြီး ထည့်ထားပြမယ် ဆိုရင် မိမိရဲ့ Profile ကို ဝင်ရောက် ကြည့်ရှုကြပြီး စိတ်ဝင်စား သူ များပြား လာမှာ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com



No comments:

Post a Comment