Thursday, February 19, 2015

တန်ဖိုး မဖြတ်နိုင် တဲ့ ရွှေဒင်္ဂါးတွေ ပင်လယ် ကြမ်းပြင်မှာတွေ့ရှိ

00221

အစ္စရေး မြေထဲ ပင်လယ် ကမ်းခြေ မှာ အစ္စရေး ရေငုတ် သမားတွေက ရွှေဒင်္ဂါး အမြောက် အမြားကို မထင် မှတ် ဘဲ တွေ့ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁ ထောင်လောက် က ရွှေဒင်္ဂါး ၂ ထောင်လောက် ကို ပင်လယ်ကြမ်းပြင် မှာ ရေငုတ် အဖွဲ့ က တွေ့ ခဲ့တာ လို့ အစ္စရေး ရှေးဟောင်းယဉ်ကျေးမှု အရာရှိတွေက ပြောပါတယ်။

ရွှေဒင်္ဂါးတွေဟာ အလေးချိန် ၉ ကီလို ရှိပြီး တွေ့စက ရေငုတ်သမားတွေ က အစစ်လို့ မထင် ခဲ့တဲ့ ဒင်္ဂါးတွေ ဟာ တန်ဖိုး မဖြတ်နိုင်အောင် အဖိုးတန်နေတယ် လို့ အရာရှိတွေက ပြောပါတယ်။


 
ရေငုတ် အဖွဲ့ဟာ ဆီစာရီယာ ရှေးဟောင်း ဆိပ်ကမ်း မှာ စူးစမ်း ရှာဖွေနေရာ က ရွှေဒင်္ဂါးတွေ ကို တွေ့ရှိ ခဲ့တာဖြစ်ပြီး သက္ကရာဇ် ၉၀၉ ကနေ ၁၁၇၁ ခုနှစ် အထိ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိက ကို အုပ်ချုပ် ခဲ့တဲ့ Fatimid Caliphate ခေတ် မှာ ထုတ်ခဲ့တာ လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။



 
BBC

No comments:

Post a Comment